ဒီပဲယင်း – ၂၀၂၁ နိုဝင်ဘာ ၁၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ အိမ် မီးလောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းကနေစပြီး ဒီပဲယင်းမြို့နယ်ထဲက ဝန်းရံရွာကအိမ်တစ်လုံး၊ ကုန်းရိုးရွာက နေအိမ် ၅ လုံး၊ တက်တည် အနောက်ရွာမှာ အိမ်တစ်လုံး စုစုပေါင်း၇လုံးထက်မနည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
“အရင်နေ့က ရဟတ်ယာဥ်တွေနဲ့ဆင်းလာပြီး ဝန်းရံရွာမှာတပ်စွဲထားတဲ့ စစ်သားတွေက ဝန်းရံရွာက တစ်အိမ် ကုန်းရိုးရွာက တစ်အိမ် မီးရှို့သွားတာလို့ ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီရွာတွေအပြင် အနီးနားက လယ်ပြင်ကွက်၊ ပေါင်းတောင်ကူ၊ ဝက်ပုတ်၊ အင်ကြင်းသားပိုး အစရှိတဲ့ကျေးရွာတွေကိုပါ ပစ်ခတ်ဝင်ရောက်လာလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ်မှာ အောက်တိုဘာလအတွင်းကလည်း ကျေးရွာတချို့က နေအိမ်တွေကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့ပါသေးတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အချို့
ဓါတ်ပုံ-ဒီပဲယင်းဒေသခံများ
#Dailynews

