စစ်ကောင်စီဖမ်းထားတဲ့ မိုးကုတ်သပိတ်ခေါင်းဆောင်ရဲ့သား မိသားစုနဲ့ တစ်လကျော်ကြာ အဆက်အသွယ်ပြတ်တောက်နေ

စစ်ကောင်စီဖမ်းထားတဲ့ မိုးကုတ်သပိတ်ခေါင်းဆောင်ရဲ့သား မိသားစုနဲ့ တစ်လကျော်ကြာ အဆက်အသွယ်ပြတ်တောက်နေ

မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၈ (မော်ကွန်း)

မန္တလေးတိုင်း မိုးကုတ်မြို့က သပိတ်ခေါင်းဆောင် ဥဦးစိုးဋ္ဌေးရဲ့သားဖြစ်သူ ဖမ်း​ဆီးခံထားရတာ တစ်လကျော်ကြာမြင့်လာပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေပါတယ်။

ဖခင်ဖြစ်သူ ဦးစိုးဌေးက “သေပြီဆိုပြီးသတင်းတွေ တက်လာတာတော့ တွေ့တယ်။ ဒါပေမဲ့ အတည်ပြုလို့ရမယ့် တိကျတဲ့ သတင်းမရဘူး။ ဖမ်းသွားကတည်းက ဘာသတင်းမှမရတာ။ ခုလည်း သတင်းအဖုံးခံထားရတယ် “လို့ ဆိုပါတယ်။

ဦးစိုးဋ္ဌေးရဲ့သား ကိုဥက္ကာစိုး အပါအဝင် လူငယ် ကိုးဦးကို စစ်ကောင်စီက Mogok Delivery to Home ရုံးမှာ စက်တင်ဘာ ၂၉ ရက်နေ့ မနက်က ဝင်ရောက်ဖမ်း​ဆီးသွားခဲ့တာဖြစ်ပါတယ်။

ကိုဥက္ကာစိုးနဲ့ အတူအဖမ်းခံရတဲ့သူတွေလည်း အဆက်အသွယ်ပြတ်တောက်နိုင်တယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ မိသားစုတွေကတော့ ကြောက်လန့်မှုတွေကြောင့် ဖွင့်ဟဖို့ ခက်ခဲနေတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."