ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၂၇ (မော်ကွန်း)
ဖားကန့်မြို့ကို အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာ ခုဆိုရင် သုံးလကျော်ကြာမြင့်လာပြီဖြစ်ပေမယ့် မြို့ခံပြည်သူတွေရဲ့ သပိတ်စစ်ကြောင်းတွေကတော့ ရပ်တန့်မသွားဘဲ လမ်းမပေါ် ချီတက်နေတာတွေ့မြင်နေရဆဲပါ။
ဒီကနေ့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဖားကန့်မြို့ တိုင်းရင်းသားလူမျိုးပေါင်းစုံသပိတ်ဟာ လမ်းမပေါ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

