မင်းကင်း – ၂၀၂၂ ဇန်နဝါရီ ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ဘေးကကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့လို့ ကျေးရွာနှစ်ရွာ ရွာလုံးကျွတ်ပြာကျခဲ့ကြောင်း ဒေသခံက ပြောပါတယ်။ ဒီကနေ့ မွန်းလွဲ ၃:၀၀ နာရီလောက်က မင်းကင်းမြို့နယ်၊ ဘင်ရွာနဲ့ အုန္နဲဘုတ်ရွာတွေကို အာဏာသိမ်းစစ်ကောင်စီက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ နှစ်ရွာလုံး ရွာလုံးကျွတ် ပြာကျခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။ ဒါအပြင် အနောက်တောရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကနီနယ်၊မင်းကင်းနယ် နယ်စပ်မှ ကျေးရွာပအဖ၊ ပကဖ အဖွဲ့တွေနဲ့ Chindwin people’s defence force (CDDF)တို့ စုပေါင်းမီးငြိမ်းသတ်ပေးခဲ့တာကြောင့် အိမ်တစ်လုံး၊နွားစာတိုက်နှစ်လုံး၊ဆိုင်ကယ်တစ်စီးနဲ့ သုံးဘီးဆိုင်ကယ် နှစ်စီးသာ ပျက်စီးခဲ့ကြောင်း ချင်းတွင်းနွေဦး-တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၂၉ရက် နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ကင်းစံပြကျေးရွာကို ကုန်းလမ်းနဲ့ ရေလမ်း […]
ညောင်ဦး – ၂၀၂၂ ဇန်နဝါရီ ၃၀ (မော်ကွန်း) မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ အသံတိတ်သပိတ်ပြုလုပ်မယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ တပ်ထောက်ခံပွဲ ပြုလုပ်ဖို့ ဦးဆောင်စီစဉ်နေသူဟာ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံက ပြောပါတယ်။ သေဆုံးသူဟာ ညောင်ဦးမြို့ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း တင်စိုးဆိုသူ ဖြစ်ပြီး သူဟာ Golden Bagan စားသောက်ဆိုင်ပိုင်ရှင်လည်းဖြစ်ပါတယ်။ ဒီကနေ့ နံနက် ၇:၃၀ လောက်က သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်ပြီး သူဟာ ညောင်ဦးမြို့ တပ်ထောက်ခံပွဲကို ပြုလုပ်ီု့ စီစဉ်နေသူဖြစ်ကာ ပျူစောထီးအဖွဲ့ဝင်လို့လည်း လူသိများကြောင်း ဒေသခံကဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်စီအား သတင်းပေးအလုပ်တွေလုပ်နေပြီး တပ်ထောက်ခံပွဲပါလုပ်ဖို့စီစဥ်နေလို့ Myin Gyan Twenty-One Guerilla Force (MTGF)၊ Guardians Of Mahlaing၊ Bagan […]
ခင်ဦး – ၂၀၂၂ ဇန်နဝါရီ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာမှာ အာဏာသိမ်းစစ်တပ်ဝင်ရောက်လာပြီး ပြည်သူနှစ်ဦးကိုပစ်ခတ်ခဲ့ကာ မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက် ၆:၀၀ နာရီဝန်းကျင်က ယောက်သွားအိုင်ရွာကို အာဏာသိမ်းစစ်တပ်ဟာ အင်အားအလုံးအရင်းနဲ့ဝင်ရောက်လာပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်နှစ်လုံးကို မီးလောင်ကျွမ်းခဲ့ကြောင်း၊ ရွာသူရွာသားများကိုလည်း ဖမ်းဆီးခဲ့ပြီး နှစ်ဦးကတော့ ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံက ပြောပါတယ်။ “ရွာအရှေ့ခြမ်းကအိမ်တွေကို မီးနဲ့ရှို့တယ်။ ရွာသူရွာသားတွေလည်း အများကြီးဘုန်းကြီးကျောင်းထဲမှာ ဖမ်းထားတာ။ အခြားလူတွေလည်း ထွက်ပြေးနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပေါက်တောကျေးရွာကိုဝင်ရောက်ပြီးအပြစ်မဲ့ ပြည်သူသုံးဦးအားသတ်ဖြတ်ခဲ့ကြကြောင်းဒေသခံက ပြောပါတယ်။ ဒါအပြင် […]
ဖားကန့် – ၂၀၂၂ ဇန်နဝါရီ ၂၉ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာ ငါးနီးပါးရှိလာပေမယ့် တော်လှန်ရေးပြည်သူ့သပိတ်ကတော့ ဒီကနေ့မှာ မြို့ထဲက လမ်းမတွေပေါ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ ဇန်နဝါရီ ၂၉ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ၃၅၆ ရက်မြောက် လမ်းမပေါ် ချီတက် ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
တောင်ကြီး-၂၀၂၂ ဇန်နဝါရီ ၂၈ ( မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသသည့် အသံတိတ်သပိတ်(Silent Strike)လှုပ်ရှားမှုတွင် မပါဝင်ကြရန် မြို့ကြီး၊ မြို့ငယ်များတွင်သာမက ၎င်းတို့အားကောင်းသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်ပါ စစ်ကောင်စီက လိုက်လံသတိပေးနေသည်ကို တွေ့ရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း တဖက်အဖွဲ့အစည်းနှင့် ပူးပေါင်းလှုပ်ရှား ဆန္ဒပြသူများကို ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ၅၀၅-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ အပြင် အီလက်ထရွန်းနစ်ဥပဒေများဖြင့်ပါ အရေးယူမည်ဟု လူစည်ကားသည့်နေရာများတွင် ကားဖြင့်ယနေ့လိုက်လံကြေညာနေသည်။ အာဏာသိမ်းမှုတစ်နှစ်ပြည့်မည့် လာမည့်ဖေဖော်ဝါရီ ၁ ရက်တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လမ်းပေါ်မထွက်ဘဲ အသံတိတ်သပိတ်ဖြင့် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြရန် တော်လှန်ရေးအင်အားစုများက လူမှုကွန်ယက်များတွင်လှုံ့ဆော်နေသည်ကို တန်ပြန်ရန် အာဏာသိမ်းစစ်ကောင်စီက ယခုကဲ့သို့ လိုက်လံတားမြစ်နေခြင်း ဖြစ်သည်။ ကုန်ခဲ့သည့် ဒီဇင်ဘာ […]
နတ်တလင်း – ၂၀၂၂ ဇန်နဝါရီ ၂၈ (မော်ကွန်း) ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အသံတိတ်သပိတ်ပြုလုပ်ပြီး ဆိုင်တွေမဖွင့်ရင်အရေးယူမယ်လို့ လိုက်အော်နေတဲ့ အာဏာသိမ်းစစ်တပ်သတင်းပေး အမျိုးသားတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံက ပြောပါတယ်။ ဒီကနေ့ မနက် ၁၁:၀၀ နာရီဝန်းကျင်က နတ်တလင်းမြို့နယ်၊ တံခွန်တိုင်အနောက်စုရပ်မှာ ခုလို လော်စပီကာနဲ့ အော်နေတဲ့ ကျော်မင်းသူကို နတ်စစ်သည်အဖွဲ့က လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ သုံးချက်မှန်ပြီး သေဆုံးနိုင်ကြောင်း ဒေသခံက ပြောပါတယ်။ ပြည်သူတွေကိုလော်နဲ့လိုက်အော်ပြီးခြိမ်းခြောက်နေလို့ အပြစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းရဲ့သားဖြစ်သူဟာလည်း အာဏာသိမ်းစစ်တပ်က စစ်သားတစ်ဦးဖြစ်ကြောင်း နတ်တလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ နတ်စစ်သည်အဖွဲ့က ထုတ်ပြန်အသိပေးပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ကျင်းပနေတဲ့ လောင်းကစားပွဲတွေ၊ စစ်ကောင်စီကျင်းပတဲ့ ပွဲလမ်းသဘင်တွေကို ပြည်သူတွေအနေနဲ့ မသွားရောက်ဘဲ ရှောင်ရှားကြဖို့ နတ်စစ်သည်အဖွဲ့က သတိပေးထားပါသေးတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ ဖေဖော်ဝါရီလတစ်ရက်နေ့ အသံတိတ်သပိတ်မပြုလုပ်အောင် မြို့ကြီးနဲ့နယ်တော်တော်များမှာ […]
ကလေး – ၂၀၂၂ ဇန်နဝါရီ ၂၈ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ ပင်မသပိတ်ရဲ့ ပျက်ရက်မရှိ၊ ၃၅၅ ရက်မြောက် လမ်းမပေါ်ချီတက်ဆန္ဒတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ဖားကန့် – ၂၀၂၂ ဇန်နဝါရီ ၂၈ (မော်ကွန်း) အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားပေမယ့် ကချင်ပြည်နယ်၊ ဖားကန့်မြို့က တော်လှန်ရေးပင်မသပိတ်ကတော့ လမ်းပေါ်တက် ဆန္ဒပြနေဆဲပါ။ ဖားကန့််မြို့ဟာ အင်တာနက်ဖြတ်တောက်ခံနေရတာ ငါးလနီးပါးရှိလာခဲ့ပါပြီ။ ဓာတ်ပုံ – CJ #Dailynews
ရွှေဘို – ၂၀၂၂ ဇန်နဝါရီ ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာစိုးရွာနဲ့ ပေါက်ချိုင်ရွာမှာ အိမ်ပေါင်း ၇၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူလေးဦး သတ်ဖြတ်ခံခဲ့ရကာ ကျေးရွာဆယ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ရွာစိုးရွာကို အာဏာသိမ်းစစ်တပ်က ဇန်နဝါရီ ၂၄ ရက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ကာ ဝင်ရောက်မီးရှို့ခဲ့ပါတယ်။ မီးရှို့ခံတဲ့ အိမ် ၂၀ ကျော်ရှိကာ ပြည်သူ နှစ်ဦး အသတ်ခံရကြောင်း ဒေသခံက ပြောပါတယ်။ ပေါက်ချိုင်ရွာကိုတော့ ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး အိမ် ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကာ ပြည်သူနှစ်ဦးလည်းသတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောပါတယ်။ “ရွှေဘိုအနောက်ဖက်ကျေးရွာတော်တော်များများကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေပါတယ်။ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတဲ့သူတွေလဲတစ်ရက်ထက်တစ်ရက် […]
အရာတော် – ၂၀၂၂ ဇန်နဝါရီ ၂၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ကိုယ့်ရွာတောင်သူတွေရဲ့မြေပဲတွေကို အတင်းအဓမ္မသိမ်းယူကာ ရောင်းချပြီးပြန်လာတဲ့ ပျူစောထီးအဖွဲ့တွေဟာ တိုက်ခိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ ကိုယ့်ရွာက တောင်သူတွေဆီက အဓမ္မသိမ်းယူသူတွေဟာ အရာတော်၊ သလဲဘာရွာက ပျူစောထီးခေါင်းဆောင်တောင်ကြီးနဲ့အဖွဲ့ဖြစ်ပါတယ်။ သလဲဘာကျေးရွာတောင်သူတွေလုပ်ကိုင်ရရှိတဲ့ မြေပဲတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေအတွက် အခွန်အခအဖြစ် အတင်းအဓမ္မ ဓားပြတိုက်သိမ်းယူခဲ့တာလို့ ဒေသခံကဆိုပါတယ်။ မနေ့ညနေပိုင်းမှာတော့ သိမ်းယူထားတဲ့ မြေပဲတွေကို မန္တလေးမြို့က ပွဲရုံဆီမှာ ရောင်းချပြီး ပြန်လာချိန်မှာ (၅)မြို့နယ်မဟာမိတ်တပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်တာလို့ တော်လှန်ရေးအဖွဲ့တွေက ကြေညာပါတယ်။ ပျူစောထီးတွေစီးလာတဲ့ လိုက်ထရပ်ကားဟာ ပျက်စီးသွားပြီး ဒဏ်ရာရသွားသူတွေရှိကြောင်း သတင်းထုတ်ပြန်ပါတယ်။ နောက်ထပ် ဒီလို အနိုင်ကျင့်နေဦးမယ်ဆိုရင် ငဲ့ညှာမှာ မဟုတ်ဘဲ တိုက်ခိုက်သွားမယ်လို့ မဟာမိတ်အဖွဲ့တွေက ဆိုပါတယ်။ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှာလည်း […]
ကလေး – ၂၀၂၂ ဇန်နဝါရီ ၂၆ (မော်ကွန်း) အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ချင်းပြည်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အောက်မေ့သတိရတဲ့အနေနဲ့ ကလေးမြို့ပင်မသပိတ်က ဒီကနေ့ ဂုဏ်ပြုခဲ့ကြပါတယ်။ နှင်းဆီပန်းတွေ၊ ဖယောင်းတိုင်တွေထွန်းပြီး ဂုဏ်ပြုဆုတောင်းခဲ့ကြပါတယ်။ ဒီကနေ့ ပင်မသပိတ်ရဲ့ဆောင်ပုဒ်ကတော့ “ပြည်တော်ဝင်ဖို့ရုန်းကြစို့၊အဆုံးသတ်တိုက်ပွဲနွဲကြစို့”ဖြစ်ပါတယ်။ ပျက်ရက်မရှိဘဲ စစ်အာဏာရှင်ကို လမ်းမပေါ်ချီတက် ဆန္ဒပြနေတဲ့ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ဆိုရင် ရက်ပေါင်း ၃၅၃ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dialynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."