ညောင်ဦး – ၂၀၂၂ ဇန်နဝါရီ ၃၀ (မော်ကွန်း)
မန္တလေးတိုင်း၊ ညောင်ဦးမြို့မှာ အသံတိတ်သပိတ်ပြုလုပ်မယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ တပ်ထောက်ခံပွဲ ပြုလုပ်ဖို့ ဦးဆောင်စီစဉ်နေသူဟာ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံက ပြောပါတယ်။
သေဆုံးသူဟာ ညောင်ဦးမြို့ အမှတ်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း တင်စိုးဆိုသူ ဖြစ်ပြီး သူဟာ Golden Bagan စားသောက်ဆိုင်ပိုင်ရှင်လည်းဖြစ်ပါတယ်။
ဒီကနေ့ နံနက် ၇:၃၀ လောက်က သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်ပြီး သူဟာ ညောင်ဦးမြို့ တပ်ထောက်ခံပွဲကို ပြုလုပ်ီု့ စီစဉ်နေသူဖြစ်ကာ ပျူစောထီးအဖွဲ့ဝင်လို့လည်း လူသိများကြောင်း ဒေသခံကဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီအား သတင်းပေးအလုပ်တွေလုပ်နေပြီး တပ်ထောက်ခံပွဲပါလုပ်ဖို့စီစဥ်နေလို့
Myin Gyan Twenty-One Guerilla Force (MTGF)၊ Guardians Of Mahlaing၊ Bagan Ogre Force နဲ့ TTA (ပြောက်ကျားတပ်) တောင်သာ မဟာမိတ်အဖွဲ့တွေကပစ်ခတ်ရှင်းလင်းကြောင်း အသိပေးပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ထောက်တိုင်တွေဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ပြည်သူတွေအသံတိတ်သပိတ်ပြုလုပ်မယ့်နေ့မှာပဲ ရန်ကုန်မြို့နဲ့ မြို့ကြီးတချို့မှာ တပ်မတော်ထောက်ခံပွဲတွေပြူလုပ်ဖို့ စီစဥ်နေကြပါတယ်။
ပဲခူးတိုင်း၊နတ်တလင်းမြို့ နယ်မှာလည်း ဇန်နဝါရီလ ၂၈ ရက်နေ့က အသံတိတ်သပိတ်မှာ မပါဝင်ဖို့ လော်စပီကာနဲ့ လိုက်အော်နေသူတစ်ဦး ပစ်သတ်ခံခဲ့ရပါသေးတယ်။
#Dailynews

