ကလေး – ၂၀၂၂ ဇန်နဝါရီ ၂၆ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ချင်းပြည်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အောက်မေ့သတိရတဲ့အနေနဲ့ ကလေးမြို့ပင်မသပိတ်က ဒီကနေ့ ဂုဏ်ပြုခဲ့ကြပါတယ်။
နှင်းဆီပန်းတွေ၊ ဖယောင်းတိုင်တွေထွန်းပြီး ဂုဏ်ပြုဆုတောင်းခဲ့ကြပါတယ်။
ဒီကနေ့ ပင်မသပိတ်ရဲ့ဆောင်ပုဒ်ကတော့ “ပြည်တော်ဝင်ဖို့ရုန်းကြစို့၊အဆုံးသတ်တိုက်ပွဲနွဲကြစို့”ဖြစ်ပါတယ်။
ပျက်ရက်မရှိဘဲ စစ်အာဏာရှင်ကို လမ်းမပေါ်ချီတက် ဆန္ဒပြနေတဲ့ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ဆိုရင် ရက်ပေါင်း ၃၅၃ ရက်ရှိလာပါပြီ။
ဓာတ်ပုံ – CJ
#Dialynews

