ဖားကန့် – ၂၀၂၂ ဇန်နဝါရီ ၂၆ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ဟာ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ထားတာ ငါးလနီးပါးရှိနေပါပြီ။ ဒေသခံပြည်သူတွေကို သတင်းအချက်အလက်တွေ ဝေးကွာအောင် အင်တာနက်တွေပိတ်ထားပေမယ့်လည်း စစ်အာဏာရှင်ကို ဖားကန့်ပင်မသပိတ်က ဆန္ဒပြ ဆန့်ကျင်နေတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
မန္တလေး – ၂၀၂၂ ဇန်နဝါရီ ၂၆ (မော်ကွန်း) ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မန္တလေးမြို့က စျေးဆိုင်တွေနဲ့လုပ်ငန်းတွေ ဆိုင်တွေအလုပ်တွေပိတ်ရင် အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်လိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့လက်အောက်ခံမန္တလေးစည်ပင်ကော်မတီကနေ ဒီကနေ့ ညနေပိုင်းမှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး ခြိမ်းခြောက်ခဲ့တာပါ။ CRPH၊ NUG၊ PDF နဲ့ တည်ငြိမ်အေးချမ်းရေးကို မလိုလားတဲ့ ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပြိုကွဲပျက်စီးစေဖို့ ရည်ရွယ်ပြီး နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတယ်လို့ မန်းစည်ပင်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ကြိုးစားနေတာ တစ်နှစ်ပြည့်လုနီးပါးရှိလာနေပါပြီ။ ဒါပေမဲ့ အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံဌာနတွေ၊ ရဲစခန်းတွေ၊ စစ်တပ်တွေဟာ သဲအိတ်အထပ်ထပ်အကာအကွယ်ယူထားရပြီး အစောင့်အရှောက်မပါဘဲလည်း အပြင်မထွက်ရဲကာ ကြောက်လန့်နေရဆဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာပဲ စစ်ကောင်စီမန္တလေးစည်ပင်က […]
ရေး – ၂၀၂၂ ဇန်နဝါရီ ၂၅ (မော်ကွန်း) မွန်ပြည်နယ်၊ ရေးမြို့က ပျူစောထီးခေါင်းဆောင်တစ်ယောက် ပစ်ခတ်ခံရလို့ ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို ရေးပြောက်ကျားအဖွဲ့ (YGF) က ထပ်မံတိုက်ခိုက်ခဲ့ကြောင်း YGF က ထုတ်ပြန်ပါတယ်။ ” ရန်မျိုးအောင် ပျူစောထီးအဖွဲ့ခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းမှုကြောင့် စစ်ဆေးဖို့ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို YGF က အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ သလ္လာဝတီ (၁) လမ်းမှာရှိတဲ့ ပျူစောထီး အဖွဲ့ ဒုတိယခေါင်းဆောင် ရာဆင်းကိုလည်း YGF အဖွဲ့က မနေ့ညနေပိုင်းမှာ ၎င်းနေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ YGF ကဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က သေဆုံး၊ ဒဏ်ရာရသူတွေ ရှိတယ်လို့ YGF ကထုတ်ပြန်ထားပါတယ်။ #Dailynews
ရွှေဘို – ၂၀၂၂ ဇန်နဝါရီ ၂၅ (မော်ကွန်း) စစ်ကိုင်းတိုင်းlရွှေဘိုမြို့နယ်၊ ရွာစိုးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ကာ ဝင်ရောက်မီးရှို့ခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။ ဒါအပြင် ဒေသခံပြည်သူနှစ်ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံကဆိုပါတယ်။ မနေ့ မနက်ပိုင်းက လက်နက်ကြီးတွေပါဝင်တဲ့ အာဏာသိမ်းစစ်တပ်ဟာ ရွှေဘိုမြို့နယ် သီးလုံးရွာကနေ ရွာစိုးရွာကို အင်အား ၂၀ဝ ကျော်နဲ့ ထွက်ခွါလာပါတယ်။ အဲဒီနောက် ဇီးဖြူကုန်းရွာနဲ့ ရွာစိုးရွာကြားမှာ တစ်နာရီလောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသွားသူတွေလည်း မနည်းကြောင်း ဒေသခံက ပြောပါတယ်။ အဲဒီနောက် အာဏာသိမ်းစစ်တပ်ဟာ ၆ဝမမ ၊ ၄ဝမမ စတဲ့လက်နက်ကြီးတွေနဲ့ အချက်၃ဝထက်မနည်းရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးနားရှိ ရွာစိုးရွာက ရွာသူရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။ ရွာသားနှစ်ဦးကို သတ်ဖြတ်ခံရပြီး […]
ရန်ကုန် – ၂၀၂၂ ၊ ဇန်နဝါရီ ၂၄ (မော်ကွန်း) ပခုက္ကူမြို့၊ ထင်းတန်းလမ်းပေါ်မှာရှိတဲ့ KBZ ဘဏ်ကို ဒီနေ့ မွန်းလွှဲ ၁း၀၀ နာရီခန့်က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးသမားတွေရဲ့ KPay အကောင့်တွေ ကို ပြန်မဖွင့်ပေးဘူးဆိုရင် ဒီနေ့ ဗုံးခွဲတိုက်ခိုက်မှုထက် ပြင်းထန်တဲ့တိုက်ခိုက်မှုတွေ ဖြစ်လာလိမ့်မယ်လို့ ပခုက္ကူအခြေစိုက် Earthquake People’s Defense Force က ထုန်ပြန်ပါတယ်။ “ဒီနေ့ကျွန်တော်တို့လုပ်တဲ့အကြိမ်က ပထမဦးဆုံးအကြိမ်ပေါ့။ နောက်နောင်တွေတော့ သူတို့ရဲ့ဝန်ထမ်းတွေ သူတို့ရဲ့လက်ပါးစေတွေ ထိလာမယ်ဆိုတာ မပြောနိုင်ဘူးလေနော့်။ သူတို့ဘက်ကနေ ဒီလိုမျိူး ပိတ်ပင်နေမယ်၊ ပြုမူနေမယ်ဆိုရင်တော့ ကျွန်တော်တို့ ထက်ပြီးတော့ ပြင်းပြင်းထန်ထန်သတိပေးရမှာပဲ” လို့ Earthquake People’s Defense Force တာဝန်ခံက ပြောပါတယ်။ KBZ ဘဏ်ဟာ […]
ရန်ကုန် – ၂၀၂၂ ဇန်နဝါရီ ၂၂ (မော်ကွန်း) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီတို့နှစ်ဦးကို သေဒဏ်ချမှတ်လိုက်တာဟာပြည်သူလူထုကို ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင်ဖြစ်သူ ဦးထွန်းကြည် က မော်ကွန်းကိုပြောပါတယ်။ ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉(က)၊ ၅၀(ဈ) နဲ့ ၅၀(ည) တို့ဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း ကို ဒီကနေ့ ည ၈:၀၀ နာရီက အာဏာသိမ်းစစ်ကောင်စီမှ ကြေညာလိုက်တာပါ။ ဦးထွန်းကြည်က “ပြည်သူလူထုရဲ့ အချစ်တော်တွေ ပြည်သူလူထုထောက်ခံမှုရထားတဲ့သူတွေ၊ ပြည်သူလူထုအကျိုးကို ဓမ္မဘက်ကနေရပ်တည်ပြီးတော့ရထားတဲ့သူတွေ အခုလိုမျိုး သေဒဏ်ပေးလိုက်ခြင်းအားဖြင့် ပြည်သူလူထု ကကြောက်လာမယ်။ ပြည်သူလူထုကိုခြိမ်းခြောက်တာ ”လို့ဆိုပါတယ်။ ပြည်သူလူထုကြောက်စိတ်ဝင်ပါက အရေးတော်ပုံ တပ်သားတွေကိုပါဝင်ပူးပေါင်းကူညီလိုစိတ်နည်းပြီး တော်လှန်ရေးမအောင်မြင်အောင် စစ်ကောင်စီမှ […]
ပေါက်-၂၀၂၂ ဇန်နဝါရီ ၂၂ (မော်ကွန်း) စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ်အသုံးပြုခံရတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ် ဝန်းချုံးကျေးရွာအုပ်စု လယ်ယာကျေးရွာက လူငယ်တစ်ဦးဟာ မနေ့က မိုင်းထိသေဆုံးခဲ့တယ်လို့ ပြည်သူ့စွမ်းအားတပ်ပေါင်းစု (People’s Power Coalition) ကတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “လယ်ယာက အရွယ်ကောင်းတဲ့ လူငယ်တွေရွေးခေါ်သွားတာဗျ၊ အားလုံး ၁၅ ယောက်၊ အယောက် ၂၀ လောက်ရှိတယ်။ နွားတွေလည်းပါသွားတယ်၊ လူသားဒိုင်းလုပ်ပြီးသွားတာပေါ့။ ကင်းမနဲ့ လယ်ယာကြားမှာ မိုင်းထိတော့ နွားငါးကောင်သေသွားတယ်၊ အသက် ၂၅ နှစ်အရွယ်လူငယ်တစ်ယောက်ထိပြီး နောက်တစ်နာရီလောက်နေတော့ သေဆုံးသွားတယ်လို့ကျွန်တော်တို့သိရတယ်လို့” အဆိုပါတပ်ဖွဲ့ဝင်ကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့တွေကဇန်နဝါရီလ ၂၁ ရက် နေ့လယ်ပိုင်းက လယ်ယာကျေးရွာက ဒေသခံလူငယ်တချို့နဲ့ နွားကောင်ရေ ၂၀ ကျော်ကိုအဓမ္မခေါ်ဆောင်ပြီး ကင်းမကျေးရွာဘက်ကိုစစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။ ဝန်းချုံးကျေးရွာအုပ်စု၊ လယ်ယာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ […]
ကနီ – ၂၀၂၂ ဇန်နဝါရီ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်းဆန်တက်လာတဲ့ အာဏာသိမ်းစစ်တပ်ရေယာဥ်တွေ တိုက်ခိုက်ခံရပြီး မြစ်ဘေးကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြည်သူ ၇၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက ချင်းတွင်းမြစ်ထဲ ဆန်တက်လာခဲ့တဲ့ ဖလက်ခွန် (၆)စီး ၊ အမြန်ရေယာဥ် (၂)စီးပါ စစ်ရေယာဥ်တွေကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နှစ်နေရာခွဲကာ တိုက်ခိုက်ခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဖလက်ခွန်တစ်စီး မီးလောင်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေယာဥ်တွေဟာ ချင်းတွင်းမြစ်ကမ်းဘေး ဝဲယာက ကျေးရွာတွေကို လက်နက်ကြီးငယ်များနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ကနီမြို့နယ် မုဌော အရှေ့ရွာအရောက်မှာ ကမ်းပေါတက်ပြီး ဒေသခံ တံငါသည်အများစု […]
ရေစကြို – ၂၀၂၂ ဇန်နဝါရီ ၂၁ (မော်ကွန်း) အာဏာသိမ်းစစ်တပ်က သူတို့ဝင်ရောင်လာချိန် ကြောက်လန့်ထွက်ပြေးတဲ့ ပြည်သူတွေကို လိုက်လံပစ်သတ်ခဲ့လို့ ဒီကနေ့ ရေစကြို၊ ရေလယ်ကျွန်းမှာ အသက် ၆၀ အရွယ် ရွာသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံကပြောပါတယ်။ မနေ့က ရေလယ်ကျွန်းကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းနဲ့ ဝင်လာပြီး ညနေပိုင်းမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ ဒီကနေ့ မနက် ၅:၀၀ နာရီဝန်းကျင်မှာတော့ အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ ပေါက်တောရွာကို သွားရောက်မွှေနှောက်ခဲ့ပြီး နေရင်းရွာကို ပြန်လာလို့ ရွာသူ ရွာသားတွေ ကြောက်လန့်၊ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံကပြောပါတယ်။ ထွက်ပြေးခဲ့ကြတဲ့ရွာသူရွာသားတွေကို အာဏာသိမ်းစစ်တပ်က လိုက်လံပစ်ခတ်ခဲ့လို့ နေရင်းရွာက အသက် ၆ဝ ဝန်းကျင် ဦးစိန်ဝိုင်းဆိုသူ ကျည်ဆံထိမှန်ပြီး သေဆုံးသွားကာ အမျိုးသမီးတစ်ဦးလည်း ပေါင်ကိုကျည်ထိမှန်ပြီး ဒဏ်ရာရရှိထားကြောင်း […]
ရေဦး – ၂၀၂၂ ဇန်နဝါရီ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသတွင်း PDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ကျဆုံးမှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက ရေဦးမြို့နယ်၊ ရွာမိဿာရွာအနီးမှာ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ခုနှစ်ဦး ကျဆုံးကြောင်း ဒေသခံက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်ကလည်း သေဆုံးမှုတွေရှိတယ်လို့ဆိုပါတယ်။ “စစ်တပ်ဘက်က သေတဲ့သူတွေကို ရေဦးသုဿန်ထဲမှာ မီးရှို့နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ညနေပိုင်းမှာလည်း ရွာသစ်ကုန်းရွာအနီးမှာ ပြည်သူတစ်ဦးကို ပစ်ခတ်သွားကြောင်း ဒေသခံက ပြောပါတယ်။ #Dailynews
ရွှေဘို – ၂၀၂၂ ဇန်နဝါရီ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးလာလို့ ကျေးရွာ ခြောက်ရွာက ပြည်သူ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေလိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က ရွှေဘိုမြို့ အနောက်ဘက် ၁၀ မိုင်ခန့် အကွာ သန်းတောရွာဘက်ကို အာဏာသိမ်းစစ်တပ်ဟာအင်အား ၁၅၀ ခန့်နဲ့ ခြေလျင် စစ်ကြောင်းထိုးလာခဲ့တာပါ။ ဒီလိုရောက်လာလို့ ရွှေဘိုမြို့ အနောက်ဘက်ရှိ သန်းတောရွာ၊ သံပုရာခြံရွာ၊ ဝါးရုံကန်ရွာ၊ ထူးကြီးရွာ၊ တည်ပင်ရွာနှင့် ရေကြည်ဝရွာများမှ ဒေသခံ ၃၀၀၀ လောက် ဘေးလွတ်ရာတိမ်းရှောင် နေရတယ်လို့ စစ်ဘေးရှောင်များအား ကူညီနေသူများက ပြောပါတယ်။ သန်းတောရွာအနီးမှာ အာဏာသိမ်းစစ်တပ်တိုက်ခိုက်ခံခဲ့ရပြီး တပ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း (SNAKE EYES-PDF(SHWEBO) […]
ဂန့်ဂေါ – ၂၀၂၂ ဇန်နဝါရီ ၂၀ (မော်ကွန်း) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စန်းမြို့ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှိူ့ခဲ့လို့ အိမ်ပေါင်း ၁၃၂ လုံး ပျက်စီးသွားကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၈ရက်က အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေဟာ စန်းမြို့ကျေးရွာကို ဝင်ရောက်လာပြီး အကြမ်းဖက်မီးရှို့ခဲ့တာပါ။ ကျေးရွာရှိ လူနေအိမ် ၁၃၂လုံး မီးလောင်ပျက်စီးခဲ့ရပြီး စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ ရန်လို တိုက်ခိုက်မှုတွေကြောင့် ဒေသခံအမြောက်အများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့ကလည်း စန်းမြို့ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးများက နေအိမ်၃၂လုံးကိုမီးရှို့ရာ နေအိမ် ၂၈ လုံး ပြာကျပျက်စီးခဲ့ရပါတယ်။ လက်ရှိမှာ စန်းမြို့ကျေးရွာ၌ စုစုပေါင်း နေအိမ် ၁၆၀ မီးလောင်ပြာကျပျက်စီးခဲ့ရပြီး […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."