သတင်းများ

ကျုံပျော်မြို့နယ်က စစ်မှုထမ်းဟောင်းတစ်ဦး နေအိမ်တွင် ပေါက်ကွဲမှုဖြစ်

February 12, 2022

ကျုံပျော် – ၂၀၂၂ ဖေဖော်ဝါရီ ၁၂ (မော်ကွန်း) ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ ကျွဲခြံထောင့်ကျေးရွာအုပ်စု၊ သပြေငူကျေးရွာမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်း ဦးသန်းဝင်းရဲ့ နေအိမ်မှာ ဒီကနေ့ မနက်အာရုံမတက်ခင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ “ သူ့အိမ်ကပေါက်ကတာတော့ ဟုတ်တယ်၊ ဘယ်လိုဖြစ်တာလဲတော့ မသိလိုက်ဘူး၊ မနက်အစောပိုင်းဆိုတော့ အသံကတော့ တော်တော်ကျယ်တာပေါ့၊ ဒီမနက်ပိုင်းတော့ စစ်သားတွေရောက်လာတာတွေ့တယ်”လို့ ဒေသခံက ပြောပါတယ်။ ဦးသန်းဝင်းဟာ စစ်မှုထမ်းဟောင်း ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အပြင် တော်လှန်ရေးအင်အားစုတွေကို ဖမ်းဆီးဖို့အတွက် သတင်းပေးတာတွေပြုလုပ်နေတာကြောင့် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခံရတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံက ဆိုပါတယ်။ ဦးသန်းဝင်းနေအိမ်ဗုံးကွဲမှုနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်သားတွေ မနက်ပိုင်းမှာ ရောက်လာကာ ဒေသခံပြည်သူတွေကို စစ်ဆေးတာတွေပြုလုပ်ခဲ့သလို ရွာအဝင်အထွက်လမ်း ကိုလည်း ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျုံပျော်မြို့နယ်မှာ ဖေဖော်ဝါရီလ […]

အပြည့်အစုံဖတ်ရန်

ပုသိမ်မြို့တွင် ဆိုင်ကယ်မောင်းလာသူ ၂ ဦးကို အာဏာသိမ်းစစ်တပ်လက်အောက်ခံရဲက သေနတ်နဲ့ပစ်ဖမ်း

February 12, 2022

ပုသိမ် – ၂၀၂၂ ဖေဖော်ဝါရီလ ၁၂ (မော်ကွန်း) ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာ ဒီကနေ့ နေ့လယ်က ဆိုင်ကယ်မောင်းလာသူ နှစ်ဦးကို အာဏာသိမ်းစစ်ကောင်စီရဲက သေနတ်နဲ့ပစ်ဖမ်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တောရကျောင်းလမ်းမှာ စစ်ဆေးရေးလုပ်နေတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတွေကို ဆိုင်ကယ်ရပ်မပေးမိတာကြောင့် နောက်ကနေ သေနတ်နဲ့လိုက်ပစ်ပြီး ဖမ်းဆီးခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ “ ဆိုင်ကယ်နဲ့လာတာ မူးလည် မူးနေတယ်၊ တားတာကိုမကြားတာနေမယ် ဆက်မောင်းတော့ နောက်က ရဲက သေနတ်နဲ့ လိုက်ပစ်တာ၊ ပေါင်ကို ထိသွားတယ်၊ ဆေးရုံကလည်း လက်မခံဘူးကြားတယ်”လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။ ဆိုင်ကယ်နောက်က ထိုင်လာသူ ပေါင်ထိမှန်ပြီး ပုသိမ်ဆေးရုံကြီးပို့ဆောင် ခဲ့ပေမယ့် လက်မခံတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ […]

အပြည့်အစုံဖတ်ရန်

ဖားကန့်တွင် အာဏာသိမ်းစစ်တပ် ပြည်ထောင်စုနေ့အခမ်းအနားလုပ်နေစဉ် ပေါက်ကွဲမှုများဖြစ်ပွား

February 12, 2022

ဖားကန့် – ၂၀၂၂ ဖေဖော်ဝါရီ ၁၂ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီကနေ့ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထောင်စုအခမ်းအနားကျင်းပနေချိန် မနက် ၆:၀၀ နာရီကျော်လောက်က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်စုပေါင်းရုံးမှာ ပြည်ထောင်စုအခမ်းအနားအစီအစဉ်အရ သဝဏ်လွှာဖတ်ကြားနေတဲ့အချိန်မှာ ပေါက်ကွဲခဲ့ တာဖြစ်တယ်လို့ လုံးခင်းဒေသခံတစ်ဦးက ပြောပါတယ်။ “ကျွန်တော်ညီက ပေါက်တာနဲ့ လှမ်းဖုန်းဆက်ပြောတာ ကျွန်တော်ကတော့ မြို့နဲ့ဝေးတော့ ပထမ အလုံး မကြားလိုက်ဘူ၊း ဒုတိယအလုံးတော့ ကြားလိုက်တယ် ပွဲထဲမှာပေါက်ကတာတော့ မဟုတ်ဘူး၊ ပွဲလုပ်နေတဲ့ အပြင်ဘက်မှာပေါက်တာ၊ လူတော့ မထိလောက်ဘူး”လို့ လုံးခင်းဒေသခံတစ်ဦးက ပြောပါတယ်။ အခမ်းအနားပြုလုပ်နေချိန် ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေက ပွဲကို အကျဉ်းချုပ်ပြီး ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက်ပိုင်း ဖားကန့်မြို့ပေါ် လူစည်းကားတွေနေရာတွေမှာ စစ်ဆေးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ဖားကန့်ပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ် ယနေ့မြင်ကွင်း

February 12, 2022

ဖားကန့် – ၂၀၂၂ ဖေဖော်ဝါရီ ၁၂ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့က ပြည်သူ ၅၀၀ ကျော်ဟာ ဒီကနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်နဲ့အတူ လမ်းမပေါ် ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကို ထောက်ခံကြိုဆိုကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။ ဒီကနေ့ ဖားကန့်မြို့က အာဏာသိမ်းစစ်တပ် ပြုလုပ်တဲ့ ပြည်ထောင်စုနေ့အခမ်းအနားပြုလုပ်နေချိန်မှာပဲ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါသေးတယ်။ အာဏာသိမ်းစစ်တပ်က ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ပြီး သတင်းအမှောင်ချထားတာ ခြောက်လနီးပါးရှိလာပါပြီ။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အာဏာသိမ်း စစ်ကောင်စီအတွက် မီတာစာရွက်လိုက်ဝေနေတဲ့ ဝန်ထမ်း ပစ်ခတ်ခံရ

February 12, 2022

တောင်ငူ – ၂၀၂၂ ဖေဖော်ဝါရီ ၁၂ (မော်ကွန်း) ပဲခူးတိုင်း၊ တောင်ငူမြို့မှာ မီတာစာရွက် ဝေနေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ EPC ဝန်ထမ်းတစ်ဦး ဒီကနေ့ ပစ်ခတ်ခံရကြောင်း သတင်းရရှိပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက မီတာစာရွက်တွေ လိုက်ဝေနေတဲ့ အဲဒီစစ်ကောင်စီဝန်ထမ်းဟာ သေနတ်နဲ့သုံးချက်ပစ်ခတ်ခံရတယ်လို့ ဒေသခံကပြောပါတယ်။ “အပစ်ခံရပြီး စစ်တပ်ကလာသယ်သွားတယ်။ ဆေးရုံရောက်မှသေတယ်ပြောတယ်” လို့ တောင်ငူမြို့ခံတစ်ဦးက ​ပြောပါတယ်။ ပစ်ခတ်ခံရသူမှာ တောင်ငူလျှပ်စစ်ရုံးက စာရေး ဝန်ထမ်း ကျော်ဝင်းလတ် (ခ) ကုလား ဆိုသူဖြစ်ကြောင်း၊ မီတာမဆောင်တဲ့အိမ်တွေကို မီးဖြတ်တဲ့အဖွဲ့ထဲမှာ လူသိများသူဖြစ်ကြောင်း ဒေသခံက ဆိုပါတယ်။ တောင်ငူမြို့မှာ မီတာ​ခတွေကို စာရွက်လာဝေတာအပြင် ရပ်ကွက်ရုံးတွေကနေလည်း ကောက်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

တန့်ဆည်မြို့နယ်၊ ခရုတောရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးဖြင့် ပစ်ခတ်

February 11, 2022

တန့်ဆည် – ၂၀၂၂ ဖေဖော်ဝါရီ ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ခရုတောကျေးရွာကို အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေ ဝင်ရောက်ဖျက်ဆီးမီးရှို့ရုံမက လက်နက်ကြီးနဲ့ပါပစ်ခတ်လို့ အနီးနားရွာက ကလေးတစ်ဦးအပါအဝင် ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာတွေရရှိသွားကြောင်း ဒေသခံက ပြောပါတယ်။ ခရုတောကျေးရွာကို မနေ့က အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေဝင်ရောက်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာလည်း ထပ်မံဝင်ရောက်ကာ နှစ်ရက်မြောက်မီးဆက်ရှို့နေကြောင်း၊ ရွာခံတွေထွက်ပြေးတိမ်းရှောင်နေရလို့ ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က ခရုတောကျေးရွာကို ဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ဟာ လက်နက်ကြီးနဲ့ပါပစ်ခတ်လို့ နားတောင်းရုံရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပြီး ကလေးတစ်ဦး အပါအဝင် ပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေလည်း ရှိနေတဲ့အကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီလ ၉ ရက်နဲ့ ၁၀ ရက် […]

အပြည့်အစုံဖတ်ရန်

“လူမျိုးကြီးဝါဒဟူသမျှ တိုက်ဖျက်ကြ၊ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ကြ” ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

February 11, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁၁ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့သပိတ်ဟာ ဒီကနေ့မှာ လမ်းမပေါ်ချီတက် ဆန္ဒပြရင်း ကျဆုံးရဲဘော်တွေကို ဂုဏ်ပြုအောက်မေ့ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၂၂၊ ဖေဖော်ဝါရီ(၄)ရက်က ကလေးမြို့၊ပြင်သာရွာတိုက်ပွဲမှာ ကျဆုံးခဲ့ကြတဲ့ ၁။ကိုရာဇာထွန်း ၂၅နှစ် ၂။ကိုချန်တူးဝမ် ၃၈နှစ် ၃။မောင်အောင်အောင်ထူး ၁၈နှစ် ၄။မောင်အောင်မျိုးထွန်း ၁၈နှစ် ၅။ကိုရှိန်းထက်နှောင် ၂၀နှစ် ၆။ကိုလွမ်းနိုင် ၃၁နှစ် ၇။ကိုနေမျိုးအောင် ၂၁နှစ် တို့အတွက် ဖယောင်းတိုင်ထွန်း အောက်မေ့ခြင်းနဲ့ နှင်းဆီပန်းချဂုဏ်ပြုခြင်းအစီအစဉ်ကို ပင်မသပိတ်က ပြုလုပ်ခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ဆို ၃၆၉ ရက်ရှိလာပါပြီ။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ် ၃၆၈ ရက်မြောက်နေ့ မြင်ကွင်း

February 10, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်ရဲ့ ပျက်ရက်မရှိ လမ်းမပေါ် ချီတက်ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်ကို လမ်းမပေါ်တက် ဆန္ဒပြနေတာ ရက်ပေါင်း ၃၆၈ ရက်ရှိလာပါပြီ။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ဟင်္သာတမြို့က အာဏာသိမ်းစစ်ကောင်စီ လေတပ်ဗိုလ်မှူးတစ်ဦးရဲ့ မိသားစု နေအိမ်မှာ ပေါက်ကွဲမှုဖြစ်ပွား

February 10, 2022

ဟင်္သာတ – ၂၀၂၂ ဖေဖော်ဝါရီလ ၁၀ (မော်ကွန်း) အာဏာသိမ်းစစ်တပ်၊ လေတပ် ဗိုလ်မှူး ဇင်မင်းထင်ကျော်ရဲ့ မိသားစုဝင်တွေနေထိုင်ရာ ဟင်္သာတမြို့၊ ရွှေစေတီလမ်းက အိမ်မှာ ဒီကနေ့ နံနက် ၅ : ၀၀ နာရီကျော်လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဗိုလ်မှူးရဲ့မိသားစုဟာ ဆိပ်သာတိုက်နယ်၊ သဲရိုးအရှေ့စုကျေးရွာကနေ ဟင်္သာတမြို့ပေါ်ကိုပြောင်းရွှေ့လာပြီးနောက် မကြာခင်မှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေသခံကဆိုပါတယ်။ “ သူတို့က ရွာကနေ မြို့ပေါ်ကိုပြောင်းလာတာ မကြာသေးဘူး၊ ဒီမနက်ပိုင်း အဲ့အိမ်မှာ ဗုံးကွဲတာ အသံတော် တော်တော်ကျယ်တယ်”လို့ ဒေသခံက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် လူနဲ့ အိမ်ထိခိုက်ပျက်စီးတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ ဒီပေါက်ကွဲမှုကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ အာဏာသိမ်းစစ်တပ်၊ တပ်သားတွေဟာ လမ်းပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဟင်္သာတမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း […]

အပြည့်အစုံဖတ်ရန်

တန့်ဆည်မြို့၊ ပေချောင်ရွာကို အာဏာသိမ်းစစ်တပ် မီးရှိူ့လို့ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး

February 10, 2022

တန့်ဆည် – ၂၀၂၂ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပေချောင်ရွာမှာ အာဏာသိမ်းစစ်တပ်က နှစ်ရက်ဆက်တိုက်ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ​ပြောပါတယ်။ မနေ့နဲ့ ဒီကနေ့တွေမှာ အာဏာသိမ်းစစ်တပ်ဟာ တန့်ဆည်မြို့နယ်မြောက်ပိုင်း ပေချောင်ရွာထဲဝင်ရောက်လာပြီး လူနေအိမ်တွေကို‌ မီးရှို့ဖျက်ဆီးခဲ့ပြီး ပျူစောထီးတွေလည်း ပါဝင်ကြောင်း ဒေသခံကပြောပါတယ်။ “နေအိမ်တွေတင်မကပါဘူး။ စပါးတွေ၊ ပဲတွေပါ မီးရှို့ဖျက်ဆီးသွားတယ်”လို့ တန့်ဆည်ဒေသခံတစ်ဦးက ဆိုပါတယ်။ ဖေဖော်ဝါရီ (၈)ရက်ကလည်း အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေဟာ တန့်ဆည်မြို့နယ်၊ ထန်းကုန်းကြီးရွာ နေအိမ် ခုနှစ်လုံးကို ရိုက်ဖျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့မနက်ပိုင်းက တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကို PDF တွေဝင်ရောက်တိုက်ခိုက်ခဲ့လို့ အာဏာသိမ်းစစ်တပ်ဘက်ကထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။ ပုံစာ – ပေချောင်ရွာပျက်စီးဆုံးရှုံးမှုမြင်ကွင်းများ ဓါတ်ပုံ […]

အပြည့်အစုံဖတ်ရန်

ပုသိမ်သင်္ဘောကျင်းနယ်မြေ အာဏာသိမ်းစစ်ကောင်စီရဲစခန်း ဗုံးပစ်ခံရ

February 9, 2022

ပုသိမ် – ၂၀၂၂ ဖေဖော်ဝါရီ ၉ (မော်ကွန်း) ဧရာဝတီတိုင်း၊ ပုသိမ်မြို့တစ်ဘက်ကမ်းမှာရှိတဲ့ သင်္ဘောကျင်းနယ်မြေအာဏာသိမ်းစစ်ကောင်စီရဲစခန်းကို ဒီကနေ့ မနက်ပိုင်းက အဖွဲ့တစ်ဖွဲ့က လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနက်ပိုင်း ၈းဝဝ နာရီလောက်မှာ လာရောက်ပစ်ခတ်သွားတာလို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ “စခန်းက ကားလမ်းဘေးမှာဆိုတော့ ပစ်ရလွယ်တယ်၊ အရင်တခါလည်း မနက်အစောပိုင်း လာပစ်တာရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပစ်သွားတာမြင်ရပေမယ့် ပေါက်ကွဲသံတော့ မကြားရဘူးလို့ သူကဆိုပါတယ်။ စခန်းထဲက ရဲတွေ အလုပ်ရှုပ်သွားတာမြင်ရပြီး နောက်ပိုင်း စခန်းထဲက ဆိုင်ကယ်တွေနဲ့ ထွက်လိုက်တာမျိုးတွေလည်း ရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ ပုသိမ်မြို့တစ်ဘက်ကမ်းကို ကူးတဲ့ ကူတို့ဆိပ်တွေနဲ့ တံတားဖြတ်သန်းသွားလာတဲ့ ဂိတ်တွေမှာ ပိတ်ဆို့ စစ်ဆေး တာတွေပြုလုပ်ခဲ့ပေမယ့် လာပစ်သွားတဲ့အဖွဲ့ကိုတော့ ဖမ်းဆီးနိုင်တာမျိုးမရှိခဲ့ဘူးလို့ ဒေသခံဆီက […]

အပြည့်အစုံဖတ်ရန်

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ပြည်သူ့သပိတ် ယနေ့မြင်ကွင်း

February 9, 2022

ဖားကန့် – ၂၀၂၂ ဖေဖော်ဝါရီ ၉ (မော်ကွန်း) အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ကာ သတင်းအမှောင်ချဖို့ ကြိုးစားပေမယ့် မြို့ခံပြည်သူလူထုရဲ့ တော်လှန်ရေးသပိတ်ကတော့ ရပ်တန့်မသွားပါဘူး။ ဒီကနေ့မှာလည်း ဖားကန့် လူမျိုးပေါင်းစုံပြည်သူ့သပိတ်ဟာ လမ်းမပေါ်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြည်သူတွေရဲ့ ကြွေးကြော်သံတွေကတော့ ” KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ”” NUG အစိုးရ ဒို့အစိုးရ ” “ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး” “ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေး” “အကြမ်းဖက် စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရစေရေး” “အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေဆိုးနဲ့ သေပါစေ” “နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကိုအောင်ရမည်” တို့ ဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 198 199 200 201 202 203 204 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."