တန့်ဆည် – ၂၀၂၂ မတ် ၁၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြိုနယ်က ကျေးရွာသုံးရွာကို အာဏာသိမ်းစစ်တပ်ဝင်ရောက်ပစ်ခတ်မီးရှိခဲ့လို သက်ကြီးရွယ်အိုနဲ့ ၁၅ အရွယ်မိန်းကလေးအပါအဝင် လေးဦးသေဆုံးကာ နေအိမ် ၂၅ လုံးဝန်းကျင်ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က တန့်ဆည်မြိုနယ်၊ စိမ်းစားကျေးရွာ၊ ချောင်းရိုးကျေးရွာနဲ့ ဒည်ရောက်ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်တွေ ဝင်ရောက် မီးရှို့ ပစ်ခတ်လို့ အသက် ၁၅နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ ရင်ဘတ်နဲ့ ပေါင် ကျည် ၂ ချက် ထိမှန်ကာ အဲဒီဒဏ်ရာနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။
ဒါအပြင် အသက် ၇၀ အရွယ် မသန်စွမ်းအမျိုးသမီးတစ်ဦးဟာလည်း မပြေးနိုင်ဘဲ နေအိမ်မှာ ကျန်ရစ်ခဲ့စဥ် ဘေးအိမ်ရဲ့ လောင်ကျွမ်းနေတဲ့ မီးအရှိန်ကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ချောင်းရိုးရွာက လူငယ် နှစ်ဦးလည်း အာဏာသိမ်းစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
စိမ်းစားကျေးရွာက နေအိမ် ၁၅ လုံးဝန်းကျင်၊ ချောင်းရိုးနဲ့ ဒည်ရောက်ရွာက ၁၀ အိမ်ခန့် မီးလောင်ပြာကျခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။
မီးရှိဖျက်ဆီးခံခဲ့ရပြီး အာဏာသိမ်းစစ်တပ်မှာ ကျေးရွာအတွင်းရှိနေဆဲဖြစ်ကြောင်း၊ ထွက်မပြေးနိုင်၍ ကျေးရွာတွင်း ပိတ်မိနေသည့် သက်ကြီးရွယ်အိုတွေလည်း ရှိနေကြောင်း ဒေသခံက ပြောပါတယ်။
မနေ့ မနက်ပိုင်းက တန့်ဆည်မြိုနယ် ပုဏ္ဏကားရွာဘက်ကနေ လုယူလာတဲ့ ပြည်သူတွေရဲ့ စပါးတွေကို အာဏာသိမ်းစစ်တပ်ဟာ သယ်ဆောင်လာနေတုန်းမှာပဲ တန့်ဆည်အခြေစိုက် PDF အဖွဲတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
ဒီလိုတိုက်ခိုက်ခံရလို့ အာဏာသိမ်းစစ်တပ်ဘက်က လေးဦးသေဆုံးကာ သေနတ်ငါးလက်နဲ့ လက်နက်ခဲယမ်းတချိ့ သိမ်းဆည်းရမိခဲ့တယ်လို PDFအဖွဲတွေက အသိပေးပါတယ်။
ဒီလိုတိုက်ခိုက်ခံရလို့ စိမ်းစားရွာ၊ ချောင်းရိုးရွာနဲ့ ဒည်ရောက်ရွာတွေကို ဝင်ပြီး ပစ်ခတ် မီးရှို့တာဖြစ်ကြောင်း PDF ဘက်က ပြောပါတယ်။
#Dailynews

