ရွှေဘို – ၂၀၂၂ မတ် ၁၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ ဆိပ်ခွန်ကျေးရွာမှာ အာဏာသိမ်းစစ်တပ်က လူငယ်သုံးဦးသတ်ဖြတ်သွားကြောင်း ဒေသခံက ပြောပါတယ်။
မနေ့ညက ရွှေဘိုမြို အနောက်ပိုင်းမှာရှိတဲ့ ဆိပ်ခွန်ကျေးရွာမှာ ဆိပ်ခွန်မှာ လာရောက် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ လူငယ် ၃ဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က ပြည်သူ ကိုးယောက်ကို ဖမ်းဆီးခဲ့ပြီး ၆ ယောက်ကို ပြန်လွှတ်လိုက်ကာ ကျန်တဲ့ လူငယ်သုံးဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။
ပါးစပ်တွေကို အဝတ်နဲ့စည်းပြီး ဦးခေါင်းတွေကို သေနတ်နဲ့ပစ်သတ်ထားတာပါ။
အသတ်ခံရသူတွေဟာ အသက်နှစ်ဆယ်မပြည့်သေးတဲ့ လူငယ်တွေဖြစ်ပြီး ဆိပ်ခွန်ကျေးရွာ နဲ့ ထန်းစင်ကျေးရွာအကြား ဆိပ်ခွန်-သီးလုံး (သလုံး) မူးဘောင်မှာ ပစ်သတ်ထားခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
“ပစ်သတ်ခံရတာ ဆိပ်ခွန်ရွာကတော့ မဟုတ်ဘူး။ ရွှေဘိုနယ်ကပဲ ကျားရွာသားတွေလိုလောလောဆယ်သိရတယ်”လို့ ရွှေဘိုဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွှေဘိုခရိုင်အထဲ အင်အားအများအပြားသုံးကာ ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး PDF တပ်ဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ပုံစာ – အသတ်ခံရသည့် လူငယ်များ
ဓါတ်ပုံ – နယ်ခံ
#Dailynews

