မန္တလေး – ၂၀၂၂ မတ် ၁၁ (မော်ကွန်း)
မန္တလေးမြိုမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကို ဝန်းရံကြဖို့ သံဃာတော်တွေနဲ့ ပြည်သူတွေ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ မနက်ပိုင်းက မန္တလေးမြိုတွင်း လမ်းမတစ်ခုမှာ သံဃာတော်တွေနဲ့အတူ မဟာအောင်မြေစုပေါင်းသပိတ်စစ်ကြောင်းဟာ အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြတာပါ။
“စစ်ခွေးသင်္ချိုင်းစစ်ကိုင်းတိုင်း၊ လူထုတစ်ရပ်လုံးဝန်းရံကြ”၊ “ဓာတုလက်နက်တွေပါ သုံးနေရင်တော့ဗမာစစ်တပ်ထက် အောက်တန်းကျတာမရှိတော့ဘူး။”၊ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီစစ်ကိုင်းတိုင်းကိုဝန်းရံကြ” စတဲ့ စာသားတွေကိုင်ဆောင်ကြွေးကြော်ရင်း ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြိုမှာ အာဏာသိမ်းစစ်တပ်က ပိုက်စိပ်တိုက်လှည့်လည်စစ်ဆေးဖမ်းဆီးမှုတွေ ရှိနေပေမယ့် မြေပြင်သပိတ်တွေကလည်း ရတဲ့နေရာမှာရတဲ့နည်းနဲ့ ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။
ဓါတ်ပုံ-Poison
#Dailynews

