ဖားကန့် – ၂၀၂၂ မတ် ၁၁ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာ ခုနှစ်လနီးပါးရှိလာပေမယ့် မြို့ခံပြည်သူလူထုရဲ့ စစ်အာဏာရှင်တော်လှန်ရေးသပိတ်တွေကတော့ ရပ်နားခြင်းမရှိဘဲ လမ်းပေါ်ထွက် ဆန္ဒပြနေပါတယ်။
ဒီကနေ့မှာလည်း ဖားကန့်မြို့သပိတ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေကို ကြိုဆိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

