ဖားကန့် – ၂၀၂၂ ဩဂုတ် ၈ (မော်ကွန်း) ၈၈ လူထုအရေးတော်ပုံ ၃၄ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဖားကန့်မြို့စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ဟာ ဒီကနေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒပြ ပြည်သူတွေဟာ ” KIA PDF တိုက်ပွဲ တိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ ၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးဒို့အရေး၊ ၈၈ က သွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်း ၊အကြမ်းဖက်စစ်ကောင်စီ လုံးဝအုပ်ချုပ်ခွင့် မရစေရ၊ ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များနှင့်ပြည်သူများချက်ချင်းလွှတ်၊ နွေဦးတော်လှန်ရေးအရေးတော်ပုံ အောင်ကိုအောင်ရမည်” စတဲ့ သပိတ်ဆောင်ပုဒ်တွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ရန်ကုန်- ၂၀၂၂၊ ဩဂုတ် ၈ရက် (မော်ကွန်း) ရန်ကုန် နဲ့ ဒလမြို့နယ် ပြေးဆွဲနေတဲ့ စဉ့်အိုးတန်းသမ္ဗာန်ဆိပ်က လှေဆိပ်တစ်ချို့ ဒီကနေ့နံနက်ပိုင်းကစလို့အခုထိပိတ်ထားပါတယ်။ စဉ့်အိုးတန်းသမ္ဗာန်ဆိပ်ဂိတ်မှာ လှေဆိပ်ငါးခုရှိပြီး ကမာကဆစ်လှေဆိပ်နဲ့ သင်္ဘောဆိပ်တစ်ခုသာ ဖွင့်ထားပါတယ်။ “မနက်ပိုင်းရုံးသွားတုန်းကဆို ဒလဘက်ခြမ်းက ကမာကဆစ်ဂိတ်မှာလူတွေပြည့်ကြပ်နေတာပဲ။ သင်္ဘောပေါ်မှာလည်းလူတွေအပြည့်ပဲ” လို့ဒလကဒေသခံတစ်ဦးကပြောပါတယ်။ ဘာကြောင့် အခုလို ပိတ်ထားရတယ်ဆိုတာကိုတော့မသိရသေးဘဲ ဒလမြို့နယ်ထဲက ရွာတစ်ခု မှ ဒေသခံတစ်ချို့ပြောတာကတော့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့မို့ပိတ်တာလို့လည်းပြောကြပါတယ်။ လှေဆိပ်ကတာဝန်ရှိသူတွေကတော့ “လှေဆိပ်ပိတ်ထားတယ်။ ကမာကဆစ်ကသွားစီး” လို့သာပြောပါတယ်။ စဉ့်အိုးတန်းကသမ္ဗာန်ဆိပ်ကို လမ်းမတော်၊လသာ နဲ့ ရန်ကုန်မြို့ထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဒလမြို့နယ်က ဒေသခံတွေအများဆုံးအသုံးပြုကြတာပါ။ အခုလှေဆိပ်မှာဆိုရင် လေထန်မိုးထန်ကြားထဲ သမ္ဗာန်စီးဖို့ စောင့်နေကြတဲ့လူတွေကိုလည်းတွေ့ရပါတယ်။ ဒလဘက်ခြမ်းက သမ္ဗာန်ဆိပ်တွေမှာဆိုလည်း စစ်ကောင်စီတပ်သားတွေကလုံခြုံရေးယူထားကြပါတယ်။ အခုလို သမ္ဗာန်ဆိပ်တွေ ခေတ္တပိတ်လိုက်တဲ့အချိန်အတွင်းမှာရန်ကုန် နဲ့ ဒလ ကိုနေ့စဉ်ကူးသန်းသွားလာနေရတဲ့လူတွေအဖို့ […]
ပခုက္ကူ – ၂၀၂၂ ဩဂုတ် ၈ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆားကျင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မနက်က မီးရှို့ခဲ့ပြီး ရွာသားတွေ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဆားကျင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က မနေ့ ညနေ ၆း၀၀ နာရီဝန်းကျင်မှာ စတင်ပြီး စစ်သားနဲ့ ပျူစောထီး အင်အား ၇၀ ဝန်းကျင် ဝင်ရောက်တပ်စွဲခဲ့တာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ “မီးရှို့ခံနေရတာတော့ဟုတ်တယ်၊ အကုန်လုံးလည်းပြေးနေရတာဆိုတော့ သတင်းလိုက်လို့မရသေးဘူး၊ အတိအကျဘာမှမသိရသေးပါဘူး ” လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ရွာရဲ့ တောင်ဘက်ထိပ်နဲ့မြောက်ဘက်ထိပ် နှစ်ဘက်ညှပ်ပြီးမီးရှို့ခဲ့တာဖြစ်ပြီး ရွာသားတွေ အကုန်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကပြောပါတယ်။ ရွာသားတွေထွက်ပြေးနေရတာကြောင့် ဖြစ်စဥ်အတိအကျနဲ့ ပျက်စီးဆုံးရှုံးမှုအခြေနေတွေကိုမသိရသေးပါဘူး။ #Dailynews
ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ရွာကို အာဏာသိမ်းစစ်တပ်တွေ မီးရှို့သွားခဲ့နောက် ပျက်စီးဆုံးရှုံးမှုမြင်ကွင်းတွေဖြစ်ပါတယ်။ ဩဂုတ် ၄ရက်က ရွာထဲကို အာဏာသိမ်းစစ်တပ်၊တပ်သားတွေဟာ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့အရင်ဆုံးပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး နောက်တစ်နေ့မှာ မီးရှို့ခဲ့တာလို့ ဒေသခံကပြောပါတယ်။ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာထဲက အိမ်ကြီးအိမ်ကောင်းတွေမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဖောက်ထွင်းဝင်ရောက်ခိုးယူကာ ၁၂ ဘီးကားနဲ့ သယ်သွားတယ်လို့ ဒေသခံက ပြောပါတယ်။ မီးရှို့မှုကြောင့်ပျက်စီးသွားရတဲ့နေအိမ် ၁၀ လုံးရှိပြီး ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံရတဲ့အိမ်ကတော့ ၁၈ လုံးရှိကြောင်း ဒေသခံကပြောပါတယ်။ Data for Myanmar ရဲ့ ဇွန်လနောက်ဆုံးတွက်ချက်မှုအရ အာဏာသိမ်းစစ်တပ်ဟာ ပြည်သူလူထုရဲ့နေအိမ် အနည်းဆုံး ၁၉၀,၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ( AAPP […]
ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်ရဲ့ ပျက်ရက်မရှိ ရက်ပေါင်း ၅၄၄ ရက်မြောက် ဆန္ဒထုတ်ဖော်မှု ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ဝက်လက် – ၂၀၂၂ ဩဂုတ် ၅ (မော်ကွန်း) ဝက်လက်မြို့နယ်၊ အင်ဒေါင်းကျေးရွာမှာ ဒီကနေ့ မနက်ပိုင်း ၁၁:၃၀ နာရီဝန်းကျင်က အာဏာသိမ်းစစ်တပ်က လက်နက်ကြီးရမ်းသမ်းပစ်တာကြောင့် ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိရပါတယ်။ စဥ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာကနေ မော်တော်အကြီးတစ်စီး၊စက်လှေအသေးသုံးစီးနဲ့ စုန်ဆင်းလာတဲ့ စစ်သား အင်အား(၁ဝဝ)ဝန်းကျင်ခန့်ဟာ ဝက်လက်မြို့နယ်ငါးပါတ်ချောင်း၊ကမ်းဖြူ၊အင်ဒေါင်းကျေးရွာတွေကို လှည့်ပတ်မွှေနှောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ရမ်းပစ်ပြီးဝင်တာ အချောင်နေရင်း ပြည်သူတွေကထိတာ သူတို့ကိုလည်း ကျွန်တော်တို့အဖွဲ့ကဆေးကုပေးလိုက်ပါတယ်ဗျာ၊ စိုးရိမ်စရာတော့မရှိပါဘူး “လို့ တာဝန်ရှိသူက ပြောပါတယ်။ ပြည်သူ သုံးဦးဟာ ခြေထောက်တွေကိုပဲထိတာဖြစ်တာကြောင့် ဒဏ်ရာအခြေနေမစိုးရိမ်ရဘူးလို့ ပြောပါတယ်။ အာဏာသိမ်းစစ်တပ် စစ်သားတွေက ဝက်လက်မြို့နယ်ထဲကျေးရွာတွေကိုဝင်ရောက်တပ်စွဲတာမရှိပေမယ့် စဥ့်ကူးမြို့နယ် ကြက်တူရွေးကျေးရွာကိုဝင်ရောက်တပ်စွဲထားတာတယ်လို့ သူကပြောပါတယ်။ #Dailynews
မိုးကုတ် – ၂၀၂၂ ဩဂုတ် ၅ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇူလိုင်လအတွင်းက အာဏာသိမ်းစစ်တပ်ဖမ်းဆီးသွားတဲ့ပြည်သူတွေထဲကအချို့ဟာ မိသားစုဝင်တွေနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဖမ်းဆီးခံထားရသူတွေနဲ့နီးစပ်သူတွေကပြောပါတယ်။ ယခင်အဖမ်းခံထားရသူတွေနဲ့ အချိတ်အဆက်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်မံဖမ်းဆီးခံရတာဖြစ်ကြောင်း ဖမ်းဆီးခံရသူတစ်ဦးရဲ့မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ” သူတို့ ဖမ်းမိထားသူနဲ့ အဆက်သွယ်ရှိတယ်လို့ပြောပြီးဖမ်းသွားတာပဲ၊ အိမ်ကပိုက်ဆံသိန်းတစ်ရာကိုသိမ်းသွားတယ်၊ မိသားစုက လိုက်စုံစမ်းတော့လည်း သတင်းစုံစမ်းခွင့်မပေးဘူး၊ အဆက်အသွယ်လည်းမရဘူး”လို့ အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့က လူမှုကယ်ဆယ်ရေးတွေမှာ ပါဝင်ကူညီဆောင်ရွက်နေသူတစ်ဦးကိုလည်း အာဏာသိမ်းစစ်တပ်က နေအိမ်မှာလာရောက်ဖမ်းဆီးသွားခဲ့ပြီး တစ်လကျော်ကြာသည်အထိ မိသားစုနဲ့ အဆက်သွယ်မရသလို ဘာကြောင့်ဖမ်းသွားလဲဆိုတာကိုလည်း မသိရဘူးလို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့ လျှပ်စစ်ရုံးအနီးမှာ အာဏာသိမ်းစစ်တပ်က ကင်းပုန်းချစစ်ဆေးနေချိန်မှာ လက်ပစ်ဗုံး ပါလာတဲ့ လူငယ်နှစ်ဦးကိုလည်း ဖမ်းဆီးရမိသွားခဲ့ပြီး မိသားစုတွေနဲ့အဆက်သွယ်ပြတ်တောက်နေတယ်လို့ သူ့မိသားစုနဲ့နီးစပ်သူကပြောပါတယ်။ မိုးကုတ်မြို့မှာ ဇူလိုင်လအတွင်း ဖမ်းဆီးခံထားရသူ ဆယ်ဦးထက်မနည်းရှိပြီး အချို့ပြန်လွှတ်လာကာ ရိုက်နှက်စစ်ဆေးခံရတာတွေရှိတယ်လို့ […]
ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ရဲ့ ၅၄၃ ရက်မြောက် ဆန္ဒထုတ်ဖော်မှုဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ကလေးမြို့မှာ စောင့်ကြည့်ဖမ်းဆီးမှုတွေရှိနေတဲ့ကြားက ပျက်ရက်မရှိဆန္ဒထုတ်ဖော်နေတာဖြစ်ပြီး မြို့နယ်အတွင်းမှာလည်း အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်ရဲ့ ရက်ပေါင်း ၅၄၂ ရက်မြောက် ဆန္ဒထုတ်ဖော်မှုဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ရန်ကုန်- ၂၀၂၂၊ ဩဂုတ် ၃ရက် (မော်ကွန်း) ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က လာမယ့် စက်တင်ဘာကျရင် ရုရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ Eastern Economic Forum မှာ မြန်မာနိုင်ငံကိုယ်စားပြုစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကိုမြင်တွေ့ရဖို့မျှော်လင့်တယ်လို့ပြောပါတယ်။ ဒီနေ့နေပြည်တော်မှာ စစ်ကောင်စီနိုင်ငံခြားဝန်ကြီးဝဏ္ဏမောင်လွင်နဲ့တွေ့ဆုံပွဲ၊ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး ရရှားနိုင်ငံပိုင်သတင်းဌာနကဖော်ပြထားတာပါ။ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီအနေနဲ့ နိုင်ငံအတွင်း တည်ငြိမ်းအေးချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးအားပေးကြောင်းပြောဆိုခဲ့ပါတယ်။ ရုရှား-ယူကရိန်းအရေးမှာ မြန်မာနိုင်ငံရဲ့ ကြားဝင်စွက်ဖက်မှုမရှိတဲ့မူဝါဒကိုလည်း ချီးကျူးကြောင်းခဲ့ကြောင်းဖော်ပြထားပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ဟာ မြန်မာနိုင်ငံခရီးစဉ်ပြီးရင် ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမယ့် ရရှား-အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးတွေတွေ့ဆုံပွဲကို သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်မတိုင်မီ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံမော်စကိုမြို့ကိုသွားရောက်ခဲ့ပါသေးတယ်။ Photo-TASS Russian News Agency #Dailynews
ကလေးမြို့ – ၂၀၂၂ ဩဂုတ် ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ တိုက်ပွဲတွေဖြစ်ပွါးနေချိန် မြို့ပေါ်နေပြည်သူတွေဟာ ကလေးမြို့နယ်ပြည်သူတွေနဲ့အတူရှိကြောင်း ပြသတဲ့အနေနဲ့ နတ်ချောင်းလမ်းမကြီးပေါ်မှာ သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ရက်ပေါင်း ၅၄၁ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews
ရန်ကုန်- ၂၀၂၂၊ ဩဂုတ်လ ၂ ရက် (မော်ကွန်း) မကြာမီ အရှိန်အဟုန်မြင့်လာမယ့်စစ်ရေးအခြေအနေတွေအတွက်ပြည်သူတွေတတ်နိုင်တဲ့ဘက်က ပါဝင်ကူညီနိုင်အောင် “အညာမှာခွေးမောင်းမယ်ဟေ့” ဆိုတဲ့ကမ်ပိန်းကို မကွေးတိုင်းဒေသကြီးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Earthquake’s People Defence Force က စတင်ပြုလုပ်လိုက်ပါတယ်။ “ဒီကမ်ပိန်းကို သိန်းတစ်ရာရတဲ့အထိပြုလုပ်သွားမယ်ပေါ့နော်။ ကျွန်တော်တို့မျှော်မှန်းထားတာထက်ပိုပြီးရခဲ့မယ်ဆိုရင် ရလာတဲ့ပမာဏတွေကို သက်ဆိုင်ရာ ကျွန်တော်တို့ညီနောင်မဟာမိတ်အဖွဲ့တွေကိုခွဲပေးသွားမှာဖြစ်ပါတယ်။” လို့ Earthquake အဖွဲ့က ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ ပါဝင်ကူညီချင်တဲ့သူတွေအနေနဲ့ Earthquake ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို လာရောက်ဆက်သွယ်နိုင် ကြောင်း သူကပြောပါတယ်။ Earthquake အဖွဲ့အပါအဝင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်က ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကဆိုရင်လည်း ပခုက္ကူ မြို့နယ်၊အရှေ့ဘုန်းကန်ကျေးရွာက စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကိုဝင်ရောက်စီးနင်းခဲ့ပါသေးတယ်။ လက်တလော မကွေးတိုင်းဒေသကြီးမှာ စစ်ကောင်စီတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွါးနေတာပါ။ စစ်ကောင်စီကတော့ မကွေးတိုင်းဒေသကြီးမှာ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."