သတင်းများ

မူဆယ်မြို့နာရီစင်အနီး ပေါက်ကွဲမှုဖြစ်ပြီး ယာဥ်ထိန်းရဲအပါအဝင် သုံးဦး ဒဏ်ရာပြင်းထန်

August 1, 2022

မူဆယ် – ၂၀၂၂ ဩဂုတ် ၁ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က နာရီစင်အနီး ဗိုလ်တဲလမ်းက ယာဥ်ထိန်းရဲကင်းအနီးမှာ ဒီကနေ့နေ့ခင်း ၁၁:၁၁ ဝန်းကျင် က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ယာဥ်ထိန်းရဲ တစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာပြင်းထန်တယ်လို့ မူဆယ်မြို့နေထိုင်သူဒေသခံတစ်ဦးကပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ယာဥ်ထိန်းရဲရုံးအနီးက ယာဥ်ထိန်းရဲတစ်ဦး ၊ ပြည်သူ့စစ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိမှန်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။ ” နာရီစင်နားက လူစည်တယ်လေ၊ အဲ့မှာဗုံးပေါက်တော့ထိတဲ့လူများတယ်၊ ဒဏ်ရာပြင်းထန်တာတော့သုံးယောက်၊ လူနာတင်ကားနဲ့ လာခေါ်သွားတယ်၊ မော်တော်ပီကယ်က မျက်နှာကိုထိတာတဲ့၊လှုပ်တောင်မလှုပ်နိုင်ဘူး “လို့ ဒေသခံကပြောပါတယ်။ မူဆယ်မြို့နာရီစင်အနီးမှာ စျေးရှိပြီး လူသွားလူလာများတဲ့ အဓိကလမ်းမဖြစ်​တဲ့အပြင် အနီးအနားမှာလည်းစျေးဆိုင်များစွာရှိတာကြောင့် အခြားထိမှန်သူတွေပါ ထိမှန်တာလို့ပြောပါတယ်။ အဆိုပါဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ပုံစာ – […]

အပြည့်အစုံဖတ်ရန်

“ညီညွတ်မှ ပြည်သစ်ရမယ်၊ ဘုံရန်သူကို မမေ့ကြနဲ့” ရက်ပေါင်း ၅၄၀ မြောက် ကလေးမြို့ပင်မသပိတ်ဆန္ဒထုတ်ဖော်မှု

August 1, 2022

ကလေးမြို့- ၂၀၂၂ ဩဂုတ် ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်ရဲ့ ပျက်ရက်မရှိဘဲ ရက်ပေါင်း ၅၄၀ မြောက် ဆန္ဒထုတ်ဖော်မှု ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

မိုင်းအတုကို ရှင်းလင်းပြီးပြန်လာတဲ့ အာဏာသိမ်းစစ်တပ်က စစ်သားတွေ မိုင်းအစစ်ထိပြီး သုံးဦးဒဏ်ရာရ

August 1, 2022

ရေစကြို – ၂၀၂၂ ဩဂုတ် ၁ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဒီကနေ့ မွန်းလွဲ ၃ :၀၀ ဝန်းကျင်က မိုင်းအတုရှင်းလင်းပြီး ပြန်လာတဲ့ အာဏာသိမ်းစစ်တပ်က စစ်သားတွေ မိုင်းအစစ်ထိမှန်ပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Yesagyo Revolution Group က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ရေစကြိုမြို့နယ် ကျောက်လှေခါးကျေးရွာအနီးက Gold Power ဆီဆိုင်အနီးမှာ ခဲလုံးအပြည့်ထည့်ထားတဲ့ ဆယ်ပိဿာဆီပုံးကို မိုင်းအနေနဲ့ထားခဲ့ပြီး စစ်သားတွေ လာရောက်ရှင်းလင်းပြီးအပြန်မှာ မိုင်းအစစ်ထိမှန်ခဲ့တာလို့ တာဝန်ရှိသူကပြောပါတယ်။ “မိုင်းအတုကို သူတို့ ဆီဆိုင်နားကနေ မှောက်ပြီး အချက် ၅၀ လောက်ပစ်တယ်၊ မိုင်းအတုဆိုတာသိသွားတော့ ပုံးကိုမီးရှို့သွားခဲ့တာ၊ သူတို့ အပြန် GTC နည်းပညာကျောင်းလမ်းကြားမှာ မိုင်းအသေးစားထားတဲ့ဟာကို ဖောက်ခွဲခဲ့တာ”လို့ Yesagyo Revolution Group […]

အပြည့်အစုံဖတ်ရန်

“အဆုံးထိတိုက်ဖို့ သစ္စာပြုကြ ၊ အောင်ပွဲဝင်ဖို့ အားကုန်ရုန်းကြ” ပုလဲနယ် လူထုသပိတ် ယနေ့ဆန္ဒထုတ်ဖော်မှု

July 30, 2022

ပုလဲ – ၂၀၂၂ ဇူလိုင် ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုသပိတ်ရဲ့ ဒီကနေ့ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ” ငါတို့အားလုံး ကိုဂျင်မီ၊ ငါတို့အားလုံး ကိုဖြိုးဇေယျာသော်၊ ငါတို့အားလုံး၊ ကိုလှမျိုးအောင်၊ ငါတို့အားလုံး ကိုအောင်သူရဇော်” “အဆုံးထိတိုက်ဖို့ သစ္စာပြုကြ အောင်ပွဲဝင်ဖို့ အားကုန်ရုန်းကြ”စတဲ့ကြွေးကျော်သံတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပုလဲလူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဓါတ်ပုံ – ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ #Dailynews

အပြည့်အစုံဖတ်ရန်

“ညီညွတ်မှ ပြည်သစ်ရမယ်၊ ဘုံရန်သူကို မမေ့ကြနဲ့” ကလေးမြို့ပင်မသပိတ်ယနေ့ဆန္ဒထုတ်ဖော်မှု

July 30, 2022

ကလေးမြို့ – ၂၀၂၂ ဇူလိုင် ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ် ၅၃၈ ရက်မြောက် ဒီကနေ့ဆန္ဒထုတ်မှုဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“NCA နဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပသွားမယ်ဆိုတာတွေ လုံးဝအဆုံးသတ်သွားပြီဖြစ်တယ်”

July 30, 2022

အာဏာသိမ်းစစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ကိုအောင်သူရဇော်တို့ကို ကြိုးပေးသတ်ဖြတ်ခဲ့တဲ့လူသတ်ကျူးလွန်မှုကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့အပေါ် PNFC ရဲ့ အတွင်းရေးမှူး (၂) ခွန်ဝေထူးနဲ့ မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ လေးဦးကို ကြိုးပေးသတ်ဖြတ်ခဲ့လို့ ကြေညာတဲ့ ထုတ်ပြန်ချက်မှာ ပါတဲ့ အာဏာသိမ်းစစ်တပ်ဟာ တရားမဝင်တဲ့အတွက် ဒီလို အပြစ်ပေးပိုင်ခွင့်မရှိဘူးဆိုတာကို အရင်ဆုံးအကျယ်တဝင့်ရှင်းပြပေးပါဦး။ ဖြေ – ဒီကြိုးမိန့် သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ကိစ္စက ဥပဒေအကြောင်းအချင်းအရာကနေ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာက လက်ရှိပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရဆိုတာမရှိသေးဘူး။ အမည်နာမအားဖြင့်သာလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုပေမယ့်လည်း ပြည်သူ့အစိုးရဆိုတာမရှိဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်လည်း အရေးပေါ်ကာလာပြဌာန်းချက် ဥပဒေပုဒ်မ ၄၁၇ အရ ယာယီသမ္မတကနေ နိုင်ငံတော်ရဲ့အာဏာသုံးရပ်ကို ခေတ္တယာယီလွှဲပြောင်းပေးထားတဲ့ အနေအထားပဲဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေအရကြည့်မယ်ဆိုရင်လည်း စကစသည် […]

အပြည့်အစုံဖတ်ရန်

ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာနှစ်ရွာကိုအာဏာသိမ်းစစ်တပ်မီးရှို့၊ ဒေသခံထောင်နဲ့ချီထွက်ပြေးနေရပြီး လက်နက်ကြီးထိလို့ ကလေးတစ်ဦးသေဆုံး

July 29, 2022

ပေါက် – ၂၀၂၂ ဇူလိုင် ၂၉ (မော်ကွန်း) မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျားပစ်ကန်ကျေးရွာနဲ့ တောင်မြင့်ကျေးရွာကို မနေ့က အာဏာသိမ်းစစ်တပ်က မီးရှို့ခဲ့တာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၂၇ရက်နေ့ကစတင်ပြီး ပေါက်မြို့နယ်တောင်ပိုင်း ကျားပစ်ကန်ကျေးရွာကိုလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ” မနေ့မနက်ကမှစပြီး ကျားပစ်ကန်ရွာကိုမီးရှို့တာ၊ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်တပ်တိုက်ပွဲ ဖြစ်ပြီးတော့ စစ်တပ်က ကျားပစ်ကန်ကျေးရွာမြောက်ဘက်က တောင်မြင့်ကျေးရွာကို ဆုတ်သွားပြီး မီးထပ်ရှို့သွားတာ”လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ကျားပစ်ကန်ကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ပြီးဝင်ရောက်ခဲ့တာကြောင့်ပြည်သူ လေးဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက်လေးနှစ်အရွယ် မသိမ့်သိမ့်ဖြူ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။ ကျားပစ်ကန်ရွာကို အာဏာသိမ်းစစ်တပ်ကလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာကြောင့် အိမ်မွေးတိရစ္ဆာန် ကျွဲ၊နွား၊ကြက်၊ဝက်၊ဆိတ် တွေသေဆုံးခဲ့ပါတယ်။ ကျားပစ်ကန်ကျေးရွာမှာ နေအိမ် […]

အပြည့်အစုံဖတ်ရန်

“ညီညွတ်မှ ပြည်သစ်ရမယ်၊ ဘုံရန်သူကို မမေ့ကြနဲ့” ကလေးမြို့ပင်မသပိတ် ၅၃၇ ရက်မြောက်နေ့ဆန္ဒထုတ်ဖော်မှု

July 29, 2022

ကလေးမြို့ – ၂၀၂၂ ဇူလိုင် ၂၉ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြိုပင်မသပိတ်ရဲ့ ပျက်ရက်မရှိ ဆန္ဒထုတ်ဖော်မှု ၅၃၇ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပခုက္ကူမှာ စစ်ကောင်စီတပ်စွဲထားတဲ့ဘုန်းကြီးကျောင်းကို ပကဖတွေဝင်ရောက်စီးနင်း

July 29, 2022

ရန်ကုန်- ၂၀၂၂၊ ဇူလိုင် ၂၉(မော်ကွန်း) မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့စခန်းချထားတဲ့ ဘုန်းကြီးကျောင်းကို ယမန့်နေ့ ညနေ ၅:၃၀ နာရီလောက်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို “အညတရစစ်ဆင်ရေး” ဆိုပြီးအမည်ပေးထားကြတာပါ။ ပခုက္ကူအခြေစိုက် Earthquake’s People Defence Force နဲ့ Royal Defence Force PKUတို့ စစ်ကောင်စီတပ်ဖွဲဝင်တွေကိုတိုက်ခိုက်ခဲ့တဲ့ ဒီရုပ်သံကိုတော့ ဒီကနေ့မှာထုတ်ပြန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဘန်ကာတစ်ခု နဲ့ သူတို့တပ်စွဲထားဘုန်းကြီးကျောင်းက်ို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ငါးယောက်ထက်မနည်းအသေအပျောက်ရှိတယ်လို့ Earthquake အဖွဲ့ကခန့်မှန်းပါတယ်။ ဒီတိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ အရှေ့ဘုန်းကန်ရွာရဲ့ အနီးအနားက စက်ကလေးကုန်းကျေးရွာကို သိမ်းယူဖို့ချီတက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေအပြင် စစ်ကူတွေရောက်လာလို့ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက်မရှိဘဲ သက်ဆိုင်ရာစခန်းအသီးသီးကို အောင်မြင်စွာဆုတ်ခွါနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ရုပ်သံ – […]

အပြည့်အစုံဖတ်ရန်

နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော သူရဲကောင်းများအတွက် ဖားကန့်ပင်မသပိတ်က အလေးပြုကာ ချီတက်ဆန္ဒပြ

July 28, 2022

ဖားကန့် – ၂၀၂၂ ဇူလိုင် ၂၈ (မော်ကွန်း) အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ ၊ကိုလှမျိုး အောင် ၊ဦးအောင်သူရဇော်တို့အပါအဝင် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော သူရဲကောင်းများအား ကချင်ပြည်နယ်၊ ဖားကန့်မြို့ပင်မသပိတ်က ဒီကနေ့ ချီတက်အလေးပြုကာ ဆန္ဒပြခဲ့ကြသည်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ထားဝယ်ပင်မသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် ကျဆုံးခဲ့ရသူတွေအတွက် ၁၇ လပြည့်အဖြစ် ကံပေါက်ဒေသကလူငယ်များ အမှတ်ရဂုဏ်ပြုဆီမီးထွန်းညှိ

July 28, 2022

ကံပေါက် – ၂၀၂၂ ဇူလိုင် ၂၈ (မော်ကွန်း) ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလ ၂၈ရက်က အာဏာသိမ်းစစ်တပ်အကြမ်းဖက်ဖြိုခွင်းခဲ့လို့ ကျဆုံးခဲ့ရတဲ့ ထားဝယ်ပင်မသပိတ်ဆန္ဒပြပြည်သူလေးဦးအတွက် ၁၇ လပြည့် အမှတ်ရဂုဏ်ပြု၊ ဆီမီးထွန်းညှိခြင်းကို ထားဝယ်ခရိုင်၊ ကံပေါက်ဒေသက လူငယ်တွေက ဒီကနေ့ညနေပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။ ယမန်နှစ်က အကြမ်းမဖက်လူထုလှုပ်ရှားအရှိန်အမြင့်ဆုံးအချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းခြင်းခံရပြီး ဆန္ဒပြပြည်သူတွေဖြစ်တဲ့ ရေဖြူမြို့နယ်က ကိုဖေသန်း ၊ လောင်းလုံမြို့နယ်က ကိုဗညားအောင် နဲ့ ထားဝယ်မြို့နယ် က ကိုလွင်လွင်ဦး ၊ ကိုသန်းဝင်းတို့ လေးဦး ကျဆုံးခဲ့ကြရပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

” ငါတို့တော်လှန်ရေးတွက်လုပ်နေတာ သရဏဂုံမတင်နိုင်ဘူး ” ကလေးမြို့ပင်မသပိတ် ၅၃၆ ရက်မြောက်နေ့

July 28, 2022

ကလေးမြို့ – ၂၀၂၂ ဇူလိုင် ၂၈ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ရဲ့ ဆန္ဒထုတ်ဖော်မှု ၅၃၆ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 179 180 181 182 183 184 185 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."