သပိတ်ကျင်း – ၂၀၂၃ ဇူလိုင် ၂၈ (မော်ကွန်း)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ဆယ်ဇင်းကုန်းရွာကို အာဏာသိမ်းစစ်တပ်က မနေ့ညနေပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တဲ့အပြင် ထွက်ပြေးတဲ့ရွာသား ၁၀၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးထားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
“တိုက်ပွဲ ဖြစ်တာမျိုးလည်းမရှိဘူး၊ သူတို့အကြောင်းတစ်ခုခုတော့ရှိမယ်၊ ရွာနီးတစ်ဝိုက်ကို လုံခြုံရေးယူတော့၊ ရွာသားတွေထွက်ပြေးကြတာ၊ ပြေးမလွှတ်တဲ့သူတွေကို လက်ပြန်ကြိုးတုပ်ပြီးဖမ်းထားတယ် “လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဆယ်ဇင်းကုန်းရွာ နေအိမ်သုံးလုံးကို မီးရှို့ခဲ့ပြီး ဒေသခံရွာသား ၁၀၀ ဝန်းကျင်ကို ရွာဘုန်းကြီးကျောင်းဓမ္မာရုံမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံကပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲမှာ ဆယ်ဇင်းကုန်းရွာသားအများဆုံးပါဝင်ပြီး မင်းကုန်းရွာကဒေသခံ ၃ဦးလည်းပါတယ်လို့ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ရွာသားတွေကို ဒီနေ့အထိမလွှတ်ပေးသေးပဲ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဒေသခံကပြောပါတယ်။
#Dailynews

