သတင်းဆောင်းပါးများ

ထိန်းချုပ်ဖို့ လိုအပ်နေတဲ့ စပ်ဆေး အပိုင်း(၁)

November 20, 2015

အသက် ၆ဝ ကျော်အရွယ်ကစလို့ များပြားလာတဲ့ရောဂါတွေဟာ ဦးညိုအေးကို နှိပ်စက်လာခဲ့ပါတယ်။ အစက တီဘီရောဂါရ၊ တီဘီပျောက်တော့ နှလုံးရောဂါထ၊ နှလုံးရောဂါ ခဏငြိမ်ပြန်တော့ ရင်ကျပ်ရောဂါဖြစ်နဲ့ များပြားလှတဲ့ ရောဂါတွေနဲ့ နပန်းလုံးနေခဲ့တာဟာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။ အင်းစိန်မြို့နယ်၊ လှိုင်မြစ်ကမ်းဘေး၊ ကမ်းနားအနောက်ရပ် ကွက်က တဲသာသာအိမ်ကလေးမှာ သားသမီးတွေနဲ့အတူ နေ ထိုင်နေတဲ့ ဦးညိုအေးဟာ အခုဆိုရင် အသက် ၇၆ နှစ်ရှိပါပြီ။ အသက်ကြီးလာတာနဲ့အမျှ မျက်စိလည်း မှုန်လာသလို ခါးလည်း ကိုင်းလာပါတယ်။ အရင်က လှိုင်မြစ်ကို မှီခိုပြီး တံငါလုပ်ခဲ့ပေမယ့် အသက် ကြီးလာတဲ့အခါမှာ အဲဒီအလုပ်ကို သူမလုပ်နိုင်တော့ပါဘူး။ သား သမီးတွေကလည်း နွမ်းပါးကြတဲ့အတွက် ဖခင်ဖြစ်သူကို မထောက် ပံ့နိုင်ကြဘူး။ စုဆောင်းခဲ့တာလည်းမရှိလေတော့ နေမကောင်း တဲ့အခါ ခင်ရာမင်ရာ မိတ်ဆွေတချို့က ထောက်ပံ့တဲ့ […]

အပြည့်အစုံဖတ်ရန်

မဲရုံမှူ းရဲ့ ဒုက္ခ

November 13, 2015

Photo: Kyaw Zayar Tun ကေ ှာဇွယေ ှာထှနွး ရေးသညွ ။ မဲရုံမှူးတဈယောကရွဲ့ အလုပဟွာ တကယတွော့ မလှယလွှပါဘူး။ မကှလွုံးပေါငွးမှားစှာ ဒေါကထွောကကွှည့နွတေဲ့ အောကမွှာ အတညပွှုရမယ့မွဲတှကေို အတညပွှု၊ ပယရွမယ့မွဲတှကေို ပယမွဲလုပရွတဲ့အလုပဟွာ စိနခွေါမွှုတှမှေားသလို အတိမွးအစောငွးတဈခုခုဖှဈသှားရငလွညွး ဝဖနကွေဲ့ရဲ့ခံကှရပါတယွ။ ပုသိမမွှို့၊ အမှတွ(၁၄)ရပကွှကွ၊ မဲရုံအမှတွ(၁၅၃)မှာ တာဝနထွမွးဆောငခွဲ့တဲ့ မဲရုံမှူးကှောငွးဆရာမ ဒေါခွငကွေ ှာ့မ ှ ိုးဟာ မကှလွုံးပေါငွးမှားစှာအောကမွှာ နညွးနညွးလေးမှ အမှားအယှငွးမခံနိုငတွဲ့အလုပကွို လုပခွဲ့ရတဲ့သူပါ။ ရှေးကောကပွှဲကငွှးပခဲ့တဲ့နေ့က ညနေ ၆ နာရီမှာ မဲရတှကဖွေို့အတှကွ ဒေါခွငကွှော့မှိုးဟာ ကှိုတငမွဲတှထညေ့ထွားတဲ့ အညိုရောငမွဲစာအိတတွှကေို သူ့ရှေ့ခထှားတဲ့ အစိမွးရောငွ ပလပစွတဈခှငွးသုံးခှငွးထဲမှာ သကဆွိုငရွာ ခှငွးအလိုကထွည့လွိုကပွါတယွ။ သကဆွိုငရွာခှငွးဆိုတာကတော့ ပှညသွူ့လှှတတွောအွတှကခွှငွးတဈခှငွး၊ အမှိုးသား လှှတတွောအွတှကခွှငွးတဈခှငွးနဲ့ တိုငွးဒသကှေီးလှှတတွောအွတှကွ ခှငွးတဈခှငွးဖှဈပါတယွ။ […]

အပြည့်အစုံဖတ်ရန်

သင့်ကလေး စားတဲ့မုန့်တွေ အန္တရယ် ကင်းရဲ့လား အပိုင်း(၂)

November 12, 2015

Photo: Zayar Hlaing နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ စိုးယုဇော်၊ မင်းလွင် နှင့် သက်ဦးမွန် ပံ့ပိုးသည်။ ဖြစ်စေနိုင်သည့် ရောဂါများ             ကျောင်းဈေးတန်းများတွင် FDA က တားမြစ်ထားသော မုန့်ပဲသရေစာများ ရှိနေသည့်ကိစ္စကို ပပျောက်သွားသည်အထိ ထိရောက်သည့် အရေးယူမှုတွေ မရှိသေးသော်လည်း အဆိုပါ ပြဿ      နာများကတော့  ကျောင်းသူ၊ ကျောင်းသားများ၏ လက်တစ်ကမ်းတွင် ရှိနေပါသည်။             ”အဓိကက FDA က လုပ်တဲ့ ကျောင်းမုန့်ဈေးတန်း စီမံ ချက်တွေမှာ အဓိကတွေ့ရှိချက်အရဆိုရင်  မုန့်တွေမှာ အရောင် ဆိုးဆေးတွေက အဓိက ပြဿ       နာလိုဖြစ်နေတယ်”ဟု ဒေါက်တာ ထွန်းဇော်က […]

အပြည့်အစုံဖတ်ရန်

သင့်ကလေး စားတဲ့မုန့်တွေ အန္တရယ် ကင်းရဲ့လား အပိုင်း(၁)

November 12, 2015

Photo: Soe Yu Zaw နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ စိုးယုဇော်၊ မင်းလွင် နှင့် သက်ဦးမွန် ပံ့ပိုးသည်။ အချိန်က နံနက် ၁၁ နာရီ။ ဒေါင်…ဒေါင်…ဒေါင်… ဟူသော ကျောင်းခေါင်း လောင်း သံထွက်ပေါ်လာသည်နှင့် အဖြူအစိမ်း တူညီစွာဝတ်ဆင်ထားသည့် ကျောင်းသူလေးများ သည် စာသင်ခန်းအတွင်းမှ အလျှိုလျှိုထွက်လာ ကြသည်။ တချို့က အလျင်အမြန် ပြေးထွက်လာကြ သလို တချို့က ဖြည်းဖြည်းအေးအေး လမ်းလျှောက် လာကြသည်။ကျောင်းက  နှစ်ထပ်အဆောင်နှင့် သုံးထပ်အဆောင်များဖြစ်သောကြောင့် တချို့ ကျောင်းသူလေးများကတော့ လှေကားအတိုင်း ပြေးဆင်းလာကြသည်။ မုန့်စားကျောင်းဆင်းချိန်ဖြစ်သောကြောင့် ကျောင်းသူ လေးများ၏ ခြေလှမ်းတို့သည် ကျောင်းမုန့်ဈေးတန်းဆီသို့ ဦး တည်နေကြသည်။ ကျောင်းဝင်းအတွင်းရှိ မုန့်ဈေးတန်းတွင် […]

အပြည့်အစုံဖတ်ရန်

ရွေးကောက်ပွဲကော်မရှင်ကို ကျွန်ုပ်တို့စောင့်ကြည့်နေကြသည်

November 9, 2015


အပြည့်အစုံဖတ်ရန်

မဲပေးပြီးသော ပြည်သူများ၏ အပြုံးများ

November 8, 2015

ဓာတ်ပုံ -ခင်မောင်မြင့် လှိုင်သာယာမြို့နယ်၊ ၃ ရပ်ကွက် ၊ အမက ၃ မဲရုံ တွင်  မဲပေးပြီးပြုံးပေ ျာ်နေသော ပြည်သူများကို တွေ့ရစဉ် ဓာတ်ပုံ-Lynn Myat သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်ရှိ မဲရုံအမှတ်၂၀

အပြည့်အစုံဖတ်ရန်

မဲပေးဖို့ ပြန်တဲ့သူတွေများတာကြောင့် ဒဂုံဧရာအဝေးပြေးကားဝင်းမှာ ခရီးသည်တွေ သောင်တင်

November 7, 2015

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့တွေကို ရန်ကုန်ကနေ မဲပေးဖို့ ပြန်တဲ့သူတွေများတာကြောင့် ကားလက်မှတ်တွေ ကုန်နေပြီဖြစ်လို့ ဒဂုံဧရာအဝေးပြေးဝင်းထဲမှာ သောင်တင်နေကြတာကို နိုဝင်ဘာ ၇ ရက်နေ့ နံနက်က ယခုလို မြင်တွေ့ခဲ့ရပါတယ်။ ကားလက်မှတ်တွေဟာ မနေ့ကတည်းက ကုန်သွားတာဖြစ်ပြီး ကားတွေမှာ မတ်တပ်ရပ်ပြီး လိုက်ကြသူတွေ ရှိခဲ့ပါတယ်။ တချို့ကလည်း ကားသေးလေးတွေ လိုက်ထရပ်ကားတွေ စုငှားပြီးပြန်ကြတာကို တွေ့ရပါတယ်။ ဓါတ်ပုံ – ကျော်ဇေယျာထွန်း            

အပြည့်အစုံဖတ်ရန်

ကားမမောင်းတတ်ဘဲ ယာဉ်မောင်းလိုင်စင် ရနိုင်သလား အပိုင်း(၂)

November 5, 2015

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ မတတ်ဘဲ မောင်းတော့ ဘာဖြစ်လဲ ကားမောင်းသက် အနှစ်နှစ်ဆယ်ရှိပြီဖြစ်သော အသက် ၄ဝ အရွယ် တက္ကစီယာဉ်မောင်း ကိုကျော်မိုးက ယာဉ်တိုက်မှု အများစုကို ကြည့်ပါက ကျွမ်းကျင်မှုမရှိသော ယာဉ်မောင်းကြောင့် ဖြစ်တာများသည်ဟု သူ့အတွေ့အကြုံအရ ဆိုပါသည်။ ယာဉ်ထိန်း ရဲများကလည်း စနစ်တကျ အရေးယူဆောင်ရွက်သင့်သည်ဟု ၎င်းက ဝေဖန်ပါသည်။ ဒါအပြင် လမ်းမများပေါ်တွင် သတ်မှတ်လိုင်စင်မရှိဘဲ မောင်းနှင်သူများနှင့် လိုင်စင်မဲ့များကလည်း ပေါများစွာ ရှိနေ သည်ဟု သူက ဆိုသည်။ သူ့ခရီးသည်တစ်ဦး ပြောပြချက်အရ ထို ခရီးသည် ငှားစီးခဲ့ဖူးသည့် တက္ကစီသမားတစ်ဦးမှာ အရင်က တက္ကစီမမောင်းခင် ဆိုက်ကားနင်းခဲ့ကာ ယာဉ်မောင်းသင်တန်း တက်ပြီးနောက် တက္ကစီမောင်းနေသည်မှာ လပိုင်းသာ ရှိသေး […]

အပြည့်အစုံဖတ်ရန်

ကားမမောင်းတတ်ဘဲ ယာဉ်မောင်းလိုင်စင် ရနိုင်သလား အပိုင်း(၁)

November 5, 2015

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၆)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ ယာဉ်မောင်းစစ်ဟုရေးထားသော တိုယိုတာ(Corolla) အနီ ရောင် ဆလွန်းကားလေးတစ်စီးက အဝါရောင်နှင့် အနက်ရောင် ခြယ်ထားသည့် စည်းနှစ်ခုကြားထဲကို နောက်ဆုတ်ဝင်နိုင်ဖို့ ကြိုး စားနေသည်။ ကားက တွန့်ဆုတ် တွန့်ဆုတ်နှင့် ဘီးလိမ့်ရုံမျှ နောက်သို့ ရွေ့နေသည်။ ဘေးက ဝိုင်းအုံကြည့်နေသောသူများက ‘နည်းနည်းကွေ့လိုက်ပါလား’၊ ‘စောင်းလိုက်ပါလား’ဟု အချင်း ချင်း တီးတိုးပြောနေကြသည်။             ကားကို နောက်သို့ ထပ်ဆုတ်လိုက်သည့်အခါမှာတော့ စည်းနှစ်ခုကြားထဲသို့ ဝင်ရမည့်အစား စည်းတစ်ခုကို ခွသွားတော့ သည်။ ယာဉ်မောင်းလိုင်စင်အတွက် လက်တွေ့ယာဉ်မောင်းစာ မေးပွဲ ကျသွားပြီဖြစ်သည်။             ယာဉ်မောင်းစစ်ဆေးသည့် တာဝန်ရှိသူက ကားမောင်းနေ သည့် အသက် ၂၅ နှစ်ဝန်းကျင်လူငယ်ကို ကားပေါ်မှဆင်းဖို့ တံခါး […]

အပြည့်အစုံဖတ်ရန်

တစ်သက်နှစ်ဘဝ ရှင်သန်ကြသူများ အပိုင်း(၂)

November 3, 2015

အောက်တိုဘာလထုတ်-၂၀၁၂၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ စောသစ်ထူး ရေးသား၍ ဇော်နိုင်ဦး အချက်အလက်ပံ့ပိုးသည်။ အပြောင်းအလဲများနှင့်ကမ္ဘာ သက်မွန်ဖြိုး (၃၄ နှစ်) ငယ်ငယ်က မိန်းကလေးတွေကိုမြင်ရင် အားကျလေ့ရှိပြီး သူတို့ရဲ့အသုံးအဆောင်တွေကို စမ်းသပ်လိုစိတ်ရှိခဲ့တယ်။ငယ်ငယ်က ခန္ဓာကိုယ်တည်ဆောက်ပုံက ခပ်သေးသေး၊ခပ်ခပ်နွဲ့နွဲ့ရယ်။ ကိုးတန်း၊ ဆယ်တန်းအရွယ် ရောက်လာတဲ့အခါကျတော့ မိန်းမစိတ်ဖြစ်နေပြီဆိုတာကို ကိုယ်တိုင်သတိထားမိတတ်လာ တယ်။ သူငယ်ချင်းတွေကလည်း ”အခြောက်” လို့ စနောက်တာ ခံလာရတယ်။ တက္ကသိုလ်တက်တဲ့အရွယ်ရောက်တော့ အထိုက်အ လျောက်  ပွင့်လင်းလာတာနဲ့အတူ မိန်းကလေး အဝတ်အစားတွေ ဝတ်ပြီး ပေါ်ပေါ်တင်တင်ပြောင်းလဲပစ်လိုက်တယ်။ အဲဒီမှာတင် မိသားစုဝင်တွေနဲ့ စိတ်ဓာတ်စစ်ဆင်ရေး စတင်ရပါတော့တယ်။ ” လူဖြစ်ရတာ သက်သက်မဲ့လာပြီး ဝဋ်ခံနေရတာလားလို့တောင် ထင်ခဲ့မိ တယ်။ ကိုယ့်မိသားစုက ခွဲခြားတာခံရတာ တွေကြုံရတဲ့အချိန်မှာ လူ့လောကမှာ မနေချင်တော့တဲ့အထိ ဖြစ်တယ်” လို့ […]

အပြည့်အစုံဖတ်ရန်

တစ်သက်နှစ်ဘဝ ရှင်သန်ကြသူများ အပိုင်း(၁)

November 3, 2015

အောက်တိုဘာလထုတ်-၂၀၁၂၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ စောသစ်ထူး ရေးသား၍ ဇော်နိုင်ဦး အချက်အလက်ပံ့ပိုးသည်။             ကနွဲ့ကလျ အောင်ကို (အမည်လွှဲ) ၃၄ နှစ် ရဲ့ဘဝကို  အကြီးအကျယ်အပြောင်းအလဲဖြစ်စေ ခဲ့တာက သူဆယ်နှစ်သားအရွယ်မှာပေါ့။             သူ့အဒေါ်ယောကျ်ားရဲ့တူနဲ့ တစ်ခြင်ထောင်တည်း အတူတူအိပ်တာက စခဲ့တယ်လို့ပြောရမှာပဲ။ သူ့ထက်ငါးနှစ်ကြီးတဲ့ အဒေါ့်ယောကျ်ားရဲ့တူက လူပျိုပေါက်၊ လက်တည့်စမ်းတဲ့အရွယ်ဆိုတော့ အောင်ကို့ကို မိန်းမနေရာကထားပြီး လိင်တူချင်း ဆက်ဆံခဲ့တယ်။ အဲဒီညက သူဘယ်လိုမှထင်မှတ်မထားတဲ့ အတွေ့အကြုံကို တစ်သက်လုံးကြိုက်နှစ်သက်ခဲ့တယ်လို့ သူက ပြောတယ်။             ”အဲဒါဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို မိန်းမအစစ်ကြီးလိုဖြစ်သွားပြီးတော့ သူပြန်လာပြီဆိုရင် ကြိုလိုက်ရလို့ ဝမ်းသာသွား တာတို့ အဲဒီလိုမျိုးခံစားရတာပေါ့”             အဲဒီနောက်ပိုင်း ကျောင်းတက်ဖော်သူငယ်ချင်းတွေနဲ့လည်း စမ်းသပ်ခဲ့တယ်။             တစ်နေ့ သူငယ်ချင်းတစ်ယောက်က ဆရာမကို အောင်ကို […]

အပြည့်အစုံဖတ်ရန်

အသားစားနွား ဘာကြောင့် မွေးမြူသင့်သလဲ အပိုင်း(၂)

October 30, 2015

သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၆)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ မွေးမြူသူများနှင့် လိုင်စင်သမားတို့ကြားက ပဋိပက္ခ             ကျွဲ၊ နွားဈေးကွက်ကို ထိန်းချုပ်ထားသော လေလံစနစ်ဖြင့် ချပေးထားသည့်အတွက် ကျွဲ၊ နွားများကို စီးပွားဖြစ် မွေးမြူသူ များနှင့် တစ်ပိုင်တစ်နိုင်မွေးမြူသည့်တောင်သူများမှာ သူတို့၏ကျွဲ၊ နွားများကို လွတ်လပ်စွာရောင်းချခွင့်မရှိဘဲ လိုင်စင်စီသမားများနှင့်နွားမှောင်ခိုကူးသူများထံ ဈေးနှိမ်ခံကာ ရောင်းချနေကြ ရသည်ဟု နွားမွေးမြူသူများနှင့် ပညာရှင်များက ဆိုပါသည်။             ”အဲဒီစနစ်ကတော့ တစ်ဦးတည်းကပဲ ထိန်းချုပ်ထားသလို မျိုးဖြစ်နေတာပေါ့။ သူတို့ (လိုင်စင်စီသမား)က ဝယ်ယူတဲ့ နေရာ မှာ အသာစီးရတယ်။ တောင်သူကတော့ ဝယ်လက်တစ်လက်ပဲ ရှိနေတဲ့သဘောပေါ့”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနတွင် ဌာနခွဲ မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာအိသန္တာကျော် က ဆိုသည်။ […]

အပြည့်အစုံဖတ်ရန်
1 … 21 22 23 24 25 26 27 … 34

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."