သတင်းဆောင်းပါးများ

ဘာသာရေး နှင့် နိုင်ငံရေး ရောထွေးသင့်သလား အပိုင်း(၁)

July 27, 2015

Photo: Law Eh Soe ၂၀၁၃၊ စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၈)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ မော်ကွန်းသတင်း အဖွဲ့ ရေးသားသည်။     ၂ဝဝ၇၊ စက်တင်ဘာအရေးအခင်း၏ ပုံရိပ်များက ပြည်သူလူထု၏ မျက်စိထဲတွင် ယနေ့ထက်တိုင်  လှုပ်လှုပ်ရှားရှားရှိနေကြဆဲ။ မေတ္တသုတ်ရွတ်ဆိုကာ  ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေကြသော  သံဃာတော်များ၏ ပုံရိပ်များ။ ဘေးဝဲယာတွင် လက်ချင်းချိက်ကာ အကာအကွယ်ပေးရင်း လိုက်ပါလာကြသော  လူထုပရိသတ်၏ ပုံရိပ်များ။ ဆန္ဒပြသံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို စစ်သားနှင့် လုံထိန်းရဲများက အတင်းဟန့်တား၊ နှိမ်နင်း၊ ဖမ်းဆီးချုပ်နှောင်နေကြသည့် မြင်ကွင်းများ။             ထိုအရေးအခင်း၊ ထိုမြင်ကွင်းများကား စစ်အာဏာရှင်ကို သံဃာတော်များဦးဆောင်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် သည် ဘက်ခေတ်၏ ထင်ရှားလှသော သမိုင်းမှတ်တိုင်တစ်ခုဟု ဆိုနိုင်ပါ သည်။ ဗြိတိသျှအစိုးရ၏ လက်အောက်မှ လွတ်လပ်ရေးရယူနိုင် […]

အပြည့်အစုံဖတ်ရန်

ပြည်တော်ပြန် အပိုင်း(၂)

July 23, 2015

Design-ZM ၂၀၁၂-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ ဉာဏ်လင်း၊ ဇေယျာလှိုင်၊ ဝင်းဇော်လတ် ရေးသည်။ မျှော်သာမျှော် မပေါ် ပြည်ပရောက်မြန်မာများ ဂုဏ်သိက္ခာရှိရှိ ပြန်လာခွင့်ရရေးဟူသော ကိစ္စကို လွှတ်တော်အမတ်တစ်ဦးက ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့က အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့ပါသည်။ ကချင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၁၀)မှ ဦးသန်းမြင့် မေးမြန်းခဲ့သည့် မေးခွန်းက “ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြန်လာရေးအတွက် တိကျသည့် ပြဌာန်းချက်တစ်ရပ် သို့မဟုတ် ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းသွားရန် အစီအစဉ် ရှိ၊ မရှိ” ဟူ၍ဖြစ်သည်။ အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ပြန်လည်ဖြေကြားခဲ့သည်မှာ နိုင်ငံတော်သမ္မတ၏ အထူးဖိတ်ခေါ်ချက်အရ ဆောင်ရွက်ပေးနေသည်ဖြစ်၍ ဥပေဒတစ်ရပ်ရေးဆွဲပြဌာန်းရန် မလိုအပ်ဟူ၍ဖြစ်သည်။ “နိုင်ငံတော်သမ္မတ၏ ဖိတ်ခေါ်ချက်နှင့်အညီ […]

အပြည့်အစုံဖတ်ရန်

ပြည်တော်ပြန် အပိုင်း(၁)

July 23, 2015

၂၀၁၂၊စက်တင်ဘာလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ ဉာဏ်လင်း၊ဇေယျာလှိုင်၊ဝင်းဇော်လတ် ရေးသည်။ သားဖြစ်သူပြန်လာမည်ဆိုလို့သာ ရန်ကုန်လေဆိပ်မှာ လာစောင့်နေရသည်။ ဟုတ်မှဟုတ်ပါ့မလားဟူသော အတွေးက အသက် ၆၂ နှစ်အရွယ် မိခင်တစ်ယောက်ကို ဒွိဟပွားစေသည်။ အမိမြေကနေ သားဖြစ်သူ ထွက်ပြေးတိမ်းရှောင်မသွားခင် သူ့ဆီသို့ နောက်ဆုံး ကသုတ်ကရက် ရေးသားပေးပို့ခဲ့သော စာတို လေးထဲမှာ “အမေ ကျနော် မသေပါ။ စိတ်မပူပါနဲ့။ အခြေအနေအရ နယ်စပ်ကို ထွက်သွားပါတယ်။ တစ်ပတ် သို့မဟုတ် အလွန်ဆုံး နှစ်လလောက်ကြာမယ်” တဲ့။ ထို“အလွန်ဆုံး နှစ်လ”ဟူသော အချိန်ကာလသည် ကုန်လွန်သွားခဲ့သည်။ သားဖြစ်သူ ပြန်မလာ။ နှစ်နှစ်ကုန် သွားသည်။ ဘာသတင်းမှ မရ။ သေပဲသေသွားပြီလား။ နောက်ထပ် အနှစ် ၂၀ ကျော်ထပ်ကုန်သွားပြန်သည်။ သားတစ်ယောက် […]

အပြည့်အစုံဖတ်ရန်

ငြင်းခုံစရာတွေဖြစ်ခဲ့တဲ့ မင်္ဂလာအထိမ်းအမှတ်ပွဲ

July 18, 2015

၂၀၁၄၊မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၂) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ မော်ကွန်းစာဖတ်ပရိသတ်တွေကို ထူးခြားတဲ့ မင်္ဂလာ အထိမ်းအမှတ်ပွဲတစ်ခုအကြောင်း ပြောပြချင်တယ်။ အဲဒီမှာ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ မြင်ကွင်းမျိုးကို တွေ့ခဲ့ရတယ်။ အဲဒီ နေ့က မတ်လ ၂ ရက်နေ့။ တနင်္ဂနွေနေ့။ ရန်ကုန်မြို့၊ Excel Tower ဆယ်ထပ်ကို ဓာတ်လှေကားနဲ့ တက်ပြီး အဲဒီကိုရောက်တာနဲ့ မင်္ဂလာခန်းမကြီးကို မြင်တွေ့လိုက် ရတယ်။ ဟောဟိုက မင်္ဂလာစင်မြင့်ကို လှမ်းကြည့်လိုက်တော့ စင်မြင့်ထက် ငွေရောင်ကန့်လန့်ကာပေါ်က အပြာရောင်စာလုံးလေး တွေက ထူးဆန်းနေတယ်။ ဘာလို့လဲဆိုတော့ အဲဒီအပြာရောင် စာလုံးလေးတွေကို ဖတ်ကြည့်တဲ့အခါမှာ ”ကိုမျိုးမင်းထက် (Project Manager) နှင့် ကိုတင်ကိုကို (Coordinator) တို့၏ ဆယ်နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်”ဆိုတဲ့ စာလုံးတွေ […]

အပြည့်အစုံဖတ်ရန်

လွယ်ထား၍ မရသည့် ဒုက္ခ

July 16, 2015

Photo: Thet Oo Mon ၂၀၁၄၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၈)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သန်းထိုက် ရေးသည်။ အိမ်သာမကြာခဏသွားတတ်သော ဒေါက်တာဝဏ္ဏသည် ခရီးသွားလျှင် အိမ် သာအလွယ်တကူရှာမရနိုင်သောကြောင့် ခရီးထွက်ရန် ဝန်လေးသူဖြစ်ပြီး မဖြစ်မနေ သွားရမည်ဆိုပါကလည်း ဝမ်းပိတ်ဆေးကို မသွားမီ ကြိုတင်သောက်ပြီးမှ သွားလေ့ရှိသည်။             ဆေးရုံတက်နေသော ဦးလေးဖြစ်သူကို ကြည့်ရှုဖို့ အောက်တိုဘာလထဲ ရန်ကုန်ကို လာ တုန်းက အလောတကြီးထွက်လာခဲ့ရသည့် အတွက်ကြောင့် ဆေးသောက်ရန် သတိမရခဲ့။ ကံအားလျော်စွာ ရန်ကုန်ကို အလာတုန်းက လမ်း တွင် ဘာပြဿ      နာမှ မတွေ့ခဲ့ပေ။ရန်ကုန်ရောက်ပြီး ဦးလေးရှိရာ ဆေးရုံသို့ သတင်းသွား မေးပြီးနောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သုံးဆယ်မြို့ကို ပြန် ရန်အတွက် သခင်မြပန်းခြံဘေးရှိ ကားဂိတ်သို့ ရောက်လာခဲ့သည်။ ဂိတ်ပတ်ဝန်းကျင်သည် သူ့အတွက်အစိမ်းဖြစ်နေသည့် […]

အပြည့်အစုံဖတ်ရန်

ခန္ဓာရင်း၍ စီးပွားရှာကြသူများ အပိုင်း(၂)

July 13, 2015

၂၀၁၃၊မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၄)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ဉာဏ်လင်း နှင့် ဇေယျာလှိုင် ရေးသည်။ အကဲ့ရဲ့ခံဘဝများ လိင်အလုပ်သမားများ၏ဘဝကအာဏာပိုင်များ၏ အရေးယူမှုကို စိုးရွံ့ထိတ်လန့်နေရသည့် တစ်ချိန်တည်းတွင်၎င်းတို့ပတ်ဝန်းကျင်၏ ကဲ့ရဲ့ရှုတ်ချသည့်ဒဏ်၊ ခွဲခြားဆက်ဆံသည့်ဒဏ်ကိုပါ ခါးစည်းခံကြရသည်။ ”ရပ်ကွက်ထဲ လမ်းထွက်လျှောက်ရင်ကိုပဲ မကြားတကြား စကြ၊ နောြက်ကန့ ဲအမျိုးမျိုး ကဲ့ရဲ့ရှုတ်ချတာကို ခံရတယ်”ဟု လိင်အလုပ်သမအဖြစ် ဆယ်နှစ်ကျော်အသက်မွေးဝမ်းကျောင်းပြုခဲ့သည့် မအင်ကြင်းခိုင်က ဆိုသည်။ လိင်အလုပ်သမားများအနေနှင့်မည်သို့ပင် ၎င်းတို့၏ ပတ်ဝန်းကျင်တွင်ပြန်လည်ဝင်ဆံ့ဖို့ကြိုးစားသည့်တိုင်ပ,အထုတ်ခံကြရသည်။ လျစ်လျူအရှုခံကြရသည်။ အခန့်မသင့်ပါက ရပ်ကွက်က ရဲစခန်းကို သတင်းပေးတိုင် ကြားမည့်အန္တရာယ်ကိုလည်း လွယ်ပိုးထားကြရင်းတဖြည်းဖြည်းနှင့် သူတို့၏ဘဝ၊ သူတို့၏လူမှုအဝန်းအဝိုင်းကား ကျဉ်းသထက်ကျဉ်းမြောင်းလာကာ နောက်ဆုံးတော့ဘဝတူများနှင့်သာ ဘဝကို နေပျော်သလိုနေလိုက်ကြသည်များလည်း ရှိတတ်သည်။ စင်စစ် လိင်အလုပ်သမားများ၏ဘဝကား လူမှုပတ်ဝန်းကျင်တွင် သိက္ခာကျရရုံသာမကသေး၊ ဧည့်သည်များနှင့်ထိတွေ့ဆက်ဆံရသည့်အခါတွင်လည်း ကံမကောင်းပါက အနိုင်ကျင့်ခံကြရသည်၊မတော်မတရား ဆက်ဆံခံကြရပြန်သည်။ ”ဘာဥပဒေမှ မရှိတဲ့အတွက် ဧည့်သည်က […]

အပြည့်အစုံဖတ်ရန်

ခန္ဓာရင်း၍ စီးပွားရှာကြသူများ အပိုင်း(၁)

July 13, 2015

၂၀၁၃၊မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၄)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ဉာဏ်လင်း နှင့် ဇေယျာလှိုင် ရေးသည်။ မှုန်နံ့သာခြယ်သလို့ ဘတ်စ်ကားမှတ်တိုင်တစ်ခုသို့ ဦးတည်လျှောက်လှမ်းလာသော မိုးယု၏ ခြေလှမ်းများတွင် လန်းဆန်းတက်ကြွမှုတို့က အပြည့်။ အချိန်ကနံနက်ပိုင်း၊ ရှိလှမှ ၁ဝ နာရီသာသာ။ နံနက်ခင်းပေမယ့် သူကဲ့သို့သောမိန်းကလေးမျိုးဆီမှ ဝန်ဆောင်မှု ရယူလိုသော ပုရိသတစ်ယောက်ကိုတော့ဖြင့် သူဦးတည် လျှောက်လှမ်းနေသော မရမ်းကုန်းမြို့နယ်အတွင်းရှိ ဘတ်စ်ကား မှတ်တိုင်တစ်ခု၌ မုချမသွေ ရှာဖွေ တွေ့ရှိနိုင်လိမ့်မည်ဟု အတွေ့ အကြုံများအရ မိုးယု(အမည်လွှဲ) မှန်းဆထားသည်။ ဘတ်စ်ကားမှတ်တိုင်သို့ ရောက်သောအခါ မိုးယု မျှော်မှန်းထားသည့်အတိုင်း ပုရိသတစ်ယောက်ကတော့ သူ့ကို အခန့်သင့်စောင့်လင့်နေသည်။ သို့သော် ထိုသူကား မိုးယု တွေ့ချင်သည့်သူမျိုး လုံးလုံးမဟုတ်။ ထိပ်တိုက်ကြုံတွေ့ရမည်ကိုပင် ကြောက်လွန်းသောကြောင့်ပတ်တရောင်လှည့်နေသည့် ၎င်းတို့အားနည်းပေါင်းစုံသုံးကာ အမြဲတစေ ပတ်ရှောင်နေရသည်။ သို့သော် သည်တစ်ကြိမ်တော့ဖြင့်မိုးယု မရှောင်ကွင်းနိုင်တော့ပါ။ […]

အပြည့်အစုံဖတ်ရန်

အရေးပါဆဲ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ

July 10, 2015

Photo: Zayar Hlaing ၂၀၁၃၊နိူဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ သတင်းဆောင်းပါးဖြစ်ပါသည်။  ခင်မောင်မြင့် နှင့် သီတာဝင်း ရေးသည်။ လွန်ခဲ့သော လေးနှစ်ခန့်အထိ ရန်ကုန်တိုင်းဒေသကြီး၊ကော့မှူးမြို့နယ်ရှိ ခလောက်ခမယ်ရွာမှ ကျောင်းနေအရွယ်ကလေးအများစုအဖို့ ပညာရေးဟူသည်မှာ လက်လှမ်းမီစရာအရာ မဟုတ်ခဲ့ပါ။ထိုရွာမှ တစ်နာရီလောက်လမ်းလျှောက်ရသည့် ရွာတစ်ရွာမှာတော့ မူလတန်းကျောင်းတစ်ကျောင်းရှိပါသည်။ သို့သော်မိုးတွင်းကာလ သွားရေး၊ လာရေးအဆင်မပြေသည်က တစ်ကြောင်း၊ ကျောင်းစရိတ်မတတ်နိုင်သည်က တစ်ကြောင်းတို့ကြောင့် မိဘများအနေနှင့် သူတို့၏ကလေးများကို မူလတန်းထားဖို့ကိုပင် အဆင်မပြေခဲ့ကြပါ။ ငါးတန်းလောက်အထိကျောင်းတက်ခွင့်ရသော ကလေးအနည်းငယ်မှအပ အများစုမှာမူလတန်းပြီးသည်ဟူ၍ပင် မရှိခဲ့ပါ။ ၂ဝဝ၉ ခုနှစ်မှာတော့ အိမ်ခြေ ၄ဝ ကျော်ရှိသော ထိုရွာကလေးနှင့် အနီးအနား လယ်ကွင်းများမှ ဆင်းရဲသော လယ်သမားမိသားစုများ၏ သားသမီးများအတွက် ပညာအလင်းတံခါးပွင့်သွားခဲ့ပါသည်။ အကြောင်းမှာ ကော့မှူးမြို့မှ တစ်နာရီဝန်းကျင် စက်လှေဖြင့် သွားရသော အဆိုပါရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ သီတင်း […]

အပြည့်အစုံဖတ်ရန်

ခန္ဓာကိုယ်ထဲက အမြစ်တွယ်လူသတ်သမား ‘ကင်ဆာ’အပိုင်း(၂)

July 9, 2015

၂၀၁၄၊ဇန်နဝါရီလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၁)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ နှင်းကို၊သက်ဦးမွန်၊ခင်မောင်မြင့်နှင့် သီတာဝင်း ရေးသည်။ ပညာပေးပါ ထိန်းချုပ်ပါ အစိုးရအနေဖြင့် ကင်ဆာအကြောင်း အသိပညာပေးမှုများကို အစဉ်တစိုက်လုပ်ဆောင်ရန် လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း ခိုင်လုံသည့် အထောက်အထားမရှိဘဲ လိမ်လည်ကြော်ငြာနေသည့် ကင်ဆာဆေးဝါးများကိုလည်း ထိန်းချုပ်ပေးဖို့ လိုအပ်နေသည်ဟု ပါမောက္ခဒေါက်တာမြသိန်းဟန်က ထောက်ပြပါသည်။ လတ်တလောကာလတွင်တော့ မြန်မာနိုင်ငံရှိ ကင်ဆာရောဂါဝေဒနာသည်များအတွက် အသက်ရှင်သန်နိုင်ရန် အခက်အခဲများစွာရှိနေဆဲဟု ကင်ဆာဆရာဝန်များက ယူဆသည်။ကင်ဆာသည် စောစောသိပြီး စောစောစီးစီးကုသနိုင်လျှင်ပျောက်ကင်းနိုင်သည့်တိုင် မြန်မာနိုင်ငံတွင် စနစ်တကျကုသနိုင်မည့် နေရာမှာ နည်းပါးသကဲ့သို့ ငွေကြေးတတ်နိုင်သည့် လူနာများအတွက်ပင် စိတ်ကျေနပ်လောက်ဖွယ်ရာ ကုသနိုင်ခြေမရှိဟု၎င်းက ဆိုပါသည်။ သို့ဖြစ်ရာ ငွေကြေးတတ်နိုင်သူများသည် ပြည်ပနိုင်ငံများသ့ိုသွားရောက်ကုသခြင်း ဖြင့်သာ၎င်းတို့၏အသက်ကိုတတ်စွမ်းသမျှ ဆွဲဆန့်နေကြရသည်။ ငွေကြေးမတတ်နိုင်သူများအဖို့မှာကား အနောက်တိုင်းဆေးများထက် ကုန်ကျစရိတ်များစွာ သက်သာသော မိရိုးဖလာတိုင်းရင်းဆေးများကိုသာ အများစုမှီခြိုကရသည်။ မြို့ပေါ်တက်ကာ ကုသမှုမခံယူနိုင်သောကြောင့် အပ်ပုန်းများ၏လက်သို့ မိမိ၏ […]

အပြည့်အစုံဖတ်ရန်

ခန္ဓာကိုယ်ထဲက အမြစ်တွယ်လူသတ်သမား ‘ကင်ဆာ’ အပိုင်း(၁)

July 9, 2015

၂၀၁၄၊ဇန်နဝါရီလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၁)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။ နှင်းကို၊သက်ဦးမွန်၊ခင်မောင်မြင့်နှင့် သီတာဝင်း ရေးသည်။ အပတ်စဉ် တနင်္လာနှင့် ဗုဒ္ဓဟူးနေ့များတွင် ကြက်သွေးရောင် ရန်ကုန်ဆေးရုံကြီးအတွင်းရှိ အဆောင်ငယ်လေးတစ်ခုသည် ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲဆိုတာကို တမျှော်မျှော်နှင့် စောင့်နေကြသည့် ဒေါ်ခင်မြအောင်တို့လို လူနာတွေနှင့်ပြွတ်သိပ်နေတတ်သည်။ထိုအဆောင်လေးကား ကင်ဆာဝေဒနာသည်များကိုဓာတ်ကင်ပေးသည့် အခန်းလေးဖြစ်သည်။ သက်ဆိုင်ရာဆေးရုံဝန်ထမ်းများက ဓာတ်ကင်ရန် အလှည့်ကျသူများ၏ နာမည်များကို ခေါ်ပေးနေသည့်တိုင် ကင်ဆာဝေဒနာသည်များသည် ကိုယ့်အလှည့်ကျော်သွားလေမည်လား စိုးရိမ်စိတ်နှင့် အတင်းတိုးဝှေ့ကြလေ့ရှိပါသည်။သူတို့၏မျက်လုံးများကားမျှော်လင့်ချက်များဖြင့်အရောင်လက်နေတတ်ကြသည်ကင်ဆာဝေဒနာသည်များအတွက် သီးသန့်ဌာနတစ်ခုဖြစ် သည့် ဓာတ်ရောင်ခြည်ဌာန၊ ပါမောက္ခဆရာဝန်ကြီး ဒေါက်တာ စိုးဦးမောင်၏ အခန်းနံပါတ် ၁ဝ၁ ရှေ့တွင် စိတ်လှုပ်ရှားစွာနှင့် မိမိ အလှည့်ရောက်လာနိုး စောင့်မျှော်ရသည့်အဖြစ်ကို ဒေါ်ခင်မြ အောင်က ”ဆယ်တန်းအောင်စာရင်း ကြည့်ရသလိုပဲ”ဟု သုံး နှုန်းသည်။ သားအိမ်ခေါင်းကင်ဆာဖြစ်နေသည့် အသက် ၆၂ နှစ် အရွယ် ဒေါ်ခင်မြအောင်သည် သားအိမ်ခွဲထုတ်ထားသည်မှာ […]

အပြည့်အစုံဖတ်ရန်

ရာဇဝင်ထဲမှာ PCO ကို ထားခဲ့မှာလား

July 8, 2015

Photo: Thet Oo Mon ၂၀၁၁၄၊အောက်တိုဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၇)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန် ရေးသည် စက်တင်ဘာလ၏ ပူပြင်းအိုက်စက်သော နေ့လည်ခင်း နေရောင်အောက်၌ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်း ထောင့် တဝိုက်သည် လမ်းသွားလမ်းလာများဖြင့် ပျားပန်းခက်မျှစည်ကားနေသည်။ မီးပွိုင့်တွင်လည်း ကားများကအ တောင့်လိုက် တန်းစီစောင့်နေကြသည်။စည်ကားဆူညံလျှက်ရှိသော ထိုလမ်းဆုံတွင် သူမတူအောင် တိတ်ဆိတ်ငြိမ်သက်နေသော နေရာလေးတစ်ခုကလည်း ရှိ နေပြန်သည်။ ထိုနေရာကား PCO ဟု လူအများ အတိုကောက်ခေါ်ဝေါ်သည့် Public Call Office ခေါ် အများပြည်သူသုံး တယ်လီဖုန်းရုံကလေးပင်ဖြစ်သည်။ ဖုန်းရုံထဲတွင်တော့ မီးခိုးရောင်နှင့် ဝါကျင့်ကျင့် တယ်လီဖုန်းနှစ်လုံးတို့က တိတ်ဆိတ်စွာ အနားယူလျက်ရှိသည်။ ထိုဖုန်းနှစ် လုံးဘေးတွင် စာအုပ်လေးတစ်အုပ်နှင့် အချိန်မှတ်နာရီလေးတစ်ခုတို့ရှိသည်။ သူတို့ကလည်း မျှော်တော်ယောင်။ အထဲကို လှမ်းကြည့်လိုက်တော့ PCO […]

အပြည့်အစုံဖတ်ရန်

သန္ဓေသားတစ်ဦး၏ အနာဂတ် ဘယ်သူဆုံးဖြတ်မလဲ အပိုင်း(၂)

July 7, 2015

၂၀၁၃၊ဒီဇင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၀) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန်၊ကောင်းမြတ်မိုး၊ခင်မောင်မြင့်နှင့် သီတာဝင်း ရေးသည်။ မျိုးဆက်ပွားကျန်းမာရေး အရေးကြီး ကျန်းမာရေးဦးစီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(Unicef) တို့ ၂ဝဝ၅ ခုနှစ်တွင် ကောက်ယူခဲ့သော စစ်တမ်းအရ မြန်မာနိုင်ငံတွင် မိခင်သေဆုံးနှုန်းသည် အယောက် တစ်သိန်းလျှင် ၃၁၆ ဦးရှိနေပြီး ယင်းတို့ထဲမှ ၁ဝ ရာခိုင်နှုန်းနီးပါးသည် ကိုယ်ဝန်ဖျက်ချရာမှ သေဆုံးသော နှုန်းထားဖြစ်သည်ဟုဆိုပါသည်။ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးတွင်တော့ ကိုယ်ဝန်ဖျက်ချရာမှ နောက်ဆက်တွဲပြဿ      နာများဖြင့်ဆေးရုံတက်ရောက်ကုသမှုခံယူကြသူများမှာ နှစ်စဉ်တစ်ထောင်ကျော်ရှိသည်ဟုဒေါက်တာတင်ညိုညိုလတ်က ဆိုသည်။၎င်းအနေနှင့်လည်း ကိုယ်ဝန်ဖျက်ချ၍ အသက်ဆုံးရှုံးခဲ့သောလူနာများစွာကို တွေ့ခဲ့ဖူးသည်ဟုဆိုသည်။အသက်အန္တရာယ် မဆုံးရှုံးလျှင်တောင်မှ နောက်ဆက်တွဲပြဿဿ      နာများအနေဖြင့်သားအိမ်၊ သားဥပြွန်ရောင်ခြင်း ၊ အကျိတ်အဖုဖြစ်နိုင်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း ဝမ်းခေါင်းတစ်ခုလုံးရောင်ရမ်းနာကျင်၊ သွေးဆိပ်တက်ခြင်း၊ သွေးလန့်ခြင်း၊ သွေးမခဲဘဲ သွေးယိုစီးမှုများ ဖြစ်နိုင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ကလေးနောက်ထပ်မရနိုင်တော့ခြင်း၊ သားအိမ်ထုတ်ပစ်ရခြင်းတို့ ဖြစ်နိုင်သည်ဟု ဒေါက်တာတင်ညိုညိုလတ်က ရှင်းပြသည်။   […]

အပြည့်အစုံဖတ်ရန်
1 … 23 24 25 26 27 28 29 30

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."