ယင်းမာပင်-၂၀၂၃ စက်တင်ဘာ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဒေသခံတွေဖမ်းဆီးတာတွေကြောင့် နှစ်လကျော်ကြာထွက်ပြေးနေရတဲ့ ကျေးရွာနှစ်ဆယ်ကျော်က ဒေသခံတွေ ရွာမပြန်နိုင်သေးဘဲ စားနပ်ရိက္ခာအခက်အခဲကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက မော်ကွန်းကိုပြောပါတယ်။ “ သူတို့က စားရေးသောက်ရေး အဓိကလိုအပ်တာ။ အချိန်ကြာလာတော့ အခက်အခဲဖြစ်လာတာပေါ့။ ရွာတွေက လှူပေမယ့် လူများတာကော ရေရှည်ဆိုတော့ အခက်အခဲတွေက ရှိတာပဲ။ အခုလက်ရှိတော့ သူတို့က နီးစပ်ရာရွာတွေက ဘုန်းကြီးကျောင်းတွေ၊ စစ်ကြောင်းကင်းနိုင်မယ့်နယ်မြေတွေမှာ တဲထိုးနေတာတွေရှိတယ်” လို့ စစ်ကိုင်းစစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးကပြောပါတယ်။ ယင်းမာပင်နယ်ထဲကို စစ်ကောင်စီတပ်တွေဟာ ဇူလိုင်လနှောင်းပိုင်းကတည်းက မကြာခဏစစ်ကြောင်းထိုးတာ၊ သစ်ခိုးထုတ်တာတွေလုပ်ဆောင်နေပြီး ရွာတွေကိုစီးနင်းဒေသခံတွေလည်း ဖမ်းဆီးသတ်ဖြတ်တာတွေရှိတာကြောင့် ရွာမပြန်ရဲကြဘဲ ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ပြန်ထွက်သွားတယ်လို့ ကြားထားပေမယ့် မသေချာသေးဘူးလို့ ဒေသခံ ပကဖ […]
ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၉ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာရှိတဲ့ နမ့်ခမ်းမြို့မဌာနေ ပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာကနေ သတင်းထုတ်ပြန်ထားပါတယ်။ ယခုလ ၁၀ ရက်နေ့က အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက ဌာနေပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ လားရှိုးမြို့မှာတွေ့ဆုံခဲ့ပြီးနောက် အခုလို ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်လာတာဖြစ်ပါတယ်။ စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့တွေထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ အခြေစိုက်တဲ့ နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့၊ ပန်းဆေးပြည်သူ့စစ်အဖွဲ့၊ မန်ပန်ပြည်သူ့စစ်အဖွဲ့၊ စိန်ကြော့ပြည်သူ့စစ်အဖွဲ့၊ မုံးစီး ပြည်သူ့စစ်အဖွဲ့နဲ့ ထင်ပါကျိုင်း ပြည်သူ့စစ်အဖွဲ့တို့ ပါဝင်ပါတယ်။ နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့ကို လက်နက်တွေ တပ်ဆင်အပ်နှင်းခြင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုဆုငွေ ပေးအပ်ခြင်းကို ယခုလ ၂၈ ရက်မှာ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရုံးမှာ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ ဘက်က […]
ကန့်ဘလူ-၂၀၂၃ စက်တင်ဘာ ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်မှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ်ဩဂုတ်လအထိ မြွေဆိုးကိုက်ခံရတဲ့ စစ်ဘေးရှောင် တစ်ရာကျော်ရှိပြီး သေဆုံးသူ ၁၁ ဦးအထိရှိလာတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “မြွေကိုက်ခံရတဲ့ စစ်ရှောင်တွေက တချို့ကျ ပြေးရင်းလွှားရင်းကိုက်ခံရတာဆိုတော့ ဆေးအချိန်မီမကုနိုင်တော့ သေသွားတာတွေရှိတယ်။ တချို့ကျတော့ ကုသပေးနေရင်း သေဆုံးသွားတာတွေလည်းရှိတယ်ဗျ။ မြွေကိုက်ခံရလို့ သေတဲ့ထဲမှာ ၁၄ နှစ်အရွယ်ကလေးငယ် တစ်ယောက်ပါတယ်” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောပါတယ်။ မြွေဆိုးကိုက်ခံရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ကန့်ဘလူ၊ ကျွန်းလှနယ်ထဲက ကိုးထောင်ဘို့၊ ချပ်သင်း၊ ပင့်သာ၊ ထန်းကုန်း၊ ဇီးကုန်းစတဲ့နယ်တွေကဖြစ်ပြီး အမျိုးသား ၇၇ ဦးနဲ့ အမျိုးသမီး ၃၁ ဦးဖြစ်ပါတယ်။ အဲဒီထဲက အသက်သေဆုံးသူတွေဟာ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က […]
ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၂၉ (မော်ကွန်း) လာမယ့်ပွင့်လင်းရာသီ အောက်တိုဘာလမှာ ပြည်ပခရီးသွားဧည့်သည်တွေထက် ပြည်တွင်းခရီးသွားတွေကိုသာ ခရီးစဉ်တွေပိုပြီးရောင်းချနေရတယ်လို့ ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်းတွေကပြောပါတယ်။ “လတ်တလောမှာ ပြည်ပကဧည့်သည်တွေက လာရောက်စုံစမ်းတဲ့ အဆင့်မှာပဲရှိတယ်။ Operation တွေသိပ်မရှိဘူးဖြစ်နေတယ်။ အဲဒီတော့ ပြည်တွင်းခရီးတိုလေးတွေကို ကြိုကြားကြိုကြားရောင်းချနေရတယ်။” လို့ ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာဖြစ်သူကပြောပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကတော့ လာမယ့်ပွင့်လင်းရာသီမှာ သွားရောက်လည်ပတ်သင့်တဲ့ ခရီးသွားဒေသ ၁၄ ခုကို ဖော်ပြထားပါတယ်။ အဲဒီနေရာတွေကတော့ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ချောင်းသာ၊ ငွေဆောင်၊ ငပလီ၊ ပြင်ဦးလွင်၊ အင်းလေး၊ ကလော-တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်နဲ့ ပူတာအိုမြို့တွေဖြစ်ပါတယ်။ လက်ရှိမှာတော့ ချောင်းသာ၊ ငွေဆောင်တို့လို ကမ်းခြေဒေသတွေမှာတော့ အုပ်စုလိုက်ပြည်တွင်းခရီးသွားတွေကို ခရီးစဉ်တွေ စတင်ရောင်းချနေရပြီလို့ ရန်ကုန်မြို့က ခရီးသွားကုမ္ပဏီတစ်ခုရဲ့ […]
မြင်းမူ-၂၀၂၃ စက်တင်ဘာ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ မနေ့က ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီး ၃၆ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Ghost Team Ranger Myinmu (GTR-MMU) အဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “အသေအပျောက်ကတော့ အတိအကျမသိရသေးဘူး။ မနေ့က ၆ နာရီဝန်းကျင်မှာ ကျွန်တော်တို့ ဒရုန်းကိုးစီးနဲ့ စတင်တိုက်ခိုက်ခဲ့တာပေါ့နော်။ စုစုပေါင်း ဗုံးသီး ၃၆ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်ဗျ။ စခတွေဘက်ကတော့ လက်နက်ငယ်တွေနဲ့ အချက်ပေါင်းများစွာ ပြန်ပစ်ခတ်ခဲ့တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ရဲဘော်တွေအနေနဲ့ကတော့ ဘေးကင်းကင်းနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်ဗျ” လို့ ပြောပါတယ်။ စစ်ကောင်စီစခန်းတွေကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား အသေအပျောက် […]
မုံရွာ-၂၀၂၃ စက်တင်ဘာ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ အမှတ် ၂ တပ်မတော်ဆေးရုံက ဗိုလ်ကြီး အောင်ဖြိုးသိန်း နေအိမ်ပြန်ရောက်လာစဉ် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Black Falcon Guerrilla Forces က အခုလ ၄ ရက် မနက်ပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ မြို့ပြထောက်လှမ်းရေးရဲဘော်တွေရဲ့ သတင်းပေးပို့မှု အတိအကျရထားတာဖြစ်လို့ သူ့ကို ဝင်ရောက်ထိန်းသိမ်းနိုင်ခဲ့တာလို့ သူကဆိုပါတယ်။ “ အခုမုံရွာမြို့တွင်းမှာ လုံခြုံရေးတွေအတင်းချထားတော့ ကျွန်တော်တို့ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့မရဘူး။ အဲ့တော့ ကြိုတင်လေ့ကျင့်မှု တစ်ပတ်လောက်ပြင်ဆင်ထားပြီးမှ သူ့ကို ဝင်ရောက်ထိန်းသိမ်းခဲ့တာပေါ့။ လွယ်လွယ်ကူကူတော့ မရှိခဲ့ပါဘူးဗျ” လို့ သူကပြောပြပါတယ်။ အဲဒီဗိုလ်ကြီးအောင်ဖြိုးသိန်းကို မြို့ပြပြောက်ကျားအဖွဲ့က မုံရွာမြို့လယ်ရပ်ကွက်တစ်ခုဖြစ်တဲ့ အောင်မင်္ဂလာရပ်ကွက်က သူ့နေအိမ်မှာပဲဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ ဝင်ရောက်ဖမ်းဆီးစဉ်မှာ ဗိုလ်ကြီးအောင်ဖြိုးသိန်းက နေရာမှာတင်ပစ်သတ်ခိုင်းပေမယ့် […]
ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၂၉ (မော်ကွန်း) ထိုင်းနိုင်ငံကဝင်ရောက်ခဲ့တဲ့ လေဖိအားနည်းဆဲလ်ဟာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲနေတာကြောင့် ရခိုင်ပြည်နယ်ကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနက ပြီးခဲ့တဲ့ နာရီပိုင်းကထုတ်ပြန်ပါတယ်။ “လေဖိအားနည်းရပ်ဝန်းဆိုတဲ့အတိုင်း ဧရိယာကကျယ်ပြန့်တယ်။ လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိမ်ထုကြီးဖုံးလွမ်းနေတာရှိတယ်။ အဲဒီတော့ ရခိုင်ပြည်နယ်မှာ မိုးများတာ၊ လေပြင်းတိုက်ခတ်တာတွေဖြစ်လာနိုင်တယ်။ ဒီလေဖိအားနည်းရပ်ဝန်းက အိန္ဒိယကမ်းခြေရောက်တဲ့အခါ အင်အားကောင်းသွားဖို့ရှိတယ်။ တစ်ချက်တော့စောင့်ကြည့်ရဦးမယ်။” လို့ သူကပြောပါတယ်။ အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ရခိုင်ကမ်းရိုးတန်း၊ ကမ်းလွန်ဒေသတွေနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ််ပိုင်းမှာ ဖြစ်ပေါ်နေပြီး နောက် ၄၈ နာရီ အတွင်း အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ်ပြောင်းလဲသွားဖို့ရှိတယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာတော့ မိုးအဆက်မပြတ်ရွာသွန်းနေတယ်လို့ ဘင်္ဂလားပင်လယ်အော်နဲ့ နီးတဲ့ ပေါက်တောမြို့နယ်မှ ဒေသခံတွေကပြောပါတယ်။ “နံနက် ၁၀:၀၀ နာရီလောက်ကစပြီး ရွာနေတာ အခုထိမတိတ်သေးဘူး။ ရွာထဲကတစ်ချို့နေရာတွေမှာ […]
ဆားလင်းကြီး – ၂၀၂၃ စက်တင်ဘာ ၂၈ (မော်ကွန်း) ဒီကနေ့ ချင်းတွင်းမြစ်ကြောင်းမှာ ဟုမ္မလင်းဘက်ကနေ စုန်ဆင်းလာတဲ့ စစ်ရေယာဉ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆားလင်းကြီးမြို့နယ်၊ ဝဲကြီးကျေးရွာရဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးသွားတယ်လို့ ဆားလင်းကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ “အဓိကတော့ ရေကြောင်းတိုက်ခိုက်ခံရဖူးတဲ့အရှိန်ကြောင့်ပေါ့။ ရန်သူက သူတို့အတွက်လုံခြုံဖို့ ကြိုထုတာပဲဗျ။ လူအထိခိုက်တော့မရှိဘူး၊ ပြည်သူတွေထိပ်လန့်နေကြတာပေါ့။ ခုဆို ပုလဲဘက်ကလာတဲ့ စစ်ကောင်စီစစ်ကြောင်းကလည်း ဆားလင်းကြီးမြို့နယ်၊ ရွှေသမင်ရွာကို ရောက်ရှိနေတယ်”လို့ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒီကနေ့ နံနက် ၈း၃၀ လောက်က စတင်ကာ မုံရွာမြို့၊ အလုံမင်းထောင့်ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေယာဥ်လေးစီး ၊ မိုးကာအုပ်သင်္ဘောခုနစ်စီး၊ သစ်တင်သင်္ဘောငါးစီး စုစုပေါင်း ၁၆ စီးပါ ရေယာဥ်အုပ်စုဟာ အောက်ဘက်ကို စုန်ဆင်းလာတာပါ။ အဲဒီရေယာဉ်အုပ်စုဟာ […]
ဆားလင်းကြီး – ၂၀၂၃ စက်တင်ဘာ ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း အောက်ဘက်ကိုစုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်သင်္ဘောအုပ်စုဟာ ဒီနေ့မနက် ၈ နာရီခွဲဝန်းကျင်ကစပြီး မြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ ဒီကနေ့ နံနက် ၈း၃၀ လောက်က စတင်ကာ မုံရွာမြို့၊ အလုံမင်းထောင့်ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေယာဥ်လေးစီး ၊ မိုးကာအုပ်သင်္ဘောခုနစ်စီး၊ သစ်တင်သင်္ဘောငါးစီး စုစုပေါင်း ၁၆ စီးပါ ရေယာဥ်အုပ်စုဟာ အောက်ဘက်ကို စုန်ဆင်းလာတာပါ။ အဲဒီရေယာဉ်အုပ်စုဟာ ဟုမ္မလင်းဘက်ကနေ ကျောက်စိမ်းတွေတင်ဆောင်လာပြီး ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာကာ လမ်းတလျှောက်သစ်တွေပါ တင်ဆောင်လာလာတို့ဆိုပါတယ်။ မုံရွာမှာ ခရီးတစ်ထောက်နားကာ ဒီနေ့မှ ဧရာဝတီမြစ်ဘက်ကို စုန်ဆင်းတာဖြစ်တယ်လို့ ဆိုပါတယ်။ ” မြစ်ကမ်းဘေးက ရွာတွေက […]
ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၈ (မော်ကွန်း) ထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်(Low Pressure Cell) က မြန်မာနိုင်ငံထဲကို စတင်ဝင်ရောက်နေပြီး ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးအဆက်မပြတ်ရွာသွန်းမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ “လေဖိအားနည်းဆဲလ်က မြန်မာနိုင်ငံကိုဖြတ်နေတဲ့အတွက်ကြောင့်မလို့ မိုးကအဆက်မပြတ်ရွာနေတာပါ။ လာမယ့် အောက်တိုဘာ ၂ ရက်အထိ မိုးကဆက်ရွာနေဦးမှာပါ” လို့ သူကပြောပါတယ်။ လက်ရှိမှာ အဲဒီ့လေဖိအားနည်းဆဲလ်ဟာ မြစ်ဝကျွန်းပေါ်ဒေသတွေကိုဖြတ်သန်းနေပြီး လာမယ့်အောက်တိုဘာ ပထမအပတ်မှာ ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံကိုဆုတ်ခွါမယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။ လေဖိအားနည်းဆဲလ်ဆိုတာဟာ လေထုသိတ်သည်းဆနည်းတဲ့ ဖြစ်စဉ်ကိုဆိုလိုတာဖြစ်ပြီး၊ လေဖိအားနည်းဆဲလ်တွေ တစ်ခုထက်ပိုဖြစ်လာတဲ့အခါ လေဖိအားနည်းရပ်ဝန်းကြီးတစ်ခုဖြစ်လာတယ်လို့ မိုးလေဝသပညာရှင်တွေကပြောပါတယ်။ ဒီလိုမျိုး လေဖိအားနည်းဆဲလ်မြန်မာနိုင်ငံကိုဖြတ်တဲ့အခါ ရန်ကုန်အပါအဝင် ပဲခူး၊ ကရင်၊ မွန်၊ တနင်္သာရီ နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ မိုးသက်လေပြင်းကျရောက်မယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။ […]
ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၈ (မော်ကွန်း) ထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်(Low Pressure Cell) က မြန်မာနိုင်ငံထဲကို စတင်ဝင်ရောက်နေပြီး ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးအဆက်မပြတ်ရွာသွန်းမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ “လေဖိအားနည်းဆဲလ်က မြန်မာနိုင်ငံကိုဖြတ်နေတဲ့အတွက်ကြောင့်မလို့ မိုးကအဆက်မပြတ်ရွာနေတာပါ။ လာမယ့် အောက်တိုဘာ ၂ ရက်အထိ မိုးကဆက်ရွာနေဦးမှာပါ” လို့ သူကပြောပါတယ်။ လက်ရှိမှာ အဲဒီ့လေဖိအားနည်းဆဲလ်ဟာ မြစ်ဝကျွန်းပေါ်ဒေသတွေကိုဖြတ်သန်းနေပြီး လာမယ့်အောက်တိုဘာ ပထမအပတ်မှာ ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံကိုဆုတ်ခွါမယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။ လေဖိအားနည်းဆဲလ်ဆိုတာဟာ လေထုသိတ်သည်းဆနည်းတဲ့ ဖြစ်စဉ်ကိုဆိုလိုတာဖြစ်ပြီး၊ လေဖိအားနည်းဆဲလ်တွေ တစ်ခုထက်ပိုဖြစ်လာတဲ့အခါ လေဖိအားနည်းရပ်ဝန်းကြီးတစ်ခုဖြစ်လာတယ်လို့ မိုးလေဝသပညာရှင်တွေကပြောပါတယ်။ ဒီလိုမျိုး လေဖိအားနည်းဆဲလ်မြန်မာနိုင်ငံကိုဖြတ်တဲ့အခါ ရန်ကုန်အပါအဝင် ပဲခူး၊ ကရင်၊ မွန်၊ တနင်္သာရီ နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ မိုးသက်လေပြင်းကျရောက်မယ်လို့ မိုးဇလကခန့်မှန်းထားပါတယ်။ […]
ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၈ (မော်ကွန်း) တရုတ်နိုင်ငံကို မူဆယ်နယ်စပ်ကနေ နိုင်ငံကူးလက်မှတ် (Passport) နဲ့ တရုတ်နဲ့မြန်မာနိုင်ငံသားတွေ ဝင်ထွက်သွားလာခွင့်ကို လာမယ့်လပိုင်းအတွင်း ခွင့်ပြုသွားဖွယ်ရှိတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံကို မူဆယ်နယ်စပ်ကနေ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ ဖြတ်သန်းခွင့်ပေးနေတာဖြစ်ပြီး မြန်မာနိုင်ငံသားသောင်းနဲ့ချီပြီး အဆိုပါလက်မှတ်နဲ့ဝင်ရောက်ခွင့်ရဖို့အတွက် မူဆယ်နယ်စပ်ဂိတ်တွေမှာ စောင့်ဆိုင်းနေပါတယ်။ ယာယီ နယ်စပ်ဖြတ်သန်းခွင့်ကတ် (Temporary Border Pass – TBP)နဲ့ တရုတ်နိုင်ငံ ရွှေလီ၊ ဂျယ်ဂေါင်မြို့တွေမှာ ခြောက်ညအိပ် ခုနှစ်ရက်ကြာ သွားလာ၊ နေထိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ရွှေလီ၊ ဂျယ်ဂေါင် မြို့တွေကို ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်ခဲ့ပြီး ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေနဲ့ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."