ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၂၄ (မော်ကွန်း) ငွေလဲနှုန်းကွာဟချက်ကြောင့် ပြည်ပပို့ကုန်လုပ်ငန်းတချို့ တွက်ခြေမကိုက်တဲ့အတွက် ရပ်နားထားရတယ်လို့ ပို့ကုန်လုပ်ငန်းလုပ်ကိုင်သူတချို့က ပြောပါတယ်။ ပြည်ပကိုကုန်တင်ပို့ရာမှာ ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ငွေလဲနှုန်း တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်နဲ့လဲဖို့ သတ်မှတ်ထားတာက ပို့ကုန်လုပ်ငန်းတွေကို အရှုံးပေါ်စေတာကြောင့် ကုန်တင်ပို့မှုကို အများစုက ရပ်နားထားရတယ်လို့ ရေထွက်ပို့ကုန်တင်ပို့သူတစ်ဦးက ပြောပါတယ်။ “ အခုက ပြန်ဖြေလျှော့ပေးမှပဲရမယ်။ ပြည်တွင်းမှာ အကုန်ဈေးတက်နေပြီးတော့ ၂,၁၀၀ နဲ့ ပြန်လဲရတော့ ဘယ်လိုမှ တွက်ခြေမကိုက်တော့ မပို့ဘဲနဲ့ ရပ်နေလိုက်တာ အကောင်းဆုံးပဲလေ” လို့ အဆိုပါ ပို့ကုန်လုပ်ငန်းရှင်က ပြောပါတယ်။ ယခုဘဏ္ဍာနှစ်ခြောက်လကျော်ကာလအတွင်း ပြည်ပကိုကုန်တင်ပို့မှုကနေ ကန်ဒေါ်လာ ငါးဘီလီယံကျော် ရရှိထားပြီး မနှစ်ကကာလတူတင်ပို့မှုထက် တစ်ဘီလီယံနီးပါးလျော့ကျနေတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ […]
ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၂၁ (မော်ကွန်း) ဘင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဟမွန်း (HAMOON) ဆိုက်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ် မှာ မိုးရက်ဆက်တိုက်ရွာကာ လေပြင်းတိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ မိုးတွေအုံ့မဲနေတယ်။ လေပြင်းတွေကလည်း တစ်ချက်တစ်ချက်တိုက်တယ်။ ငါးဖမ်းလှေတွေလည်း မထွက်တော့ဘူး၊ လှိုင်းကြမ်းနေလို့။ ကျွန်တော်တို့အသင်းအနေနဲ့ကတော့ ကူညီဖို့အဆင်သင့် ပြင်ထားတယ်။” လို့ စစ်တွေမြို့ပေါ်က လူမှုကူညီရေးအသင်း ရွှေဂရုဏာဖောင်ဒေးရှင်းရဲ့ တာဝန်ခံကပြောပါတယ်။ ဘင်္ဂလားပင်လယ်အော် အနီးတည်ရှိတဲ့ ပေါက်တောမြို့နယ်က တံငါရွာဖြစ်တဲ့ ကြိမ်ခွေမော်ပိုက်ဆိပ်ကျေးရွာမှာ လက်ရှိ လေပြင်းတွေတိုက်၊ လှိုင်းတွေကြီးနေလို့ ငါးဖမ်းလှေတွေရပ်နား ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ မနေ့ကစပြီး မိုးက ဆက်တိုက်ရွာနေတာ မရပ်သေးဘူး။ လေပြင်းတွေလည်း တိုက်တယ်။ ငါးဖမ်းလှေတွေဆို အကုန်သိမ်းထားကြတယ်။ သွားလို့မရဘူး။ လှိုင်းတစ်အားကြမ်းတယ်။ ငါးဖမ်းပိုက်တွေဆိုလည်း ပြန်တင်ထား ရတယ်။” […]
ရန်ကုန်-၂၀၂၃ အောက်တိုဘာ ၂၃ (မော်ကွန်း) COVID-19 ကပ်ရောဂါစတင်ဖြစ်ပြီးနောက် သုံးနှစ်ခွဲကျော်ကြာပိတ်ပင်ထားတဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပြီလို့ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတချို့နဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက မော်ကွန်းကိုပြောပါတယ်။ ဒီနေ့မနက်ပိုင်းကစပြီး အပတ်စဉ် တနင်္လာကနေ သောကြာနေ့အထိ ဧည့်တွေ့ခွင့်ပြုလိုက်ပြီလို့ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်က အမည်မဖော်လိုတဲ့ ထောင်ဝန်ထမ်းတစ်ဦးကလည်း အခုလိုပြောပါတယ်။ “ဒီနေ့ကနေစပြီး တွေ့လို့ရပြီ။ ဒါပေမယ့်တစ်လမှာ (အကျဉ်းသားတစ်ဦးကိုမိသားစုဝင်)တစ်ယောက်ပဲတွေ့လို့ရတယ်။ တချို့တွေကျတော့လည်း တွေ့တဲ့အချိန်ပိုလိုချင်ရင်ဝန်ထမ်းနဲ့ညှိရတာပေါ့။ အဲဒါကျ တာဝန်ကျတဲ့ ဝန်ထမ်းနဲ့ပဲဆိုင်တာပေါ့” လို့ သူကပြောပါတယ်။ ထောင်ဝင်စာတွေ့မယ့် မိသားစုဝင်တွေအနေနဲ့ မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်း၊ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားကြောင်းထောက်ခံစာ၊ ရဲစခန်းမှာ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာနဲ့ ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံစာတွေလိုအပ်တယ်လို့ အဲဒီထောင်ဝန်ထမ်းကပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်ကတော့ ထောင်ဝင်စာတွေ့ခွင့်ရဖို့ ထောက်ခံစာတွေတောင်းတဲ့အပေါ် အခုလိုမှတ်ချက်ပေးပါတယ်။ “ မလွဲမရှောင်သာလို့ ဖွင့်ပေးလင့်ကစား ခုနကအချက်အလက်တွေနဲ့ဆိုတာတော့ အကိုတို့က ပြင်းပြင်းထန်ထန် […]
ရန်ကုန်-၂၀၂၃ အောက်တိုဘာ ၂၀ (မော်ကွန်း) ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နဲ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) အစပ်က ငမိုးရိပ်ချောင်းအနီးမှာရှိတဲ့ကျေးရွာတွေ ရေပြန်မကျသေးတာကြောင့် ဒေသခံတွေ အကူအညီတွေလိုအပ်နေသေးတယ်လို့ လှည်းကူး Information Centre က တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ “အလှူရှင်တွေက မလာသလောက်တော်တော်လေးရှားသွားပြီ။ စားရေးသောက်ရေးအခက်အခဲကို ရပ်ကွက်က တာဝန်ရှိသူတွေက ငွေကြေးတတ်နိုင်တဲ့သူတွေက စုပေါင်းပြီးချက်ပြုတ်ကျွေးနေရတဲ့ အနေအထားရှိတယ်။ ဘာအကူညီလိုလဲဆိုတော့ အစာခြောက်လေးတွေက ပိုပြီးသင့်တော်မှာပေါ့နော်” လို့ သူကပြောပါတယ်။ လှည်းကူးမြို့ပေါ်မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ရေပြန်ကျသွားပေမယ့် မြို့တောင်ဘက်ခြမ်းကကျေးရွာတွေဖြစ်တဲ့မလစ်(အရှေ့၊ အနောက်) ကင်ပွန်းခြုံ၊ အဝိုင်း၊ ရှမ်းရွာ စတဲ့ကျေးရွာတွေကတော့ ရေအနည်းငယ်ပဲပြန်ကျသေးတယ်လို့ သူကပြောပါတယ်။ “မိုးမရွာတော့တဲ့ တစ်ပတ်ဝန်းကျင်လောက်မှာ ရေက ခြောက်လက်မပဲကျတယ်။ မလစ်အနောက်မှာပေါ့နော်။ တချို့နေရာတွေက ကုန်းပေါ်တယ်။ တချို့နေရာတွေက ဒူးလောက်ပေါင်လောက်ကျန်သေးတယ်။ မလစ်အရှေ့ဆို ရေလုံးဝမကျသေးဘူး။ သူကချောင်းနဲ့အနီးဆုံးပေါ့” လို့ […]
ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၂၀ (မော်ကွန်း) အိန္ဒိယနိုင်ငံက မတ်ပဲအဝယ်လိုက်လာပြီး ဈေးနှုန်း စံချိန်တင်မြင့်တက်နေတာကြောင့် တောင်သူတွေ ဈေးကောင်းရနေတယ်လို့ မတ်ပဲစိုက်ပျိုးတဲ့ တောင်သူတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့နှစ် စိုက်ပျိုးရာသီမှာ မတ်ပဲတစ်တင်း (ပိဿာ ၂၀) ကို ကျပ်ခြောက်သောင်းဝန်းကျင်ရှိရာက လက်ရှိမှာ တစ်တင်းကို ကျပ်ကိုးသောင်း ဝန်းကျင်ထိ ဈေးမြင့်တက်နေတယ်လို့ မတ်ပဲစိုက်ပျိုးတဲ့ တောင်သူတွေက ပြောပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်က ပဲမျိုးစုံ ကုန်သည်တစ်ဦးကတော့ “တန်ချိန်နဲ့ တွက်မယ်ဆို မနှစ်က မတ်ပဲ တစ်တန်ကို ၁၇ သိန်း ဝန်းကျင်ပေါက်တယ်။ အခုပေါက်ဈေးက တစ်တန်ကို ၂၇ သိန်းကျော်ထိ ရောက်နေတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် မတ်ပဲကို အိန္ဒိယအမှာတွေ မြင့်တက်နေသလို ပြည်တွင်းမှာလည်း လက်ကျန်နည်းလာတဲ့အတွက် […]
ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၉ (မော်ကွန်း) လာမယ့်လေးရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ် (Depression) ဖြစ်ပေါ်နိုင်ပြီး ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသတွေမှာနေထိုင်သူတွေ အထူးသတိပြုနေထိုင်ရမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ “ အောက်တိုဘာ ၂၃ ရက်ကျရင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်တယ်လို့ တွေ့ထားတယ်။ မြန်မာ့ကမ်းရိုးတန်းကိုဖြတ်သန်းနိုင်တယ်လို့ ဖော်ပြထားတာတွေရှိတယ်။ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကလူတွေ အထူးသတိပြုနေထိုင်ရမယ်။” လို့သူကပြောပါတယ်။ အောက်တိုဘာလမှာဖြစ်ပေါ်တဲ့ မုန်တိုင်းတွေဟာ ဆိုက်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲနိုင်တာကြောင့် စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ ဦးလှထွန်းကဆက်ပြောပါတယ်။ “အောက်တိုဘာလမှာဖြစ်တဲ့ မုန်တိုင်းတွေအများစုက မြန်မာနိုင်ငံကို ဖြတ်သန်းလေ့ရှိတယ်။ ဥပမာ ဂီရိဆိုက်ကလုန်းမုန်တိုင်းဆို အောက်တိုဘာမှာပဲ ဝင်ရောက်ခဲ့တာ။ အဲဒီတော့ ဆိုက်ကလုန်းမုန်တိုင်းအဆင့်ကို ပြောင်းသွားမလား ဆိုတာကတော့ ဆက်ပြီးစောင့်ကြည့်ရမယ်။” လို့ သူကပြောပါတယ်။ အင်းအားပြင်း ဂီရိ (GIRI) ဆိုက်ကလုန်းမုန်တိုင်းဟာ ၂၀၁၀ အောက်တိုဘာ […]
ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၉ (မော်ကွန်း) ရက်ပိုင်းအတွင်းက ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့တဲ့ ပဲခူးတိုင်းအတွင်းမှာ ငါးမွေးမြူရေးကန် သုံးပုံနှစ်ပုံခန့်ပျက်စီးသွားတယ်လို့ ပဲခူးတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်ဆီက သိရပါတယ်။ ယခုလ ပထမအပတ်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်ကျော်ကို ကျော်လွန်မြင့်တက်ခဲ့ကာ ပဲခူးတိုင်းအရှေ့ခြမ်းက ပဲခူးမြို့အပါအဝင် ကဝ၊ ညောင်လေးပင်၊ ဝေါ၊ ဒိုက်ဦး၊ ကျောက်တံခါး အစရှိတဲ့ မြို့နယ်တွေမှာ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့တာပါ။ အဲ့ဒီဒေသတွေမှာရှိတဲ့ စပါးခင်းတွေ ပျက်စီးသွားတဲ့အပြင် ပဲခူးတိုင်း တစ်တိုင်းလုံးမှာရှိတဲ့ ငါးမွေးမြူရေးကန် ဧကပေါင်း ၂,၂၂၁ ဒသမ ၁၁ ဧက ရေနစ်မြုပ်ပြီး ပျက်စီးခဲ့တယ်လို့ ပဲခူးတိုင်း ငါးလုပ်ငန်းဦးစီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ ပဲခူးတိုင်းတစ်တိုင်းလုံးမှာ ငါးမွေးမြူရေးကန်ပေါင်း သုံးထောင်ကျော်ရှိနေတာဖြစ်ပြီး လက်ရှိ ရေကြီးမှုကြောင့် ဒေသတစ်ခုလုံးက ငါးမွေးမြူရေးကန် […]
ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၉ (မော်ကွန်း) ပြည်ပပို့ကုန်တိုးတက်စေချင်ရင် ကုန်သွယ်မှုဆိုင်ရာကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့လိုပြီး ဒေါ်လာဈေးနှုန်းအကွာအဟတွေကိုလည်း ညှိနှိုင်းပေးဖို့လိုတယ်လို့ ကုန်သည်နဲ့စီးပွားရေးပညာရှင်တစ်ချို့က ပြောပါတယ်။ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးထွန်းအုံက အောက်တိုဘာ ၁၆ ရက်က ရန်ကုန်မြို့က ကုန်သည်စက်မှုအသင်းချုပ်မှာ ရာနဲ့ချီတဲ့ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို တွေ့ဆုံပြီး ပို့ကုန်များများပို့နိုင်အောင် လုပ်ပေးကြဖို့တောင်းဆိုခဲ့ပြီးနောက် ကုန်သည်တချို့က အခုလို တုန့်ပြန်ပြောတာပါ။ ရခိုင်ပြည်နယ်နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပို့ကုန်တင်ပို့နေတဲ့ လုပ်ငန်းရှင်တစ်ဦးကတော့ လိုင်စင်တစ်ခုရဖို့ ထောက်ခံစာယူခိုင်းတာတွေ၊ တင်ပြခိုင်းတဲ့စာရွက်စာတမ်းတွေ များပြားလွန်းတဲ့အတွက် “ လိုင်စင်လျှောက်တာတွေမှာ ထင်ထားတာထက်ကြာတယ်” လို့ ဆိုပါတယ်။ ဒါအပြင် ပို့ကုန်ပို့ပြီးတဲ့နောက် ရလာတဲ့နိုင်ငံခြားငွေကို စစ်ကောင်စီက မြန်မာငွေနဲ့ပြန်လဲပေးရာမှာ အပြင် ပေါက်ဈေးနဲ့ကွာဟနေတာက လုပ်ငန်းလုပ်ကိုင်ရခက်ခဲစေတယ်လို့ သူကဆိုတယ်။ “ ဒေါ်လာပေါ့၊ အဲဒါကလည်း သူတို့သတ်မှတ်ဈေးနဲ့ အပြင်ဈေးကွာနေတာတွေက ကျွန်တော်တို့အတွက် […]
ရန်ကုန်- ၂၀၂၃ အောက်တိုဘာ ၁၉ (မော်ကွန်း) ဘီလူးချောင်းရေတက်လာလို့ လွိုင်ကော်မြို့နယ်က ရပ်ကွက်ငါးခုရေမြုပ်နေပြီး သက်ကြီးရွယ်အိုတွေပြောင်းရွှေ့နေကြတယ်လို့ ဒေသအခြေစိုက် ပရဟိတအသင်းတာဝန်ခံကပြောပါတယ်။ လက်ရှိမှာ ဘီလူးချောင်းတစ်လျှောက်က နမ့်ကွတ်၊ ရှမ်းပိုင်း၊ လောဓမ၊ ရွှေတောင် နဲ့ မှုံပြာရပ်ကွက်တွေမှာ ရေတွေဝင်ရောက်နေတယ်လို့ သူကပြောပါတယ်။ လက်ရှိမှာတော့ ရေကပြန်မကျသေးဘဲ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေက ဒူးကနေခါးလောက် အထိရောက်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။ လွိုင်ကော်မြို့နယ်မှာ ဘီလူးချောင်းရေဟာ ၄၈ နာရီအတွင်း လေးလက်မခန့် ထပ်တိုးလာမှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့ စစ်ကောင်စီက မနေ့က ကားနဲ့လှည့်လည် အသိပေးနှိုးဆော်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဘီလူးချောင်းတစ်လျှောက်က ရပ်ကွက်တစ်ချို့ကနေအိမ်တွေမှာ စစ်ကောင်စီက သဲအိတ်ကာတာ တွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလအစောပိုင်းက လွိုင်ကော်မြို့နယ်လို့ပဲ ငမိုးရိပ်ရေလှောင်တမံ ရေပြည့်အမှတ်ကျော်ခဲ့လို့ လှည်းကူးမြို့နယ်မှာ ရေလွှမ်းမိုးခဲ့ပါတယ်။ လှည်းကူးမြို့နယ်ကရေတွေဟာ ငမိုးရိပ်ချောင်းအတိုင်းစီးဆင်းလာပြီး ဒဂုံမြို့သစ် […]
ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၉ (မော်ကွန်း) ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုကြောင့် ဒေသခံပြည်သူ ငါးထောင်ခန့်ဟာ အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီနေတဲ့အဖွဲ့တွေနဲ့ KNU တို့ထံက သိရပါတယ်။ KNU ရဲ့ တပ်မဟာ (၃) နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ်က ကျေးရွာပေါင်း ၁၈ ရွာခန့်ဟာ ရက်ပိုင်းအတွင်းကဖြစ်ပွားခဲ့တဲ့ ရေကြီးနစ်မြုပ်မှုတွေကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ KNU က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါဒေသမှာ ရေကြီးနစ်မြုပ်မှုကြောင့် လယ်ဧကပေါင်း ခုနှစ်ထောင်ကျော် ရေနစ်မြုပ်ခဲ့ပြီး အဲ့ဒီအထဲက စပါးခင်း သုံးထောင်ကျော်ခန့်ဟာ ပျက်စီးသွားတယ်လို့ ထုတ်ပြန်ထားတာပါ။ ကျေးရွာအဆင့် မြေယာကော်မတီများမှ ပေးပို့လာသော စာရင်းများအရ ကျေးရွာစုစုပေါင်း […]
စဉ့်ကူး – ၂၀၂၃ အောက်တိုဘာ ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စဥ့်ကူးမြို့နယ် မြစ်ကမ်းဘေးက သဲအင်း ကြက်တူရွေး၊ မြစ်ကမ်းကြီးနဲ့ဟင်္သာမရွာတွေကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက် ၉:၀၀ အချိန်ခန့်ကစတင်ပြီး မီးရှို့ခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ “မနေ့က မန္တလေးဘက်ကနေ သံခွန်မော်တော်တစ်စီး၊ သံခွန်မော်တော်အသေးတစ်စီး၊အမြန်ရေယာဥ်အသေးတစ်စီးနဲ့ ဆန်တက်လာပြီး ကြက်တူရွေးရယ်၊ သဲအင်းရယ်ကိုကပ်ပြီး မီးရှို့တာပါ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ရွာတွေကို ဒီနေ့နေ့ခင်း ၁၂း၀၀ နာရီအချိန်ထိ မီးရှို့ခဲ့ပြီး နေ့ခင်း ၁း၀၀ နာရီလောက်မှာ စစ်ကြောင်းဟာ ပြန်ထွက်သွားတယ်လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ရေလမ်းကနေ ဝင်ရောက်လာတာကို ဒေသခံတွေ ကြိုမသိလိုက်ဘဲ ဒီနေ့မနက်မှ စတင်ထွက်ပြေးကြရကာ မြေပြင်အခြေနေကိုအတိအကျမသိရသေးပါဘူး။ ” အရင်ရှို့ခံရတဲ့ရွာတွေကိုထပ်ရှို့တာ၊ ဘာကြောင့်ဆိုတာတော့မသိရသေးဘူး၊ ရွာတွေက ခုနစ်ရွာလောက်ပြေးနေရတယ်၊ ဒီဘက်မှာ အဖွဲ့အစည်းတွေရှိတယ်ဆိုပြီးလာရှို့တာ၊ ဟိုလိုတိုက်ပွဲရယ်လို့မရှိဘူး”လို့ ဝက်လက်မြို့နယ် […]
ဝက်လက် – ၂၀၂၃ အောက်တိုဘာ ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရထားသံလမ်းဘေးကျေးရွာတွေက စစ်ရှောင် ၁၀,၀၀၀ ကျော်ဟာ ရာသီအကူးအပြောင်း တုပ်ကွေးကူးစက်ခံနေရတယ်လို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့ဆီကသိရပါတယ်။ စစ်ရှောင်နေရတာ နှစ်လကျော်ကြာပြီဖြစ်တဲ့အပြင် ရာသီဥတုအကူးပြောင်းကာလဖြစ်တဲ့အခုချိန်မှာ ရာသီတုပ်ကွေးဖြစ်ပွားသူများနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီတွေလိုအပ်နေတယ်လို့ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့၊ တာဝန်ရှိသူ ကိုဖေဖော်ဝါရီဝမ်းကပြောပါတယ်။ “စစ်ရှောင်တွေက ရာသီတုပ်ကွေးဖြစ်နေကြတာပါ၊ ဖျားရင်ဆေးဝယ်သောက်နေရပါတယ်၊ဆေးဝါးအကူညီလည်းလိုအပ်ပါတယ်၊ ဆောင်းဝင်တော့မှာဆိုတော့စောင်တွေလည်းလိုနေပါတယ်၊သက်ကြီးရွယ်အိုနဲ့ကလေးတွေလည်းဖျားနေတယ်”လို့ ကိုဖေဖော်ဝါရီဝမ်းကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မန္တလေး -မြစ်ကြီးနားရထားသံလမ်းကို ဇွန်လက စတင်ပြီး စစ်ကိုင်းမြို့ဘက်ကနေပြုပြင်လာတာကြောင့် ဝက်လက်နယ်အရှေ့တောင်ခြမ်း၊ ထန်ကြီးရွာမ၊ထန်းကြီးဘူတာ၊ပေါက်ကန်ရွာမ၊ပေါက်ကန်ဘူတာ၊ကူကောင်းရွာ၊ သုံးဆင့်ကန်ရွာ၊ရေသောက်ကန်ရွာ၊ကူကောင်းရွာ၊ဝက်လူးအိုင်ရွာ၊သာလိုင်းရွာနဲ့ ရုံးသာရွာတွေက ဒေသခံ ၁၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတာပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရပ်နားထားခဲ့ရတဲ့ မန္တလေး – မြစ်ကြီးနားရထားလမ်းကို စစ်တပ်ဘက်က ပြည်သူတွေအသုံးပြုဖို့မဟုတ်ဘဲ လက်နက်နဲ့ရိက္ခာထောက်ပို့လုပ်ငန်းအတွက် ရထားလမ်းကိုပြုပြင်နေတာလို့ ဒေသခံတွေကပြောပါတယ်။ ရထားလမ်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."