ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၂ (မော်ကွန်း) ရှမ်းမြောက်တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရပ်တန့်နေတာ တစ်ပတ်ခန့်ရှိလာသလို တရုတ်နိုင်ငံကနေတင်သွင်းရောင်းချတဲ့ အဝတ်အထည်၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းတွေ ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်လာပြီလို့ တရုတ်ကုန်စည် တင်သွင်းရောင်းချသူတချို့က ပြောပါတယ်။ တရုတ်နိုင်ငံက အဝတ်အထည်နဲ့ဖက်ရှင်ပစ္စည်းတွေ တင်သွင်းရောင်းချနေတဲ့ ရန်ကုန်မြို့ကကုန်သည်တစ်ဦးက “မူဆယ်လမ်းကြောင်းက အခုထိမပွင့်သေးဘူး။ လမ်းဘယ်တော့လောက်ပြန်ပွင့်မယ်ဆိုတာလည်း မသိရသေးတော့ ကုန်ပစ္စည်းအမှာတွေ လတ်တလောရပ်ထားရတယ်။ လက်ရှိ ရှိနေတဲ့ပစ္စည်းတွေလည်း ထိန်းရောင်းနေရတယ်။ ပစ္စည်းကတော့ ရက်ပိုင်းဆိုပြတ်တော့မှာ” လို့ ပြောပါတယ်။ အောက်တိုဘာ ၂၇ ရှမ်းမြောက်တိုက်ပွဲတွေစတင်ဖြစ်ပွားတဲ့နေ့တုန်းကတော့ ရှမ်းမြောက် မူဆယ်ကနေ ကချင်ဒေသ ဗန်းမော်မြို့ဘက်ကိုတက်၊ အဲဒီကတစ်ဆင့် မန္တလေးဘက်ကိုပြန်ဝင်တဲ့လမ်းကြောင်းကိုသုံးပြီး ကုန်ပစ္စည်းတွေသယ်ဆောင်တာမျိုး လုပ်နိုင်ခဲ့သေးပေမယ့် အခုတော့ အဲဒီလမ်းကြောင်းမှာလည်း ကချင်အဖွဲ့နဲ့ စစ်ကောင်စီ တိုက်ပွဲတွေဖြစ်နေတာကြောင့် ပြတ်တောက်သွားပြီလို့ သူကပြောပါတယ်။ သီတင်းကျွတ်ကာလမှာရောင်းချဖို့ […]
ရန်ကုန် -၂၀၂၃ နိုဝင်ဘာ ၂ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၁ ရက် အထိ ၁၀ လအတွင်း တစ်ရက်ကိုလူလေးဦးနှုန်း အနည်းဆုံးသတ်ဖြတ်ခံနေရတယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့မနေ့ကထုတ်ပြန်ချက်အရ တွေ့ရပါတယ်။ ၁၀ လအတွင်း သေဆုံးသူ ၁,၃၃၃ ဦးရှိပြီး အဲဒီသေဆုံးသူတွေထဲက ၃၃၀ ဦးဟာ ပစ်ခတ်မှုတွေကြောင့် သေဆုံးတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးမှုအများဆုံးဖြစ်ပြီး လူ ၁၅၀ ကျော်ရှိခဲ့တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပညာရေးကောလိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ရမ်းသမ်းပစ်ခတ်တာကြောင့် လမ်းပေါ်မှာသွားလာနေတဲ့ ဒေသခံနှစ်ဦးကျည်ဆန်မှန်ပြီးသေဆုံးခဲ့တယ်လို့ မုံရွာမြို့ခံတွေက […]
ရန်ကုန်- ၂၀၂၃ နိုဝင်ဘာ ၁ (မော်ကွန်း) မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ရှမ်းမြောက်တခွင်မှာ တစ်ကျော့ပြန် တိုက်ပွဲတွေပြင်းထန်နေတာ ဒီနေ့ဆိုရင်ခြောက်ရက်မြောက်ဖြစ်လာသလို ဒါဟာစစ်ကောင်စီတပ်ကို မြောက်ပိုင်းဒေသကစတင်ပြီး တော်လှန်ရေး အင်အားစုတွေအနေနဲ့ ပြန်လှန်ထိုးစစ်ဆင်ဖို့ လမ်းဖွင့်တဲ့တိုက်ပွဲတွေဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။ “ အခု ရှမ်းမြောက်ဒေသကနေပြီးတော့ လုပ်ဆောင်လိုက်တဲ့ ‘၁၀၂၇’ ဟာ ပြန်လှန်ထိုးစစ်ကို စပြီးလမ်းဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလမ်းထဲကို တိုင်းရင်းသားပေါင်းများစွာ ကိုယ့်ဒေသနဲ့ကိုယ် ဘယ်လိုပေါင်းစပ်ပါဝင်လာမလဲဆိုတဲ့ နည်းလမ်းနဲ့ ညီညီညွတ်ညွတ် တိုက်ပွဲဝင်နိုင်တဲ့ အခြေအနေအပေါ် မူတည်ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ အနည်းဆုံးတော့ နောက်နှစ် ၂၀၂၄ ခုနှစ်ထိ ရောက်ရှိသွားနိုင်တယ်လို့ ထင်ပါတယ်” လို့ သူက ပြောပါတယ်။ အောက်တိုဘာ ၂၇ နံနက်ခင်းကစတင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် လတ်တလောမှာ […]
ရှမ်းပြည်နယ်(မြောက်ပိုင်း)-၂၀၂၃ အောက်တိုဘာ ၃၁ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်၊ PDF ပူးပေါင်းအဖွဲ့တွေတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေကြသူတွေကပြောပါတယ်။ “ အခုက မြို့ထဲမှာ သွားသွားလာလာ အခက်အခဲလည်းရှိပါတယ်။ အခုလောလောဆယ်က ဆန်လာလှူတဲ့သူရှိတယ်။ ဆန်နဲ့ ဆေးနဲ့ လိုအပ်တယ်” လို့ ကျောက်မဲမြို့နယ် ကောင်းခန်ရွာမှာ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ဦးရေ လေးရာကျော်အထိရှိတယ်လို့ တအောင်းအမျိုးသမီးအဖွဲ့အစည်း TWO က မနေ့က ထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံဦးရေ ခြောက်ထောင်ကျော်အထိရှိလာနေပြီး အကူအညီမရသေးတဲ့ စစ်ရှောင်စခန်းတွေလည်း အများအပြားရှိတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးကပြောပါတယ်။ “တိုက်ပွဲတွေကြောင့် အင်တာနက်၊ ဖုန်းလိုင်းပြတ်တာ၊ […]
စစ်ကောင်စီကို အသိအမှတ်ပြုနေတဲ့ နိုင်ငံတကာအသိုက်အဝန်းကို စိတ်ပျက်ကြောင်း အိတ်ဖွင့်စာပေး ကော်သူးလေ – ၂၀၂၃ အောက်တိုဘာ ၃၁ (မော်ကွန်း) ဒီလလယ်က ကျင်းပတဲ့ NCA ၈ နှစ်ပြည့်ပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်ဟောင်းတချို့ကို ဖိတ်ကြား၊ တက်ရောက်စေပြီးနောက် NCA လမ်းကြောင်းကို KNU က လက်ခံသယောင် နိုင်ငံတကာအကူအညီပေးရေးအသိုင်းအဝိုင်းကို စစ်ကောင်စီက ဝါဒဖြန့်၊ အကျိုးအမြတ်ရှာနေတဲ့အပေါ် အိတ်ဖွင့်ပေးစာပို့ပြီး KNU က ကန့်ကွက်ထားပါတယ်။ ” ကျွန်တော်တို့ မူဝါဒရှင်းရှင်းလေးပဲ။ စစ်အာဏာသိမ်းပြီးကတည်းက အဲဒါတွေနဲ့ လုံးဝမပတ်သက်တော့ဘူး။ ကျွန်တော်တို့ နားလည်တာ ဘာတာဝန်မှမရှိတဲ့ ကျွန်တော်တို့ခေါင်းဆောင်တွေကို အမြတ်ထုတ်ပြီးတော့ ဒီလူတွေက KNU ကို ကိုယ်စားပြုတယ်ဆိုပြီးတော့ လျှောက်ပြီးလုပ်နေတဲ့ဟာတွေ”လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက မော်ကွန်းကို ပြောပါတယ်။ အိတ်ဖွင့်ပေးစာကို […]
ဒီပဲယင်း-၂၀၂၃ အောက်တိုဘာ ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေ အခုလ ၂၁ ရက်ကနေ ဒီနေ့အထိ စစ်ကြောင်းထိုးနေပြီး ဒေသခံရှစ်ဦးကို သတ်ဖြတ်ကာ ၂၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒီပဲယင်းဒေသခံတွေက မော်ကွန်းကို ပြောပါတယ်။ “သတ်ခံရတဲ့သူတွေက ရက်ရက်စက်စက်သတ်ခံရတာ။ ဗိုက်ကိုဓားနဲ့ဖွင့်၊ ခေါင်းတွေဖြတ်သတ်ခံထားရတာ။ သူတို့စစ်ဆေးမေးပြီးမှ သတ်ခံရတာလို့ ယူဆရတယ်။ ဖမ်းခံရသူတွေအကုန် အမျိုးသားတွေချည်းပဲ။ အသက်မပြည့်သေးတဲ့ သူတွေလည်းပါတယ်။ သူတို့အကုန်အသက်အန္တရာယ်စိုးရိမ်ရတယ်” လို့ ဒီပဲယင်းဒေသခံတစ်ဦးကပြောပါတယ်။ သတ်ဖြတ်ခံရသူရှစ်ဦးရဲ့အလောင်းတွေကို သိမ္ဘာကျေးရွာအနီးမှာ လေးဦး၊ ဘုတ္ထန်းကျေးရွာမှာတစ်ဦး၊ ရှမ်းတောရွာအနီးမှာနှစ်ဦးနဲ့ မင်းတဲကုန်းရွာအနီးမှာတစ်ဦး ပြန်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က မနေ့ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတဲ့ လမ်းတစ်လျှောက်က ဖမ်းဆီးခံရတဲ့ ဒေသခံတွေဟာ ကျွန်းတော်ကြီးရွာကငါးဦး၊ အုန်းတင်ရွာကတစ်ဦး၊ ကံပြားရွာက နှစ်ဦး၊ ရှမ်းတောရွာက ၁၂ ဦးနဲ့ […]
ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၃၁ (မော်ကွန်း) ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မူဆယ်၊ လောက်ကိုင်စတဲ့ မြို့နယ်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတေ ပြန်မလာနိုင်ဘဲ ပိတ်မိနေတယ်လို့ အဆိုပါ ဒေသကိုရောက်ရှိနေတဲ့ အလုပ်သမားတွေဆီက သိရပါတယ်။ ယခုသီတင်းကျွတ်ကာလမှာ နေအိမ်ပြန်ဖို့ စီစဉ်ထားပေမယ့် တိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိ ခရီးသည်တင်ကားတွေ မပြေးဆွဲနိုင်သေးလို့ အိမ်မပြန်ရသေးဘူးလို့ လောက်ကိုင်မြို့က ကားဝပ်ရှော့တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုဖြိုးက ပြောပါတယ်။ “ကျွန်တော်တို့ တစ်ဖွဲ့လုံး ပြန်ဖို့ စောင့်နေတာ။ အိမ်ကလည်း စိတ်ပူနေလှပြီ။ ပြန်ဖို့က လမ်းတွေက ဘယ်မှာမှ စိတ်မချရသေးဘူး။ လိုင်းကားတွေလည်း ဒီနေ့ထိမထွက်ကြသေးဘူး။ ဒီက အလုပ်သမားတွေအားလုံး အိမ်ပြန်ချင်ကြပြီ။ လောက်ကိုင်မှာလည်း ဘယ်တော့တိုက်ပွဲဖြစ်မလဲ မသိသေးဘူး” လို့ ၎င်းက ပြောပါတယ်။ အလားတူ […]
ရှမ်းပြည်နယ်(မြောက်ပိုင်း)-၂၀၂၃ အောက်တိုဘာ ၃၁ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနဲ့ မူဆယ်မြို့ပေါ်မှာ တိုက်ပွဲတွေကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ သုံးဆနီးပါးမြင့်တက်သွားပြီး အလုအယက်ဝယ်ယူကြတာကြောင့် ဆိုင်တချို့ပါ ပိတ်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ “မနေ့က သွားဝယ်တာ၊ ကြက်ဥတစ်ကတ်ကို နှစ်သောင်းဖြစ်သွားပြီ။ ဒါတောင် အလုအယက်ဝယ်ရတာ။ တချို့နေရာတွေမှာဆို ဝယ်လို့ကိုမရတော့ဘူး။ ဈေးဝယ်တဲ့သူတွေအများကြီးပဲ။ ဆန်ဆီကအစ အကုန်ဈေးတွေတက်တာ။ ၁၀၅ မိုင်ကလည်း တိုက်ပွဲတွေဖြစ်နေတော့ ကုန်ကားတွေမဝင်တော့ဘူး။ မြို့ထဲက ဆိုင်တွေလည်း အတော်များများပိတ်သွားကြပြီ” လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။ မူဆယ်မြို့ပေါ်မှာ ဆန်တစ်ပြည်ကို တစ်သောင်းခွဲနှစ်သောင်းဝန်းကျင်၊ ကြက်တစ်ကောင်ကို နှစ်သောင်းခွဲကနေ သုံးသောင်း၊ ကန်စွန်းရွက်တစ်စည်းကို တစ်ထောင်အထိဈေးတွေမြင့်တက်နေသလို အခြားလူသုံးကုန်ပစ္စည်းတွေလည်း နှစ်ဆနီးပါး ဈေးတက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ လားရှိုးမြို့ပေါ်မှာလည်း တိုက်ပွဲတွေကြောင့် ဆိုင်အများစု ပိတ်ထားကြပြီး အခြေခံစားသောက်ကုန်ဈေးတွေတက်သွားတယ်လို့ လားရှိုးမြို့ခံတစ်ဦးကပြောပါတယ်။ “လူတွေက ကြောက်လန့်ပြီး […]
ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၂၉ (မော်ကွန်း) စစ်ကောင်စီက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ သီတင်းကျွတ်စျေးရောင်းပွဲတော်ကို လုံခြုံရေးတင်းကြပ်စွာ ဆက်လက်ကျင်းပနေပါတယ်။ စျေးဆိုင်ခန်းရာနဲ့ချီကို ဆိုင်ခန်းငှါးခပေးစရာမလိုဘဲ စစ်ကောင်စီကကျင်းပနေတာလို့ ဆိုင်ခန်းဖွင့်လှစ်ထားသူတွေကပြောပါတယ်။ “လူ မစည်၊ စည်အောင်လုပ်နေတာ” လို့ ပွဲတော်မှာ ဆိုင်ဖွင့်လှစ်ထားသူကပြောပါတယ်။ ရင်ပြင်အတွင်းမှာ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာ၊ မိုင်တဲဆင်းကဒ် ဝန်ဆောင်မှုတွေ၊ အစားအစာနဲ့ ငါးလုပ်ငန်းဆိုင်ခန််းတွေဖွင့်လှစ်ထားကြပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေမှာတော့ ဝါဒဖြန့်အငြိမ့်တွေနဲ့ တေးသံသီဆိုမှုတွေပါဝင်ပါတယ်။ အငြိမ့်အဖွဲ့မှာ လူရွှင်တော်ဒိန်းဒေါင်ကိုလည်း တွေ့ရပါတယ်။ စျေးရောင်းပွဲကျင်းပနေတဲ့ ပြည်သူ့ရင်ပြင်ပရဝုဏ် အတွင်းကော အပြင်မှာလည်း စစ်ကောင်စီတပ်သားတွေ ကလုံခြုံရေးအပြည့်ယူထားတာပါ။ စစ်ကောင်စီက ဒီပွဲတော်ကို ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မနက်ဖြန်ထိကျင်းပဖို့ရှိ တယ်လို့သိရပါတယ်။ ပုံစာ- စစ်ကောင်စီကပြုလုပ်တဲ့ ပြည်သူ့ရင်ပြင်သီတင်းကျွတ်စျေးရောင်းပွဲတော်မြင်ကွင်း ဓာတ်ပုံ- Mawkun
ရန်ကုန်- ၂၀၂၃ အောက်တိုဘာ ၂၉ (မော်ကွန်း) သတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ရွှေတိဂုံဘုရားမှာ မီးရှူးမီးပန်းပစ်ဖောက် ပူဇော်တာကို စစ်ကောင်စီက ဒီနေ့ည ၉ နာရီမှာ ပြုလုပ်ခဲ့တာကို ကန်တော်ကြီးပန်းခြံဘက်မှ မြင်တွေ့ရတာ ဖြစ်ပါတယ်။ ဓါတ်ပုံ- မော်ကွန်း
ရန်ကုန်-၂၀၂၃ အောက်တိုဘာ ၂၉ (မော်ကွန်း) ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ရန်ကုန်မြို့က နာမည်ကြီး ဘုရားများ နည်းတူ ဗိုလ်တထောင်ကျိုက်ဒေးအပ်စေတီမှာလည်း ဘုရားဖူးများနဲ့ စည်ကားနေတာကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ဓါတ်ပုံ- မော်ကွန်း
မန္တလေး-၂၀၂၃ အောက်တိုဘာ ၂၉ (မော်ကွန်း) မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းမှာရှိတဲ့ ဦးပိန်တံတားဟာ ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာ အခါတော်နေ့မှာ လာရောက်လည်ပတ်သူများတာကြောင့် နေ့လယ်ပိုင်းက တံတားကျိုးကျပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ အမရပူရဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ “တံတားအရှေ့ဘက်အခြမ်းက အကန့်နှစ်ကန့်ကျိုးကျတာ။ နှစ်နာရီလောက်ကဖြစ်တာပါ။ တံတားကလည်းဟောင်း၊ လာလည်တဲ့သူများတော့ ဝိတ်မခံနိုင်ဖြစ်ပြီး ကျိုးကျတာ။ ကယ်ဆယ်ရေးအဖွဲ့တွေတော့ ကူညီရေးတွေလုပ်နေကြတယ်” လို့ ဦးပိန်တံတားအနီးမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ ကျိုးကျတဲ့ တံတားနဲ့အတူ လာရောက်လည်ပတ်သူတချို့လည်း ရေထဲပြုတ်ကျတာကြောင့် ထိခိုက်ဒဏ်ရာရတာတွေရှိနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ လူထိခိုက်သေဆုံးမှု ရှိမရှိသေချာသိရဖို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးကော်မတီကို မော်ကွန်းကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် နောက်မှပြန်ဆက်ဖို့ ပြောပါတယ်။ ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်မှာ မန္တလေးမြို့တွင်းက နာမည်ကြီးနေရာတွေဖြစ်တဲ့ ဦးပိန်တံတား၊ မဟာမြတ်မုနိ၊ ကုသိုလ်တော်၊ မန္တလေးကျောက်တော်ကြီးဘုရား၊ မန္တလေးတောင်နဲ့ တိရိစ္ဆာန်ရုံတွေမှာ လာရောက်လည်ပတ်သူတွေနဲ့ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."