ရန်ကုန်- ၂၀၂၃ အောက်တိုဘာ ၁၉ (မော်ကွန်း)
ဘီလူးချောင်းရေတက်လာလို့ လွိုင်ကော်မြို့နယ်က ရပ်ကွက်ငါးခုရေမြုပ်နေပြီး သက်ကြီးရွယ်အိုတွေပြောင်းရွှေ့နေကြတယ်လို့ ဒေသအခြေစိုက် ပရဟိတအသင်းတာဝန်ခံကပြောပါတယ်။
လက်ရှိမှာ ဘီလူးချောင်းတစ်လျှောက်က နမ့်ကွတ်၊ ရှမ်းပိုင်း၊ လောဓမ၊ ရွှေတောင် နဲ့ မှုံပြာရပ်ကွက်တွေမှာ ရေတွေဝင်ရောက်နေတယ်လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ ရေကပြန်မကျသေးဘဲ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေက ဒူးကနေခါးလောက် အထိရောက်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။
လွိုင်ကော်မြို့နယ်မှာ ဘီလူးချောင်းရေဟာ ၄၈ နာရီအတွင်း လေးလက်မခန့် ထပ်တိုးလာမှာဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်ထားကြဖို့ စစ်ကောင်စီက မနေ့က ကားနဲ့လှည့်လည် အသိပေးနှိုးဆော်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဘီလူးချောင်းတစ်လျှောက်က ရပ်ကွက်တစ်ချို့ကနေအိမ်တွေမှာ စစ်ကောင်စီက သဲအိတ်ကာတာ တွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလအစောပိုင်းက လွိုင်ကော်မြို့နယ်လို့ပဲ ငမိုးရိပ်ရေလှောင်တမံ ရေပြည့်အမှတ်ကျော်ခဲ့လို့ လှည်းကူးမြို့နယ်မှာ ရေလွှမ်းမိုးခဲ့ပါတယ်။
လှည်းကူးမြို့နယ်ကရေတွေဟာ ငမိုးရိပ်ချောင်းအတိုင်းစီးဆင်းလာပြီး ဒဂုံမြို့သစ် (အရှေ့ပိုင်းမြို့နယ်) မှာ ရေလွှမ်းမှုကြုံနေရတယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။
ပုံစာ- လွိုင်ကော်မြို့နယ်မှာ ဘီလူးချောင်းရေ တက်လာမှုမြင်ကွင်း။
ဓာတ်ပုံ – Aung Moe Myint

