ရန်ကုန် – ဩဂုတ် ၁၅ (မော်ကွန်း) ရန်ကုန်မြို့မှာ စက်သုံးဆီမရတာကြောင့် ကျောင်းအကြိုအပို့ကားတွေ မထွက်နိုင်တဲ့အတွက် အခြေခံပညာကျောင်းသားတွေ အခက်အခဲတွေဖြစ်နေတယ်လို့ ကျောင်းသားမိဘတချို့က ပြောပါတယ်။ ရန်ကုန်မြို့က အစိုးရကျောင်းတွေအပြင် ပုဂ္ဂလိကကျောင်းတွေမှာပါ ကျောင်းအကြိုအပို့ယာဉ်တွေဟာ စက်သုံးဆီမရတာကြောင့် ကျောင်းသားတွေကို အကြိုအပို့မလုပ်နိုင်ဖြစ်နေကြတာပါ။ သင်္ဃန်းကျွန်းမြို့နယ်က ကျောင်းသားမိဘတစ်ဦးကတော့ သူတို့ရပ်ကွက်ထဲက ပုံမှန်လာကြိုနေကျ ကျောင်းကားဟာ ဒီနေ့မနက်မှာ စက်သုံးဆီမရှိလို့ မထွက်နိုင်တဲ့အတွက် သူတို့သားသမီးတွေကို Taxi ငှားပြီး ကျောင်းလိုက်ပို့လိုက်ရတယ်လို့ ပြောပါတယ်။ “ပုံမှန်ဆိုရင်တော့ ကျောင်းကားက တစ်စီးပျက်ရင် နောက်တစ်စီးပြောင်းပေးတာရှိသေးတယ်။ အခုတစ်စီးမှမထွက်နိုင်ဘူး” လို့ ၎င်းကျောင်းသားမိဘက ပြောပါတယ်။ ကျောင်းကြိုပို့ယာဉ်လုပ်ငန်း လုပ်ကိုင်သူတွေကလည်း ဒီလကုန်ထိစက်သုံးဆီမရဘူးဆိုရင်တော့ သူ့ရဲ့ ကျောင်းကားတွေကို ရပ်ထားရတော့မယ့် အခြေအနေဖြစ်နေတယ်လို့ ပြောပါတယ်။ “မနက်အစောကြီးကဆီတန်းစီတာ ညနေမှရတယ်။ ဒီပုံစံနဲ့တော့ လကုန်ရင် ကျောင်းတွေကလည်း ကားတွေ […]
လားရှိုး- ၂၀၂၄ ဩဂုတ် ၁၄ (မော်ကွန်း) ကိုးကန့်တပ်(MNDAA) နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးရဲ့ ဒီနေ့ မြင်ကွင်းတွေဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း စစ်ကောင်စီဟာ ဒီမြို့တော်ကို တော်လှန်ရေးတပ်တွေထံ ဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ စစ်ရှောင်မြို့ခံတချို့ဟာ မြို့ကို ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မြို့မှာ လျှပ်စစ်မီးနဲ့ အင်တာနက်၊ ဖုန်းလိုင်းတွေကတော့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ဓါတ်ပုံ- AKM 🌐 Website မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ 🌐 Telegram https://t.me/MawkunMM 🌐 Facebook https://facebook.com/mawkunmagazine 🌐 Youtube https://youtube.com/@mawkunmagazine494/community 🌐 TikTok https://tiktok.com/@mawkun.magazine 🌐 X https://x.com/MawKunMM […]
ဂွ – ၂၀၂၄ သြဂုတ် ၁၄ (မော်ကွန်း) စစ်ရေးပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံးမြို့နယ်ဖြစ်တဲ့ ဂွမှာ စစ်ကောင်စီဆေးဝန်ထမ်းတွေ စွန့်ခွာထွက်ပြေးသွားတဲ့အတွက် ဆေးရုံတွေအားလုံးကို ပိတ်လိုက်ရပြီဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒါကြောင့် အရေးပေါ်လူနာတချို့ကို ဘေးလွတ်ရာကိုရွှေ့ပြီး ဒေသခံဆေးဝန်ထမ်းတချို့နဲ့ ရပ်ရွာလူထုက ဆက်လက်ကူညီပေးနေကြတယ်လို့ သူတို့ကပြောကြပါတယ်။ ” အရေးပေါ်လူနာတွေကလွဲရင် တစ်ခြားလူနာတွေကို ဆေးရုံဆင်းခိုင်းလိုက်ပြီးတော့ ကျန်တဲ့လူနာတွေနဲ့ ဝန်ထမ်းတွေက ဘေးလွတ်ရာနေရာဆီကို ပြောင်းသွားကြတယ်” လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။ ဆရာဝန်တွေ ထွက်ပြေးသွားတဲ့ ဆေးရုံတွေမှာ လူနာတွေကို ဆက်ထားတဲ့အခါ စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲ တာမျိုးတွေ လုပ်လာခဲ့ရင် ထိခိုက်သေဆုံးမှု ရှိနိုင်တာကြောင့် အခုလို စီစဉ်လိုက်ကြတာလို့ ဒေသခံတချို့က ပြောပါတယ်။ ယခင်ကလည်း AA ထိန်းချုပ်သွားပြီးဖြစ်တဲ့ ရခိုင်မြောက်ပိုင်းဒေသထဲက ဆေးရုံတချို့ကို စစ်ကောင်စီက ဗုံးကြဲဖူးတဲ့အတွက် […]
ရန်ကုန် – ၂၀၂၄ ဩဂုတ် ၁၄ (မော်ကွန်း) အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း စက်သုံးဆီအကျပ်အတည်းဟာ အဆိုးဆုံးအခြေအနေကို ကြုံနေရပါပြီ။ ရန်ကုန်မြို့မှာတင် မိုင်နဲ့ချီတဲ့ ယာဉ်တန်းရှည်တွေကို စက်သုံးဆီဆိုင်တွေအနီးမှာ ရစ်ခွေတန်းစီနေကြတာကို တွေ့နေရတာပါ။ သတင်းပတ်နဲ့ချီကြာလာပြီဖြစ်ပေမယ့် ဒီအခြေအနေကို စစ်ကောင်စီက ဖြေရှင်းနိုင်ပုံမပေါ်သေးတာကို ရန်ကုန်က ဆီတန်းစီနေတဲ့ ကားတန်းတွေက သက်သေခံနေပါတယ်။ သီလဝါမှာ စက်သုံးဆီဆိုင်တွေအတွက် ဆီထုတ်ယူဖို့ စောင့်ဆိုင်းနေတဲ့ ဆီသယ်ယာဉ်မောင်းတချို့ရဲ့ အဆိုအရ သိုလှောင်ကန်တွေမှာဆီရှိပေမယ့် စစ်ကောင်စီ ရေနံ-ဓါတုဌာနရဲ့ ခွင့်ပြုမိန့် မကျတဲ့အတွက် ထုတ်ယူလို့မရတဲ့အဖြစ်နဲ့ ကြုံနေရတာလို့ ဆိုကြပါတယ်။ အဲဒီမှာလည်း ရာနဲ့ချီတဲ့ဆီသယ်ယာဉ်တွေ တန်းစီစောင့်နေကြတာ ကြာပါပြီ။ “ တချို့ကားတွေဆိုရင် ၁၀ ရက်ကျော်နေပြီ၊ ဆီထုတ်ဖို့ စောင့်နေတာ။ ဒီနေ့ဆိုရင် ဘယ်ကန်က ထုတ်ပေးမလဲဆိုတာကို အခုထိ မသိရသေးဘူး” လို့ […]
စစ်တွေ -၂၀၂၄ သြဂုတ် ၁၃(မော်ကွန်း) ရခိုင်က စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေပြတ်လပ်ပြီး ဈေးနှုန်းမြင့်တက်နေတာကြောင့် ဓမ္မတာလာစဉ်မှာ ဖြေရှင်းကြဖို့ အခက်ကြုံနေရတယ်လို့ စစ်ရှောင်အမျိုးသမီးတချို့က ပြောပါတယ်။ အမျိုးသမီးလစဉ်သုံးပစ္စည်းတစ်ထုပ်ကို ကျပ် ၄,၀၀၀ နဲ့ ၅,၀၀၀ ကြားအထိ ရခိုင်မှာ ဈေးမြင့်တက်နေတာလည်းဖြစ်ပါတယ်။ စားစရာအတွက် လိုအပ်တဲ့ရိက္ခာကို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေထံက ရပေမယ့် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို လှူပေးမယ့် အလှူရှင်တွေ မရှိသလောက်နည်းပါးနေတာကြောင့် စစ်ရှောင်အမျိုးသမီးအများစု အခက်တွေ့နေ ကြရတာပါ။ ” စားနပ်ရိက္ခာကတော့ လူဦးရေအလိုက် တွက်ချက်ပြီး ပေးပါတယ်။ အမျိုးသမီးတွေအတွက် လစဉ်သုံးအထုတ်တွေတော့ မရဘူး။ စစ်ရှောင်စခန်းက တာဝန်ရှိသူတွေကို လစဉ်သုံးထုတ်တွေ ထောက်ပံ့ပေးဖို့တစ်ဆင့်ခံ ပြောကြည့်ပေမဲ့ ဒီကာလမှာ စားနပ်ရိက္ခာရဖို့အတွက်တောင် မနည်းလုံးပန်းပြီး အလှူရှင်တွေလိုက်ရှာနေရတာ ငါ့တူမရေဆိုပြီး ပြောတယ်” လို့ စစ်တွေမြို့နယ်က စစ်ရှောင်အမျိုးသမီးတစ်ဦးက […]
နမ့်ဆန်- ၂၀၂၄ ဩဂုတ် ၁၃ (မော်ကွန်း) စစ်ရှုံးပြီး လက်လွှတ်ခဲ့ရတဲ့ မြို့ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေတိုးလာနေပြီး အခုနောက်ဆုံး နမ့်ဆန်မြို့ကို ဗုံးကြဲရာမှာ အရပ်သားသေဆုံးမှုတွေ ရှိတယ်လို့ တအာင်းတပ်မတော်(TNLA) က ဒီမနက်ထုတ်ပြန်ပါတယ်။ နမ့်ဆန်မြို့ကို မနေ့ည ၁၂ နာရီ ဝန်းကျင်မှာ ဗုံးခြောက်လုံးကြဲချတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦးသေ၊ တစ်ဦးထိခိုက်ပြီး အဆောက်အဦတွေ ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ လူခြောက်ဦးသေပြီး ၁၀ ဦး ဒဏ်ရာရခဲ့တဲ့ TNLA ရဲ့ မဟာမိတ် အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာ မြောက်ဦးမြို့ကို ဗုံးကြဲပြီး နှစ်ရက်အကြာမှာ အခုလို ထပ်လုပ်တာပါ။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုဟာ နမ့်ဆန်မြို့လယ်က လျှပ်စစ်ရုံးထဲကျတာကြောင့် ဒီလို လူတွေသေ၊ အဆောက်အဦတွေ ပျက်စီးခဲ့တာလို့ ဖော်ပြတယ်။ TNLA […]
မြေပုံ-၂၀၂၄ သြဂုတ် ၁၂( မော်ကွန်း) စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီဈေးနှုန်းတွေ အဆမတန်ထိုးတက်နေတာကြောင့် ဒေသခံတွေ စားဝတ်နေရေးကျပ်တည်းခက်ခဲနေကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ” ခေတ်မကောင်းလို့ အလုပ်တွေရှားနေတဲ့အထဲ ကုန်ဈေးနှုန်းတွေက အဆပေါင်းများစွာတက်နေတော့ ဘယ်လိုစားရမလဲ၊ ဝင်ငွေနဲ့ထွက်ငွေက ဘယ်လိုမှမကိုက်ဘူး။ မိသားစုတစ်စုထမင်းတစ်နပ်စားဖို့အတွက် အနည်းဆုံး ငွေ(ကျပ်)နှစ်သောင်းဝန်းကျင်လောက်ကုန်တယ်။ ဒီကာလမှာတစ်နေ့လုံး အလုပ်လုပ်လို့ နှစ်သောင်းရတဲ့အလုပ်ရှိလို့လား” လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ်မှာ နေထိုင်တဲ့ ကျပန်းအလုပ်သမားတစ်ဦးက ပြောပါတယ်။ ဒီမြို့ကို လက်ရှိမှာ အာရက္ခတပ်တော်(AA) က ထိန်းချုပ်ထားပြီး လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း စစ်တွေနဲ့ မောင်တောမြို့ကလွဲရင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်အားလုံးကို AA က သိမ်းထားနိုင်တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာကတည်းက စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းကို ကုန်စည်ကူးသန်း သယ်ဆောင်ခွင့် ပိတ်ဆို့ ဖြတ်တောက်ထားတာဖြစ်ပြီး […]
ရန်ကုန် – ဩဂုတ် ၁၂ (မော်ကွန်း) ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး အတက်ကြမ်းနေတဲ့ ၁၆ ပဲရည် အခေါက်ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ ဒီနေ့မှာလည်း အမြင့်ဆုံးကိုဆက်လက်ရောက်ရှိလာပါတယ်။ အခေါက်ရွှေဈေးနှုန်း ပြင်ပပေါက်ဈေးဟာ ဒီနေ့မှာ တစ်ကျပ်သားကို ကျပ် ၇၈ သိန်းဝန်းကျင်ထိ ရောက်ရှိလာတာပါ။ ပြီးခဲ့တဲ့လ နောက်ဆုံးပတ်မှာ တစ်ကျပ်သားကို ကျပ်သိန်း ၆၀ ကျော်ကို စတင်ရောက်ရှိခဲ့ပြီး သီတင်းပတ်နှစ်ပတ်ကျော်ကာလအတွင်း တစ်ကျပ်သားကို ၁၈ သိန်းနီးပါး မြင့်တက်ခဲ့တာပါ။ ရွှေဈေးစံချိန်တင်အမြင့်ဆုံးရောက်နေသလို နိုင်ငံခြားငွေတွေဖြစ်တဲ့ ကန်ဒေါ်လာ၊ တရုတ်ယွမ်၊ ထိုင်းဘတ်တို့ရဲ့ လဲလှယ်နှုန်းတွေဟာ စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိနေပါတယ်။ ဒီနေ့ညနေပိုင်းမှာ အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ ၆,၄၀၀ ကျော်ထိ ပေါက်ဈေးဖြစ်နေသလို၊ တရုတ်ငွေတစ်ယွမ်ကို ၉၀၀ ကျပ်နီးပါးကို ရောက်ရှိလာပြီး ထိုင်းတစ်ဘတ်ကိုလည်း ၁၈၀ […]
ရန်ကုန်- ၂၀၂၄ ဩဂုတ် ၁၂ (မော်ကွန်း) မြန်မာနိုင်ငံရဲ့ အဓိကဆီသိုလှောင်ရာ ရန်ကုန်မြို့က သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီထုတ်ပေးမှု နှေးကွေးနေတာကြောင့် မိုင်နဲ့ချီတဲ့ ဆီသယ်ယာဉ်တွေ ရက်နဲ့ချီ ညအိပ်တန်းစီစောင့်ဆိုင်းနေကြရတယ်လို့ ဆီသယ်ယာဉ်မောင်းတချို့က ပြောပါတယ်။ ဒီအခြေအနေကြောင့် လာမယ့်ရက်ပိုင်းတွေမှာ ရန်ကုန်နဲ့ တခြားဒေသတွေမှာ စက်သုံးဆီအခက်အခဲပိုမိုကြီးမာလာနိုင်တယ်လို့လည်း သူတို့ကဆိုကြပါတယ်။ “ကုလားဝဲတံတားကနေ အရည်ကြို(ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေစက်ရုံ-သီလဝါ)အထိ ကားတွေက အပြည့်ပဲ။ ဆီလည်း ထုတ်မပေးဘူး” လို့ ဒီနေ့ ညနေပိုင်းမှာ ဆီသယ်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ ဆီသိုလှောင်ရုံတွေမှာဆီရှိပေမယ့် ဆီထုတ်ခွင့်ချမပေးတာကြောင့် စက်သုံးဆီဆိုင်တွေဟာ ဆီသယ်ဖို့ အခက်တွေ့ နေကြရတာလို့ သူက ဆက်ပြောပါတယ်။ စစ်ကောင်စီဟာ စက်သုံးဆီသယ်ဆောင်၊ဖြန့်ဖြူးခွင့်ကို ထိန်းချုပ်ထားတာဖြစ်ပြီး ဆီသိုလှောင်ရုံကနေ ဆီသယ်ယူခွင့်ရဖို့ ဆီဆိုင်တွေဟာ စာရွက်စာတမ်းတွေ အဆင့်ဆင့်ပြုလုပ်နေကြရတာလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းက စက်သုံးဆီဆိုင်တွေမှာလည်း ရာနဲ့ချီတဲ့ကားတွေ တမျှော်တခေါ် […]
ကော်သူးလေ – ၂၀၂၄ ဩဂုတ် ၁၂ (မော်ကွန်း အခုရောက်ရှိနေတဲ့ ဝါခေါင်လဟာ ကရင်လူမျိုးတွေရဲ့ချည်ဖြူဖွဲ့မင်္ဂလာ ကျင်းပပြုလုပ်တဲ့လဖြစ်ပြီး လက်ချည်ပွဲလို့လည်း ခေါ်ကြပါတယ်။ ကော်သူးလေ ဒေသထဲမှာ လက်ချည်ပွဲတွေ ကျင်းပပြုလုပ်နေကြပြီး အခုမြင်တွေ့ရတဲ့ ပုံတွေကတော့ ကေအဲန်ယူတပ်မဟာ ၆ ထဲက လက်ချည်ပွဲတစ်ပွဲရဲ့ မြင်ကွင်းပါ။ တရုတ်-တိဗက်ဒေသကနေ ကရင်လူမျိုးတို့ ရေကြည်မြက်နုရာ ထွက်ခွာခဲ့ရာမှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး လူမျိုးအချင်းချင်း မှတ်မိအောင် ချည်ဖြူဖွဲ့ပြီး အမှတ်အသားပြုလုပ်ခဲ့တာလို့ ကရင့်သမိုင်းတွေမှာ ဖော်ပြတယ်။ ဒါအပြင် ရောဂါဘေး၊ ကပ်ဆိုးတွေ၊ အန္တရာယ်တစ်ခုခုကြုံရချိန်တွေမှာလည်း ဘေးကင်းအောင် ချည်ဖြူဖွဲ့ပြီး ဆုတောင်းပေးတာမျိုးလည်း ရိုးရအရပြုလုပ်ကြပါတယ်။ ချည်ဖြူဖွဲ့မင်္ဂလာပြုလုပ်ဖို့အတွက် ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ ရေ၊ ကြံပိုင်း၊ ယောက်မ၊ ဆန်ကောတွေလိုအပ်ပါတယ်။ ပွဲစတင်ချိန်မှာ သက်ကြီးဝါကြီးသူတွေက […]
ကော်သူးလေ – ၂၀၂၄ ဩဂုတ် ၁၁ (မော်ကွန်း) ပြီးခဲ့တဲ့လက အဆက်မပြတ်မိုးရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ကော်သူးလေနယ်မြေမှာ မိုးစပါးတွေ ရေနစ်မြှုပ်ခဲ့ပြီး ရေပြန်ကျချိန်မှာ စပါးထပ်စိုက်ရလို့ စိုက်စရိတ်တွေ နှစ်ခါကုန်ကျသွားပါတယ်။ မုန်တိုင်းအရှိန်နဲ့ မုတ်သုံလေတွေ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ အားကောင်းလာတာကြောင့် မိုးတွေဟာ သီတင်းနှစ်ပတ်လောက် အဆက်မပြတ်ရွာသွန်းနေခဲ့ပြီး မြန်မာပြည်တောင်ပိုင်းတခွင်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာပါ။ ကော်သူးလေဒေသထဲက မြေအနိမ့်ပိုင်း၊ မြစ်ချောင်းတွေနဲ့နီးစပ်တဲ့ဒေသတွေမှာတော့ စိုက်ပျိုးထားခါစ မိုးစပါးပျိုးပင်တွေ ရေနစ်မြုပ်ကုန်ပါတယ်။ “ ကုန်တာကတော့ တော်တော်ကုန်တယ်။ ခုစပါးပျိုးပင်လေးတွေ ရေမြှုပ်တာကြာတော့ သုံးလို့မရတော့ဘူး။ နွားစာဘဲဖြစ်တော့တယ်။ ပျိုးပင်အသစ်တွေထပ်ဝယ်ရတယ်”လို့ ကေအဲန်ယူ၊ တပ်မဟာ ၆ ဒေသထဲက လယ်သမား၊ စောဘိုးကထိန်ကပြောပါတယ်။ လက်ရှိမှာ စပါးပျိုးပင် တစ်တင်းကို ၅၀,၀၀၀ ကျပ်နဲ့ဝယ်ယူရပြီးနေ့စားအငှားစိုက်သူတွေ တစ်ဦးကို တစ်ရက် ၂၀,၀၀၀ ကျပ်ပေးရပါတယ်။ […]
ကော့ကရိတ် – ၂၀၂၄ ဩဂုတ် ၁၁ (မော်ကွန်း) အာဏာသိမ်းစစ်တပ် ပြန်လည်ရယူထားတဲ့ ကော်သူးလေ၊ ကော့ကရိတ်မြို့မှာ လူနေအိမ်တွေက ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါ်တင်ခိုးယူနေကြတယ်လို့ မြို့နေထိုင်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကော့ကရိတ်မြို့ကို ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ပြီး ခေတ္တသိမ်းပိုက်နိုင်ခဲ့ကာ ၂၀၂၄ နွေရာသီမှာတော့ အာဏာသိမ်းစစ်တပ်ဘက်ကစစ်အင်အား ၁,၅၀၀ လောက်အသုံးပြုပြီး လေကြောင်းထိုးစစ်နဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ရဲ့တစိတ်တပိုင်းကို ထိန်းချုပ်ထားစဉ်အချိန်တုန်းကလည်း အာဏာသိမ်းစစ်တပ်ဟာ မြို့ပေါ်ရပ်ကွက်တွေကို နေ့စဉ်မီးရှို့တာတွေပြုလုပ်ခဲ့ပါတယ်။ အခုတော့ မြို့မှာ ပြန်လည်နေထိုင်ကြသူတွေကို လုံခြုံရေးအပါအဝင် မြို့အင်္ဂါရပ်နဲ့အညီ ဝန်ဆောင်မှုမပေးနိုင်တဲ့အပြင်လျှပ်စစ်မီးလည်း မရရှိသေးပါဘူး။ “မီးရလည်း ဘာမှလုပ်မရပါဘူး၊ ကိုယ့်မီးရှိလည်း ထွန်းမရဘူး၊မှောင်တာနဲ့ မီးထွန်းရင်တောင် ပစ်မယ်လို့ ပြောထားတယ်”လို့မြို့ခံတစ်ဦးကပြောပါတယ်။ မြို့ခံ အများစုပြန်လည်နေထိုင်ခြင်းမပြုကြတာကြောင့် လူမနေတဲ့ အိမ်ကြီးအိမ်ကောင်းတွေက တန်ဖိုးကြီးပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ကာ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."