နမ့်ဆန်- ၂၀၂၄ ဩဂုတ် ၁၃ (မော်ကွန်း)
စစ်ရှုံးပြီး လက်လွှတ်ခဲ့ရတဲ့ မြို့ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေတိုးလာနေပြီး အခုနောက်ဆုံး နမ့်ဆန်မြို့ကို ဗုံးကြဲရာမှာ အရပ်သားသေဆုံးမှုတွေ ရှိတယ်လို့ တအာင်းတပ်မတော်(TNLA) က ဒီမနက်ထုတ်ပြန်ပါတယ်။
နမ့်ဆန်မြို့ကို မနေ့ည ၁၂ နာရီ ဝန်းကျင်မှာ ဗုံးခြောက်လုံးကြဲချတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦးသေ၊ တစ်ဦးထိခိုက်ပြီး အဆောက်အဦတွေ ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ လူခြောက်ဦးသေပြီး ၁၀ ဦး ဒဏ်ရာရခဲ့တဲ့ TNLA ရဲ့ မဟာမိတ် အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာ မြောက်ဦးမြို့ကို ဗုံးကြဲပြီး နှစ်ရက်အကြာမှာ အခုလို ထပ်လုပ်တာပါ။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုဟာ နမ့်ဆန်မြို့လယ်က လျှပ်စစ်ရုံးထဲကျတာကြောင့် ဒီလို လူတွေသေ၊ အဆောက်အဦတွေ ပျက်စီးခဲ့တာလို့ ဖော်ပြတယ်။
TNLA ထိန်းချုပ်သိမ်းထားပြီးဖြစ်တဲ့ ဒေသထဲက မြို့ရွာတွေကို စစ်ကောင်စီက ဒီလအတွင်း ဗုံးကြဲရာမှာ နမ့်ဆန်မြို့ မတိုင်ခင် ဩဂုတ် ၆ ရက်ကလည်း ကွတ်ခိုင်မြို့ကို ဗုံးကြဲချခဲ့ပြီး အရပ်သား ခြောက်ဦးသေကာ ၁၀ ဦး ဒဏ်ရာ ရခဲ့သလို ကွတ်ခိုင်ဈေးလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။
ဒါအပြင် လားရှိုးမြို့ကို သိမ်းထားတဲ့ ကိုးကန့်တပ်( MNDAA )ရဲ့ ဌာနချုပ်မြို့ဖြစ်တဲ့ လောက်ကိုင်ကိုလည်း ဗုံးကြဲနေသလို AA ထိန်းချုပ်ရာ ရခိုင်မြောက်ပိုင်းက မြို့ရွာတွေကိုလည်း ဗုံးကြဲတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးနေကြတာ ဖြစ်ပါတယ်။
မြောက်ပိုင်းညီနောင်တပ်ဖွဲ့တွေနဲ့ သူတို့မဟာမိတ်တွေရဲ့ ထိုးစစ်တွေကြောင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း တစ်ခွင်လုံးနီးပါး လက်လွှတ်ခဲ့ရတဲ့အပြင် မန္တလေးတိုင်းထဲက မြို့တွေပါ အစစ်ပေးထားရတဲ့ စစ်ကောင်စီဟာ ထိုတပ်ဖွဲ့တွေထိန်းချုပ်တဲ့ နောက်တန်းမြို့တွေကို ဗုံးကြဲနေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှု တိုးလာနေပါတယ်။
ပုံစာ- လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နမ့်ဆန်မြို့က လျှပ်စစ်ရုံးနှင့် အဆောက်အအုံတချို့။
ဓါတ်ပုံ- TNLA ပြန်ကြားရေး
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

