သတင်းများ

မသန်စွမ်းသူများအနုပညာပွဲတော်ရန်ကုန်တွင်ကျင်းပ

January 2, 2020

ဒီဇင်ဘာ၂၈၊ ရန်ကုန် မသန်စွမ်းသူများအနုပညာပွဲတော်ကို ဒီဇင်ဘာ ၂၈ ရက်နေ့ညပိုင်းက ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်ခဲ့သည်။ အဆိုပါပွဲသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တိုင်းအစိုးရအဖွဲ့ဝင်အချို့တက်ရောက်ကြသည်။ မသန်စွမ်းအမျိုးအစားအသီးသီးမှ မသန်စွမ်းသူများက တေးသီချင်းများဖြင့် သီဆိုခြင်း၊ သရုပ်ဖော်ခြင်း၊ ကပြဖျော်ဖြေခြင်း၊ မီလီဝှီးချဲလ်အကအဖွဲ့က ဝှီးချဲလ်ဖြင့် ကပြဖျော်ဖြေခြင်း၊ စင်္ကာပူနားမကြားအဖွဲ့၊ ဖိလစ်ပိုင်ဝှီးချဲလ်အဖွဲ့တို့က ကပြဖျော်ဖြေခဲ့ကြသည်။ ဓါတ်ပုံ – ကောင်းထက်စံ၊ ဖြိုးထက်အောင် #dailynews

အပြည့်အစုံဖတ်ရန်

တစ်လင်တစ်မယားဥပဒေနဲ့တရားစွဲတာကိုအာမခံပေးလို့သတင်းစာရှင်းလင်း

January 2, 2020

ဖူးမေ၊ ဒီဇင်ဘာ-၃၀ အာမခံပေးမရတဲ့ တစ်လင်တစ်မယားဥပဒေပုဒ်မနဲ့ တရားစွဲခဲ့ပေမယ့် လှည်းကူးတရားရုံးက ကျပ်သိန်း ၁၀၀ နဲ့ အာမခံပေးခဲ့သည့်အပေါ်မကျေနပ်လို့ တရားစွဲသူ အမျိုးသမီးက ဒီနေ့ရန်ကုန်မြို့က City Star ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ တစ်လင်တစ်မယားဥပဒေပုဒ်မ (၁၃) နဲ့ တရားလို ဒေါ်မြင့်မြင့်ဝင်းက သူ့အမျိုးသား ဗိုလ်မှူးအငြိမ်းစား ဦးမောင်မောင်လတ်ကို နိုဝင်ဘာ ၂၆ ရက်က လှည်းကူးမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။ ဒီနောက် တရားရုံးချိန်းကို ဒီဇင်ဘာ ၂၇ ရက်မှာ ခေါ်ခဲ့ကာ ဒေါ်မြင့်မြင့်ဝင်းမတက်ရောက်နိုင်ခဲ့တဲ့ အဲဒီတရားခွင်မှာ တရားသူကြီးရဲ့ဆင်ခြင်တုံ့တရားကို အသုံးပြုလို့ တရားပြိုင်ကို အာမခံပေးခဲ့တာလို့ ဒေါ်မြင့်မြင့်ဝင်းက သတင်းစာရှင်းလင်းပွဲမှာပြောတယ်။ ” အမှန်တရားက ငွေကြေးအရှိန်အဝါ၊ ရာထူးအရှိန်အဝါ ဖိအားတွေ‌အောက်မှာ တကယ်ပျောက်ကွယ်သွားပြီလား ” လို့ ဒေါ်မြင့်မြင့်ဝင်းက […]

အပြည့်အစုံဖတ်ရန်

အဆောင်တံခါးကိုသံကြိုးခတ်ပိတ်ထားတာကြောင့် မြင်းခြံထောင်ဆူပူမှုဖြစ်

January 2, 2020

အောင်ပိုင်၊ ဒီဇင်ဘာ-၃၀   မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံအကျဉ်းထောင်တွင် အဆောင် တံခါး သံကြိုးခတ်ပိတ်တာကြောင့် ယနေ့မနက်ပိုင်းက ဆန္ဒပြဆူပူမှုဖြစ်ခဲ့ကြောင်း အဲဒီနေရာကို ရောက်ရှိခဲ့သည့် မြင်းခြံမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့က ပြောသည်။   “ အဆောင် (၁)၊ တံခါးအဝင်ပေါက်နေရာမှာ သံကြိုးခတ်ပိတ်တာကြောင့် ထောင်ပိုင်နဲ့ အကျဉ်းသားတွေ နားလည်မှု လွဲတာကနေ စပြဿနာဖြစ်တာ။ မနက်ပိုင်းမှာ ထောင်ပိုင်အလိုမရှိလို့ အော်နေကြတယ်” ဟု ၎င်းက ပြောသည်။   လက်တလောတွင် ထောင်အာဏာပိုင်များ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးမှူးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တန်းစီးအကျဉ်းသားများ ညှိနှိုင်းလျက်ရှိရာ အကျဉ်းသားများက အဆောင်တံခါးသံကြိုးခတ် မပိတ်ရေးအပါဝင် အခြားသော တောင်းဆိုချက် ၁၁ ချက်ကို တောင်းဆိုလျက်ရှိသည်ဟု ၎င်းကပြောသည်။   မြင်းခြံအကျဉ်းထောင်တွင် အကျဉ်းသားဦးရေ ၁,၈၀၄ […]

အပြည့်အစုံဖတ်ရန်

ကရင်နီလူငယ်ခြောက်ဦးကို ပြစ်ဒဏ်တိုးမြှင့်ရန် အစိုးရတင်ပြချက် တရားရုံးပလပ်

December 27, 2019

အောင်ပိုင်၊ ဒီဇင်ဘာ ၂၇ အလုပ်နှင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရသည့် ကရင်နီလူငယ်ခြောက်ဦးအမှုနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရက ပြစ်ဒဏ်နည်းပါးသဖြင့် ပြစ်ဒဏ်တိုးမြှင့်ပေးရန် ပြင်ဆင်ချက်ကို လွိုင်ကော်ခရိုင်တရားရုံးက ယနေ့ရုံးချိန်းတွင် ပလပ်လိုက်သည်။ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ရေးဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ချမှတ်ခံရသည့် ကရင်နီလူငယ်ခြောက်ဦးကို ပြစ်ဒဏ်ထပ်တိုးပေးရန် ကယားပြည်နယ်အစိုးရက ခရိုင်တရားရုံးသို့ နိုဝင်ဘာ ၂၂ ရက်က ပြင်ဆင်ချက်တင်သွင်းခဲ့ခြင်းဖြစ်သည်။ အပြီးသတ် အမိန့်ချမှတ်သည့် ယနေ့ရုံးချိန်း၌ ခရိုင်တရားရုံးက အစိုးရ၏ ပြင်ဆင်ချက်ကို ပလပ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး မြို့နယ်တရားရုံးက ချခဲ့သောအမိန့်ကိုသာ အတည်ပြုခဲ့ပြီး ကရင်နီလူငယ်တွေက မြို့နယ်တရားရုံးကချမှတ်ခဲ့သည့် ထောင်ဒဏ်ကို မကျေနပ်သောကြောင့် အယူခံတင်ထားသည်ကိုလည်း ခရိုင်တရားရုံးက ပလပ်လိုက်ပြီဖြစ်ကြောင်း တရားရင်ဆိုင်ခဲ့ရသည့် ကရင်နီလူငယ်ဂျွန်ပေါက ပြောသည်။ “အစိုးရဘက်က […]

အပြည့်အစုံဖတ်ရန်

ထောင်ပြီးသားမြေမြုပ်မိုင်းတွေကိုရှင်းဖို့ အနှစ်၂၀လောက်ကြာနိုင်တယ်လို့ဆို

December 24, 2019

ဇေယျာမြင့်၊ ဒီဇင်ဘာ-၂၄ ယနေ့အထိ ထောင်ခဲ့ပြီးသား နိုင်ငံအနှံ့က မြေမြုပ်မိုင်းတွေကို ရှင်းဖို့တောင် အချိန် နှစ် ၂၀ လောက်ယူရမှာ ဖြစ်တဲ့အတွက် ဒါတွေကို ဆက်လက်အသုံးမပြုကြဖို့ လိုတယ်လို့ မြေမြုပ်မိုင်းအသုံးပြုမှုလေ့လာရေး သုတေသီ ဒေါက်တာ ယေရွှာမိုဆာ ပန်စူဝန်က ပြောပါတယ်။ ယခုအခါ အစိုးရက မိုင်းရှင်းလင်းရေးကျွမ်းကျင်တဲ့ နိုင်ငံတကာအဖွဲ့အစည်း သုံးဖွဲ့ကို တစ်ချို့ပြည်နယ်တွေမှာ မြေမြုပ်မိုင်း စစ်တမ်းကောက်ယူဖို့ ခွင့်ပြုထားပေမယ့် ပေါက်ကွဲပစ္စည်းတစ်ခုခုရှိတယ်လို့ တွေ့ရှိရင်တောင် ဒီအဖွဲ့တွေအနေနဲ့ အသိပေး ဆိုင်းဘုတ်တွေ ကပ်ဖို့ အခွင့်မရသေးဘူးလို့ သူက ပြောတယ်။ ” နိုင်ငံတကာက ကူမယ်ဆို အဆင်သင့်ပဲ။ ဒါပေမယ့် အစိုးရက စေတနာမှန်မှန်နဲ့ အရင်လုပ်ပြရင် နိုင်ငံတကာက ကူမယ်။ အစိုးရက လုပ်ပြလေ၊ နိုင်ငံတကာက Budget (ရန်ပုံငွေ) ပိုကျနိုင်လေ၊ […]

အပြည့်အစုံဖတ်ရန်

မြောက်ဦးကို ခရီးသွားဝင်ရောက်မှု ရပ်ဆိုင်းလုနီးပါးဖြစ်

December 24, 2019

ထက်မြတ်အောင် ဒီဇင်ဘာ ၂၄ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် မြောက်ဦးမြို့သို့ ခရီးသွားဝင်ရောက်မှု အခြေအနေမှာ ရပ်ဆိုင်းလုနီးပါးရှိနေပြီဟု မြောက်ဦးမြို့ ခရီးသွားလုပ်ငန်းရှင်များက မော်ကွန်းကို ပြောသည်။ မြောက်ဦးမြို့သို့ နိုင်ငံခြားခရီးသွား ဝင်ထွက်မူကို ရပ်ဆိုင်းထားပြီး လက်ရှိတွင် ပြည်တွင်း NGO အဖွဲ့အစည်း အနည်းငယ် သာအစည်းအဝေးများ လာရောက်ပြုလုပ်ကြသည်ဟု မြောက်ဦးမြို့ ခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။ မြောက်ဦးနဝရတ်ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက “တချို့ ပြည်တွင်းခရီးသွားတွေ ဝင်နေသေးတာတော့ရှိတယ် လုံးချင်း ပိတ်ပြစ် လိုက်တာမရှိဘူး လူအရေအတွက်က အရင်က ထက်စာရင်အဝင်နည်းသွားတာတော့ရှိတယ်” ဟု ဆိုသည်။ မြန်မာနိုင်ငံ ခရီးသာွးလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ကလည်း ” အရင်တုန်းကဆိုရင် မြောက်ဦးကို သွားဖို့အတွက် စစ်တွေကနေ တစ်ဆင့် ပြည်တွင်းလေကြောင်းလိုင်းတွေပြေးဆွဲကြတယ်။ ပြည်တွင်းလေကြောင်းလိုင်း […]

အပြည့်အစုံဖတ်ရန်

တိုက်ပွဲများတွင်လူသားမိုင်းရှင်းကရိယာအဖြစ်ဒေသခံများကိုအသုံးပြုနေဟုဖော်ပြ

December 24, 2019

ဇေယျာမြင့်၊ ဒီဇင်ဘာ-၂၄ “လူသားမိုင်းရှင်းကရိယာ”အဖြစ် ဒေသခံများကို တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်များပါ ရှေ့တန်းစစ်မြေပြင် များတွင် အသုံးပြုနေသည်ဟု ၂၀၁၉၊ မြေမြုပ်မိုင်းအသုံးပြုမှုစောင့်ကြည့်လေ့လာရေးအစီရင်ခံစာ(မြန်မာ)တွင် ဖော်ပြသည်။ ” ဒါက တိုက်ခိုက်ရေးနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ သာမန်အရပ်သားတွေကို မိုင်းရဲ့ ဒုက္ခသည်တွေဖြစ်စေတဲ့ အကြောင်း ရင်း တစ်ရပ်ပါ ” ဟု မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာပြုစုသူ သုတေသီ ဒေါက်တာ ယေရွှာမိုဆာပန်စူဝန်က ပြောသည်။ ဒီလိုလုပ်ရပ်တွေဟာ လူသားချင်းစာနာမှုနှင့် လူအခွင့်အရေးဥပဒေတွေကို ဆိုးဆိုးရွားရွားချိုးဖောက်တာ ဖြစ်တယ်လို့လည်း သူရဲ့ အစီရင်ခံစာတွင် ဖော်ပြသည်။ မြန်မာ့တပ်မတော် ကာကွယ်ရေးဝန်ကြီးဌာနဘက်ကတော့ ဒီလိုလုပ်ရပ်တွေမရှိဘူးလို့ ငြင်းတယ်လို့ သူက ပြောသည်။ သတင်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ အစီရင်ခံချက်ကို ကိုးကားလို့ လူသားမိုင်းရှင်းကရိယာအဖြစ် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဒေသခံများကို ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ […]

အပြည့်အစုံဖတ်ရန်

ဗစ်တိုးရီးယားတရားမျှတမှုအတွက် ရန်ကုန်တွင် ဆန္ဒပြ

December 24, 2019

ဒီဇင်ဘာ ၂၃ ဗစ်တိုးရီးယားအတွက် အမှန်တရားနဲ့ တရားမျှတမှုအလိုရှိကြသူတွေဟာ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ သုံးနာရီခွဲလောက်မှာ မဟာဗန္ဓုလပန်းခြံကနေ အနော်ရထာ လမ်းတစ်လျှောက် စီတန်း ဆန္ဒပြခဲ့ကြပါတယ်။ “ကျင့်ဝတ်နဲ့ ဥပဒေချိုးဖောက်သော ရဲအရာရှိများ အရေးယူပေး” စတဲ့ ကြွေးကြော်သံတွေနဲ့ အတူ တရားမျှတမှုအတွက်၊ ကျင့်ဝတ်ဖောက်ဖျက်တဲ့ရဲတွေကို အရေးယူဖို့ စာတန်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။ ပြီးတဲ့ရက်ပိုင်းက အစွပ်စွဲခံရသူ အောင်ကြီးကို တရားသူကြီးက တရားရှင်လွှတ်ပေးခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီယားရဲ့အမည်ရင်းနဲ့ ဖခင်အမည်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။   သတင်း၊ ဓါတ်ပုံ – ဂေထော #mawkun #magazine #chronicle #dailynews  

အပြည့်အစုံဖတ်ရန်

ကန်ထရိုက်တိုက်တွေမကြံ့ခိုင်ရင် ကိုယ့်ဘာသာပြင်လို့ဒုဝန်ကြီးပြော

December 19, 2019

ကျော်ဇေယျ ဒီဇင်ဘာ-၁၈ ကန်ထရိုက်တိုက် ဝယ်နေတဲ့သူတွေဟာ အပြီးအပြတ်အရောင်းအဝယ်နဲ့နေကြတာမို့ နေထိုင်စဉ်ကာလ ဖြစ်ပေါ်လာတဲ့ အဆောက်အအုံပြဿနာတွေကို သူတို့ဘာသာဖြေရှင်းရမှာဖြစ်ပြီး အစိုးရအနေနဲ့ ကြားဝင်စိုက်ထုတ် ကုန်ကျခံဖို့ လတ်တလောမှာ အစီအစဉ်မရှိဘူးလို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။ တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်းက ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ရန်ကုန်မှာ လှုပ်ခဲ့တဲ့ ငလျင် ကြောင့် အဆောက်အအုံအများအပြား တိမ်းစောင်းသွားသလို တစ်ချို့မြို့နယ်တွေမှာဆိုရင် လူနေထိုင်ရန်မသင့်တော့တဲ့ အဆောက်အဦတွေမှာ ဆက်လက်နေထိုင်နေရတဲ့ အခြေအနေတွေရှိနေတာကြောင့် အစိုးရအနေနဲ့ ပြည်သူတွေအတွက် ကြားဝင်ဆောင်ရွက်ပေးနိုင်မယ့် အစီအစဉ်ရှိ၊မရှိမေးမြန်းတာကို သူက ပြန်ဖြေခဲ့တာပါ။ “ ကန်ထရိုက်တိုက်ဟုခေါ်ဆိုသော စုပေါင်းပိုင်အဆောက်အအုံများမှာ နေထိုင်ကြသူတွေ အနေဖြင့် မိမိတို့ အဆောက် အအုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး နေထိုင်ကြသူအားလုံးမှာ တာဝန်ရှိပြီး နေထိုင်သူအားလုံးက ပြင်ဆင်စရိတ်ကို […]

အပြည့်အစုံဖတ်ရန်

တာမွေဈေးအသစ်အမြန်တည်ဆောက်ရေးအတွက်ထောက်ခံပွဲပြုလုပ်

December 19, 2019

ဖူးမေ ဒီဇင်ဘာ-၁၈ တာမွေဈေးသူဈေးသားများ ရောင်းဝယ်ရေး ပြန်လည်ကောင်းမွန်လာစေရန် တာမွေဈေးသစ်အား အျမန္တည်ဆောက်ရေး ဈေးသူဈေးသားများက ထောက်ခံကြောင်း မီဒီယာရှင်းလင်းပွဲကို ယေန႔ ကာလက္ကတ္တားကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။ ၎င်းပွဲသို့ ဈေးသူဈေးသားများနှင့် မီဒီယာသမားများ အပါအဝင် အယောက် ၃၀ ခန့်တက်ရောက်ခဲ့ကြသည်။ “တောင်းဆိုထားတဲ့အချက်တွေကြောင့် ဒုက္ခရောက်နေတဲ့ ဈေးသူဈေးသားတွေရှိနေပြီး အမြန်ဆောက်ချင် တဲ့အနေအထားမို့လို့ ဒီပွဲလုပ်တာ” ဟု ပွဲစီစဉ်သူ ဈေးသူဈေးသားများမှ တစ်ဦး ဖြစ်သူ ဦးကြည်ဝင်း ကပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုပြောသည်။ ဤဈေးအသစ်ဆောက်ရန် စီစဉ်ခဲ့သည်မှာ ၂၀၁၂ ခုနှစ် ကတည်းကပင်ဖြစ်သည်။ သို့သော် ဈေးသူဈေးသားများကတောင်းဆိုထား‌‌ သောအချက် ရှစ်ချက်ကို ရန်ကုန်တိုင်းအစိုးရ၊ မြို့တော်စည်ပင်သာယာရေးကော်မတီတို့ကလက်ခံညှိနှိုင်းမှု မရသေးသော‌ကြောင့် ဈေးသစ်တည်ဆောက်ရန် ခုနစ်နှစ်ကြာခဲ့ ခြင်းဖြစ်သည်။ ဈေးသူ‌‌ ဈေးသားများက ဈေးအသစ်တည်‌ ဆောက်ရာတွင် တောင်းဆိုထားသည့် အချက်ရှစ်ချက်မှာ […]

အပြည့်အစုံဖတ်ရန်

ယခုနှစ်အတွင်း အဂတိဥပဒေအရ နှစ်ရှည် ထောင်ဒဏ်ဖြင့် အရေးယူခံရသူ ၅၀ ကျော်ရှိ

December 19, 2019

ဗညားကျော် ဒီဇင်ဘာ၁၈   ယခုနှစ်အတွင်း အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ် ချမှတ်နိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အဂတိလိုက်စားသူ ၅၄ ဦးကို အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC)က ယနေ့ထုတ်ပြန်သည်။   ကော်မရှင်အနေဖြင့် ယခုနှစ်အတွင်း အဂတိလိုက်စားသူ ၁၃၉ ဦးကို ပုဒ်မအသီးသီးဖြင့် အရေးယူထားခဲ့ပြီး ယင်းထဲမှ ဝန်ထမ်းစည်းကမ်းအရ အရေးယူဆောင်ရွက်ရန် တာဝန်လွှဲအပ်ထားခံရသူ ၆၈ ဦး ရှိသည်ဟု ထုတ်ပြန်ထားသည်။   ယခုနှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ စုစုပေါင်းတိုင်ကြားစာ ၈,၇၈၂ ရှိပြီး ကော်မရှင်မှ စိစစ်အရေး ယူဆောင်ရွက်ပြီးစီးမှု ၈,၀၇၆ စောင် ရှိကြောင်း ဖော်ပြထားသည်။ #mawkun #magazine #chronicle #dailynews

အပြည့်အစုံဖတ်ရန်

ဗဟိုဘဏ်မှ ရွှေ ဝယ်ယူ ရောင်းချမှုများ စာရင်းစံများနှင့်မညီ

December 17, 2019

ဗညားကျော် ဒီဇင်ဘာ ၁၇ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရွှေစင်တုံး၊ ရွှေဒင်္ဂါးနှင့် ရွှေချောင်းများဝယ်ယူရောင်းချမှုများတွင် နိုင်ငံတကာ စာရင်းစံများနှင့်အညီ စာရင်းရေးဆွဲမှုမရှိကြောင်း စိစစ်တွေ့ရှိသည်ဟု ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ဆိုသည်။ ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပြီးခဲ့သည့် ၂၀၁၈ ၊ ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ တင်သွင်းရာတွင် အထက်ပါအတိုင်း ‌ပြောကြားခဲ့ခြင်းဖြစ်သည်။ ဗဟိုဘဏ်သည် နိုင်ငံတော်ဘဏ္ဍာသိမ်းရရှိခဲ့သည့် ရွှေတုံးများနှင့် အမှတ် ၂ သတ္တုတွင်းမှ ဝယ်ယူခဲ့သည့် ရွှေစင်တုံးများကို လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်ရေးလုပ်ငန်းသို့ အပ်နှံရန် ရွှေဒင်္ဂါးပြားနှင့် ရွှေချောင်းများပြုလုပ်ပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းသို့ ဆောင်ရွက်ခပေး၍ အပ်နှံရောင်းချခဲ့ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းကဆိုသည်။ ယင်းသို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတကာစာရင်းစံများနှင့်အညီ စာရင်းရေးဆွဲမှုမရှိခြင်းကြောင့် ရွှေဝယ်/ရောင်း လုပ်ငန်းများအတွက် […]

အပြည့်အစုံဖတ်ရန်
1 … 277 278 279 280 281 282 283 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."