သဇင်လတ် ဒီဇင်ဘာ ၁၁ လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖိနှိပ်အရေးယူနေမှုများအား ရပ်တန့်ပေးရန်နှင့် အရေးယူခံနေရသော အမှုများကို အမြန်ဆုံးရုပ်သိမ်းပေးရန်အပါအဝင် အချက် ရှစ်ချက်အား အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တစ်ခုအား ယနေ့ကျရောက်သော (၇၁) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေးနေ့ အခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)က ထုတ်ပြန်သည်။ ဒါ့အပြင် အခြေခံလူ့အခွင့်အရေးများ ကျင့်သုံးရာတွင် အဟန့်အတားဖြစ်စေသည့် မီဒီယာဥပဒေ၊ ငြိမ်းစုစီဥပဒေနှင့် ဆက်သွယ်ရေးဥပဒေကဲ့သို့ ဥပဒေများထဲတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုထိခိုက်ပြီး ဖမ်းဆီးမှုများ ရှိနေသည့်အတွက် ဥပဒေပြောင်းရန် လွှတ်တော်မှတဆင့် လုပ်ဆောင် သွားမည်ဟု ညီမျှခြင်းမြန်မာမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။ “လက်ရှိတိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာတွေထဲမှာ ဥပဒေတွေကို လိုသလို အသုံးချပြီးတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုထိခိုက်တဲ့ ဖမ်းဆီးမှုတွေ ရှိနေတယ်။ အဲဒီလိုဖိနှိပ်တဲ့ဥပဒေတွေရှိနေသမျှကာလပတ်လုံး […]
ဓါတ်ပုံ – ဂေထော #mawkun #magazine #chronicle #dailynews
ဂေထော ဒီဇင်ဘာ ၁၀ မွန်ပြည်နယ်၊ သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း (ယခု မဘိမ်းမြို့နယ် အုပ်ချုပ်ရေးမှူး) နှင့် သထုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးတင်ထွန်းတို့ နှစ်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း ယင်းကော်မရှင်က ယနေ့ တွင် ထုတ်ပြန်ထားသည်။ မွန်ပြည်နယ် လွှတ်တော်ရုံး (၄)ခန်းတွဲ၊ (၄)ထပ် အိမ်ရာဆောက်လုပ်ခြင်း၊ သထုံမြို့ နယ် LED လမ်းမီး(၅၀၀)လုံး တပ်ဆင်ခြင်းနှင့် သထုံမြို့နယ် ဒေးဗရိန်းကျေးရွာတွင် ကုန်ထုတ် တံတား(၈၀x၂၀)ပေ တည်ဆောက်ခြင်းများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်(၁/၂၀၁၇)နှင့်အညီ လိုက်နာ ဆောင်ရွက်မှုမရှိခြင်းကြောင့် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ စုံစမ်းစစ်ဆေး အရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားခဲ့ ကြောင်း ဖော်ပြထားသည်။ တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး […]
ကျော်ဇေယျ၊ ဒီဇင်ဘာ-၁၀ မြန်မာပြည်ရောက် တရုတ်ခရီးသွားတွေ အသုံးပြုနေတဲ့ အွန်လိုင်းငွေပေးချေမှုစနစ် Wechat Pay နဲ့ Ali Pay တွေကို ပိတ်ပင်ပေးဖို့နဲ့ ဒီလိုအသုံးပြုမှုတွေကြောင့် တိုင်းပြည်ဘဏ္ဍာငွေနစ်နာနေတယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။ တရုတ်နိုင်ငံမှာသာ တရားဝင်တဲ့ ဒီအွန်လိုင်းငွေပေးချေမှုစနစ်ကို မြန်မာပြည်ရောက် တရုတ်ခရီးသွားတွေကြား အသုံးပြု နေတာကို တားမြစ်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မဲဆန္ဒနယ်အမတ်က ဒီကနေ့ လွှတ်တော်မှာ မေးခွန်းမေးမြန်းတဲ့ အခါ ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူက လတ်တလောမှာ ဆောင်ရွက်ဖို့ မရှိသေးတာကို ရှည်လျားထွေးပြားစွာ ရှင်းလင်းခဲ့တဲ့ အတွက် လွှတ်တော်ဥက္ကဌက နောက်ဆိုရင် တိုတိုကျစ်ကျစ်ဖြေဖို့ ကြားဝင် ညွှန်ကြားခဲ့ရတယ်။ “ တရုတ်ခရီးသွားများနဲ့ပတ်သက်လို့ ကောင်းကျိုးဆိုးကျိုးနှစ်ခုစလုံးရှိနေပါတယ်။ ကောင်းကျိုးကတော့ တရုတ်ခရီးသွား ကုမ္ပဏီတွေ၊ စားသောက်ဆိုင်တွေ၊ ဧည့်လမ်းညွှန်တွေ၊ ခရီးသွားကားလုပ်ငန်းအဖွဲ့တွေ၊ […]
၂၀၁၇ ခုနှစ်မှ ၂၀၁၉ ပထမခြောက်လအတွင်း တစ်နိုင်ငံလုံး ခွေးကိုက်ခံရသူ စုစုပေါင်း ၄၃၂၀၀၀ ရှိကြောင်း ပြည်သူ့လွှတ်တော်မှတ်တမ်းများတွင် ဖော်ပြသည်။ Rainbow Timeline #mawkun #magazine #chronicle #dailynews
အောင်ပိုင် ဒီဇင်ဘာ ၉ ပိုမိုကောင်းမွန်သော လူ့အခွင့်အရေးကို အားပေးမြှင့်တင်နိုင်ရန်နှင့် ကာကွယ်စောင့်ရှောက်နိုင်ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အား ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်စေရန် အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာ တစ်စောင်ကို လူ့အခွင့်အရေးလှုပ်ရှားသည့် အရပ်ဘက်အဖွဲ့အစည်း ၂၀ က ယနေ့ ထုတ်ပြန်လိုက်သည်။ ယင်းအစီရင်ခံစာကို “အပြောလျှော့ပြီး အလုပ်ပိုလုပ်ပါ” ဟုအမည်ပေးထားပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အဝန်းအဝိုင်း ကျဉ်းမြောင်းလာသည့် အခင်းအကျင်းတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ စွမ်းဆောင်ရည်အား ဆန်းစစ်သုံးသပ်ထားသည်ဟု အနှစ်ချုပ်တွင်ဖော်ပြထားသည်။ “လူ့အခွင့်အရေးကော်မရှင်စိစစ်ရွေးချယ်ရေး ဘုတ်အဖွဲ့မှာ ပြည်ထဲရေးက ပါဝင်နေတယ်။ လူ့အခွင့်အရေး ချိုးဖောက် မှုတွေက စစ်တပ်နဲ့ရဲက အများဆုံးဖြစ်နေတယ်။ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေကို ကာကွယ်ဖို့ ကြိုးပမ်းသူတွေက အတိတ်သမိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်သူတွေဖြစ်နေတယ်။ စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့ကို ပွင်းလင်းမြင်သာစွာ ဖြစ်ဖို့ပြုပြင်ရမယ်။” ဟု လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ကိုအောင်ဇော်ဦးက ပြောသည်။ လက်ရှိကော်မရှင်အဖွဲ့ဝင်များ၏ […]
“ နိုင်ငံအနေနဲ့ အင်မတန်မှ ဆုံးရှုံးနစ်နာတယ်။ ဒီလိုမျိုးပွင့်ပွင့်လင်းလင်းမရှိဘဲ၊ မထုတ်ပြန်ဘဲ ဒီပိုက်ဆံတွေကို ဘာလုပ် လိုက်မှန်းမသိဘဲ နေရတာက နောက်တစ်နည်းအားဖြင့်ပြောရရင် ဒီလိုပုံစံမျိုးနဲ့ထားတာသည် ပြည်သူတွေကို စော်ကား နေတာ အတူတူပဲလို့ ကျွန်မကတော့ ယူဆတယ်” နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းတွေရဲ့ အခြားငွေစာရင်း (Other Account-OA) ငွေလက်ကျန် ကျပ်ဘီလီယံ ၁၃,၀၀၀ နီးပါး (၁၂၇၇၅.၅၇၅) ကို စာရင်းချေတဲ့နည်းလမ်းနဲ့ စာရင်းပိတ်ဖို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီဇင်ဘာ ၄ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။ ဒီလို နိုင်ငံပိုင်လုပ်ငန်းတွေက သီးခြားခွဲထုတ်ထားခဲ့တဲ့ ပြည်သူ့ဘဏ္ဍာတွေကို စာရင်းချေတဲ့ နည်းလမ်းနဲ့ ပိတ်သိမ်းမယ် ဆိုတာဟာ ဘယ်လိုလုပ်ဆောင်မှာလဲ ဆိုတာ သိရဖို့ Citizen’s Action Transparency (CAFT) […]
ဗညားကျော် ဒီဇင်ဘာ ၅ ၂၀၁၉ ခုနှစ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ထိခိုက်ဒဏ်ရာရ ၊ သေဆုံးသူ ကလေးငယ်ပေါင်း ၁၄၃ ဦး ရှိပြီဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF – Myanmar) က ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ကလေးများ၏ ဘေးကင်းလုံခြုံမှုနှင့် ၎င်းတို့၏အခွင့်အရေးများသည် မြန်မာနိုင်ငံနှင့် ကလေးများ၏ဘဝများ အပေါ်လွှမ်းမိုး နိုင်သည့် အရွယ်ရောက်သူများအားလုံးက အဓိကထည့်သွင်းစဉ်းစားပေးရန် ယူနီဆက်မြန်မာက တိုက်တွန်းထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် လက်နက်ကြီး ကျည်ပေါက်ကွဲသဖြင့် ကလေးငယ် နှစ်ဦးသေဆုံးသွားခြင်းကို ၎င်းတို့အနေဖြင့် ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထုတ်ပြန်ချက်တွင် တပ်မတော်နှင့် ရခိုင်၊ ရှမ်း၊ မွန်ပြည်နယ်တို့မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ပြည်သူပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးနေရသည့်အတွက် […]
သဇင်လတ် ဒီဇင်ဘာ ၄ မြန်မာနိုင်ငံတွင် ဧကပေါင်းများစွာ စိုက်ပျိုးနေသော တစ်ရှုးဌက်ပျော စိုက်ပျိုးခြင်းများကို စည်းကမ်းတကျ ထိန်းသိမ်း ကွပ်ကဲရန် ၊ ရေရှည်ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများအား ကြိုတင်တားမြစ်နိုင်ရန်နှင့် ရသင့်သော အခွန် ဘဏ္ဍာရရှိစေဖို့ ထိရောက်သော မူဝါဒလမ်းညွှန်မှု စီမံချက်တစ်ရပ် ချမှတ်နိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုအား တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသဖြင့် အဆိုကိုလက်ခံဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ် ။ ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ အဆိုကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒေါက်တာ ခွန်ဝင်းသောင်းက ကချင်ပြည်နယ်မှာ စတင်စိုက်ပျိုးခဲ့တဲ့ တရုတ်တစ်ရှူးငှက်ပျောစိုက်ပျိုးခြင်း လုပ်ငန်းများဟာ စစ်ကိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်ပါ စိုက်ပျိုးရန်ကြိုးပမ်းနေကြောင်း […]
ဂေထော ဒီဇင်ဘာ ၄ အရည်အသွေး မပြည့်မီတဲ့ စာတမ်းများနဲ့ ရာထူးတိုးမြှင့်ခြင်းခံခဲ့ရတဲ့ တက္ကသိုလ် ဆရာ ၊ ဆရာမများကို ပြန်လည်စိစစ်ဖို့ တက္ကသိုလ် ဆရာ၊ဆရာမ အသင်းများကိုယ်စားပြုကော်မတီမှ တောင်းဆို ဂေထော ဒီဇင်ဘာ ၄ ရာထူးတိုးမြှင့်ခြင်းနဲ့ ရွှေ့ပြောင်းခန့်ထားခြင်းကိစ္စတွေမှာ အရည်အသွေးမပြည့်မီတဲ့ စာတမ်း တင်သွင်းခဲ့သူတွေ ပါဝင်နေခြင်းကို ပြန်လည်စိစစ်ဖို့နဲ့ နစ်နာခဲ့တဲ့ ဆရာဆရာမတွေကိုလည်း တရားမျှတစွာ ပြန်လည်ကုစားပေးဖို့ကို တက္ကသိုလ် ဆရာ၊ဆရာမ အသင်းများ ကိုယ်စားပြု ကော်မတီက မနေ့က သဘောထားထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ တက္ကသိုလ် ဆရာ၊ဆရာမ အသင်းများ ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးလှိုင်တင့်က “ရာထူးတိုးတဲ့အခါမှာတော့ မူလဝန်ကြီးဌာနက ထုတ်ပြန်တဲ့ မူဝါဒအတိုင်းမဟုတ်ဘဲနဲ့ ကွဲလွဲပြီးတော့ ရာထူးတိုးသွားတာရှိတယ်။ ဒါတွေကတော့ နှစ်တိုင်းဖြစ်နေတဲ့ကိစ္စ အဲ့ဒါကိုလည်း ကျွန်တော်တို့ […]
ကျားဖောင်ပေါ်က ရေလုပ်သားတွေရဲ့ အခွင့်အရေးဆုံးရှုံးနေတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမားများအခွင့်အရေး ဆောင်ရွက်နေတဲ့ ပြည်သူ့အတွက်တို့မျိုးဆက်ကွန်ယက် (WE Generation Network) က ဥပဒေအကြံပေးတစ်ဦးဖြစ်တဲ့ ဦးဌေးနဲ့ မော်ကွန်းက ဆက်သွယ်မေးမြန်းထားတာထဲက တစ်ချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။ မေး ။ ။ အခု ရေလုပ်သားတွေအတွက် ဥပဒေမရှိဘူးလို့ ရေလုပ်ငန်းရှင်များအသင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာရှိပါတယ်။ လက်ရှိပြဌာန်းထားတဲ့ အလုပ်သမားဥပဒေက ရေလုပ်သားတွေနဲ့ ဆက်စပ်မှု ဘယ်လိုရှိလဲခင်ဗျ ။ သူတို့အတွက် အကျုံးဝင်ရဲ့လား ။ ဦးဌေး ။ ။ လူမှုဖူလုံရေးဥပဒေမှာ မှတ်ပုံမတင်မနေရ လုပ်ငန်းတွေလည်းရှိတယ်။ အဲဒီမှာ အကျုံးမဝင်တာတွေ လည်းရှိတယ်။ သို့သော်လည်း လူမှုဖူလုံရေးဥပဒေအရ ကာယကံရှင်တွေက လူမှုဖူလုံခံစားခွင့်ကို မိမိတို့ဆန္ဒအလျောက် မှတ်ပုံတင်ပိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားတယ်၊ အဲဒီရှုထောင့်ကတင်မယ်ဆိုရင်လည်း ရတာပေါ့။ အဲဒီဥပဒေအရတော့ ရှိတာပေါ့။ […]
ထက်မြတ်အောင် ဒီဇင်ဘာ ၃ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမူများကြောင့် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ လူတစ်ရာနီးပါးသေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး(မှူခင်း)မှ ရဲအုပ်တင်မောင်ရွှေက မော်ကွန်းကိုပြောသည်။ အဆိုပါ အရေအတွက်သည် ၁၁ လ အတွင်း ရရှိသည့် သေဆုံးမှုစာရင်းဖြစ်သောကြောင့် တစ်လလျှင် ပျမ်းမျှ လူကိုးဦးခန့် သေဆုံးနေခြင်းဖြစ်သည်။ အမြန်လမ်းမကြီးတွင် ယခုနှစ် နိုဝင်ဘာလအထိ ယာဉ်မတော်တဆမှု ၄၈၉ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ကျား ၆၂ ဦး၊ မ ၃၇ ဦး ၊ စုစုပေါင်း ၉၉ ဦး ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁,၀၀၀ နီးပါးအထိရှိခဲ့သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။ ဓါတ်ပုံ – အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး #mawkun […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."