ထက်မြတ်အောင် #mawkun #magazine #chronicle #dailynews #video
ဖူးမေ ဒီဇင်ဘာ-၁၇ ရဲတပ်ဖွဲ့ဌာနတွေကို စာရင်းစစ်ဆေးရာမှာ ငွေကြေးအလွဲသုံးစားမှုတွေ တွေ့မြင်ရတဲ့အတွက် ရုံးချုပ်နဲ့ဒေသအသီးသီးက ရုံးဌာနတွေမှာ ဌာနတွင်းကြီးကြပ်ကွပ်ကဲတဲ့စနစ်ကို ပြင်ဆင်ဖို့နဲ့ လိုက်နာဆောင်ရွက်အောင်လုပ်ဖို့ ပြည်ထောင်စု စာရင်း စစ်ချုပ် ဦးမော်သန်းက အကြံပြုပါတယ်။ နိုင်ငံအနှံ့က ရဲတပ်ဖွဲ့ဌာနတွေရဲ့ အသုံးစရိတ်တွေကို စစ်ဆေးတဲ့အခါ “ အမှန်အသုံးစရိတ်ထက်ပိုမိုထုတ်ယူမှု၊ အလွဲသုံးစားမှုပြုခြင်း” တွေ ရှိခဲ့တယ်လို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို စာရင်းစစ်ချုပ်က အစီရင်ခံတယ်။ ၂၀၁၈၊ ခြောက်လတာအတွင်း နိုင်ငံတော်ဘဏ္ဍာငွေတွေကို ဌာနဆိုင်ရာအသီးသီးရဲ့သုံးစွဲမှုတွေအပေါ် စာရင်းစစ်ခဲ့ရာမှာ ပေါ်ပေါက်ခဲ့တာလို့ သူက ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တင်ပြပါတယ်။ ၂၀၁၇-၁၈ဘဏ္ဍာနှစ်နဲ့ ၂၀၁၈ ဧပြီကနေ စက်တင်ဘာအထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အသုံးစရိတ်တွေကို စာရင်းစစ်ခဲ့ရာမှာ ရှမ်းပြည်နယ်၊ဟိုပန်ခရိုင်ရဲတပ်ဖွဲ့ရုံးမှာ ကျပ်သိန်း ၄,၀၀၀ ကျော်၊ မန္တလေးရွှေစာရံမှာအခြေစိုက်တဲ့ အမှတ်(၄) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှာ ကျပ်သိန်း […]
ဇေယျာမြင့်၊ဒီဇင်ဘာ-၁၇ နိုင်ငံအကြီးအကဲတွေစီးဖို့ သေနတ်ကျည်ဆံတိုးမပေါက်တဲ့ ဇိမ်ခံကားခြောက်စီးဝယ်ယူရာမှာ အခွန်ကင်းလွတ်ခွင့်ပေးဖို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားတဲ့ကိစ္စ ဒီနေ့ ကျင်းပတဲ့လွှတ်တော် အစည်းအဝေးမှာ ခွင့်ပြုလိုက်ပါတယ်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်ဖြစ်ပွားနေတဲ့နိုင်ငံက အကြီးအကဲတွေစီးနင်းမယ့် ဒီကျည်ကာကားတွေကို ဒီဘဏ္ဍာနှစ်ရန်ပုံငွေကထုတ်သုံးပြီး ဂျပန်နိုင်ငံက ဝယ်ယူတင်သွင်းမယ်လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်ကို ရှင်းပြခဲ့တယ်။ တိုယိုတာလန်ခရူဇာအမျိုးအစား ဒီကျည်ကာကားခြောက်စီးအတွက် ကျပ်ငွေ တစ်ဘီလီယံကျော်ဖိုးလောက် သုံးစွဲဝယ်ယူမှာလည်းဖြစ်ပါတယ်။ တကယ်လို့ ပြည်ထောင်စုလွှတ်တော်က အခွန်ကင်းလွတ်ခွင့်သာ မပေးခဲ့ရင် ဒီကားတွေအတွက် ကုန်ကျစားရိတ် နှစ်ဆခန့် ခုန်တက်သွားဖို့လည်းရှိတာကြောင့် လွှတ်တော်ခွင့်ပြုချက်ကို ဝန်ကြီးဌာနက တောင်းခံခဲ့တာ ဖြစ်ပါတယ်။ အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမတ်ဖြစ်သူ ယခင်သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းကတော့ နိုင်ငံအကြီးအကဲတွေအတွက် ကျည်ကာကားဝယ်ယူတာမှာ နှစ်စီးလောက်သာဝယ်သင့်တယ်လို့ ဒီအကြောင်းကို ဆွေးနွေးတုန်းက လွှတ်တော်မှာ ပြောခဲ့ပါတယ်။ #mawkun […]
ဂေထော ဒီဇင်ဘာ ၁၇ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် အန်အယ်လ်ဒီအမတ်အများဆုံး ပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ကြံ့ခိုင်ရေးပါတီ ကော်မတီဝင် ၂ ဦးဖြစ်သည့် မိုင်ပန်မဲဆန္ဒနယ် ဦးစိုင်းကျော်မိုးနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) ဦးဆီဟူးဒွေ့ တို့နှစ်ဦး ၎င်းတို့ သဘောဆန္ဒအတိုင်း ကော်မတီမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်က တရားဝင်ထုတ်ပြန်ခဲ့သည်။ ယင်းကော်မတီတွင် NLD မှ ကိုယ်စားလှယ် ၁၈ ဦး ၊ တပ်မတော်ကိုယ်စားလှယ် ရှစ်ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦး၊ ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်များအပါဝင် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း လက်ရှိတွင် […]
ဂေထော ဒီဇင်ဘာ ၁၆ ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေးအဖွဲ့ (NJ) သည် ဆေးခြောက်နှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို အစိုးရမှ အသိ အမှတ်ပြု၍ တရားဝင်လှုပ်ရှားမှုရရန် ရည်ရွယ်ပြီး အသင်းအဖွဲ့မှတ်ပုံတင်ရန် အချက်အလက်များ စုဆောင်းနေကြောင်း NJ အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုမောင်မျိုးက မော်ကွန်းကို ပြောသည်။ “ လူငယ်တစ်ယောက်က ဆေးခြောက်တစ်လိပ်နဲ့ ထောင်ထဲကို ၅နှစ်၊ ၁၀ နှစ် သွားနေရတာ အဆင်မပြေဘူးလေ။ ဥပဒေပြုပြင်ပြောင်းလဲရေးအတွက်ကိုပဲ အဓိကလုပ်နေတာပေါ့နော်။ လောလောဆယ် ဥပဒေပြင်ဆင်ရေးအတွက်ကိုပဲ အရင်ဆုံး လုပ်ရမှာပေါ့” ဟု သူက ပြောသည်။ လက်ရှိတွင် မှတ်ပုံတင်ရန် အချက်အလက်များ၊ စာရွက်စာတမ်းများ စုစည်းနေပြီး အစိုးရနှင့်မသက်ဆိုင်သော အဖွဲ့ အစည်းများ ခေါင်းစဉ်အောက်မှ NGO ပုံစံ အဖွဲ့အစည်းတစ်ခုအနေဖြင့် တရားဝင်မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း သူကဆိုသည်။ […]
ကျော်ဇေယျ၊ ဒီဇင်ဘာ-၁၆ မြန်မာနိုင်ငံကို လူသတ်မြေမြုပ်မိုင်းအသုံးပြုသည့် အစိုးရစစ်တပ်ရှိသောတစ်ခုတည်းသောနိုင်ငံအဖြစ် မြေမြုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့(ICBL)၏ ၂၀၁၉၊ ကမ္ဘာလုံးဆိုင်ရာ မြေမြုပ်မိုင်းအသုံးပြု စောင့်ကြည့်လေ့လာရေးအစီရင်ခံစာတွင် နှစ်နှစ်ဆက်တိုက်ဖော်ပြသည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ခဲ့သည့်အချိန်မှစ၍ မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် သေဆုံး၊ ထိခိုက်သည့် ပြည်သူပေါင်း ၁,၀၆၀ ခန့် ရှိသည်ဟု ICBL ၏ ယခုနှစ်အစီရင်ခံစာတွင် ဖော်ပြသည်။ မြေမြုပ်မိုင်း အသုံးပြုသည့် ဧရိယာများသည် ပိုမိုကျယ်ပြန့်လာပြီး ရခိုင်ပြည်နယ်အတွင်း ထိခိုက်၊သေဆုံးမှု တိုးတက်များပြားလာသည် ဟု ICBL ၏ အစီရင်ခံစာတွင် ဖော်ထုတ်ထားသည်။ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် မြေမြုပ်မိုင်းအသုံးပြုမှုတားမြစ်ပိတ်ပင်ခြင်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းမရှိသေးပေ။ ယင်းအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်များဆောင်ရွက်နေသော်လည်း အမျိုးသားအဆင့် လူသားချင်းစာနာသော မိုင်းရှင်းလင်းရေးအစီအစဉ်ကို ယနေ့အထိ မစနိုင်သေးကြောင်း ICBL အစီရင်ခံစာတွင် ဖော်ပြသည်။ […]
သဇင်လတ် ဒီဇင်ဘာ-၁၆ ယာဉ်မတော်တဆမှုများတွင်ယာဉ်မောင်းမှ လျော်ကြေးအပြည့်ပေးရန် သတ်မှတ်မှုဖျက်သိမ်းရေး၊ အများပြည်သူ အလုပ်ပိတ်ရက်များတွင် အလုပ်ဆင်းရသည့်ယာဉ်မောင်းများကို ဥပဒေနှင့်အညီခံစားခွင့်ပေးရေး အပါအဝင်တောင်းဆို ထားသည့်အချက်များကို ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီ (YBPC) ဘက်မှ လိုက်လျောမှု မရှိသေးသဖြင့် ဆန္ဒဖော်ထုတ်ရန် ပြင်ဆင်နေကြောင်း အမှတ်(၃၇) ယာဉ်လိုင်းမှ ယာဉ်မောင်းများက ပြောသည်။ “ ခဏခဏညှိနေပြီး ခရီးမပေါက်တဲ့အတွက် မညှိနိုင်တော့ဘူးပြောထားတယ်။ သူတို့ဘက်ကလိုက်လျောမှာလား ၊ မလိုက် လျောဘူးလား၊ Yes or No တစ်ခုခုပြောလို့တော့ပြောထားတယ် ။ သူတို့ဘက်က အခုထိတော့ တိကျတဲ့အဖြေတွေ မလာ သေးဘူး။ ဝေ့နေတုန်းပဲ ” ဟု ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သောကုမ္ပဏီ အခြေခံယာဉ်မောင်း အလုပ်သမား သမဂ္ဂ အဖွဲ့ဝင် ကိုမျိုးမင်းထွန်းက ပြောသည်။ လာမည့် ဗုဒ္ဓဟူးနေ့တွင် ယာဉ်မောင်းများဘက်မှ တောင်းဆိုချက်များကို […]
ဂေထော ဒီဇင်ဘာ ၁၆ မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများ၌ စီမံကိန်းများဆောင်ရွက်ရာတွင် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်ခဲ့ရမှုများတွင် အဓိကပြစ်မှုကျူးလွန်သူများကို တရားစွဲဆိုနိုင်သည့် တရားစီရင်ရေး ယန္တရား တစ်ရပ် အမြန်ဆုံးဖော်ဆောင်ပေးရန် ဖက်ဒရယ်တိုင်းရင်းသားတောင်သူလယ်သမားများကွန်ရက် (FEFN) က ယနေ့ ထုတ်ပြန်ခဲ့သည်။ တိုင်းရင်းသားဒေသများတွင် ဖော်ဆောင်နေသည့် ရင်းနှီးမြုပ်နှံမှု စီမံကိန်းများကြောင့် ဒေသခံများ၏ မြေယာပိုင်ဆိုင်မှုများ သိမ်းယူခံရခြင်းနှင့် ကျေးရွာများမှ အတင်းအဓမ္မဖယ်ရှားခံရခြင်းအပြင် တောင်သူလယ်သမားများကို တရားစွဲဆို ထောင်ချ ခြင်းများရှိနေခြင်းကြောင့် နိုင်ငံရေးပါတီများ ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရထံ စာတင်ခဲ့သော်လည်း ဖြေရှင်း မပေးခြင်းကြောင့် လျစ်လျူရှုခံရသည့် ခံစားချက်ဖြစ်နေကြောင်း ကချင်ပြည်နယ်မှ FEFN အဖွဲ့ဝင် ဦးအောင်လတ်က ဆိုသည်။ “ အဲဒါကို အစိုးရအနေနဲ့ အရေးယူပြီးတော့မှ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တိုင်းရင်းသားများရဲ့ခံစားချက်များ၊ တိုက်ရိုက်ဥပဒေချိုးဖောက်မှုများကို တရားစီရင်ပေးနိုင်တဲ့ […]
ကျော်ဇေယျ၊ဒီဇင်ဘာ-၁၆ ကချင်ပြည်နယ်ထဲမှာ တရုတ်တစ်ရှူးငှက်ပျောစိုက်ဧက တစ်သိန်းခွဲကျော်လောက်ရှိနေတယ်လို့ လွှတ်တော်ကိုယ်စား လှယ်တွေက ပြောပေမယ့် ဝန်ကြီးဌာနကတော့ မှတ်ပုံတင်စာရင်းအရ ခုနှစ်သောင်းကျော်သာ ရှိတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်မဲဆန္ဒနယ်အသီးသီးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေက မြစ်ကြီးနားနဲ့ဗန်မော်ခရိုင်အတွင်း တရုတ်တစ်ရှူးငှက်ပျောစိုက်ဧက တစ်သိန်းခွဲကျော်ရှိနေတယ်လို့ ထောက်ပြဆေးနွေးချက်တွေအပေါ် ဒီနေ့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြန်လည်ဖြေရှင်းရာမှာ ဌာနမှာရှိတဲ့ စာရင်းတွေအရ ဧက ခုနှစ် သောင်းကျော်ပဲ ရှိတယ်လို့ သူက ပြောတာပါ။ “ ၂၀၁၈-၁၉ အထိ စာရင်းအရ တစ်နိုင်ငံလုံးအနေနဲ့ ငှက်ပျောစိုက်ဧက ၂၆၀,၀၀၀ ကျော်ရှိတဲ့အနက်က ကချင် ပြည်နယ်မှာ စာရင်းတွေအရ ဧက ၇သောင်းကျော်၊ ရာခိုင်နှုန်းအားဖြင့် ၂၉ ရာခိုင်နှုန်းကျော် ရှိတဲ့အနေအထားဖြစ်ပါတယ်” လို့ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောပါတယ်။ […]
အောင်ပိုင် ဒီဇင်ဘာ ၁၃ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဟွာမန်အထည်ချုပ်စက်ရုံတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှု ကြောင့် အလုပ်သမားများ သပိတ်မှောက်ရာ ငါးရက်ကြာသည်အထိ တောင်းဆိုချက်များ မရသေးဘဲ အလုပ်သမားခုနစ်ရာနီးပါး ဆက်လက်သပိတ်ဆင်နွှဲလျှက်ရှိသည်ဟု အလုပ်သမားများနှင့်ဒေသခံများက ပြောသည်။ အလုပ်သမား၏ သဘောဆန္ဒမပါဘဲ ဌာနအပြောင်းအရွှေ့မလုပ်ရန်၊ ကြိုပို့ကားစီစဉ်ပေးရန်၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များအား အကြောင်းရှာခံဝန်လက်မှတ်ထိုးခိုင်းသည့် HR မန်နေဂျာကို အလုပ်ထုတ်ရန်၊ အခြားစက်ရုံများနှင့် နှုန်းထားတူ ရက်မှန်ကြေးပေးရန် စသည့်တောင်းဆိုချက်များ ပါဝင်သော အချက် ၄၂ ချက်ကို အလုပ်သမားဥပဒေနှင့်အညီ ပြီးခဲ့သည့်အောက်တိုဘာလကတည်းက တောင်းဆိုခဲ့ကြသည်။ စက်ရုံတွင်းအဆင့်၊ မြို့နယ်အဆင့်မှတစ်ဆင့် တိုင်းခုံသမာဓိအဆင့်ထိတင်ပြတောင်းဆိုခဲ့သော်လည်း အချက်ရှစ်ချက်ကျန်နေသေးသောကြောင့် ဆက်လက်သပိတ်မှောက်ရခြင်းဖြစ်သည်ဟု ၎င်းစက်ရုံမှ အလုပ်သမားသမဂ္ဂဥက္ကဌ မခိုင်နွေဦးမွန်ကပြောသည်။ “ဒီနေ့အထိ ညှိနေတုန်းပဲ ရှိသေးတယ်။ မရမချင်း သပိတ်မှောက်သွားမယ် ” ဟု ၎င်းက ပြောသည်။ ကန်ကြီးထောင့်မြို့နယ် […]
ကျော်ဇေယျ၊ ဒီဇင်ဘာ-၁၂ သတ္ထုခိုးတူးသည့် တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုကို လွှတ်တော်ကိုယ်စားလှယ်နှင့်ဒေသခံများက အချိန်မှီ တိုင်ကြားသတင်းပို့ခဲ့ရာ ဝန်ကြီးဌာနမှကွင်းဆင်းစစ်ဆေးပြီးနောက် ခိုးတူးသူတရုတ်နိုင်ငံသား လွတ်မြောက်သွားကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ရွာငံမြို့နယ်၊ သဖန်းပင်ကျေးရွာနှင့် ငှက်သောက် ကျေးရွာအနီး အင်ကြင်ရေဒေသတွင် GPS အမည်ရှိ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီက ခွင့်ပြုမိန့်မရှိဘဲ ခဲသတ္ထုတူးဖော်မှုကို ရွာငံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ယခုနှစ် သြဂုတ်လအတွင်း လွှတ်တော်မှတစ်ဆင့် ဝန်ကြီးဌာနသို့ မေးမြန်းရာ နှစ်လအကြာ အောက်တိုဘာတွင် ဝန်ကြီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။ GPS ကုမ္ပဏီသည် ခွင့်ပြုမိန့်မရှိဘဲ တစ်ရက်လျှင် ခဲသတ္ထု တန် ၂၀ ကျ စက်ရုံကိုလည်ပတ်ကာ လပေါင်းများစွာ အဆောက်အအုံ အခိုင်အမာဖြင့် တူးဖော်နေကြောင်းတွေ့ရှိရသည်ဟုဆိုကာ ကွင်းဆင်းစစ်ဆေးပြီး နှစ်လအကြာ ဒီဇင်ဘာ ၁ ရက်တွင် […]
ကျော်ဇေယျ၊ ဒီဇင်ဘာ-၁၂ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တရုတ်တစ်ရှူးငှက်ပျောစိုက်ပျိုးနေတဲ့ကုမ္ပဏီတွေဟာ ဒေသခံတွေရဲ့ ဓလေ့ ထုံးတမ်း၊ ဓါးမဦးချစိုက်ပျိုးလုပ်ကိုင်နေတဲ့မြေနေရာတွေကို စက်ယန္တရားတွေနဲ့ ဖျက်ဆီးကာ တောင်သူတွေကိုလည်း လက်ရောက် ကျူးလွန်မှုတွေလုပ်နေကြတယ်လို့ ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၃)က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ “ ဒေသခံများ၏ ဓလေ့ထုံးတမ်းနှင့် ဓါးမဦးချလုပ်ကိုင်စားသောက်နေသည့် မြေနေရာများကို ညှိနှိုင်းဆွေးနွေး ခွင့်ပြုချက် မရှိ ဘဲ စက်ယန္တရားကြီးများဖြင့် စိုက်ပျိုးသီးနှံ နှစ်ရှည်ပင်များကို ထိုးကော်၊ဖယ်ရှာ၊ ကျော်နင်း၊ မီးရှိ့၊ အကျိုးဖျက်ဆီးမှုများနှင့် တောင်သူများအား ရိုက်နှက်မှုများ ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်” လို့ ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ် ဦးဇယ်ခေါင်က တင်ပြတယ်။ ဝိုင်းမော်မြို့နယ်အတွင်း တရုတ်တစ်ရှူးငှက်ပျောစိုက်ဧက တစ်သိန်းကျော်အထိ ရှိလာနေပြီး ကုမ္ပဏီ ၃၀ ကျော် လုပ်ငန်း လုပ်ကိုင်နေကာ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."