ဒီဇင်ဘာ၂၈၊ ရန်ကုန်











မသန်စွမ်းသူများအနုပညာပွဲတော်ကို ဒီဇင်ဘာ ၂၈ ရက်နေ့ညပိုင်းက ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်ခဲ့သည်။
အဆိုပါပွဲသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တိုင်းအစိုးရအဖွဲ့ဝင်အချို့တက်ရောက်ကြသည်။
မသန်စွမ်းအမျိုးအစားအသီးသီးမှ မသန်စွမ်းသူများက တေးသီချင်းများဖြင့် သီဆိုခြင်း၊ သရုပ်ဖော်ခြင်း၊ ကပြဖျော်ဖြေခြင်း၊ မီလီဝှီးချဲလ်အကအဖွဲ့က ဝှီးချဲလ်ဖြင့် ကပြဖျော်ဖြေခြင်း၊ စင်္ကာပူနားမကြားအဖွဲ့၊ ဖိလစ်ပိုင်ဝှီးချဲလ်အဖွဲ့တို့က ကပြဖျော်ဖြေခဲ့ကြသည်။
ဓါတ်ပုံ – ကောင်းထက်စံ၊ ဖြိုးထက်အောင်
#dailynews

