ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၁၁ (မော်ကွန်း) ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်ပြီး သတင်းအချက်အလက်တွေ ဖြတ်တောက်ထားတာ ခုဆိုရင် လေးလနီးပါးရှိလာပါပြီ။ ဒီလို ဖြတ်တောက်ထားခံရပေမယ့်လည်း ဖားကန့်မြို့ ပြည်သူတွေဟာ စစ်အာဏာရှင်ကို ကန့်ကွက်ဆန့်ကျင်တဲ့ သပိတ်တွေကို မပျက်မကွက် ချီတက်နေဆဲပါ။ ဒီကနေ့မှာလည်း မြို့အနှံ့လှည့်လည်ကာ ဖားကန့်ပြည်သူလူထုက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ဖားကန့် – ၂၀၂၁ ဒီဇင်ဘာ ၁၀ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံနဲ့တဝန်းဆန့်ကျင်တော်လှန်ကြတဲ့ ဒီကနေ့ တိတ်ဆိတ်ခြင်းသပိတ်နေ့မှာ ဖားကန့်မြို့က ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကို အခုလို မြင်တွေ့ရတာဖြစ်ပါတယ်။ ဒီနေ့ဟာဆိုရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာနိုင်ငံမှာတော့ ဒီနေ့ကျရောက်တဲ့ လူအခွင့်အရေးနေ့ကို ပြည်သူလူထုရဲ့ တိတ်ဆိတ်ခြင်းဖြင့်တော်လှန်ကြမယ်ဆိုတဲ့ တိတ်ဆိတ်ခြင်းသပိတ်ကို ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
မူဆယ် – ၂၀၂၁ ဒီဇင်ဘာ ၁၀ (မော်ကွန်း) ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်မြို့က စည်ပင်ရုံးမှာ ဒီကနေ့ နေ့လယိပိုင်း ပေါက်ကွဲမှုဖြစ်ပွါးခဲပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “ဒီနေ့က တိတ်ဆိတ်သပိတ်ရှိတယ်လေ။ စျေးတွေလည်းပိတ်တယ်၊ အဲဒါ စည်ပင်ရုံးက စျေးမှာ လိုက်ကြေညာပြီး မကြာဘူးကွဲတာ၊ ခြောက်ယောက်ထိတယ်လို့လည်း ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မူဆယ်မြို့မှာ တိတ်ဆိတ်ခြင်းသပိတ်ပြုလုပ်ချိန် မူဆယ်မြို့စျေးမှာ ပိတ်ထားတဲ့စျေးဆိုင်တွေကို တစ်လမဖွင့်ရဘူးလို့ စည်ပင်ရုံးက လိုက်လံ ကြေညာပြီးနောက် ဗုံးခွဲခံရတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီစည်ပင်ရုံးဝန်ထမ်းတွေက အခုလို ဆိုင်ခန်းတွေ တစ်လ ပိတ်ရမယ်လို့ ခြိမ်းခြောက်လို့ ပြည်သူ့ လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ PSDA က ထိရောက်စွာ အရေးယူသွားမယ်လို့ ဒီကနေ့ မနက်ပိုင်းမှာ ကြေညာခဲ့ပါသေးတယ်။ #Dailynews
ရေး – ၂၀၂၁ ဒီဇင်ဘာ ၁၀ (မော်ကွန်း) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကမ်းနားလမ်း၊ ဝင်းသုခ ရတနာရွှေဆိုင်ရှေ့မှာ ဒီကနေ့ မနက်ပိုင်းက Silent Strike ပုံတွေကို လိုက်လံရိုက်ကူးနေသူ လူငယ်သုံးဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဖွင့်နေတဲ့ ဆိုင်တွေကို လိုက်လံ မှတ်တမ်းတင်နေတဲ့ လူငယ်တွေကို စစ်သားတွေ့တော့လိုက်ပစ်တာ သုံးဦး ခြေထောက်ထိသွားပြီးဖမ်းခံလိုက်ရတယ်”လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံရသူ လူငယ်တွေဟာ ဘယ်သူတွေ ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံကဆိုပါတယ်။ ဒါအပြင် ဒီကနေ့ သပိတ်ပြုလုပ် ငြိမ်သက်နေချိန်မှာလည်း စစ်ကောင်စီတပ်တွေက သေနတ်တွေ ရမ်းကားပြီး ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံကဆိုပါတယ်။ စစ်ကောင်စီဟာ ဒီကနေ့ နိုင်ငံတဝန်းမှာပြုလုပ်တဲ့ တိတ်ဆိတ်ခြင်းသပိတ်ပါဝင်သူတွေကို အခုလိုပစ်ခတ်ဖမ်းဆီးတာအပြင် ခြိမ်းခြောက်ကာ ဆိုင်တွေက […]
ရေး – ၂၀၂၁ ဒီဇင်ဘာ ၉ (မော်ကွန်း) မွန်ပြည်နယ်၊ ရေးမြို့ကျောင်းရွာ၊ အရှေ့ဖက်မုနိတောင်ကျောင်းထဲကို မနေ့ညက အာဏာသိမ်းစစ်ကောင်စီရဲ့လက်နက်ကြီး ကျကာ ပေါက်ကွဲခဲ့တာကြောင့် တပ်စွဲထားတဲ့ ပြည်သူ့စစ်၊ တပ်သားတစ်ယောက်သေပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ “ရေးပြည်သူ့စစ်က အဲ့ကျောင်းမှာတပ်စွဲထားတာ၊ လက်နက်ကြီးကျလာတော့ ဆွမ်းချက်နေတဲ့သူ အမျိုးသမီးနှစ်ဦး ထိသွားတယ်။ တစ်ယောက်က စိုးရိမ်ရတယ်။ မော်လမြိုင်ဆေးရုံကိုပို့ထားရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ရေးမြို့၊ ကျောင်းရွာရဲကင်းစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေ မနေ့ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာ ခုလိုစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ထိသွားတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ကျောင်းရွာရဲကင်းစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံး ပစ်ခတ်တိုက်ခိုက်ခံရချိန်မှာ ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ ရွာခံတွေဆီကသိရပါတယ်။ #Dailynews
မြင်းခြံ – ၂၀၂၁ ဒီဇင်ဘာ ၉ (မော်ကွန်း) မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ရဲသုံးဦး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က မနက် ၈:၄၅ မိနစ်ခန့်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ ကား ၁ စီးနဲ့ ဆိုင်ကယ် ၃ စီးဟာ နံ့သာလှိုင်ရွာနဲ့ ငါန်းနန်းကျေးရွာကြား ချောင်းကူးတံတားနားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ဆိုင်ကယ် သုံးစီး ပျက်စီးကာ ရဲတပ်သား သုံးဦးနေရာမှာပဲ သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myaung Special People’s Defense Force ( MSPDF)၊ 27 […]
ရေး – ၂၀၂၁ ဒီဇင်ဘာ ၉ (မော်ကွန်း) မွန်ပြည်နယ် ရေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတာကြောင့် အနီးအနားကျေးရွာတွေက တောင်သူတွေစစ်ရှောင်နေရပြီး သီးနှံတွေရိတ်သိမ်းဖို့ ခက်ခဲနေကြပါတယ်။ ” ရွာသားတွေအကုန်စစ်ရှောင်နေရတယ်။ စစ်ကောင်စီတပ်ကလည်း ရမ်းပစ်တယ်။ စပါးရိတ်ချိန်ရောက်ပေမယ့် မရိတ်နိုင်သေးဘူး”လို့ စစ်ရှောင်နေရသူတောင်သူတစ်ဦးကဆိုပါတယ်။ အောင်သပြေကျေးရွာက နေအိမ် သုံးအိမ်ကိုလည်း အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၈ရက်နေ့က လာရောက်မီးရှို့ဖျက်ဆီးသွားသေးတယ်လို့ ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီတပ်တွေက မြင်ရာရမ်းပစ်နေတာကြောင့် အနီးအနားကျေးရွာက ရွာသူရွာသား တွေက စစ်ရှောင်နေရတာဖြစ်တယ်လို့ ဒေသခံကဆိုပါတယ်။ တောင်သူတွေအနေနဲ့လည်း ရိတ်သိမ်းရမယ့်စပါးတွေမရိတ်သိမ်းနိုင်တဲ့အပြင် စားဝတ်နေရေးပါ ခက်ခဲနေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။ မွန်ပြည်နယ်ရေးမြို့က ကျောင်းရွာရဲကင်းစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက်ို ဒီဇင်ဘာ ၈ရက် ညက ရေးမြို့ပြည်သူ့ကာကွယ်ရေးအထူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ #Dailynews
ရန်ကုန်-၂၀၂၁ ဒီဇင်ဘာ (၁၀) အကြမ်းဖက်ဖိနှိပ်သည့် အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ကြောင်းပြသည့်အနေဖြင့် ယနေ့တွင် ” တိတ်ဆိတ်ခြင်းသပိတ်” ပြုလုပ်ကာ လူထုသည် စစ်တပ်အုပ်ချုပ်မှုကို မလိုလားကြောင်း နိုင်ငံတဝန်းတွင် ပြသနေရာ ရန်ကုန်လူထုသည်လည်း ပါဝင်တော်လှန်နေသည်။ “ငါတို့မြို့၊ ငါတို့ပိုင်တယ်”၊ ” ငြိမ်ချင်ငြိမ်မယ်၊ လှုပ်ချင်လှုပ်မယ်” ဆိုသည့် ကြွေးကြော်သံဖြင့် လူ့အခွင့်အရေးချိုးဖောက်သတ်ဖြတ်နေသည့် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သူများက ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ တွင် “တိတ်ဆိတ်ခြင်းသပိတ်”ဖြင့် ပါဝင်ကြရန် လှုံဆော်ခဲ့ရာ ရန်ကုန်လူထု ပါဝင်လာခြင်း ဖြစ်သည်။ ရန်ကုန်မြို့၏ အထင်ကရဈေးများအပါဝင် ရပ်ကွက်ဈေးများ၊ ရွှေဆိုင်များ၊ လမ်းဘေးဆိုင်ခန်းများ၊ လမ်းဘေးဈေးသည်များအထိ ယနေ့တွင် ဆိုင်ပိတ်၊အလုပ်ရပ်၍ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသနေသည်။ ယနေ့ ပြုလုပ်နေသည့် “တိတ်ဆိတ်ခြင်းသပိတ်”ဖြင့် နိုင်ငံတဝန်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြရန် လှုံဆော်မှုသည် […]
ရန်ကုန် – ၂၀၂၁ ဒီဇင်ဘာ ၁၀ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ပိုင် Mytel အော်ပရေတာ ရုံးချုပ်မှာ ဒီနေ့ရုံးမလာကြသူတွေ များတယ်လို့ Mytel ရုံးချုပ်က အရာရှိတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “အရောင်းဌာန မှာဆိုရင် အယောက်(၄၀) လောက်ရှိတယ်။ အကုန်လုံးခွင့်တိုင်ထားကြတာ။ လာမယ့်ရုံးဖွင့်ရက်ဆို လူကြီးပိုင်းတွေက ဝန်ထမ်းတွေကို ကြိတ်တော့မှာသိတယ်။ ဒါပေမယ့်လည်း ကျွန်မတို့ကိုတားလို့မရဘူး။ ကျွန်မတို့လုပ်ချင်တာကျွန်မတို့လုပ်မယ်။” လို့ အဲဒီအရာရှိက ပြောပါတယ်။ ဒါ့အပြင်ကိုးမိုင်ခွဲမှာရှိတဲ့ Mytel ရုံးမှာ ဆိုရင်လည်း ထက်ဝက်နီးပါးလောက်ရုံးမလာကြဘူးလို့သူကပြောပါတယ်။ ဒီနေ့ဟာဆိုရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာနိုင်ငံမှာတော့ ဒီနေ့ကျရောက်တဲ့ လူအခွင့်အရေးကို ပြည်သူလူထုရဲ့ တိတ်ဆိတ်ခြင်းဖြင့်တော်လှန်ကြမယ်ဆ်ိုတဲ့ တိတ်ဆိတ်ခြင်းသပိတ်ကို ပြုလုပ်နေတာပါ။ ဒီနေ့ နံနက် (၁၀) နာရီ ကနေ (၄) နာရီထိ […]
ရန်ကုန် – ၂၀၂၁ ဒီဇင်ဘာ ၁၀ (မော်ကွန်း) လှည်းတန်းလမ်းမပေါ်ရှိ ဒီနေ့မဖွင့်တဲ့လမ်းဘေးစျေးဆိုင်တွေက ပစ္စည်းတွေနဲ့ဆိုင်းဘုတ်တွေကို အာဏာသိမ်းစစ်ကောင်တပ်တွေက လိုက်လံသိမ်းယူနေတယ်လို့ လှည်းတန်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ မနက် ၁၀ နာရီလောက်က လိုက်လံ သိမ်းယူနေတာဖြစ်ပြီး စည်ပင်ဝန်ထမ်းများလည်း လိုက်ပါလာတယ်လို့ ဆိုပါတယ်။ “ အဲ့ကောင်တွေ တော်တော် တရားလွန်တယ်။ မဖွင့် ဖွင့်အောင် လုပ်ခိုင်းနေတာ။ ကျွန်မတို့လဲ သိသိချင်း ဆိုင်ပစ္စည်းတွေ သိမ်းဖို့လာတာ။ အခုအဲ့နားမသွားရဲဘူး။ အင်အားတော်တော်များတယ်။ အခုပစ္စည်းတွေ သိမ်းသွားပြီလား၊ မသိမ်းဘူးလားတောင်မသိပါဘူး” လို့ လှည်တန်းလမ်းမပေါ်ကဆိုင်ရှင်တစ်ဦးကဆိုပါတယ်။ လှည်းတန်းလမ်းမ အနောက်ရှိ ပေ ၅၀ လမ်း စျေးကိုပါ ဝင်လာမှာ စိုးရိမ်တဲ့အတွက် ဆိုင်ရှင်တွေက ပစ္စည်းများသိမ်းကာ ရွှေ့ပြောင်းလျက်ရှိပါတယ်။ “ ကျွန်တော်တို့က ညနေ ၄ […]
ကန်ကြီးထောင့် – ၂၀၂၁ ဒီဇင်ဘာ ၁၀ (မော်ကွန်း) ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့ နယ်ထဲ လှည့်ပတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီယာဉ်ဟာ ကျိုက်လတ်ရွာအနီးအရောက်မှာ မနေ့ ညပိုင်းက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီနားတဝိုက်ရွာတွေကို စစ်တပ်ကနေ့တိုင်းကင်းပတ်နေကျ။ ည ၈:၀၀ နာရီ ဒီကျိုက်လတ်ရွာနားရောက်တော့ မိုင်းဆွဲခံရတာ” လို့ ဒေသခံတဦးကပြောပါတယ်။ အဆိုပါစစ်ကောင်စီယာဥ်တန်းကို မြစ်ဝကျွန်း ပေါ် တော်လှန်ရေးအင်အားစုဖြစ်တဲ့ Delta Wild Horse(free revolters)အဖွဲ့က အဝေးထိန်းမိုင်း နှစ်လုံးနဲ့ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ပါတယ်။ ဒီလိုမိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကထိခိုက်မှုတွေရှိတယ်လို့ သိရပေ မယ့် အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ကလည်းကန်ကြီးထောင့်မြို့နယ် ကညင်ငူကျေးရွာ ကားမှတ်တိုင်အနီးမှာ စစ်ကောင်စီကားထဲကို ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပါသေးတယ်။ […]
အရာတော် – ၂၀၂၁ ဒီဇင်ဘာ ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီအရာရှိတစ်ဦးကိုကြိုလာတဲ့ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းက မုံရွာ – ရွှေဘိုလမ်းပေါ်မှာ ဖြတ်သန်းသွားတဲ့ စစ်ကောင်စီယာဉ်တန်းကားသုံးစီးဟာ မြေနက်ကျေးရွာနဲ့ ဇရစ်ကျေးရွာကြားမှာ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာက စစ်ကောင်စီအရာရှိတစ်ဦးကို ကြိုလာတဲ့ စစ်ကားများဖြစ်ကြောင်း၊ ဖောကားတစ်စီးနဲ့ ကားလေးနှစ်စီးတို့ မိုင်းဆွဲခံရပြီး ထိုးရပ်သွားစဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း အရာတော်သတင်းမှန် ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။ ယခုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိပြီး သေဆုံးနိုင်တယ်လို့ တိုက်ခိုက်ခဲ့တဲ့ အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)က သတင်းထုတ်ပြန်ပါတယ်။ အရာတော်မြို့နယ်မှာ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."