ရေး – ၂၀၂၁ ဒီဇင်ဘာ ၉ (မော်ကွန်း)
မွန်ပြည်နယ်၊ ရေးမြို့ကျောင်းရွာ၊ အရှေ့ဖက်မုနိတောင်ကျောင်းထဲကို မနေ့ညက အာဏာသိမ်းစစ်ကောင်စီရဲ့လက်နက်ကြီး ကျကာ ပေါက်ကွဲခဲ့တာကြောင့် တပ်စွဲထားတဲ့ ပြည်သူ့စစ်၊ တပ်သားတစ်ယောက်သေပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ရေးပြည်သူ့စစ်က အဲ့ကျောင်းမှာတပ်စွဲထားတာ၊ လက်နက်ကြီးကျလာတော့ ဆွမ်းချက်နေတဲ့သူ အမျိုးသမီးနှစ်ဦး ထိသွားတယ်။ တစ်ယောက်က စိုးရိမ်ရတယ်။ မော်လမြိုင်ဆေးရုံကိုပို့ထားရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရေးမြို့၊ ကျောင်းရွာရဲကင်းစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေ မနေ့ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာ ခုလိုစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ထိသွားတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ကျောင်းရွာရဲကင်းစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံး ပစ်ခတ်တိုက်ခိုက်ခံရချိန်မှာ ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ ရွာခံတွေဆီကသိရပါတယ်။
#Dailynews

