ရေး – ၂၀၂၁ ဒီဇင်ဘာ ၉ (မော်ကွန်း)
မွန်ပြည်နယ် ရေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတာကြောင့် အနီးအနားကျေးရွာတွေက တောင်သူတွေစစ်ရှောင်နေရပြီး သီးနှံတွေရိတ်သိမ်းဖို့ ခက်ခဲနေကြပါတယ်။
” ရွာသားတွေအကုန်စစ်ရှောင်နေရတယ်။ စစ်ကောင်စီတပ်ကလည်း ရမ်းပစ်တယ်။ စပါးရိတ်ချိန်ရောက်ပေမယ့် မရိတ်နိုင်သေးဘူး”လို့ စစ်ရှောင်နေရသူတောင်သူတစ်ဦးကဆိုပါတယ်။
အောင်သပြေကျေးရွာက နေအိမ် သုံးအိမ်ကိုလည်း အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၈ရက်နေ့က လာရောက်မီးရှို့ဖျက်ဆီးသွားသေးတယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီတပ်တွေက မြင်ရာရမ်းပစ်နေတာကြောင့် အနီးအနားကျေးရွာက ရွာသူရွာသား တွေက စစ်ရှောင်နေရတာဖြစ်တယ်လို့ ဒေသခံကဆိုပါတယ်။
တောင်သူတွေအနေနဲ့လည်း ရိတ်သိမ်းရမယ့်စပါးတွေမရိတ်သိမ်းနိုင်တဲ့အပြင် စားဝတ်နေရေးပါ ခက်ခဲနေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။
မွန်ပြည်နယ်ရေးမြို့က ကျောင်းရွာရဲကင်းစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက်ို ဒီဇင်ဘာ ၈ရက် ညက ရေးမြို့ပြည်သူ့ကာကွယ်ရေးအထူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
#Dailynews

