သတင်းများ

“စစ်ကျွန်ပညာရေး သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက် “ ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

May 18, 2022

ကလေး – ၂၀၂၂ မေ ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ရဲ့ ရက်ပေါင်း ၄၆၅ ရက်မြောက် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

CDM ကျောင်းဆရာကို ဖမ်းမမိလို့ မိသားစုတွေကို ဖမ်းသွားတဲ့အပြင် လေးနှစ်အရွယ်သမီးဖြစ်သူကို ထပ်ဖမ်းထား

May 13, 2022

ကျောက်ဆည် – ၂၀၂၂ မေ ၁၃ (မော်ကွန်း) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ CDM ကျောင်းဆရာတစ်ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းမမိတာကြောင့် မိသားစုဝင်တွေကို ဖမ်းဆီးသွားခဲ့ပြီး နောက်ရက်မှာပဲ လေးနှစ်အရွယ် သမီးဖြစ်သူကို ထပ်မံဖမ်းဆီးသွားကြောင်း မိသားစုနဲ့နီးစပ်သူက မော်ကွန်းကိုပြောပါတယ်။ ကျောက်ဆည်မြို့၊ အင်ဒိုင်းရွာက အဲဒီကျောင်းဆရာကို ဖမ်းဆီးဖို့ကြိုးစားခဲ့ရာမှာ လွတ်မြောက်သွားတာမို့ နေအိမ်မှာရှိတဲ့ မိသားစုဝင် ကိုးဦးကို အာဏာသိမ်းစစ်တပ်က ဧပြီ ၃၀ ရက်မှာ ဖမ်းဆီးသွားတာပါ။ မေ ၁ ရက်မှာတော့ ကျန်ရှိတဲ့ လေးနှစ်အရွယ် သမီးဖြစ်သူနဲ့ အဒေါ်ဖြစ်သူကို ထပ်မံဖမ်းဆီးသွားပြီး သူတို့နဲ့ ဆက်သွယ်လို့ မရသေးကြောင်း သတင်းရင်းမြစ်ကပြောပါတယ်။ “ကလေးကိုဖမ်းသွားတုန်းက သူ့အဒေါ်ပါသွားတယ်၊ အခုသူ့အဒေါ်နဲ့နှစ်ယောက်ကို မြို့မရဲစခန်းမှာထားတယ်ဆိုတာပဲသိရတယ်၊တခြားဘာမှမသိရဘူး၊အဆက်သွယ်လည်းမရဘူး”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။ ဖမ်းဆီးခံရတဲ့မိသားစုဝင် စုစုပေါင်း ၁၁ ဦးရှိပြီး ကျောင်းဆရာဇနီးမောင်နှံရဲ့ […]

အပြည့်အစုံဖတ်ရန်

ရက်ပေါင်း ၄၆၀ မြောက် ကလေးမြို့ပင်မသပိတ်

May 13, 2022

ကလေး – ၂၀၂၂ မေ ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းစစ်တပ်‌တွေ စောင့်ကြည့်ဖမ်းဆီးမှုတွေရှိနေပေမယ့် မြို့ခံလူထုရဲ့ပင်မသပိတ်ကတော့ နေ့စဉ် နည်းအမျိုးမျိုးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကို ပြုလုပ်နေတာ ဒီကနေ့ဆို ရက်ပေါင်း ၄၆၀ ရှိလာပါပြီ။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

လူထုပါဝင်မှုအားကောင်းနေဆဲ ဖားကန့်မြို့သပိတ် ယနေ့မြင်ကွင်း

May 13, 2022

ဖားကန့် – ၂၀၂၂ မေ ၁၃ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုသပိတ်ရဲ့ အားကောင်းကောင်းနဲ့ နေ့စဉ်ချီတက်ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာဟာ ကိုးလနီးပါးရှိလာပါပြီ။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ဘိုကလေးမြို့က သတင်းပေးပျူစောထီးခေါင်းဆောင် သေနတ်ဖြင့် ပစ်သတ်ခံရ

May 12, 2022

ဘိုကလေး – ၂၀၂၂ မေ ၁၂ (မော်ကွန်း) ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့မှာ ဒီကနေ့နံနက်ပိုင်း ညီနောင်ဝကျေးရွာက အာဏာသိမ်းစစ်တပ်သတင်းပေး ပျူစောထီးခေါင်းဆောင် မောင်မောင်မြင့်(ခ) မြင့်သူ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ညီနောင်တံတားအဆင်းက ကျောင်းရှေ့မုန့်ဟင်းခါးဆိုင်မှာ နံနက် ၈ :၀၀ နာရီလောက်က သေနတ်နဲ့လာပစ်သွားတာလို့ ဒေသခံကပြောပါတယ်။ “ သူက အရင်ကတည်းက စစ်တပ်ကအရာရှိတွေကို ပိုင်အောင်ပေါင်းထားတော့ ခုသူပြောသမျှ အုပ်ချုပ်ရေးမှူးတွေက လိုက်လုပ်နေရတာ၊ သူက မလော့ဒိုင်နယ်နဲ့ ညီနောင်ဒိုင်နယ်က ပျူစောထီးအဖွဲ့ခေါင်းဆောင်၊ ပထမတော့ သတင်းပေးလုပ်တာ ပျူစောထီးဖွဲ့တော့ သူကဝင်လုပ်ပြီး ခေါင်းဆောင်ဖြစ်နေတာ”လို့ ဒေသခံက ပြောပါတယ်။ မောင်မောင်မြင့်ဟာ သေနတ်နဲ့ အနီးကပ် လေးချက်ခန့် ပစ်ခတ်ခံခဲ့ရပြီး လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ မောင်မောင်မြင့်ဟာ […]

အပြည့်အစုံဖတ်ရန်

CNDF နှင့် တိုက်ပွဲဖြစ်ပွားရာ နှစ်လအတွင်း အာဏာသိမ်းစစ်တပ်ဘက်က တစ်ရာကျော်သေ

May 10, 2022

ချင်းပြည် – ၂၀၂၂ မေ ၁၀ (မော်ကွန်း) ဖလမ်းမြို့နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့တို့မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)နဲ့ တိုက်ပွဲဖြစ်ပွားရာ နှစ်လအတွင်း အာဏာသိမ်းစစ်တပ်ဘက်က တစ်ရာကျော်သေဆုံးခဲ့ကြောင်း CNDF က ထုတ်ပြန်ပါတယ်။ အဲဒီမြို့နယ်နှစ်ခုမှာ မတ်လနဲ့ဧပြီလက တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး CNDF ဘက်က ေခြာက်ဦးကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ ဓါတ်ပုံ – CNO/CNDF #Dailynews

အပြည့်အစုံဖတ်ရန်

“ နွေဦးရဲ့ သစ္စာဖောက်ဟူသမျှ သုတ်သင်ကြ” ကလေးမြို့ပင်မသပိတ် ၄၅၇ ရက်မြောက်နေ့

May 10, 2022

ကလေး – ၂၀၂၂ မေ ၁၀ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး၊ ကလေးမြို့ပင်မသပိတ်ရဲ့ ပျက်ရက်မရှိဘဲ ဆန္ဒထုတ်ဖော်မှု ၄၅၇ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပခုက္ကူမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေ လမ်းတွေမှာ ပိတ်ဆို့ပြီး ပြည်သူတွေဆီက ငွေတောင်းနေ

May 10, 2022

ပခုက္ကူ – ၂၀၂၂ မေ ၁၀ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ပျူစောထီးတွေနဲ့ အာဏာသိမ်းစစ်တပ် ပူးပေါင်းပြီး မြို့တွင်းလမ်းတွေမှာ ပိတ်ဆို့စစ်ဆေးကာ ပြည်သူတွေဆီကနေ ငွေတောင်းခံမှုတွေကို အခုလအတွင်းမှာ မကြာခဏပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ “ဆိုင်ကယ်ဆိုရင် သော့ဖြုတ်ပြီး ပိုက်ဆံတောင်းတယ်၊ပိုက်ဆံရှိသူဆိုရင်ပိုတောင်းတယ်၊ပိုက်ဆံမရှိတဲ့သူဆိုရင် ၅၀၀၀ အနည်းဆုံးတောင်းတယ်”လို့ ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ မြို့အဝင်အထွက်တွေမှာ အဓိကထားတောင်းခံနေတာဖြစ်ပြီး စစ်ဆေးရေးဂိတ်၊ အဝင်အထွက်၊ပခုက္ကူဧရာဝတီတံတားထိပ်တွေမှာ ငွေတောင်းခံနေတာလို့ ဒေသခံကဆိုပါတယ်။ “ကားသမားတွေရော၊ဒေသခံတွေရောမကျေနပ်ပေမယ့် ဘာတတ်နိုင်မှာလဲပေးကြရတာပဲ၊ စဉ်စားကြည့်မြို့တစ်မြို့တစ်နေ့တစ်နေ့ဖြတ်နေတဲ့ကားပေါင်းကမနည်းဘူး”လို့ဒေသခံကဆိုပါတယ်။ အခုလို ပိတ်ဆို့ပြီး ငွေတာင်းတဲ့အပြင် အမျိုးသားနှစ်ဦးဆိုင်ကယ်စီးရင်လည်း လိုက်လံပစ်ခတ်မှုတွေရှိတယ်လို့ ဒေသခံကပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

အသံမတိတ်တဲ့ ဖားကန့်သပိတ် လမ်းမပေါ် ချီတက်ဆန္ဒပြ

May 10, 2022

ဖားကန့် – ၂၀၂၂ မေ ၁၀ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုသပိတ်ဟာ ဒီကနေ့မှာလည်း ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အာဏာသိမ်းစစ်တပ်က ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ပြီး သတင်းအချက်အလက်တွေ ဖြတ်တောက်ထားတာဟာ ကိုးလနီးပါးရှိလာနေပါပြီ။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“တော်လှန်သော တောင်ယာသပိတ်”

May 8, 2022

ကလေး – ၂၀၂၂ မေ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့က ပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့အနေနဲ့ ကလေးမြို့ပင်မသပိတ်အင်အားစုကဦးဆောင်ပြီး “တော်လှန်သော တောင်ယာသပိတ်”ကိုပြုလုပ်ခဲ့ပါတယ်။ စစ်အာဏာရှင်ရဲ့ ခေတ်အဆက်ဆက်ဖိနှိပ်ချုပ်ခြယ်မှုတွေကို ငြိမ်ခံမနေဘဲ အပြီးတိုင်ချုပ်ငြိမ်းသွားဖို့ လမ်းမပေါ့်တက်ကာ သပိတ်နဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ ပင်မသပိတ်က တိုက်တွန်းထားပါတယ်။ ဓါတ်ပုံ – ကလေးမြို့ပင်မသပိတ်အင်အားစု #Dailynews

အပြည့်အစုံဖတ်ရန်

May 8, 2022

ကလေး – ၂၀၂၂ မေ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီကနေ့ အမျိုးသမီးတွေဦးဆောင်တဲ့ သပိတ်စစ်ကြောင်းနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “ ခြောက်တိုင်းမကြောက် ဒူးမထောက်၊ ကလေးသူတွေ ရဲရဲတောက်” “ ဒူးမထောက်အရှူံးမပေး Kalay သူတွေရဲ့သွေး” စတဲ့ စာတန်းတွေကို ကိုင်ဆွဲကာ စစ်အာဏာရှင်ကို ကန့်ကွက်သပိတ်မှောက်ခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့အထိ ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကိုသပိတ်မှောက်နေတာ ရက်ပေါင်း ၄၅၅ ရက်ရှိလာပါပြီ။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပခုက္ကူမြို့က 3 Star သွပ်ပြားစက်ရုံဓားပြတိုက်ခံရပြီး ဝန်ထမ်းတစ်ဦးကို ဓါးနဲ့ထိုးသွားလို့ ဆေးရုံတင်ထားရ

May 8, 2022

ပခုက္ကူ – ၂၀၂၂ မေ ၈ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန် (၁) လမ်းက 3 Star သွပ်ပြားစက်ရုံကို ဒီကနေ့ နေ့လယ်ပိုင်းမှာ လူတစ်စုက ဓါးပြဝင်တိုက်ခဲ့ပြီး ပြန်လည်ခုခံခဲ့တဲ့ ဝန်ထမ်းတစ်ဦးကတော့ ဓါးထိုးခံရကာ ဆေးရုံတင်ထားရကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။ “လူငယ် ခြောက်ယောက်ဓားရှည်တွေနဲ့၊ ဖြစ်စဉ်ဖြစ်တော့စက်ရုံမှာလူသိပ်မရှိဘူး၊ ဖြစ်ပြီးပြီးချင်း အနောက်ထဲမောင်းထွက်သွားတယ်၊ဝန်ထမ်းတစ်ဦးက ခုခံကာကွယ်ဖို့လုပ်ရင်းနဲ့ဝမ်းဗိုက်ကိုဓားထိုးမိသွားတယ် ” လို့ ဒေသခံသတင်းရင်းမြစ်ကဆိုပါတယ်။ ဆိုင်ကယ် တစ်စီး ၊ ဖုန်း သုံးလုံး ၊ ဆွဲကြိုး တစ်ကုံး ၊ နားကပ်နှစ်ရံ ၊ ပိုက်ဆံသုံးသိန်းခန့်ကိုယူဆောင်သွား​​ပီး စက်ရုံကဆိုင်ကယ်နှစ်စီးကသော့ဖွင့်မရတာကြောင့်မပါသွားဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။ ဓားပြလာတိုက်သူတွေဟာ အသက် ၂၀ ဝန်းကျင် လူငယ်အရွယ်တွေဖြစ်ပြီး စက်ရုံဝန်ထမ်းစာရေးမရဲ့ နားကပ်ကိုပါချွတ်ခိုင်းပြီးယူဆောင်သွားတယ်လို့ […]

အပြည့်အစုံဖတ်ရန်
1 … 187 188 189 190 191 192 193 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."