ပခုက္ကူ – ၂၀၂၂ မေ ၈ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန် (၁) လမ်းက 3 Star သွပ်ပြားစက်ရုံကို ဒီကနေ့ နေ့လယ်ပိုင်းမှာ လူတစ်စုက ဓါးပြဝင်တိုက်ခဲ့ပြီး ပြန်လည်ခုခံခဲ့တဲ့ ဝန်ထမ်းတစ်ဦးကတော့ ဓါးထိုးခံရကာ ဆေးရုံတင်ထားရကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။
“လူငယ် ခြောက်ယောက်ဓားရှည်တွေနဲ့၊ ဖြစ်စဉ်ဖြစ်တော့စက်ရုံမှာလူသိပ်မရှိဘူး၊ ဖြစ်ပြီးပြီးချင်း အနောက်ထဲမောင်းထွက်သွားတယ်၊ဝန်ထမ်းတစ်ဦးက ခုခံကာကွယ်ဖို့လုပ်ရင်းနဲ့ဝမ်းဗိုက်ကိုဓားထိုးမိသွားတယ် ” လို့ ဒေသခံသတင်းရင်းမြစ်ကဆိုပါတယ်။
ဆိုင်ကယ် တစ်စီး ၊ ဖုန်း သုံးလုံး ၊ ဆွဲကြိုး တစ်ကုံး ၊ နားကပ်နှစ်ရံ ၊ ပိုက်ဆံသုံးသိန်းခန့်ကိုယူဆောင်သွားပီး စက်ရုံကဆိုင်ကယ်နှစ်စီးကသော့ဖွင့်မရတာကြောင့်မပါသွားဘူးလို့ သတင်းရင်းမြစ်က ဆိုပါတယ်။
ဓားပြလာတိုက်သူတွေဟာ အသက် ၂၀ ဝန်းကျင် လူငယ်အရွယ်တွေဖြစ်ပြီး စက်ရုံဝန်ထမ်းစာရေးမရဲ့ နားကပ်ကိုပါချွတ်ခိုင်းပြီးယူဆောင်သွားတယ်လို့ ဒေသခံကပြောပါတယ်။
ခုခံကာကွယ်တာကြောင့် ဓားဒဏ်ရာရသွားတဲ့ဝန်ထမ်းကအခြေနေမစိုးရိမ်ရဘဲဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
#Dailynews

