သတင်းများ

ရန်ကုန်မှာ မီးသွေးသုံးစွဲမှုနှစ်ဆမြင့်တက်၊ စျေးထပ်တက်နိုင်

March 2, 2023

ရန်ကုန် – ၂၀၂၃ မတ်၂(မော်ကွန်း) လျှပ်စစ်မီးပုံမှန်မရရှိတော့တာကြောင့် ရန်ကုန်တိုင်းအတွင်း မီးသွေးသုံးစွဲမှုသိသိသာသာမြင့်တတ်လာပြီး စျေးထပ်တက်နိုင်တယ်လို့ မီးသွေးရောင်းဝယ်ရေးလုပ်ငန်းရှင်တွေကပြောပါတယ်။ အာဏာမသိမ်းခင်ကနဲ့နှိုင်းယှဥ်ရင်မြို့ကြီးတွေရဲ့မီးသွေးအမှာက သိသိသာသာမြင့်တက်လာပါတယ်။ ရန်ကုန်‌မီး‌သွေးဈေးကွက်မှာတော့ အခုလိုမီးသွေးရာသီချိန်မှာအရင်ကတစ်ရက်ကိုမီးသွေးအိတ်တစ်သောင်းခွဲလောက်သာရန်ကုန်ဈေးကွက်ကိုဝင်‌ရောက်ပေမယ့် လက်ရှိမှာတော့သုံးသောင်းဝန်းကျင်‌လောက်ထိရန်ကုန်ဈေးကွက်ကိုဝင်တယ်လို့ မီးသွေးရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။ “အာဏာသိမ်းခါစကအခြေနေနဲ့ယှဥ်ရင် မီးသွေးအမှာတွေကများလာတယ်။အရင်ကဆို မီးသွေးကို ဂတ်စ်စျေးက ထိန်းထားသေးတယ်။အခုကဂတ်စ်စျေးတွေလဲတတ်တော့ မီးသွေးကိုပဲအားကိုပြီးပြန်သုံးလာကြတယ်။”လို့ ၎င်းကပြောပါတယ်။ မီးသွေးအတွက်လိုအပ်တဲ့ သစ်ကုန်ကြမ်းတွေကိုတော့ ဆည်ရေမြုပ်ဧရိယာတွေကထွက်ရှိတဲ့သစ်တွေ၊ သစ်စိုက်ကွက်ဧရိယာရှင်းလင်းရာမှထွက်ရှိလာတဲ့သစ်တွေကို အသုံးပြုတာဖြစ်ပြီး ရခိုင်ရိုးမနဲ့ပဲခူးရိုးမကနေ ကုန်ကြမ်းအများဆုံးရရှိတယ်လို့ မီးသွေးကုန်သည်တစ်ဦးကပြောပါတယ်။ လက်ရှိမှာတော့ သစ်တောတွေမှာ မီးသွေးကုန်ကြမ်းရရှိမှုကလည်း နည်းပါလာတာကြောင့် လာမယ့်လပိုင်းတွေမှာ မီးသွေးစျေးနှုန်းမြင့်တတ်လာ နိုင်တယ်လို့ဆိုပါတယ်။ “မီးသွေးအတွက်ကုန်ကြမ်းကနွေမှရတာ မိုးတွင်းဆိုပုံမှန်မီးသွေးစျေးကတက်လေ့ရှိတယ်။အခုကတော့ သစ်တောတွေကအခြေနေမကောင်းဘဲ ကုန်ကြမ်းအရနည်းတယ်။ အရင်ကဆို မီးသွေးဖုတ်တဲ့သူတွေက ရလာတဲ့မီးသွေးကိုအကုန်မရောင်းပဲချန်ထားပြီးထိန်းရောင်းကျတာ။ အခုက ခက်ခဲလာတော့ လက်တလော စားဝတ်နေရေးအဆင်ပြေဖို့ရှိတာအကုန်ထုတ်ရောင်းပြီးဖြေရှင်းနေကြတော့ မိုးနည်းနည်းစ၀င်တာနဲ့မီးသွေးစျေးက တက်လာဖို့ပဲရှိတယ်လို့ ၎င်းကပြောပါတယ်။ စစ်အာဏမသိမ်းခင်က မီးသွေး ၁၀ […]

အပြည့်အစုံဖတ်ရန်

တိုက်ပွဲပြင်းထန်နေတဲ့ ယင်းမာပင်မှာ အာဏာသိမ်းစစ်တပ် ချောင်ပိတ်တိုက်ခိုက်ခံနေရလို့ လေကြောင်းနဲ့ပါ ပစ်ကူနေရ

March 1, 2023

ယင်းမာပင် – ၂၀၂၃ ‌မတ် ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတာ တစ်ပတ်လောက်ရှိလာပြီး ဒီနေ့မှာလည်း ချောင်ပိတ်တိုက်ခိုက်ခံနေရလို့ လေကြောင်းစစ်ကူပါ ခေါ်နေရတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့အစည်းတွေဆီကသိရပါတယ်။ “အရေးနိမ့်နေတယ်၊ အကျအဆုံးလည်းများတော့ ဒီက PDF တွေကို လှည့်ဖြားတဲ့အနေနဲ့ ဘန့်ဘွေးပျူရွာက သူတို့စစ်ကြောင်းတွေက ထန်းပင်(ရွာ)ဘက်ကိုထွက်ပြီး အိမ်တွေကို မီးရှို့နေတယ်”လို့ ဒေသတော်လှန်ရေးသမားတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ လက်ရှိတိုက်ပွဲတွေပြင်းထန်နေတာဟာ ယင်းမာပင်အနောက်ခြမ်း ကုန်းရွာ၊ ရေအောက်နဲ့စားတော်ပြင်တို့မှာဖြစ်ပြီး ယင်းမာပင်မြို့ပေါ်ကပါ စစ်ကူဆင်းနေရတယ်လို့ သူကပြောပါတယ်။ “လေကြောင်းကတော့ ဒီနေ့ နေ့လယ်မှာ ရေအောက်နဲ့စားတော်ပြင်ကြားမှာ ပိတ်မိနေတဲ့ သူတို့စခတွေကို စစ်ကူပေါ့လေ၊ လာပစ်ပေးတယ်၊ သူတို့လူတွေ ပြေးပေါက်ရအောင် ပစ်တာကိုနားပြီး လေပေါ်မှာ အချိန်ကြာကြာဝဲပေးခဲ့တယ်”လို့ သူကပြောပါတယ်။ မနေ့ညက မီးရှို့ခဲ့တဲ့ ကုန်းရွာကိုလည်း ဒီကနေ့မှာ အာဏာသိမ်းစစ်တပ်က […]

အပြည့်အစုံဖတ်ရန်

ခင်ဦးမြို့နယ်ထဲကရွာတွေကို စကစတပ်တွေဝင်ရောက်မီးရှို့၊ ဒေသခံထောင်ချီထွက်ပြေးနေရ

February 28, 2023

ရန်ကုန်- ၂၀၂၃ ၊ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်နဲ့ခင်ဦးမြို့နယ်မှ စကစ စစ်ကြောင်းနှစ်ခု ဒီမနက်ပိုင်းက ခင်ဦးမြို့နယ်ထဲက မန်ကျည်းအုပ်ကျေးရွာကိုဝင်ရောက်ဖျက်ဆီးမီးရှို့တာကြောင့် အနီးအနားရွာတွေက ဒေသခံသုံးထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံကပြောပါတယ်။ မြင်းဒေါင်း၊ သရပ်ပင်စု၊ မန်ကျည်းအုပ်၊ အင်ဒိုင်းလေး(တောင်) (မြောက်) ကျေးရွာမှ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတာပါ။ “လယ်ကွင်းတွေထဲတိမ်းရှောင်နေကြရတာ။ လက်နက်ကြီးပစ်ရင်အကုန်ထိကုန်မှာ။ တစ်ချို့ဆိုမနေ့ကရှောင်လာကြတာ။ စားဝတ်နေရေးကတော့လောလောဆယ်ထောက်ပံ့ပေးနိုင်သေးတယ်” လို့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ အခုသရက်ပင်စုကျေးရွာထဲရောက်နေတဲ့စစ်ကြောင်းဟာမနေ့ကခင်ဦးမြို့နယ်ထဲမှ အိမ်ခြေ ၄၀၀ ခန့်ရှိတဲ့တဲစုကျေးရွာက်ိုလက်နက်ကြီးလက်နက်ငယ်ပစ်ကာ နေအိမ် ၁၈ လုံးကိုဖျက်ဆီးမီးရှို့ခဲ့ပါသေးတယ်။ အဲဒီစစ်ကောင်စီတပ်သား ၁၀၀ ကျော်ပါတဲ့စစ်ကြောင်းဟာ လက်ရှိ သရပ်ပင်စုကျေးရွာရှ်ိ အလင်းရောင်ဘုန်းကြီးကျောင်းမှာစခန်းချထားတယ်လို့ဆိုပါတယ်။ လက်ရှိရွာငါးရွာထဲက လေးရွာဟာ ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း နေအိမ် ၂၀၀ နီးပါးမီးရှို့ခံထားရတယ်လို့ ခင်ဦးမြို့နယ်ပြန်ကြားရေးအဖွဲ့တာဝန်ခံကပြောပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးချိန်ကစပြီး မနေ့ကအထိ စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ်ရှိ […]

အပြည့်အစုံဖတ်ရန်

စစ်ကိုင်းတိုင်းထဲက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ဒေသတွေမှာ တိုက်ပွဲတွေပိုများလာ၊ စစ်ရှောင်ဦးရေ နေ့စဉ်တိုးလာနေ

February 28, 2023

စစ်ကိုင်း -၂၀၂၃ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေနဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ နေ့တိုင်းစစ်ကြောင်းထိုးနေတာကြောင့် စစ်ဘေးရှောင်ဦးရေ နေ့စဉ်နဲ့အမျှ ပိုများလာပြီး တိုက်ပွဲတွေလည်း မကြာခဏဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ရှောင်အရေးကူညီပေးနေသူတွေကပြောပါတယ်။ “ ဒီကောင်တွေက စစ်ကြောင်းထိုးရင်အင်အားက ရာဂဏန်းမလျော့ဘူး။ အခုက ယင်းမာပင်ခရိုင်ထဲဆို ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး အဲ့သုံးမြို့နယ်ကို အဓိကထားပြီး ဒီကောင်တွေစစ်ကြောင်းထိုးနေတာ၊ စစ်ရှောင်တွေကတော့ ပိုများလာတာပေါ့” လို့ ယင်းမာပင်ခရိုင်ထဲက ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုက တာဝန်ရှိသူက လတ်တလောအခြေအနေကို ပြောပါတယ်။ မနေ့ကလည်း စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ တန့်ဆည်မြို့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်လှန်တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျဆုံးကိုတော့ မသိရသေးပါဘူး။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ရှိလာပြီလို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က ယခုနှစ်ဖေဖော်ဝါရီ […]

အပြည့်အစုံဖတ်ရန်

နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှု အွန်လိုင်း QR ကုတ်စနစ် ပြန်လည်ရရှိ

February 28, 2023

ရန်ကုန်- ၂၀၂၃၊ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း) အွန်လိုင်းစနစ်ဖြင့်နိုင်ငံကူးလက်မှတ်လျှောက်ရတဲ့ဝန်ဆောင်မှုယာယီရပ်ဆိုင်းထားရာကနေမနေ့ညပိုင်းကစပြီးပြန်ဖွင့်ပေးလိုက်ပါပြီ။ ၎င်းစနစ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၄ ရက်က ပြန်လည်ဖွင့်ပေးခဲ့ပြီး သုံးရက်အကြာမှာပဲ လျှောက်ထားသူတွေအလွန်များတာကြောင့် website ရဲ့ server breakdown ဖြစ်ပြီး မနေ့ကယာယီရပ်ဆိုင်းလိုက်ရတယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကကြေညာခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ မနေ့ည ၁၂ နာရီ ဝန်းကျင် လောက်မှသာ ဝက်ဘ်ဆိုက်ထဲဝင်ပြီးပြန်လည်လျှောက်လို့ရခဲ့တယ်လို့ အွန်လိုင်းမှနိုင်ငံကူးလက်မှတ်လျှောက်သူတစ်ဦးကပြောပါတယ်။ “ဖုန်းနဲ့တော့ website ထဲကို အခုချိန်ထိဝင်ကြည့်လို့လုံးဝမရသေးဘူး။ Laptop နဲ့ဝင်ကြည့်မှရတယ်” လို့ ၎င်းကပြောပါတယ်။ အခုလက်ရှိမှာလည်း အသစ်လျှောက်ထားသူတွေ ဝက်ဘ်ဆိုက်ထဲဝင်လို့ရနေပေမယ့် ငွေပေးချေလို့မရတာတွေ၊ တစ်ခါထပ်ပိုပြီးငွေပေးချေမိတာတွေဖြစ်နေတယ် လို့ အွန်လိုင်းကတစ်ဆင့်လျှောက်ထားသူတွေထံမှသိရပါတယ်။ အွန်လိုင်းကနေ နိုင်ငံကူးလက်မှတ်လျှောက်တဲ့အခါကိုယ်ရေးအချက်အလက်တွေဖြည့်၊ QR ကုဒ်ယူ၊ ငွေပေးချေပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံမှာ လူကိုယ်တိုင် အလှည့်ကျတန်းစီပြီး စလစ်သွားထုတ်ရတာပါ။ မနေ့က စလစ်စတင်ထုတ်ပေးတဲ့နေ့မှာတင် ည […]

အပြည့်အစုံဖတ်ရန်

အိမ်ခြေ ၇၀၀ ခန့်ရှိတဲ့ ယင်းမာပင်၊ ကုန်းရွာကို အာဏာသိမ်းစစ်တပ်မီးရှို့နေ၊ ရွာလုံးကျွတ်ပြာကျနိုင်

February 28, 2023

ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီး ဒီကနေ့ည ၇း၀၀ နာရီဝန်းကျင်က စတင်မီးရှို့တာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းနေတယ်လို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။ “တစ်ရွာလုံးပြာကျလုနီးပါးဖြစ်နေပါပြီ အခုကတော့ … ” လို့ ဒီကနေ့ည ၁၀း၀၀ နာရီခန့်မှာ ဒေသခံက မော်ကွန်းကိုပြောပါတယ်။ ရွာကိုမီးမရှို့ခင်မှာ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းထိုးလာတာကြောင့် ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေ နာရီဝက်လောက်လောက်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ကုန်းရွာမှာ အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၂,၀၀၀ နီးပါးရှိကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံကပြောပါတယ်။ တိုက်ပွဲတွေပြင်းလာဖို့ရှိနိုင်တာကြောင့် ယင်းမာပင်မြို့နယ်ထဲက ပြောင်းပြာ၊ မြို့ပေါ်၊ စားတော်ပြင်၊ လက်လှုပ်၊ ရုံးလေးပင်၊ ရေအောက်၊ ကုန်းရွာ၊ ဇီးတောတောင်ရွာ၊ […]

အပြည့်အစုံဖတ်ရန်

နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမထဲက ဒေသခံ ၁၄ ဦးကို အာဏာသိမ်းစစ်တပ်ဖမ်းဆီးထား

February 27, 2023

နတ်တလင်း – ၂၀၂၃ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း) ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမထဲက ဒေသခံတွေကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားပါတယ်။ “တောင်ယာလုပ်ကိုင်စားသောက်ကြသူတွေပါ၊ အားလုံး ၁၄ ယောက် ယာခုတ်နေတဲ့ မိသားစုတွေလို့သိရတယ်” လို့ တော်လှန်ရေးအထောက်အကူပြုအဖွဲ့ (နတ်တလင်း) NRST တာဝန်ရှိသူကပြောပါတယ်။ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ဘက်ကနေ ပဲခူးရိုးမကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ နီးပါးရှိတဲ့ အာဏာသိမ်းစစ်တပ်ဟာ နတ်တလင်းမြို့နယ်ထဲကို ဝင်ရောက်လာပြီး ဖေဖော်ဝါရီ ၂၄ ရက်က အဆိုပါဒေသခံတွေကို ဖမ်းဆီးခဲ့တာပါ။ “PDF နဲ့ ဘာမှမဆိုင်တဲ့ သာမာန်ပြည်သူတွေပါ၊ ဒီလိုပဲသူတို့အကျင့်က မဆိုင်လည်းတွေ့တဲ့သူဖမ်း၊ နှိပ်စက်မှာပဲ” လို့ NRST တာဝန်ရှိသူကပြောပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားသူတွေကို တောင်ညိုဆည်က အာဏာသိမ်းစစ်တပ်စခန်းမှာ စစ်ဆေးနေတယ်လို့ ကြားသိရကြောင်း သူကပြောပါတယ်။ နတ်တလင်းမြို့ဟာ […]

အပြည့်အစုံဖတ်ရန်

လက်ပံတောင်းကိုလာတဲ့တရုတ်တွေကို လုံခြုံရေးယူပေးရင်း စစ်ကြောင်းထိုးလို့ ‌ဒေသခံတွေထွက်ပြေးနေကြရပြီး ဖမ်းဆီးပစ်ခတ်ခံရမှုများရှိ

February 27, 2023

ယင်းမာပင်၊ ဆားလင်းကြီး – ၂၀၂၃ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိုလာတဲ့ တရုတ်နိုင်ငံသားတွေအတွက် လုံခြုံရေးအကြောင်းပြကာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလို့ ဒေသခံတွေထွက်ပြေးနေရကာ ဖမ်းဆီးပစ်ခတ်ခံထားရသူတွေလည်းရှိနေပါတယ်။ ယင်းမာပင်၊ မြောက်ယမားတံတားနားကကျေးရွာတစ်ရွာမှာ ပြေးချိန်မရလို့ အာဏာသိမ်းစစ်တပ်နဲ့တွေ့ကာ အဖမ်းခံလိုက်ရတဲ့ ရွာသား ငါးဦးအနည်းဆုံးရှိနိုင်ကြောင်း ဒေသခံကမော်ကွန်းကိုပြောပါတယ်။ “ရုတ်တရက်ဝင်လာတာဖြစ်တဲ့အတွက် အချို့ရှောင်ချိန်မရဘဲ ပိတ်မိနေတယ်။အချို့လည်းအဖမ်းခံရတယ်၊ တစ်ယောက်ကတော့ ကျည်မှန်ပြီး ဒဏ်ရာပြင်းတယ်။ တစ်ယောက်ကတော့ လက်နက်ကြီးစမှန်တာ ပွန်းပဲ့တာလောက်ပဲ”လို့ ဒေသခံကပြောပါတယ်။ လက်ပံတောင်းကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသားတွေ နေထိုင်ကြပြီး သူတို့သွားတာ၊ ပြန်တာ၊ တစ်ခုခုအပြောင်းအလဲဖြစ်တိုင်း အာဏာသိမ်းစစ်တပ်က လုံခြုံရေးအကြောင်းပြကာ စီမံကိန်းအနီးတဝိုက် ပုသိမ်-မုံရွာလမ်းမဘေး ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ ဖမ်းဆီးရိုက်နှက်တာ၊ သတ်ဖြတ်တာတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကျပါ။ ဒီကနေ့ ‌နံနက် ၁၁း၀၀ ဝန်းကျင်မှာတော့ မုံရွာလေဆိပ်ကနေ […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်က ကလေးသူငယ်နှစ်ဦးကို ဖမ်းဆီးကာ လမ်းပြခိုင်းပြီး ခေါင်းဖြတ်သတ်ပစ်ခဲ့

February 27, 2023

မြင်းမူ – ၂၀၂၃ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ဖို့ အာဏာသိမ်းစစ်တပ်ဟာ ကလေးသူငယ်နှစ်ဦးကို ဖမ်းဆီးကာ လမ်းပြခိုင်းပြီးတဲ့နောက်မှာ ခေါင်းဖြတ်သတ်ပစ်ခဲ့တယ်လို့ Zeroပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ ဖေဖော်ဝါရီ ၂၅ရက်မှာ ညောင်ပင်ကန်ရွာနေ ကလေးနှစ်ဦးကိုဖမ်းဆီးပြီးနောက် မနေ့က Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ယာယီစခန်းနေရာကိုလိုက်ပြခိုင်းခဲ့တယ်လို့ သူကပြောပါတယ်။ “တမြန်နေ့ကဖမ်းသွားတာ၊မနေ့က စခန်းလိုက်ပြခိုင်းပြီး ညောင်ပင်ကန်ဘုန်းကြီးကျောင်းမှာ ကလေးနှစ်ယောက်လုံးကိုခေါင်းဖြတ်သတ်သွားတယ်၊ စခန်းကိုလည်းမီးရှို့သွားတယ်၊ လက်နက်ခဲယမ်းတွေတော့မပါသွားဘူး၊ဖောက်ခွဲရေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာအဝတ်အစားတွေပါသွားတယ်”လို့ Zero ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ အသတ်ခံလိုက်ရတဲ့ ကလေးသူငယ်နှစ်ဦးဟာ ၁၀ နှစ်ဝန်းကျင်အရွယ်တွေဖြစ်တယ်လို့ သူကဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စောင့်ကြည့်တွက်ချက်မှုတွေအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးရသူဟာ အနည်းဆုံး ၃,၀၀၀ ကျော်ရှိလာပြီး ကလေးသူငယ် ၃၀၀ နီးပါး ပါဝင်ပါတယ်။ စခန်းကို တိုက်ခိုက်ဖျက်ဆီးခံရလို့ […]

အပြည့်အစုံဖတ်ရန်

မူးယစ်ဆေးဝါးတွေပိုမိုဖမ်းဆီးနိုင်ဟုစကစကြေညာသော်လည်း မြေပြင်အခြေနေနှင့်ကွဲလွဲနေဟုဆို

February 27, 2023

ရန်ကုန်- ၂၀၂၃၊ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း) စစ်ကောင်စီက မြန်မာနိုင်ငံအတွင်းမူးယစ်ဆေးဝါးဖမ်းဆီးမှုတွေကို ပြီးခဲ့တဲ့နှစ်နှစ်ကထက်ပိုပြီးလုပ်နိုင်ခဲ့တယ်လို့ဆိုနေပေမယ့် လက်တွေ့မြေပြင်အခြေအနေတွေနဲ့ကွဲလွဲနေတယ်လို့ မူးယစ်ဆေးဝါးအရေးသုံးသပ်သူတွေ၊ရောင်းသူဝယ်သူတွေကပြောပါတယ်။ “ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကိုဗစ်အကြိုကာလနဲ့ နှိုင်းယှဉ်ပါက အခုမူးယစ်ဆေးရရှိမှုတွေဟာ ပိုပြီးမြင့်မားလာတယ်။ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား မူးယစ်ဆေးဝါးတွေရဲ့ လက်လီဈေးတွေကလည်း အရင်ဈေးနဲ့ယှဉ်ရင် ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။ ဆိုလိုတာက မူးယစ်ဆေးဝါးထိန်းချုပ်မှု နည်းလာတယ်။ ဒါတွေကိုကြည့်ရင် သူတို့တွေ မူးယစ်းဆေးဝါးတွေနဲ့ ဖြန့်ချိသူတွေကို အရင်နှစ်တွေကထက် ပိုပြီးဖမ်းဆီးလာနိုင်တယ်ဆိုတာဘယ်လိုသက်သေပြမလဲ”လို့ မူးယစ်ဆေးဝါးအရေးလေ့လာစောင့်ကြည့်သူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ စစ်ကောင်စီကတော့ ၂၀၂၂ ဖေဖော်ဝါရီကနေ အခုနှစ်ဇန်နဝါရီအထိ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတန်ဖိုးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၂ ဇန်နဝါရီ ထက်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ သန်း ကျော် ပိုမိုဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေးသတင်းစာတွေမှာ ယနေ့ကြေညာပါတယ်။ အဲဒီဖမ်းဆီးရမိမှုတွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တွေအများဆုံးပါဝင်သလို […]

အပြည့်အစုံဖတ်ရန်

မြင်းမူမှာ စကစတပ်တွေဝင်လာတာကြောင့် ဒေသခံထောင်ချီထွက်ပြေးနေရ

February 27, 2023

မြင်းမူ-၂၀၂၃ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်ဖျားရွာသစ်(ကန်သာအေးရွာ)ကို ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီအင်အား တစ်ရာကျော်ဝင်ရောက်တပ်စွဲထားတာကြောင့် အနီးနားကျေးရွာတွေက ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဒီနေ့ မနက်ပိုင်း ကန်တော်ရွာကနေ ကန်ဖျားရွာသစ်ကို ထီးဆောင်းရွာက စခတွေနဲ့ပေါင်းပြီး အင်အား ၁၂၀ ခန့်ရောက်နေတယ်။ အခုချိန်ထိ တပ်စွဲထားတယ်ဗျ။ ကန်တော်ရွာ၊ ကန်ဖျားရွာတို့တော့ ဒေသခံတွေ ထွက်ပြေးနေရတယ်ဗျ။ ကန်တော်ရွာကတစ်ရွာလုံး ထွက်ပြေးရတာ၊ ဒေသခံပြည်သူ ခြောက်ထောင်ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတာဗျ” လို့ပြောပါတယ်။ မနေ့ကလည်း စစ်ကောင်စီတပ်တွေက မြင်းမူမြို့နယ် ကန်တော်ရွာကိုစစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်တွေက ညနေပိုင်းမှာ ကန်တော်ရွာနဲ့ ဘုန်းတော်ကြီးကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြင်းမူမြို့နယ်ထဲကရွာတွေကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၃ ရက်ကစ စစ်ကြောင်းထိုး […]

အပြည့်အစုံဖတ်ရန်

ဗုံးသီးမတော်တဆဖြစ်ကာ ပေါက်ကွဲသဖြင့် ဆယ်ကျော်သက်ရဲဘော်သုံးဦး ကျဆုံး

February 27, 2023

အရာတော် – ၂၀၂၃ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒီကနေ့ ဗုံးသီးမတော်တဆဖြစ်ကာ ပေါက်ကွဲသဖြင့် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ဆယ်ကျော်သက်ရဲဘော်သုံးဦး ကျဆုံးခဲ့ရပါတယ်။ “စစ်ဆင်ရေးသွားဖို့ လူစုနေတုန်းဖြစ်တာ၊ ၄၀ မမ ဗုံးသီးပဲ ‌မတော်တဆမှု ဒီကနေ့ နံနက် ၈း၀၀ နာရီလောက်က ဖြစ်တာ”လို့ ဒေသတော်လှန်ရေးအဖွဲ့တစ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ကျဆုံးသွားရသူတွေဟာ ၁၈ နှစ်အရွယ် ရဲဘော် Cover ၊ ၁၉ နှစ်အရွယ် ရဲဘော်ဖားကြီးနဲ့ အသက် ၂၀ အရွယ် ရဲဘော်နွေဦးတို့ဖြစ်ပါတယ်။ သူတို့ရဲ့ ဈာပနကို ဒီကနေ့မှာ ဒေသခံပြည်သူလူထုတွေနဲ့ တော်လှန်ရေးရဲဘော်တွေက လိုက်ပါပို့ဆောင်ပြီး မီးသင်္ဂြိုလ်ပေးခဲ့ကြပါတယ်။ ပုံစာ – ကျဆုံးသွားရသူများ၏ နာရေးမြင်ကွင်း ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 145 146 147 148 149 150 151 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."