သတင်းများ

“သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ” အရာတော်သပိတ် မုံရွာမြို့အဝင်တွင် ဆန္ဒပြ

May 21, 2023

အရာတော် − ၂၀၂၃ မေ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ဟာ ဒီကနေ့မှာ မုံရွာမြို့အဝင်၊ မုံရွာ−အရာတော်လမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မုံရွာ − အရာတော်လမ်းမပေါ်မှာရှိတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ထဲမှာ အာဏာသိမ်းစစ်တပ်က အထိုင်ချနေပေမယ့် အဲဒီနေရာနဲ့ မီတာ၅၀လောက်နီးတဲ့နေရာထိ လာပြီးလမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့တာလို့ သပိတ်ခေါင်းဆောင်က မော်ကွန်းကိုပြောပါတယ်။ ဒီနေ့ သပိတ်မှာ ကိုင်စွဲခဲ့တဲ့ သပိတ်စာသားတွေကတော့ “သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ” ၊ “တော်လှန်ရေးသမားကိုသေမိန့်ချရုံနဲ့ တော်လှန်ရေးကသေမိန့်မကျဘူး”တို့ဖြစ်ပါတယ်။ ဓါတ်ပုံ − CJ #Dailynews

အပြည့်အစုံဖတ်ရန်

ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာကို အာဏာသိမ်းစစ်တပ်နှစ်ရက်ဆက်တိုက်မီးရှို့လို့ နေအိမ် ၁၇၀ ကျော်ပျက်စီး

May 20, 2023

ခင်ဦး – ၂၀၂၃ မေ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာက နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က မနေ့ကနဲ့ ဒီနေ့နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ရွှေဘိုမြို့နယ်ဘက်ကထွက်လာတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းဟာ ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာကိုမနေ့ကရောက်ရှိလာပြီး မီးရှို့ခဲ့တာလို့ Peoples Defenses Comrade အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်ကပြောပါတယ်။ “အိမ်ကြီးအိမ်ကောင်းတွေ အကုန်ပါတာပါပဲ၊ မနေ့က စစ်ကြောင်းဝင်လာတော့ ကပျာကယာထပြေးကြရတာနဲ့ ပြည်သူတွေလည်း အဝတ်တစ်ထည်ကိုယ်တခုပဲ ကျန်ခဲ့ကြတယ်”လို့ သူကပြောပါတယ်။ နှစ်ရက်ဆက်တိုက်မီးရှို့တာကြောင့် ကံသစ်ကျေးရွာက နေအိမ် ၁၇၂လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သူကပြောပါတယ်။ ကံသစ်ကျေးရွာမှာ နေအိမ် ၅၀၀ ကျော်ရှိပြီး အာဏာသိမ်းစစ်တပ်က ခုနောက်ဆုံးထိ သုံးကြိမ်မီးရှို့ထားတဲ့အတွက် နေအိမ် စုစုပေါင်း ၃၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်၊စစ်ကြောင်းဟာ ကံသစ်ကျေးရွာကို မီးရှို့ပြီးနောက် ဒီနေ့ညနေ […]

အပြည့်အစုံဖတ်ရန်

မကွေးတိုင်းထဲမှာ နေ့စဉ် တိရစ္ဆာန်ရာနဲ့ချီသေဆုံးနေ

May 19, 2023

ရန်ကုန်-၂၀၂၃ မေ ၁၉ (မော်ကွန်း) မကွေးတိုင်းထဲက မြို့နယ်တချို့မှာ ကျွဲ၊နွား၊ဆိတ်လို အိမ်မွေးတိရစ္ဆာန်တွေ နေ့စဉ်ရာနဲ့ချီသေဆုံးနေပြီး ဒါဟာ အလွန်ပူပြင်းရာကနေ မုန်တိုင်းမိုးကြောင့် ရုတ်တရတ် အပူအအေးမမျှတဖြစ်ပြီးသေဆုံးတာလို့ယူဆရကြောင်း ဒေသခံတွေက ပြောပါတယ်။ “ ကျွန်တော့်အထင်တော့ အရင်က ရာသီဥတုက တအားပူတာဗျာ။ အပူချိန်စံချိန်တင်နေတဲ့အချိန်မှာ မိုးကတအားရွာချလိုက်တော့ လူတွေက လုံလုံခြုံခြုံနေလို့ရတယ်ဗျာ။ တိရိစ္ဆာန်တွေဆိုတော့ ထင်သလို ပစ်ထားတာဗျ။ အမိုးအကာမရှိဘူး။ အပူနဲ့အအေးကြားထဲမှာ ရှော့ဖြစ်သွားတယ်ထင်တာပဲ။ မိုးကဆက်တိုက်ရွာတော့ တော်တော်အေးသွားတာ။ အဲဒါကြောင့် သေတာဖြစ်မယ်လို့ ထင်တယ်ဗျ၊ အစုလိုက်အပြုံလိုက်ကိုသေတာ” လို့ မကွေးတိုင်းမြောက်ပိုင်းက မြို့နယ်တစ်ခုဖြစ်တဲ့ ပေါက်မြို့နယ်၊ ကန်တောရွာခံတစ်ဦးက ပြောပါတယ်။ ပေါက်မြို့နယ်နဲ့ ဆိတ်ဖြူမြို့နယ်အစပ်မှာ တည်ရှိတဲ့ ကန်တောရွာမှာတင် လေးရက်အတွင်း ကျွဲ၊ နွား၊ ဆိတ် ကောင်ရေ သုံးရာကျော်သေဆုံးခဲ့ပြီလို့ အထက်ပါဒေသခံက ဒီနေ့မနက်ပိုင်းက […]

အပြည့်အစုံဖတ်ရန်

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာ ၁၁၇ ဦးအပါဝင် ၁၄၅ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

May 19, 2023

ရန်ကုန်-၂၀၂၃ မေ ၁၉ (မော်ကွန်း) မုန်တိုင်းကြောင့် ရိုဟင်ဂျာ(စကစကတော့ င်္ဘဂါလီလို့သုံးပါတယ်) ၁၂၀ နီးပါး သေဆုံးခဲ့ပြီလို့ မေလ ၁၈ ရက်အထိ စာရင်းတွေကိုအခြေခံပြီး စစ်ကောင်စီက ဒီနေ့ထုတ်ပြန်ပါတယ်။ ဒေသခံတိုင်းရင်းသားတွေအပါအဝင် မိုခါမုန်တိုင်းကြောင့် ဒီနေ့အထိ သေဆုံးသူပေါင်း ၁၄၅ ဦး ရှိခဲ့ပြီး အဲဒီအထဲမှာ စစ်ကောင်စီတပ်သား လေးဦး ပါဝင်တယ်လို့ထုတ်ပြန်ပါတယ်။ ဒီလိုထုတ်ပြန်တာဟာ သတင်းမှန်ပြန်ကြားတာဖြစ်ပြီးလူမှုကွန်ယက်တွေမှာ စစ်တွေမြို့က IDP Camp တွေမှာ ရိုဟင်ဂျာ ၄၀၀ သေဆုံးတယ်လို့ ထုတ်လွှင်နေတာတွေကို တုန့်ပြန်တာလို့ဆိုပါတယ်။ သေဆုံးသူတွေဟာ တာဝန်ရှိသူတွေရဲ့ရွှေ့ပြောင်းမှုကိုလက်မခံဘဲ မိမိအစီအစဉ်နဲ့ မိမိနေကျန်ရစ်ခဲ့သူတွေသာ ဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။ ဒါအပြင် ရိုဟင်ဂျာ ၄၀၀ ကျော်သေဆုံးတယ်လို့ မမှန်သတင်းဖော်ပြတဲ့မီဒီယာတွေနဲ့ လူမှုကွန်ယက်တွေကိုလည်း အများပြည်သူ အထိတ်တလန့် ဖြစ်အောင်လှုံဆော်မှုနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မသန့်တဲ့ရေတွေအသုံးပြုနေရတာကြောင့်နောက်ဆက်တွဲရောဂါတွေဖြစ်မှာ မြောက်ဦးဒေသခံတွေ စိုးရိမ်နေကြ

May 19, 2023

ရန်ကုန်- ၂၀၂၃၊ မေ ၁၉ (မော်ကွန်း) မိုခါမုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ သောက်သုံးရေပြတ်နေပြီး ဆားငံရေရောနေတဲ့ရေတွေကို အသုံးပြုနေရတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်မှာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ တစ်ချို့ရွာတွေမှာ ချောင်းတွေထဲကို ဆားငံရေတွေဝင်ကုန်တော့ ဘယ်လိုမှသောက်လို့ အဆင်မပြေဘူး။ အခု အဲဒီရေတွေပဲ သောက်နေကြတာ။လောလောဆယ်တော့ ဝမ်းရောဂါတွေတော့မဖြစ်သေးဘူး။ ဖြစ်လာနိုင်မယ့် အခြေအနေတွေရှိနေတယ်” လို့ မြောက်ဦးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူကခန့်မှန်းပါတယ်။ မြို့ခံတွေဟာ မြို့အနီးမှာရှိတဲ့ လက်ဆည်ကန်က သွယ်တန်းထားတဲ့ အနော်မာလို့ ခေါ်တဲ့ တူးမြောင်းကရေကို သောက်သုံးနေရပြီး အဲဒီတူးမြောင်းဟာ ယခင်ကတော့ ဘုရားဖူးခရီးသွားတွေ၊ ဒေသခံတွေ ရေချိုး၊ ရေကူး၊ အဝတ်လျှော်လုပ်တဲ့ရေမြောင်းလို့ သူကပြောပါတယ်။ သူတို့ဆီကို အကူအညီပေးမယ့် အဖွဲ့အစည်းတွေ ဒီနေ့အထိရောက်မလာကြသေးဘူးလို့ ဒီနေ့လယ်ပိုင်းမှာ ဒေသခံတွေက […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းဒဏ်ခံ ချင်းပြည်နယ်မှာလည်း အရေးပေါ် အကူအညီတွေ လိုအပ်နေ

May 19, 2023

ရန်ကုန်-၂၀၂၃ မေ ၁၉(မော်ကွန်း) မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ချင်းပြည်နယ်ထဲကမြို့နယ်တွေမှာ အရေးပေါ် အမိုးအကာနဲ့ စားနပ်ရိက္ခာလိုအပ်နေတယ်လို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ကန်ပက်လက်မြို့နယ်ထဲမှာ မေ ၁၈ ရက်ညနေအထိရထားတဲ့စာရင်းတွေအရ လူနေအိမ်၊ စာသင်ကျောင်း၊ ဘုရားကျောင်းအပါအဝင် အဆောက်အအုံ ၁၅၆ လုံး မုန်တိုင်းကြောင့် ပျက်စီးခဲ့ပြီး အဲဒီအထဲမှာ ၁၈ လုံးဟာ လုံးဝ ပျက်စီးသွားတာလို့ သူကပြောပါတယ်။ “ အစားအသောက်လိုတယ်။ ဆေးဝါးလိုအပ်တယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဝင်တယ်ဆိုတာတော့ ဘယ်ကမှမကြားသေးဘူး” လို့ အထက်ပါ ကန်ပက်လက် ပအဖ အဖွဲ့က တာဝန်ရှိသူကပြောပါတယ်။ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ကလည်း မုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ အိမ်မိုးသွပ်ပြား၊ သံ၊ မိုးကာနဲ့ တာလပတ်တွေလိုအပ်နေသလို စပါးကျီတွေ ပျက်သွားတာကြောင့် ဒေသခံတွေအတွက် ဆန်ရိက္ခာနဲ့စားသောက်ကုန်တွေအပြင် ဆေးဝါးတွေ […]

အပြည့်အစုံဖတ်ရန်

မြောက်ဦးမှာ သံမှိုတစ်ပိဿာ ကျပ်ရှစ်သောင်းထိဖြစ်လာလို့ မုန်တိုင်းဒဏ်ခံရသူတွေအခက်တွေ့

May 19, 2023

ရန်ကုန်-၂၀၂၃ မေ ၁၉ (မော်ကွန်း) မုန်တိုင်းမဝင်ခင်က တစ်ပိဿာ ၇,၅၀၀ ကျပ်ပေးရတဲ့ သံမှို(သွပ်ရိုက်သံ)ကို တစ်ပိဿာ ၈၀,၀၀၀ ကျပ်အထိပေးဝယ်နေရပြီး ပစ္စည်းတွေပါပြတ်နေတယ်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မုန်တိုင်းဒဏ်ခံမြို့နယ်တစ်ခုဖြစ်တဲ့ မြောက်ဦးဒေသခံတွေကပြောပါတယ်။ “ပစ္စည်းတွေအကုန်လုံးပြတ်နေပြီ။ ဈေးတွေလည်းအခုထိတက်နေတုန်းပဲ။ သံမှိုတစ်ပိဿာ ဝယ်လို့ရလိုက်တယ်။ ရှစ်သောင်းထိပေးရတယ်” လို့ မြောက်ဦးမြို့ခံတစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။ ဈေးကြီး၊ ပစ္စည်းပြတ်တာကြောင့် နေအိမ်တွေပြုပြင်ဖို့ အခက်ကြုံနေရတယ်လို့ သူကဆိုပါတယ်။ မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့နေအိမ်တွေကို ပြုပြင်တည်ဆောက်တဲ့အခါမှာ အဓိကအသုံးလိုတဲ့ သွပ်၊ သံမှို၊ ဝါးနဲ့ ဓနိတွေဟာ မြို့ပေါ်မှာဝယ်လို့ မရလောက်တဲ့အထိပြတ်လပ်နေပြီး ဈေးနှုန်းအဆမတန်မြင့်မားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဆန်ဆိုရင်လည်း တစ်အိတ်ကို ၃၀,၀၀၀ ကျပ် ဝန်းကျင်လောက်ထိဈေးမြင့်နေပြီး အခြားမီးဖိုချောင်သုံးပစ္စည်းတွေလည်း ဈေးတက်နေတယ်လို့ ပြောပြကြတယ်။ မုန်တိုင်းတိုက်ခတ်အပြီး ငါးရက်ကြာတဲ့အထိ ကုန်ဈေးနှုန်းတွေမကျသေးတဲ့အပေါ် တာဝန်ရှိတဲ့ အာဏာပိုင်တွေက ထိန်းညှိပေးတာမျိုး […]

အပြည့်အစုံဖတ်ရန်

ရသေ့တောင်မှာ မုန်တိုင်းကြောင့် ကျွဲ၊ နွား ရာနဲ့ချီသေဆုံး

May 18, 2023

ရန်ကုန် – ၂၀၂၃ မေ ၁၈ (မော်ကွန်း) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ဆိုက်ကလုန်းမိုခါကြောင့် ဒေသခံတွေမွေးမြူထားတဲ့ ကျွဲ၊ နွား ရာနဲ့ချီပြီးသေဆုံးခဲ့တယ်လို့ မွေးမြူရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။ ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ၊ အငူမော်ကျေးရွာ၊ ကူတောင်ကျေးရွာ၊ ရွာသစ်ကေကျေးရွာတွေမှာ မုန်တိုင်းကြောင့် ကျွဲနွားတွေသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီကျေးရွာတွေဟာ မုန်တိုင်းကြောင့် နေအိမ်အားလုံးနီးပါးပျက်စီးခဲ့ပြီး စာသင်ကျောင်း၊ ဘုန်ကြီးကျောင်းတွေပါ ပျက်စီးခဲ့ပါတယ်။ မုန်တိုင်းကြောင့် အငူမော်ကျေးရွာမှာ ကျွဲနွား အကောင် သုံးရာခန့်သေဆုံးခဲ့တယ်လို့ အဆိုပါကျေးရွာသားတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ရသေ့တောင်မြို့နယ်နဲ့အငူမော် ဆက်သွယ်ထားတဲ့ ကားလမ်းတစ်လျှောက်မှာလည်း ကျွဲနွားအသေကောင်တွေ ပြန့်ကျဲနေပြီး လာရောက်ရှင်းလင်းမှုလည်းမရှိသေးဘူးလို့ အဆိုပါဒေသခံက ပြောပါတယ်။ “နီးစပ်ရာ ရွာသားတွေကတော့ နိုင်သလောက်ရှင်းလင်းတာရှိတာပေါ့၊ သူတို့လည်း နိီးစပ်သလောက်ပဲ ရှင်းလင်းထားပြီး အကုန်မရှင်းလင်းနိုင်သေးဘူး။ လမ်းပေါ်မှာ ကျွဲ၊ နွားအသေတွေ ပုပ်ပြီးနံဟောင်နေတာ […]

အပြည့်အစုံဖတ်ရန်

ရွှေဘိုမြို့နယ် ကံသာကုန်းရွာကို အာဏာသိမ်းစစ်တပ်မီးရှို့

May 18, 2023

ရွှေဘို – ၂၀၂၃ မေ ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံသာကုန်းရွာကို ဒီနေ့မနက် ၆: ၀၀ နာရီဝန်းကျင်က အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးလာပြီး​နောက် ရွာကိုမီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရွှေဘိုမြို့အနောက်ခြမ်း၊ စိုက်ပျိုးရေးသိပ္ပံခြံထဲကနေ အာဏာသိမ်းစစ်တပ်ဟာ အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထွက်လာခဲ့တာလို့ People’s Defesnse Comrade က ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်ကပြောပါတယ်။ ကံသာကုန်းရွာကို စစ်ကြောင်းထိုး၊ မီးရှို့တဲ့စစ်ကြောင်းဟာ ပြီးခဲ့တဲ့မေလ ၈ရက်က ရွှေဘိုနယ်အနောက်ခြမ်း သရက်ပင်ဝန်းရွာက နေအိမ် ၂၂လုံးကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းနဲ့အတူတူပဲဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ ဒီနေ့မီးရှို့ခံရတဲ့ ကံသာကုန်းရွာက နေအိမ်ဘယ်လောက်မီးလောင်ပျက်စီးတယ်ဆိုတာကို အတိအကျမသိရသေးပါဘူး။ “မနက်အစောဆိုတော့ တိတ်တဆိတ်ဝင်လာတာပါပဲ၊ အဲ့ဒီစစ်ကြောင်းက မေလ ၈ရက်နေ့ ရေဦးကနေထွက်ကတည်းက စစ်ကြောင်းတလျှောက် တိုက်မိုင်းခဏခဏမိတော့ အခု […]

အပြည့်အစုံဖတ်ရန်

မိုခါမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမှာ သောက်သုံးရေအခက်ခဲဖြစ်

May 18, 2023

ရန်ကုန်- ၂၀၂၃၊ မေ ၁၈ (မော်ကွန်း) ဆိုက်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းတစ်မြို့လုံးနီးပါးပျက်စီးသွားခဲ့ပြီး သောက်သုံးရေ အခက်အခဲကြုံနေရတယ်လို့ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်းမှ တာဝန်ခံမှပြောပါတယ်။ “နယ်တွေ(ကျေးရွာတွေ)ဘက်မှာမုန်တိုင်းမဖြစ်ခင်ကရေတွေခမ်းနေတာ။ မုန်တိုင်းဖြစ်တော့ဆားငံရေတွေနဲ့။ သုံးရေလောက်ပဲအဆင်ပြေတယ်။ သောက်ရေကတော့အဆင်မပြေဘူး” လို့ ၎င်းကပြောပါတယ်။ မုန်တိုင်းမဝင်မီက ပုဏ္ဏားကျွန်းကကျေးရွာတွေမှာ နှစ်စဉ်နွေရာသီရောက်တိုင်းသောက်သုံးရေကန်တွေခမ်းခြောက်နေပြီး မုန်တိုင်းဝင်ပြီးတဲ့နောက်မှာသောက်သုံးရေကန်တွေပျက်စီးသွားတယ်လို့ဒေသခံတွေကဆိုပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျေးရွာပေါင်း နှစ်ရာနီးပါးရှိပြီး မိုခါမုန်တိုင်းကြောင့် နေအိမ်တွေ ၉၀ ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေထံမှသိရပါတယ်။ လက်ရှိပြန်လည်ထူထောင်ရေးအစီအစဉ်တွေကိုမလုပ်နိုင်သေးဘဲ အပျက်အစီးတွေကိုအနိုင်နိုင်ရှင်းလင်းနေရတယ်လို့ဆိုပါတယ်။ “သံဖြူ(သွပ်) စျေးတွေ၊သံမှို​ (သွပ်ရိုက်သံ) ဈေးတွေလည်းတက်နေတော့ တစ်ချို့ငွေကြေးမတတ်နိုင်တဲ့သူတွေဆိုသူတို့ရဲ့နေအိမ်တွေကိုဘာမှမပြင်နိုင်သေးဘူး” လို့ပုဏ္ဏားကျွန်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်းမှ တာဝန်ခံမှပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ သွပ်ရိုက်သံ တစ်ပိဿာကို လေးသောင်းနီးပါးစျေးတင်ရောင်းနေတာကြောင့် ရန်ကုန်ကနေ သွပ်ရိုက်သံတွေမှာယူပြီးဖြန့်ချိပေးနေရတယ်လို့အထက်ပါတာဝန်ခံကပြောပါတယ်။ မိုခါမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှာ အပျက်အစီးအများအပြားရှိခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့တယ်လို့လည်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေထံမှသိရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်လိုပဲ စစ်တွေမြို့ပေါ်မှာလည်း သောက်သုံးရေပြဿနာကြုံနေရတာကြောင့် တတ်နိုင်တဲ့သူတွေ သောက်သုံးရေလှူဒါန်းပေးနေတာတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (WFP) […]

အပြည့်အစုံဖတ်ရန်

မေလ ပထမနှစ်ပတ်အတွင်း ကေအဲန်ယူတပ်မဟာ ၅ တွင် အာဏာသိမ်းစစ်တပ်ဘက်က ၂၆ ဦးသေဆုံး

May 17, 2023

မူတြော် − ၂၀၂၃ မေ ၁၇ (မော်ကွန်း) အခုလ ပထမနှစ်ပတ်အတွင်း ကော်သူးလေ၊ ကေအဲန်ယူတပ်မဟာ ၅ နယ်မြေမှာ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က ၂၆ ဦးသေဆုံးခဲ့ကြောင်း တပ်မဟာ ၅ က မနေ့ကသတင်းထုတ်ပြန်ပါတယ်။ မေလဆန်း ၁၅ ရက်တာအတွင်း တိုက်ပွဲပေါင်း ၆၃ ကြိမ်ဖြစ်ပွားခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က တပ်ခွဲမှူး(ဗိုလ်ကြီး)တစ်ဦး၊ ဒုတပ်ခွဲမှူး(ဗိုလ်)တစ်ဦးအပါအဝင် ၂၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ ကထုတ်ပြန်ပါတယ်။ ဒါအပြင် အာဏာသိမ်းစစ်တပ်ဘက်က ထောက်ပို့ကားနှစ်စီးကိုလည်း ဖျက်ဆီးခဲ့ပြီး ကေအဲန်ယူဘက်က စစ်သည်နှစ်ဦးကျဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အမြောက်တပ်ဟာ ကေအဲန်ယူတပ်မဟာ ၅ နယ်မြေထဲက အရပ်သားပစ်မှတ်တွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းအပြီး မီးဖိုချောင်သုံးအခြေခံစားသောက်ကုန်ဈေးနှုန်းတွေမြင့်တက်လာ

May 17, 2023

ရန်ကုန် – ၂၀၂၃ မေ ၁၇ (မော်ကွန်း) မီးဖိုချောင်သုံး သီးနှံတွေအဓိကစိုက်တဲ့ အညာဒေသမှာ မုန်တိုင်းကြောင့် စိုက်ခင်းတွေပျက်စီးခဲ့လို့ ကြက်သွန်နီ၊ကြက်သွန်ဖြူအပါအဝင် မီးဖိုချောင်သုံးအခြေခံကုန်ဈေးနှုန်းတွေ ထိုးတက်လာတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ကုန်သည်တစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။ “ ကုန်သည်ကြီးတွေဆီက အဝယ်ဈေးတွေ မနေ့က စပြီးတက်လာတာ။ အာလူး၊ ကြက်သွန်အနီ၊ အဖြူ အဲဒါတွေ သိသိသာသာတက်တယ်။ ဆက်လည်းတက်နိုင်တယ်။ အဓိကတော့ စိုက်ခင်းတော်တော်များများ ပျက်စီးသွားတယ်။ မကွေး၊ စစ်ကိုင်းဘက်တွေမှာ စိုက်ခင်းတွေ ပျက်သွားတာ ဧကသောင်းချီတယ်” လို့ သူကပြောပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့က အခြေခံစားသောက်ကုန်ဈေးကွက်အတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကုလားပဲ၊ မတ်ပဲ၊ အာလူး အစရှိတဲ့ ကုန်စည်တွေဟာ ဒီရက်ပိုင်းအတွင်းမှာ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ သူကပြောပါတယ်။ မေလ ၁၆ ရက်ကစပြီး […]

အပြည့်အစုံဖတ်ရန်
1 … 129 130 131 132 133 134 135 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."