သတင်းများ

ဝယ်လိုအားများလာပြီးတစ်ပတ်အတွင်း ကန်ဒေါ်လာဈေး တရိပ်ရိပ်တက်လာ

May 26, 2023

ရန်ကုန်၊ ၂၀၂၃ မေ ၂၆ (မော်ကွန်း) အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းဟာ ယခုသီတင်းပတ်အတွင်း ပြန်လည်မြင့်တက်လာတယ်လို့ ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ်လုပ်ကိုင်နေသူတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၁၉ ရက်က ၂,၈၀၀ ကျပ်ဝန်းကျင်မှာရှိနေတဲ့အမေရိကန်ဒေါ်လာဈေးဟာ တစ်ပတ်အတွင်း ၂,၉၅၀ ကျပ် ထိမြင့်တက်ခဲ့တယ်လို့ ငွေကြေးအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ ” အခုရက်ပိုင်းမှာအဝယ်လိုက်နေတယ်။ ဈေးတက်မှာဆိုပြီး လိုက်ဝယ်ကြသူတွေရှိတယ်။ အချို့လည်း ကုန်ပစ္စည်းတင်သွင်းဖို့အတွက် ဝယ်တာတွေရှိတယ်” လို့ သူက ပြောပါတယ်။ ယခုရက်ပိုင်းအတွင်း ငွေကြေးအရောင်းအဝယ်ဈေးကွက်မှာ ဒေါ်လာအဝယ်လိုက်လာလို့ ဈေးဆက်လက်မြင့်တက်မယ်လို့ သုံးသပ်မှုတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။ ဒေါ်လာဈေး ပြန်လည်မြင့်တက်လာတာကြောင့် ဒေါ်လာနဲ့ အရောင်းအဝယ်ပြုလုပ်ရတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေအနေနဲ့ ဒေါ်လာကို ကြိုတင်ဝယ်ယူစုဆောင်းမှုတွေလည်း ရှိလာတယ်လို့ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ” အပြင်မှာ ဘဏ်တွေက ငွေသားထုတ်မပေးတော့ဘူး။ ကန့်သတ်ချက်တွေရှိလာတယ်ဆိုပြီး သတင်းတွေထွက်လာတယ်။ […]

အပြည့်အစုံဖတ်ရန်

စဉ့်ကူးမှာ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နေအိမ်များမိီးလောင်နေ

May 25, 2023

စဉ့်ကူး – ၂၀၂၃ မေ ၂၅ (မော်ကွန်း) မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်၊ ကျွန်းကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့နေ့လယ် ၁၂:၀၀ ဝန်းကျင်မှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာနေအိမ်တွေမီးလောင်နေတယ်လို့ Bo Tiger အဖွဲ့က ခေါင်းဆောင်ဗိုလ်ကျားကြီးကပြောပါတယ်။ ကျွန်းကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့သုံးချက်ပစ်ခတ်ခဲ့ပြီး နေအိမ်တွေကိုပါမီးစွဲနေတာလို့ ဗိုလ်ကျားကြီး ကပြောပါတယ်။ ” သူတို့မီးပါတဲ့လက်နက်ကြီးနဲ့ပစ်တာ၊ရွာသားတွေကတော့ဘေးလွတ်ရာကိုရှောင်ခ်ိုင်းထားတယ်၊အိမ်တွေတော့အများကြီးလောင်နေပြီ”လို့သူကပြောပါတယ်။ ကျွန်းကြီးကျေးရွာထဲက နေအိမ် ၁၀လုံးထက်မနည်းလတ်တလောမီးလောင်နေပြီး ဗိုလ်ကျားကြီးအဖွဲ့ က မီးငြိမ်းသတ်ဖို့ကြိုးစားနေတယ်လို့ပြောပါတယ်။ ပုံစာ – ယနေ့မီးလောင်နေသည့် ကျွန်းကြီးရွာ ဓာတ်ပုံ – Supplied #Dailynews

အပြည့်အစုံဖတ်ရန်

ဒီမော့ဆိုအနီး ၁၀ ရက်အတွင်း စကစ ၄၀ သေတယ်လို့ KNDF ထုတ်ပြန်

May 25, 2023

ရန်ကုန်၊ ၂၀၂၃ မေ ၂၅ (မော်ကွန်း) ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က အရာရှိတွေအပါအဝင် ၄၀ သေဆုံးပြီး သူတို့ဘက်ကရှစ်ဦး ကျဆုံးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က သတင်းထုတ်ပြန်ပါတယ်။ ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တောင်တန်းတွေပေါ်မှာရှိတဲ့ တနီးလာလဲရွာဘက်ကနေ ဒေါလျားခူရွာဘက်ကို အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက မေ ၁၄ ရက်ကတည်းက တန်ပြန်ချေမှုန်းခဲ့တဲ့တိုက်ပွဲတွေအတွင်းဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီရဲ့ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခမရ(၂၈၇) တို့က စစ်ကြောင်းထိုးလာတာဖြစ်ပြီး လွိုင်ကော်၊ ငွေတောင်နဲ့ ဖရူဆိုအခြေစိုက် တပ်တွေကနေလည်း နေ့စဉ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လေကြောင်းကနေ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ ကိုးရက်အတွင်း အကြိမ်ရေ ၆၀ ထက်မနည်း ဗုံးကျဲတိုက်ခိုက်မှုလည်းလုပ်ခဲ့တယ်လို့ မနေ့ကထုတ်ပြန်ချက်မှာ KNDF က […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းဝင်ရောက်တဲ့ဒေသတွေမှာ မြေမြှုပ်မိုင်းအန္တရာယ်သတိပြုဖို့ UNICEF ထုတ်ပြန်

May 25, 2023

ရန်ကုန် – ၂၀၂၃ မေ ၅ (မော်ကွန်း) မိုခါမုန်တိုင်းဝင်ရောက်ခဲ့တဲ့ဒေသတွေဟာ မြေမြှုပ်မိုင်းအန္တရာယ်ရှိတဲ့ဒေသတွေဖြစ်လို့ သတိပြုဖို့ ကုလသမဂ္ဂ၊ ကလေးများဆိုင်ရာရန်ပုံငွေအဖွဲ့ (UNICEF) က ဒီနေ့မှာသတိပေးထုတ်ပြန်ခဲ့ပါတယ်။ မုန်တိုင်းဝင်ပြီးနောက်မှာ မြေမြှုပ်မိုင်းအန္တရာယ်ဟာ နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်လာပြီး ယခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဆိုက်ကလုန်းမုန်တိုင်းဖြတ်သန်းဝင်ရောက်ခဲ့တဲ့ဒေသတွေမှာ ဖြစ်ပွားခဲ့တာလို့ UNICEF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် စတဲ့ဒေသတွေကို မိုခါမုန်တိုင်းဝင်ရောက်ခဲ့ပြီး အဲဒီဒေသတွေဟာ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေတဲ့ဒေသတွေလည်း ဖြစ်တယ်လို့ UNICEF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါ မုန်တိုင်းတိုက်ခတ်ခဲ့တဲ့ ဒေသတွေအတွင်း အပျက်အစီး၊ အမှိုက်သရိုက်တွေကို ဖယ်ရှားရှင်းလင်းမှုလုပ်ဆောင်ရာမှာ မြေမြှုပ်မိုင်းအန္တရာယ်ကို သတိထားဆောင်ရွက်ဖို့လည်း UNICEF ရဲ့ မုန်တိုင်းအန္တရာယ် အသိပညာပေးရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါအပြင် မြေမြှုပ်မိုင်းတွေနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေဟာ […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းအလွန် ၁၀ ရက်ကြာသည့်တိုင် အထက်အညာဒေသတွေကိုကူညီကယ်ဆယ်ရေး မရောက်သေး

May 25, 2023

ရန်ကုန် ၊ ၂၀၂၃ မေ ၂၅ (မော်ကွန်း) မိုခါမုန်တိုင်းဒဏ်ခံခဲ့ရပြီး ၁၀ ရက်ကြာသည့်တိုင် ဒေသတွင်းပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်နဲ့လုပ်ဆောင်နေရပြီး အကူအညီပေးမယ့်အဖွဲ့တွေ ရောက်မလာကြသေးဘူးလို့ အထက်အညာဒေသတွေမှာအခြေစိုက်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ချို့က မော်ကွန်းကိုပြောပါတယ်။ ” အခုချိန်ထိ တစ်ဖွဲ့မှမလာသေးဘူးဗျ။ ဒီကာလဆိုတော့ လာလို့မလွယ်ဘူးလေ။ ICRC တို့ ဘာတို့ ယာဉ်တန်းတွေတောင်မှ အဆင့်ဆင့်သတိပေးပြီး လာရတာကို။ ကျန်တဲ့ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ပရဟိတသမားဆိုတော့ ဟိုကောင်တွေ (စစ်ကောင်စီ) ကိုကြောက်နေရတော့ မလာရဲလောက်ဘူး” လို့ မကွေးတိုင်းထဲမှာ ကူညီ ကယ်ဆယ်ရေးလုပ်နေတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုက တာဝန်ရှိသူကဆိုပါတယ်။ စစ်ကိုင်းနဲ့မကွေးတိုင်းမှာတော့ ဒေသခံသပိတ်ကော်မတီတွေ၊ ဒေသခံပကဖ၊ ပအဖ အဖွဲ့တွေနဲ့ ဒေသခံတွေ ကိုယ်ထူ ကိုယ်ထဟာ လက်ရှိအချိန်မှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။ ” ဒီမှာရှိတဲ့အဖွဲ့တွေနဲ့ ပြည်သူတွေပဲ […]

အပြည့်အစုံဖတ်ရန်

စာရေးဆရာဝေဟင်အောင်အပါအဝင် ပရဟတိတသမားငါးဦးကိုပြန်လွှတ်ပေးဖို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေတောင်းဆို

May 24, 2023

ရန်ကုန်၊ ၂၀၂၃ မေ ၂၄ (မော်ကွန်း) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ စာရေးဆရာ ဝေဟင်အောင်အပါအဝင် ပရဟိတသမား ငါးဦးကို ပြန်လွှတ်ပေးဖို့ ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ချက် ထုတ်ပြန်​ပြီး တောင်းဆိုခဲ့ပါတယ်။ မိုခါမုန်တိုင်းဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ရေးလုပ်ငန်းတွေလုပ်ကိုင်နေစဉ်မှာ အခုလို ဥပဒေမဲ့ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေတဲ့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (ACN) က မနေ့ညပိုင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ စာရေးဆရာဝေဟင်အောင်အပါအဝင် ငါးဦးဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာအနီးက စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်မှာ မနေ့ကနေ့လယ်ပိုင်းက ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ ပရဟိတလုပ်ဆောင်နေသူတွေကို ဖမ်းဆီးတာဟာ မုန်တိုင်းသင့်ပြည်သူတွေကိုကူညီနေတဲ့ အရပ်ဘက်အဖွဲ့တွေ၊ ပရဟိတလူမှုအသင်းတွေအပေါ် ခြိမ်းခြောက်မှုတစ်ခုလည်းဖြစ်လာတယ်လို့ အဲ့ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။ “သူတို့ဘာဖြစ်လို့ အဖမ်းခံရတယ်ဆိုတာတော့မသိပေမယ့်ပေါ့လေ၊ အကူအညီပေးရေးအဖွဲ့တွေအတွက် ကန့်သတ်သလိုဖြစ်လာပြီး စိုးရိမ်မှုတွေရှိလာတာပေါ့။ မြေပြင်မှာဆင်းနေတဲ့သူတွေ မလုံခြုံဘူးလို့ ခံစားလာရတယ်၊ ကူညီကယ်ဆယ်ရေးမှာလည်း […]

အပြည့်အစုံဖတ်ရန်

မိုခါကြောင့် ပျက်စီးသွားတဲ့ ဆိပ်ဖြူက ကွမ်းခြံတချို့ ပြန်စိုက်ဖို့အရင်းအနှီးအခက်အခဲရှိနေ

May 23, 2023

ဆိပ်ဖြူ − ၂၀၂၃ မေ ၂၃ (မော်ကွန်း) မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် ဆိပ်ဖြူမြို့နယ်၊ မြောက်ရွာမရွာက ကွမ်းခြံတွေရေဖုံးလွှမ်းပျက်စီးပြီး ကွမ်းပင်တွေပြန်စိုက်ဖို့ အရင်းနှီးအခက်ခဲတွေကိုကြုံနေရတယ်လို့ မြောက်ရွာမရွာက ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဆိပ်​ဖြူမြို့နယ်မှာ မေလ ၁၂ရက်ကစတင်ကာ မိုးရွာသွန်းတာကြောင့်​ တောင်ကျချောင်းနဲ့ယောချောင်းမှာရေလျှံပြီး ချောင်းနံဘေးက မြောက်ရွာမရွာထဲကိုရေဝင်ခဲ့ကာ ကွမ်းခြံတွေ ရေလွှမ်းပျက်စီးခဲ့တာလို့ သူကပြောပါတယ်။ ” ရေထဲအကုန်ပါသွားတာ၊ တစ်ရွာလုံးရဲ့ကွမ်းခြံတွေပါသွားတာ၊ ချောင်းကနှစ်ချောင်းညှပ်ပြီးပါသွားတာ၊ ချောင်းချောက်နဲ့ ယောချောင်းနဲ့၊ ချောင်းချောက်ဆိုတာက မိုးရွာမှတောင်ကျရေစီးတဲ့ချောင်း၊ ရေစီးအရမ်းသန်တာ”လို့ ဒေသခံအမျိုးသမီးကပြောပါတယ်။ မြောက်ရွာမရွာက အိမ်ခြေ ၂၅၀ ဝန်းကျင်ရှိပြီး အိမ်တိုင်းမှာကွမ်းခြံစိုက်ပျိုးကြကာ ကွမ်း၊ကြက်သွန်နဲ့စပါးတွေကိုအဓ်ိကစီးပွားဖြစ်စိုက်ပျိုးကြတာလို့ သူကပြောပါတယ်။ ကွမ်းခြံတစ်ခြံမှာ အနည်းဆုံး အလေးချိန်ပိဿာ ၅၀ ကနေ ၈၀ အထိ ရပြီး ကွမ်းတစ်ပိဿာကို ငွေကျပ် ၁၅,၀၀၀ ထိ ရေမတက်ခင်တုံးကစျေးကောင်းရခဲ့တယ်လို့ သူကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ယခုနှစ်ပထမလေးလအတွင်း စကစရဲ့လေကြောင်းတိုက်ခိုက်မှု ၄၅၄ ကြိမ်ရှိပြီး အရပ်သား ၂၉၂ ဦးသေဆုံး

May 23, 2023

ရန်ကုန်-၂၀၂၃ မေ ၂၃ (မော်ကွန်း) စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အခုနှစ် ဇန်နဝါရီကနေဧပြီအထိ ၄၅၄ ကြိမ် ရှိခဲ့ပြီး အရပ်သား ၂၉၂ ဦးသေဆုံးခဲ့တယ်လို့ အရပ်ဘက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မနေ့ကထုတ်ပြန်ပါတယ်။ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းဒေသတွေမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်တာကာလထက် လေကြောင်းတိုက်ခိုက်မှု ပိုမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ် ဧပြီအထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁,၄၂၇ ကြိမ်ရှိခဲ့ပြီး ကရင်ပြည်နယ်မှာ အကြိမ်ရေ ၃၂၀ ကျော်နဲ့ စစ်ကိုင်းတိုင်းမှာ ၂၉၅ ကြိမ်အထိတိုက်ခိုက်ခံခဲ့ရတယ်လို့ အစီရင်ခံစာမှာဆိုထားပါတယ်။ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ဒုတိယအများဆုံးခံရတဲ့ စစ်ကိုင်းတိုင်းမှာရှိတဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးကတော့ လေကြောင်းရန်နဲ့ပတ်သက်ပြီး အခုလို မော်ကွန်းကိုပြောပါတယ်။ “ လေကြောင်းကာကွယ်ရေးတော့ […]

အပြည့်အစုံဖတ်ရန်

ရခိုင်က အခြေခံပညာကျောင်းတွေ ဇွန် ၁ ရက်မှာ မဖြစ်မနေဖွင့်ဖို့ ညွှန်ကြားထား

May 23, 2023

ရန်ကုန်၊ ၂၀၂၃ မေ၂၃ (မော်ကွန်း) ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် နေအိမ်တွေအပြင် စာသင်ကျောင်းတွေပါပျက်စီးခဲ့ပေမယ့် အခြေခံပညာကျောင်းတွေကို လာမယ့် ဇွန် ၁ ရက်မှာ မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ စာသင်ကျောင်းမှာသင်လို့မရပါက နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ယာယီဖွင့်လှစ်ဖို့ ညွှန်ကြားထားတယ်လို့ စစ်တွေမြို့နယ်က အလယ်တန်းပြ ကျောင်းဆရာတစ်ဦးကပြောပါတယ်။ “အခုစပြီး ကျောင်းအပ်လက်ခံနေပြီ။ ကျောင်းတွေ ပျက်စီးတာတွေကိုလည်း ဦးစားပေးပြင်ဆင်နေတာတွေတော့ရှိတယ်” လို့ သူကပြောပါတယ်။ တစ်နိုင်ငံလုံးက တက္ကသိုလ်၊ ဒီကရီကောလိပ်တွေနဲ့ အခြေခံပညာကျောင်းတွေကို လာမယ့် ဇွန် ၁ ရက်မှာ ဖွင့်လှစ်မှာဖြစ်ပြီး ဒီနေ့ မေ ၂၃ ရက်မှာ စတင်ပြီး ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် စာသင်ကျောင်းအများအပြားဟာ အမိုးအကာတွေပျက်စီးခဲ့ပြီး အချို့စာသင်ကျောင်းတွေဟာ လုံးဝပျက်စီးသွားတဲ့ အခြေအနေတွေ​ရှိတာကြောင့် ဇွန် ၁ ရက်မှာ […]

အပြည့်အစုံဖတ်ရန်

မိုခါမုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းမှာ စစ်ဘေးရှောင် ခြောက်သောင်းခန့် နေထိုင်ရေးအခက်အခဲဖြစ်နေ

May 22, 2023

ရန်ကုန်၊ ၂၀၂၃ မေ ၂၂ (မော်ကွန်း) ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် စစ်ဘေးရှောင်စခန်းတွေပျက်စီးခဲ့ပြီး စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းခန့်ဟာ နေထိုင်ရေးအခက်အခဲဖြစ်နေတယ်လို့ အဆိုပါစစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့တွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး အစရှိတဲ့မြို့နယ်တွေက စစ်ဘေးရှောင်စခန်း ၅၀ ခန့် ပျက်စီးခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေဟာ ယာယီစခန်းတွေဖြစ်တဲ့အတွက် မုန်တိုင်းကြောင့် အားလုံးနီးပါးပျက်စီးသွားခဲ့ကာ အရေးပေါ်နေထိုင်ရေးအတွက် နေရာချထားပေးဖို့ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက မော်ကွန်းကိုပြောပါတယ်။ “ပြန်လည်နေရာချထားရေးကိစ္စတွေက တော်တော်လေးကို အရေးကြီးတဲ့ကိစ္စဖြစ်လာတယ်။ အခုဆိုရင် သူတို့ဟာ ကျေးရွာဘက်တွေမှာ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာ သွားရှောင်တယ်။ ဒါပေမယ့် […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းအပြီး ရခိုင်ပြည်နယ်မှာ အဆမတန်စျေးတက်နေတဲ့သွပ်ရိုက်သံတွေကို ပုံမှန်ပေါက်စျေးနဲ့ရောင်းချတဲ့အစီစဉ်စတင်

May 22, 2023

ရန်ကုန်- ၂၀၂၃၊ မေ ၂၂ (မော်ကွန်း) မိုခါမုန်တိုင်းအပြီးရခိုင်ပြည်နယ်မှာသွပ်ရိုက်သံဈေးတွေအဆမတန်တက်နေတာကို တန်ပြန်တိုက်ဖျက်ဖို့ ပုဏ္ဏားကျွန်းမြို့နယ်တိုးတက်ရေးလူငယ်အသင်း (PDYO) က သွပ်ရိုက်သံတွေကိုရန်ကုန်မြို့ပုံမှန်ပေါက်စျေးအတိုင်းရောင်းချပေးတဲ့အစီအစဉ်ကို ဒီနေ့စတင်လိုက်ပါတယ်။ “အဓိကကတော့ သူများတွေထမင်းတစ်လုတ်စားရဖို့ခက်ခဲနေတဲ့အချိန်မှာ သူတို့စီးပွါးဖြစ်ရင်ပြီးရော ဈေးတင်ရောင်းနေတာတွေရှိတယ်။ အဲဒီ့ဈေးကွက်ကိုထိန်းချုပ်ချင်လို့ အခုလိုလုပ်ဖြစ်တာပါ” လို့ PDYO မှတာဝန်ခံကပြောပါတယ်။ အဲဒီ့အဖွဲ့ဟာသွပ်ရိုက်သံ ပိဿာနှစ်ရာကို ရန်ကုန်ကနေမှာယူပြီးရောင်းချပေးတာပါ။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိကျေးရွာနေပြည်သူတွေကို ဦးစားပေးစနစ်နဲ့ရောင်းချပေးသွားမှာဖြစ်ပြီး ပိုလျှံတာတွေကိုတော့ မြို့ပေါ်နေပြည်သူတွေကိုရောင်းချပေးသွားမယ်လို့ အဲဒီ့အဖွဲ့ရဲ့တာဝန်ခံကပြောပါတယ်။ လက်ရှိပုဏ္ဏားကျွန်းမြို့နယ်မှာ သွပ်ရိုက်သံ တစ်ပိဿာက်ို ၂၀,၀၀၀ ကျပ် စျေးပေါက်နေပြီး အခုအခါ တစ်ပိဿာ ၇,၀၀၀ ကျပ်နှုန်းနဲ့ရောင်းချပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ အခုရောင်းချပေးတာဟာ ပထမအသုတ်ဖြစ်ပြီး နောက်ထပ်လည်းရောင်းချပေးဖို့ ရန်ကုန်ကနေမှာယူထားတယ်လို့သူကပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တော်တော်များများမှာ မုန်တိုင်းတိုက်ခတ်ပြီးရက်ပိုင်းအတွင်းမှာပဲ အိမ်ဆောက်ပစ္စည်းဈေးတွေအဆမတန်တက်သွားခဲ့တာပါ။ မြောက်ဦးမြို့နယ်မှာ သွပ်ရိုက်သံတစ်ပိဿာကို ရှစ်သောင်းကျပ်အထိတက်ခဲ့လို့ဒေသခံတွေအခက်ကြုံခဲ့ရပါတယ်။ မိုခါမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိကျေးရွာပေါင်း သုံးရာနီးပါးမှာ ရွာ […]

အပြည့်အစုံဖတ်ရန်

ခေါ်ဆောင်သွားခံရသည့် မြင်းခြံထောင်မှ နိုင်ကျဉ်း ခုနစ်ဦး အဆက်အသွယ်ပြတ်နေ

May 22, 2023

မြင်းခြံ − ၂၀၂၃ မေ ၂၂ (မော်ကွန်း) မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မြင်းခြံဗဟိုအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားခုနစ်ဦးကို အကျဥ်းထောင်ဝန်ထမ်းတွေက မနေ့ကနဲ့ ဒီနေ့မနက်မှာလာရောက်ခေါ်ဆောင်သွားပြီးနောက် ဘာသတင်းမှမကြားသိရတော့ဘဲ အဆက်သွယ်ပြတ်နေပါတယ်။ မြင်းခြံဗဟိုအကျဥ်းထောင် အိပ််ဆောင်ဝန်း ၂ က နိုင်ငံရေး အကျဥ်းသားတွေဖြစ်တဲ့ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုဥက္ကာ၊ ကိုကျော်တင့်ဦး၊ ကိုအောင်မျိုးသန့်တို့ကို အကျဥ်းထောင်ဝန်ထမ်းတွေက လာခေါ်သွားတာလို့ မုံရွာစီးပွားရေးတက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ ကိုရှင်းသန့်ကပြောပါတယ်။ ” ထောင်ထဲမှာကျန်ခဲ့တဲ့တခြားနိုင်ငံရေးအကျဥ်းသားတွေက ဘာဖြစ်လို့ခေါ်သွားတာလဲ၊ ဘယ်လိုအကြောင်းပြချက်နဲ့ခေါ်သွားတာလဲဆိုတာကို အိပ်ဆောင်မှူးထောင်မှုးကိုသွားမေးပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီးသူမသိပါဘူးဆိုပြီးပြောတယ်၊ ခေါ်သွားတာနဲ့ပတ်သက်ပြီးထောင်ပိုင်ကိုမေးပေးမယ်လို့ပြောပေမယ့် အခုထိအကြောင်းမပြန်လာသေးပါဘူး” လို့ ကိုရှင်းသန့်ကပြောပါတယ်။ ခေါ်ဆောင်သွားခြင်းခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲက တစ်ဦးဖြစ်တဲ့ ကိုဥက္ကာကတော့ ရိုက်နှက်စစ်ဆေးခံရပြီး ကျဆုံးသွားတယ်လို့သိထားရပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ကိုရှင်းသန့်က ပြောပါတယ်။ မြင်းခြံဗဟိုအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို အခုလို အကြောင်းပြချက်မပေးဘဲ […]

အပြည့်အစုံဖတ်ရန်
1 … 128 129 130 131 132 133 134 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."