မူတြော် − ၂၀၂၃ မေ ၁၇ (မော်ကွန်း)
အခုလ ပထမနှစ်ပတ်အတွင်း ကော်သူးလေ၊ ကေအဲန်ယူတပ်မဟာ ၅ နယ်မြေမှာ တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က ၂၆ ဦးသေဆုံးခဲ့ကြောင်း တပ်မဟာ ၅ က မနေ့ကသတင်းထုတ်ပြန်ပါတယ်။
မေလဆန်း ၁၅ ရက်တာအတွင်း တိုက်ပွဲပေါင်း ၆၃ ကြိမ်ဖြစ်ပွားခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က တပ်ခွဲမှူး(ဗိုလ်ကြီး)တစ်ဦး၊ ဒုတပ်ခွဲမှူး(ဗိုလ်)တစ်ဦးအပါအဝင် ၂၆ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ ကထုတ်ပြန်ပါတယ်။
ဒါအပြင် အာဏာသိမ်းစစ်တပ်ဘက်က ထောက်ပို့ကားနှစ်စီးကိုလည်း ဖျက်ဆီးခဲ့ပြီး ကေအဲန်ယူဘက်က စစ်သည်နှစ်ဦးကျဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ အမြောက်တပ်ဟာ ကေအဲန်ယူတပ်မဟာ ၅ နယ်မြေထဲက အရပ်သားပစ်မှတ်တွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ပုံစာ − ကေအဲန်ယူတပ်မဟာ ၅၊ KNLA တပ်ဖွဲ့ဝင်များ
ဓာတ်ပုံ − ကေအဲန်ယူ မူတြော်ခရိုင်သတင်းပြန်ကြားရေး
#Dailynews

