သတင်းများ

ဆားလင်းကြီးမှာ စစ်ကြောင်းထိုးရင်း ရွာထဲက ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ် ခိုးယူသွား

May 30, 2023

ယင်းမာပင် − ၂၀၂၃ မေ ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးရင်း ဒုန်းတောရွာနေအိမ်တွေက ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မေ ၂၇ ရက်ကစလို့ အာဏာသိမ်းစစ်တပ်ဟာ ဆားလင်းကြီးဒေသမှာရှိတဲ့ လက်ပံတောင်း၊ ကြေးစင်တောင်တွေက ကြေးနီစီမံကိန်းတွေရဲ့ ကြေးပြားနဲ့ရိက္ခာသယ်ယူပို့ဆောင်မှုတွေကိုအကြောင်းပြပြီး စစ်ကြောင်းထိုးခဲ့တာပါ။ ဒီလို ကြေးနီစီမံကိန်းတွေကိုအကြောင်းပြပြီး ဆားလင်းကြီးနယ်မှာ လစဉ်မကြာခဏ စစ်ကြောင်းထိုးပါတယ်။ ဒုန်းတောရွာက ပြည်သူတွေထွက်ပြေးနေချိန်မှာ အာဏာသိမ်းစစ်တပ်ရဲ့စစ်သားတွေဟာ ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးကာ ခိုးယူမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ “၂၇ … ၂၈ နှစ်ညပေါ့။ အိမ်တွေဖောက်ပြီးပစ္စည်းတွေခိုးယူသွားတာ။ ဆိုင်ကယ်၊ တီဗီနဲ့ သုံးဘီးဆိုင်ကယ်တွေခိုးယူသွားကြတယ်”လို့ ဒေသခံကပြောပါတယ်။ ဒုန်းတောရွာဟာ ကြေးစင်တောင်အနီးက ရွာတစ်ရွာဖြစ်ပြီး စစ်ကြောင်းထိုးတိုင်း နေအိမ်တွေဖောက်ထွင်းခိုးယူတာကို ခံခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်

May 29, 2023

ယင်းမာပင် − ၂၀၂၃ မေ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို ဒီကနေ့ မွန်းလွဲပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲဒီတိုက်လေယာဉ်နှစ်စီးဟာ ဒီကနေ့မွန်းလွဲ ၂း၀၀ ဝန်းကျင်လောက်မှာ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မန္တလေး၊ တံတားဦးလေတပ်စခန်းကနေ တက်လာတာပါ။ “ပထမတစ်စီးက ရွာပေါ်ကို ငါးပတ်ပတ်ပြီးမှပစ်တာ။ တခါပစ်ရင် မီးခိုးတန်းနှစ်ခုမြင်တယ်။ အသံတွေကကျယ်ကျယ်လောင်လောင်ပဲ။ အတွေ့ကြုံမရှိတော့ ကြောက်စရာပါဗျာ” လို့ ဒေသခံကပြောပါတယ်။ ဒီလေယာဉ်နှစ်စီးဟာ ကပိုင်ရွာရဲ့အရှေ့ဘက်ချောင်းစပ်လမ်းပေါ်က အဖြူရောင်ဖောကားကိုပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီအနားမှာ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်ကားတွေပါရှိနေတယ်လို့ ဒေသခံကပြောပါတယ်။ ယင်းမာပင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ ဒီကနေ့ ကပိုင်ရွာတောင်ဘက်မှာ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားတဲ့လမ်းကို ပြင်နေတဲ့ပြည်သူတွေကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့လာရောက်ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒီလိုလာရောက်ပစ်ခတ်လို့ မြေသယ်နေတဲ့ ဖောကားနှစ်စီးပျက်စီးသွားပြီး ပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။ ကပိုင်ရွာကို […]

အပြည့်အစုံဖတ်ရန်

ကေအဲန်ယူတပ်မဟာ ၅ တွင် BGF များတိုက်ခိုက်ခံရပြီး ငါးဦးသေဆုံး

May 29, 2023

ကော်သူးလေ − ၂၀၂၃ မေ ၂၈ (မော်ကွန်း) ကော်သူးလေ၊ ကေအဲန်ယူတပ်မဟာ ၅ ၊ မူတြော်ခရိုင်မှာ နယ်ခြားစောင့်တပ်(BGF) ကင်းစခန်းတစ်ခုကို ပြီးခဲ့တဲ့ မေ ၂၆ ရက်က တိုက်ခိုက်ခဲ့ပြီး ငါးဦးသေဆုံးကာ လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။ ကေအဲန်ယူတပ်မဟာ ၅ ကို ကျူးကျော်တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ်ရဲ့ ကင်းစခန်းကို ဒီကနေ့နံနက် ၆း၃၀ ဝန်းကျင်က KNLA က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ တိုက်ခိုက်ခံရတဲ့ နယ်ခြားစောင့်တပ်ဘက်က ငါးဦးသေဆုံးပြီး M-16 AR လေးလက်၊ ၄၀ မမ M-79လောင်ချာတစ်လက်နဲ့ ၉ မမ ပစ္စတိုတစ်လက်အပါအဝင် ကျည်ဆန်တွေ၊ လောင်ချာဗုံးသီးတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ […]

အပြည့်အစုံဖတ်ရန်

ဒိုက်ဦးထောင်မှာတန်းဖွင့်မပေးဘဲ နိုင်ကျဉ်းတွေကို ဆက်လက်ညှင်းပန်း

May 29, 2023

ရန်ကုန်- ၂၀၂၃ မေ ၂၉ (မော်ကွန်း) ပဲခူးတိုင်းအရှေ့ခြမ်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို တန်းဖွင့်မပေးဘဲ ထောင်အာဏာပိုင်တွေကညှင်းပန်းနေပြီး ၂၀ ကျော်ကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထောင်ပြင်ခေါ်ထုတ် စစ်ကြောရေးလုပ်နေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေကဆိုပါတယ်။ ဒါ့အပြင် ထောင်ပြင်ခေါ်ထုတ်သွားခံရတဲ့သူတွေနဲ့ ဒီနေ့အထိအဆက်အသွယ်ပြတ်နေတယ်လို့ ဒိုက်ဦးထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။ “တန်းပိတ်ထားတုန်းပဲ။ ရေချိုးချချိန်ခဏလေးကို တစ်ခန်းချင်းစီ၊ မိနစ်ပိုင်းနဲ့ထွက်ခွင့်ပေးတာကလွဲရင် နိုင်ကျဉ်းတွေကိုပိတ်ထားတာ အခုဆိုရင်ငါးရက်ရှိပြီ” လို့ အကျဉ်းထောင်နဲ့နီးစပ်သူက ဒီနေ့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေခေါ်ထုတ်သွားတဲ့ နိုင်ကျဉ်း ၂၀ ကျော်အနက် အိပ်ဆောင်အမှတ် ၁ က ကိုသန့်စင်ဝင်းဆိုသူဟာ စစ်ကြောရေးမှာ ကျဆုံးသွားပြီလို့ လူမှုကွန်ယက်တချို့နဲ့ သတင်းဌာနတချို့ကဖော်ပြကြပေမယ့် မော်ကွန်းကသီးခြားအတည်မပြုနိုင်သေးပါဘူး။ “ စာရင်းအတိအကျကို မပြောနိုင်သေးဘူး။ တော်တော်များများလာခေါ်ထုတ်သွားတယ်။ လူချင်းသိသူတွေထဲကကို အများအပြားပါသွားတယ်” လို့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒါအပြင် အခြားရာဇဝတ်အကျဉ်းသားတွေကို သုံးပြီး နိုင်ငံရေးအကျဉ်းသားတွေကို […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီတပ်တွေမီးရှို့လူသတ်နေလို့ ပေါက် ဒေသခံငါးထောင်ခန့် စစ်ရှောင်နေရ

May 29, 2023

ရန်ကုန် -၂၀၂၃ မေ ၂၉ (မော်ကွန်း) မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ချောင်းနားရွာကို စစ်ကောင်စီတပ်အင်အား ၁၀၀ လောက်က ဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံသုံးယောက်အသတ်ခံရကာ ငါးထောင်ခန့် စစ်ရှောင်နေရတယ်လို့ ရွာခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ “ အိမ်ခြေကတော့ ၆၀၊၇၀ လောက်တော့ မီးလောင်နေတယ်၊ အခုချိန်အထိ။ တိုက်ပွဲဖြစ်လို့မဟုတ်ဘူး၊ အကြောင်းမဲ့မီးရှို့တာ။ ချောင်းနားရွာရဲ့ တောင်ဘက်မှာ ပျူစောထီးရွာရှိတယ်။ ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့တွေကို သူတို့ကိုယ်တိုင်လာမတိုက်ရဲဘူး။ အဲဒီမှာ စစ်ကြောင်းကို ခေါ်ပြီး ရွာကိုမီးရှို့တာ။ အဖမ်းခံရတဲ့အထဲ အသတ်ခံရတာသုံးယောက်လို့ ကြားတယ်။ တစ်ယောက်ကတော့သေချာတယ်။ ပြည်သူတွေရှေ့ဒူးထောက်ပြီး ပစ်သတ်ခံရတယ်တဲ့” လို့ ရှေ့တန်းမှာရောက်နေတဲ့ ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ပခုက္ကူခရိုင်တပ်ရင်း(၁၈) က ပြန်ကြားရေးတာဝန်ရှိသူက ဒီနေ့လယ်ကပြောပါတယ်။ အသတ်ခံရသူတွေဟာ အသက် […]

အပြည့်အစုံဖတ်ရန်

ပြည်တွင်းစားသုံးတဲ့ပဲဈေးနှုန်း အမြင့်ဆုံးကိုရောက်ရှိလာ

May 29, 2023

ရန်ကုန်၊ ၂၀၂၃ မေ ၂၉ (မော်ကွန်း) ပြည်တွင်းမှာ လူအများစားနေတဲ့ ကုလားပဲ၊ စားတော်ပဲ စတဲ့ပဲအမျိုးအစားတွေဟာ ယခုရက်ပိုင်းမှာ စျေးအမြင့်ဆုံးအထိတက်လာတယ်လို့ ပဲမျိုးစုံ ကုန်စည်ဒိုင်တွေက ပြောပါတယ်။ ” ပြည်တွင်းစားတဲ့ ကုလားပဲအုပ်စုက ပဲလက်ကျန်နည်းလာတယ်။ ဒေါ်လာဈေးလည်း နည်းနည်းတက်သွားတော့ ပြည်ပပို့တဲ့ပဲစင်းငုံဈေး နည်းနည်းလိုက်ခုန်တက်သွားတယ်။ ကုလားပဲဈေးတွေလည်း အဲဒီအပေါ် လိုက်ခုန်တက်လာတာ။ အမြင့်ဆုံးဈေးကိုရောက်လာတယ်ပြောလို့ရတယ်” လို့ ဈေးကွက်အခြေအနေကို ပဲကုန်သည်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။ လက်ရှိမှာ စားတော်ပဲ သုံးတင်းဝင်တစ်အိတ်ကို ကျပ် ၄၀၀,၀၀၀ ပေါက်ဈေးဖြစ်နေကာ ၊ ကုလားပဲတစ်အိတ်ကို ကျပ် ၂၃၈,၀၀၀၊ မတ်ပဲတစ်အိတ်ကို ကျပ် ၂၂၀,၀၀၀ ပေါက်ဈေးရှိတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးနှုန်းတွေမှာ ဖော်ပြထားတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ယခုလိုကာလပေါက်ဈေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ထက်ဝက်ကျော်ဈေးမြင့်လာတဲ့ နှုန်းထားဖြစ်တယ်လို့ […]

အပြည့်အစုံဖတ်ရန်

မန္တလေးမှာ ရွှေဈေးနှုန်းပြန်လည်တည်ငြိမ်အောင် ဈေးကွက်ပိတ်ကာဖြေရှင်း

May 29, 2023

ရန်ကုန်၊ ၂၀၂၃ မေ ၂၉ ရွှေဈေးနှုန်းထိုးတက်လာပြီးနောက် ပြန်လည်တည်ငြိမ်အောင်လုပ်ဖို့ ဒီလကုန်အထိ မန္တလေးရွှေဈေးကွက်ကိုပိတ်ကာဖြေရှင်းနေတယ်လို့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ ဈေးကွက်ကိုမေလကုန်ထိပိတ်ထားမယ်။ ရွှေဈေးအတက်ကြမ်းနေလို့ ပြန်ငြိမ်အောင်ထိန်းဖို့အတွက် ပိတ်ထားတာဖြစ်တယ်” လို့ သူကပြောပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းဟာ မေလအတွင်း တရိပ်ရိပ်မြင့်တက်နေတဲ့အတွက် ဈေးနှုန်းပြန်လည်တည်ငြိမ်အောင် အခုလိုဈေးကွက်ကို ယာယီပိတ်ထားတာဖြစ်တယ်လို့ သူကပြောပါတယ်။ မေလ ပထမပတ်ကစပြီး ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ်သိန်း ၃၀ ကျော်ကို စတင်ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ မေလ ၂၆ ရက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းနီးပါးထိ မြင့်တက်ခဲ့ပါတယ်။ “ ရွှေဈေးက သိန်း ၃၀ ရောက်သွားပြီးကတည်းက နေ့တိုင်းတက်တယ်။ မတက်တဲ့နေ့ မရှိသလောက်ပဲ။ ၃၁ သိန်းနီးပါးထိ ကပ်သွားတဲ့နေ့ ရှိတယ်။ […]

အပြည့်အစုံဖတ်ရန်

ဒီတပတ်ထဲမှာစတင်တော့မယ့် ကျောင်းဖွင့်ရာသီအတွက် မုန်တိုင်းသင့်ရခိုင်မှာအခက်အခဲကြုံ

May 29, 2023

ရန်ကုန်-၂၀၂၃၊ မေ ၂၉ (မော်ကွန်း) ဇွန် ၁ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေဖွင့်ကြဖို့ စစ်ကောင်စီက ဖိအားပေးနေပေမယ့် မုန်းတိုင်းဒဏ်သင့်ရခိုင်ပြည်နယ်မှာတော့ စာသင်ကျောင်းတချို့ပျက်စီးခဲ့တဲ့အတွက် ပြန်ဖွင့်ဖို့ အခက်အခဲကြုံနေရတယ်လို့ ကျောင်းဆရာတချို့က ဒီနေ့ပြောပါတယ်။ “ အခုက ကျောင်းတွေအများစုက ပြန်ပြီးပြင်ဆင်တာတွေမရှိသေးဘူး။ အနည်းအကျဉ်းသော ကျောင်းတွေကတော့ ပြန်ပြင်ဆင်နေတာတွေ ရှိတယ်။ တော်တောများများက နေအိမ်တွေလည်း ပျက်စီးသွားကြပြီလေ။ အခုက ကျောင်းအပ်ရမယ်ဆိုပြီးလုပ်နေပေမယ့် မြေပြင်အခြေအနေမှာတော့ ကျောင်းဖွင့်ဖို့ဆိုတာ ဖြစ်နိုင်တဲ့အနေအထားမှာတော့မရှိသေးဘူး” လို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မုန်းတိုင်းသင့်မြို့နယ်တစ်ခုဖြစ်တဲ့ မြောက်ဦးမြို့နယ်က ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ ဇွန် ၁ ရက်မှာ စတင်မယ့် ၂၀၂၃-၂၀၂၄ စာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှုတွေကို မေ ၂၃ ရက်ကတည်းက လုပ်ဆောင်နေကြပြီး ရခိုင်ပြည်နယ်မှာလည်း လာရောက်အပ်နှံမှုတွေတော့ ရှိတယ်လို့ မုန်တိုင်းကြောင့် အကြီးအကျယ် […]

အပြည့်အစုံဖတ်ရန်

နှစ်နှစ်ကျော်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၄၇ ကြိမ်ပြုလုပ်ပြီး လူပေါင်း ၁,၆၀၀ ခန့်သေဆုံးအောင် စစ်ကောင်စီကျူးလွန်ခဲ့တယ်လို့ထုတ်ပြန်

May 29, 2023

ရန်ကုန် -၂၀၂၃ မေ ၂၉ (မော်ကွန်း) အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း လူငါးဦးထက်မနည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ်ရေ အနည်းဆုံး ၁၄၇ ကြိမ်အထိ စစ်ကောင်စီကကျူးလွန်ထားပြီး နိုင်ငံတစ်ဝန်းမှာ ၁,၅၉၂ သေခဲ့ရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို (၁) ဆန္ဒပြပွဲများကို ဖြိုခွင်းစဉ်သတ်ဖြတ်ခြင်း၊ (၂) လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်စေ၊ လေကြောင်းအကူအညီဖြင့်ဖြစ်စေသတ်ဖြတ်ခြင်း၊ (၃) လက်နက်ကြီးဖြင့်သတ်ဖြတ်ခြင်း၊ (၄) တိုက်ပွဲဖြစ်ပွားစဉ်နဲ့ နယ်မြေရှင်းလင်းရေးလုပ်စဉ် သတ်ဖြတ်ခြင်းနဲ့ (၅) အစုလိုက်အပြုံလိုက် တံဆိပ်ကပ်သတ်ဖြတ်ခြင်းတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့တာလို့ဖော်ပြပါတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေထဲမှာ လေကြောင်းနဲ့ဆက်စပ်ပြီး တိုက်ခိုက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၅၀၈ ဦးအထိရှိခဲ့ပြီး သတ်ဖြတ်ခံရမှုဖြစ်စဉ်တွေရဲ့ ၃၂ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဖော်ပြပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂၃ […]

အပြည့်အစုံဖတ်ရန်

ဒိုက်ဦးထောင်ကနိုင်ကျဉ်းတချို့ကို စစ်ကောင်စီတပ်ဖွဲတွေခေါ်ထုတ်ပြီး ညှင်းပန်းနေ

May 28, 2023

ရန်ကုန် – ၂၀၂၃ မေ ၂၈ ( မော်ကွန်း) ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း နိုင်ငံရေးအကျဉ်းသားအနည်းဆုံး ၁၂ ဦးကို အကျဉ်းထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်သားတွေပါဝင်တဲ့ အဖွဲ့က ခေါ်ထုတ်သွားခဲ့ပြီး ထိုသူတွေနဲ့အဆက်အသွယ်မရဖြစ်နေတယ်လို့ ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက မနေ့က ပြောပါတယ်။ ” အိပ်ဆောင် ၁ က ခုနစ်ယောက်၊ အိပ်ဆောင် ၂ က ငါးယောက်ပေါ့။ ဒါက ကျွန်တော်တို့သိတဲ့ စာရင်းပဲ။ အခြားအိပ်ဆောင်တွေ၊ တိုက်တွေမှာလည်းရှိသေးတယ်လေ။ အဲဒီဘက်ခြမ်းမှာ ဘာဖြစ်လဲဆိုတာမသိရသေးဘူး” လို့ အမည်မဖော်လိုတဲ့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို သံခြေကျင်းတွေခတ်၊ လက်ထိပ်တွေခတ်ပြီး လာရောက်ခေါ်ထုတ်သွားတာဖြစ်ပြီး ဘယ်ကိုခေါ်သွားတယ်၊ ဘာလုပ်မယ်ဆိုတာကို အကျဉ်းထောင်အာဏာပိုင်တွေကမပြောဘူးလို့ သူကဆိုပါတယ်။ ဒါအပြင် ယခုရက်သတ္တပတ်တွေအတွင်း တချို့ရက်တွေမှာ အိပ်ဆောင်တွေကိုမဖွင့်ပေးတာ၊ အချိန်အကန့်အသတ်နဲ့သာတန်းဖွင့်ပြီး ပြန်ပိတ်တာ၊ ရှာဖွေရေးခေါင်းစဉ်နဲ့ဝင်ရောက်ရှာဖွေပြီး […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီတပ်မီးဝင်ရှို့လို့ ခင်ဦးဒေသခံသုံးထောင်ကျော်တိမ်းရှောင်နေရ

May 26, 2023

ရန်ကုန် -၂၀၂၃ မေ ၂၆ (မော်ကွန်း) ခင်ဦးမြို့အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေဝင်ပြီး မီးရှို့နေတာကြောင့် ဒေသခံသုံးထောင်ကျော် မနေ့ကတည်းကတိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ်၊ သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ကနေ မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်တွေဘက်ကို သွားတဲ့ကားလမ်းနဘေးမှာရှိတဲ့ မြေနီသျှိုရွာကို စစ်ကောင်စီတပ်တွေက မနေ့ညကတည်းက ဝင်ရောက်မီးရှို့တာကြောင့် အဲဒီရွာသားတွေအပြင် အနားဝန်းကျင်ကရွာသားတွေပါ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ “ အိမ်ခြေအများကြီးတော့ မပါသွားလောက်ဘူး။ မီးခိုးနည်းတယ်။ ပျက်စီးထိခိုက်မှုအနေအထားကတော့ လောလောဆယ် ကျွန်တော်တို့ (ပကဖတွေ) နယ်မြေမရှင်းရသေးတဲ့အတွက် သွားကြည့် လို့တော့မရသေးဘူး။ (စစ်ကောင်စီတပ်တွေရဲ့) ကင်းပုန်းဘာညာ စစ်ဆေးရေးကျန်သေးတဲ့ အနေအထားဆိုတော့ ဝင်လို့အဆင်မပြေသေးဘူး။ ဒေသခံတွေကတော့ ပြန်လို့မရသေးဘူး” လို့ ဒီနေ့မနက်ပိုင်းမှာ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ မီးရှို့ခံရတဲ့မြေနီသျှိုရွာဟာ အိမ်ခြေသုံးရာဝန်းကျင်ရှိတယ်လို့ သူကဆိုပါတယ်။ “ စစ်ကြောင်းက မနေ့ညက မြေနီသျှိုရွာနဲ့အနီးက […]

အပြည့်အစုံဖတ်ရန်

ကုန်သည်တွေကို ULA ခေါ်ယူသတိပေးပြီးတဲ့နောက် ရခိုင်မှာကုန်ဈေးနှုန်းတစ်ချို့ ပြန်ကျလာတယ်လို့ဆို

May 26, 2023

ရန်ကုန် – ၂၀၂၃၊ မေ ၂၆ (မော်ကွန်း) မိုခါမုန်တိုင်းသင့်လို့ အကြီးအကျယ်ပျက်စီးခဲ့ရတဲ့ရခိုင်မှာ အိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေ တရှိန်ထိုးမြင့်တက်လာတာကြောင့် ရောင်းချသူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က မေလတတိယအပတ်နှောင်းပိုင်းမှာ ခေါ်ယူသတိပေးခဲ့ပြီးနောက် ဈေးနှုန်းတွေပြန်ကျလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ ပြီးခဲ့တဲ့ မေ ၂၂ ရက်လောက်က စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်က အိမ်ဆောက် ပစ္စည်းဆိုင်တွေကိုခေါ်ယူသတိပေးခဲ့တာ။ အဲဒီနောက်ပိုင်းမှာတော့ စျေးတင်ရောင်းတာတွေ မရှိတော့ဘူး။ အိမ်ဆောက်ပစ္စည်း စျေးကွက်ကို အဓိကဝင်ထိန်းလိုက်တဲ့သဘောပါ” လို့ မြောက်ဦးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုက ဥက္ကဌတစ်ဦးက ပြောပါတယ်။ မေလ ၁၄ ရက်မှာ တစ်နာရီ မိုင် ၁၄၀ နှုန်းလောက်နဲ့ မိုခါမုန်တိုင်း ရခိုင်ကိုဝင်ရောက်ခဲ့ကာ ဒေသတွင်းမြို့ရွာတွေမှာ အပျက်အစီး၉၀ ရာခိုင်နှုန်းဝန်းကျင်အထိဖြစ်ပေါ်ခဲ့ပြီး နေအိမ်တွေ ပြန်ဆောက်ဖို့ အဓိကလိုအပ်တဲ့အိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေဟာလည်း အဆမတန်ထိုးတက်လာခဲ့ပါတယ်။ အဲဒီနောက် […]

အပြည့်အစုံဖတ်ရန်
1 … 127 128 129 130 131 132 133 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."