စစ်တွေ- ၂၀၂၄ စက်တင်ဘာ ၇ (မော်ကွန်း)
မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသား နောက်ထပ် ၁၄၀ ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ်စီ မနေ့တုန်းက ချမှတ်လိုက်တယ်လို့မိသားစုဝင်တချို့က ပြောပါတယ်။
” အကုန်လုံးကို နေ့လယ် ၂ နာရီကျော်လောက်က ရုံးထုတ်ပြီးတော့ အမိန့်ချလိုက်တာပါ။ AA နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲတာပါ။ ဥပေဒက သူတို့လက်ထဲမှာပဲရှိတာကိုး၊ ဘယ်တတ်နိုင်ပါ့မလဲ။ သက်ရှိထင်ရှားရှိနေသေးတာကိုပဲကံကောင်းတယ်လို့ မှတ်ယူရတော့မှာပေါ့” လို့ ထောင်ဒဏ်ချမှတ်ခံရသူတစ်ဦးရဲ့မိသားစုဝင်တစ်ဦးကပြောပါတယ်။
သြဂုတ် ၃၀ရက်ကလည်း မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ခံထားရတဲ့ ဗျိုင်းဖြူရွာသား ၁၄၈ ဦးကို စစ်တွေထောင် စစ်ကောင်စီအထူးတရားရုံးကနေ ထောင်ဒဏ် သုံးနှစ်စီချမှတ်ခဲ့ပါသေးတယ်။
မေလ၂၉ ရက်တုန်းက စစ်ကောင်စီတပ်သားတွေနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်သားတွေဟာ ဗျိုင်းဖြူရွာကို ရုတ်တရက် ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ အဲဒီစီးနင်းမှုအတွင်း ရွာသား ၇၆ ဦးကို သတ်ဖြတ်ခဲ့သလို
၃၀၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေထဲက တချို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ငွေကြေးယူကာ ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ဒေသခံ ၂၀၀ ကျော်ကိုတော့ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ခဲ့ကာ သုံးလကြာဖမ်းဆီး ချုပ်နှောင်ပြီးနောက် အခုလို ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖမ်းဆီး ထောင်ချခံရပေမယ့် ဗျိုင်းဖြူရွာသားတွေဟာ ဥပဒေအကာ အကွယ်မရခဲ့ကြဘူးလို့ မိသားစုဝင်တချို့က ပြောပါတယ်။
ပုံစာ- စစ်တွေမြို့မြင်ကွင်း။
ဓါတ်ပုံ- ASEAN Urbanist
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

