ပုံရိပ်လွှာများ

ဦးထွန်းလွင် (သို့) ဥက္ကာပျံ ဖြစ်ချင်သူ အပိုင်း(၁)

July 13, 2016

“ကျန်းမာတော် မူကြပါစခင်ဗျာ” ရုပ်မြင်သံကြားစက်များ ပေါ်ဦးစဖြစ်သည့် ၁၉၈ဝ ခုနှစ် များမှပင် စတင်ကာကြားခဲ့ရသည့် အသံ။ မြင်ခဲ့ရသည့် အမူအရာ များပိုင်ရှင်။ နဖူးပြောင်သည်။ အသံသြဇာရှိသည်။ အများစိတ် မဝင်စားသည့်အကြောင်းအရာကို တီဗီဖန်သားပြင်တွင် စိတ်ပါ လက်ပါပြောနေသည်။ ည ၈ နာရီသတင်းအပြီးနှင့် ရုပ်မြင်သံကြားဇာတ်လမ်းများ မလာခင် ကြားအချိန်တွင် သူ့အရုပ်နှင့် သူ့အသံသည် ပေါ်လာ လေ့ရှိပြီး ရာသီဥတုအခြေအနေ ဖြစ်တန်ရာများကို စိတ်ပါလက်ပါ ရှင်းလင်းသည်။ အိပ်ရေးပျက်ခံကာ ရုပ်မြင်ဇာတ်လမ်းများကို စောင့်နေချိန်တွင်မှ သူ့အစီအစဉ်က ပေါ်လာတတ်သဖြင့် ကြည့်သူတွေက စိတ်မရှည်။ ပရိသတ်က တဖျစ်တောက်တောက် ပြောနေသည့်တိုင် သူကား ဖန်သားပြင်ပေါ်တွင် အကျအန ကြေညာ ပြောဆိုနေသည်။ ထိုထက်ဆိုးသည်မှာ လစဉ် လကုန်ရက်(၃ဝနှင့် ၃၁ ရက် များတွင်) သူ၏လချုပ်အစီရင်ခံဆိုသည်က […]

အပြည့်အစုံဖတ်ရန်

အမှိုက်ပုံမှာ ဘဝသစ်ရှာသူ

June 22, 2016

  မွန်းလွဲနေရောင်က မခံရပ်နိုင်အောင် ပူပြင်း လောင်မြိုက်ရသည့်အထဲ အမှိုက်ပုံကြီးဆီမှ ထွက် လာသော ချဉ်စုပ်စုပ်၊ ပုပ်အဲ့အဲ့ အနံ့ဆိုးတို့က နှာခေါင်းထဲကို ဝင်ရောက်နှိပ်စက်နေသည်။ လူ ပေါ်လာနားသော ယင်ကောင်တွေကလည်း မောင်းထုတ်၍မနိုင်အောင်ပင် များပြားလှ၏။ အမှိုက်ပုံထဲမှ ပြန်ရောင်း၍ရသည့်ပစ္စည်း  ပစ္စယများကို ပြန်ကောက်ရောင်းသူများမှာ ချစ် ချစ်တောက်ပူသော နေအရှိန်ကြောင့် အပြင် မထွက်ကြသေးဘဲ အရိပ်ရရာနေရာများတွင် နား နေကြသည်။ ထိုအချိန်တွင် ဒေါ်နော်အယ်လ်မူတစ်ယောက် နေအိမ်၏နောက်ဘက် မီးဖိုဆောင်လေးထဲတွင် တကုပ်ကုပ်ဖြင့် အလုပ်ရှုပ် နေသည်။ သူ၏ မျက်နှာပေါ်တွင်တော့ ချွေးစီးကြောင်းများ ကိုမြင်နေရ၏။ အသက် ၄၅ နှစ်ရှိပြီဖြစ်သည့် ဒေါ်နော်အယ်လ်မူ အလုပ်ရှုပ်နေသည်က သူ့အိမ်ပေါ်ရောက်နေသော သတင်း သမားသုံးဦးကို ရေနွေးကြမ်းနှင့် ဧည့်ဝတ်ပြုရန်အတွက် ပြင်ဆင် နေ၍ ဖြစ်သည်။ ”သောက်ကြပါဦး”ဟု […]

အပြည့်အစုံဖတ်ရန်

ဘဝကို အရှုံးမပေးတတ်တဲ့ ဖိုးထူး

May 24, 2016

 သီတင်းကျွတ်လပြည့်ညတစ်ညတွင်ဖြစ်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ရွာတစ်ရွာ၌ လယ်သမားလင်မယားနှစ် ယောက်ထံမှ သားယောက်ျားလေးတစ် ယောက် မွေးဖွားသည်။ ကလေးမီးဖွားရာသို့ လာရောက်ကူညီ နေကြသော ကလေး ၏ ကြီးတော်များသည် မွေးကင်းစကလေးလေးကို မြင်ရသည့် အခါ ကလေးကို အနှီးဖြင့် ထုပ်ပိုးလိုက်ကြ ပြီး ကလေးကို သူတို့ ကိုယ်တိုင်ပြုစုဖို့ ဆုံး ဖြတ်လိုက်ကြသည်။ မိခင်ဖြစ်သူကို ကလေးအနားသို့ ကပ်ခွင့်မပေး။ ကလေး အနှီးလဲတော့လည်း သူတို့။ ကလေးကို ရေချိုးပေးတော့လည်း သူ တို့။ ကလေးနို့ဆာ၍အော်ငိုသည့်အခါမှ ကလေးကို အနှီးဖြင့် ထုပ် ချီလာပြီး ကလေးအမေအား နို့တိုက်စေသည်။ ထိုစဉ်က ကလေး အမေသည် ကလေးကို နို့တိုက်ရုံသာတိုက်ခဲ့ရပြီး ကလေးကို ကိုယ်တိုင်မထိန်းခဲ့ရ။ သူ့အစ်မများသည် ကလေးကို ချစ်၍ သူတို့ […]

အပြည့်အစုံဖတ်ရန်

မြောက်ဖျားက စစ်ပြန်ကြီး

April 8, 2016

Photo – Kyaw Zayar Htun ဦးဒေါင်ဂေါန်တန်သည် တောင်ဝှေ့တစ်ချောင်းကို အားပြုရင်း သူအိပ်စက်အနားယူသည့် အိမ်ခန်း ထဲမှ အပြင်သို့ထွက်လာသည်။ သူလမ်းလျှောက် နေသည့်ပုံကို ကြည့်ရသည်မှာ လမ်းလျှောက် တတ်ခါစ ကလေးငယ်တစ်ဦးက ခြေလှမ်းတိုင်းကို သတိထားကာ လမ်းလျှောက်နေရသလို ဖြည်း ဖြည်းချင်း လှမ်းနေရသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ ဖေဖော်ဝါရီလ ရာသီ ဥတုအအေးဒဏ်ကို ကာကွယ်ရန် သူ့ခန္ဓာကိုယ်တွင် အနွေးထည် အင်္ကျီ၊ ဘောင်းဘီအရှည်နှင့် ခြေအိတ်တို့ကို ဝတ်ဆင်ထားသည်။ ဦးခေါင်းတွင်လည်း ဆွယ်တာခေါင်းစွပ်ကို စွပ်ထား၏။ သူ့ဆီ ရောက်လာသည့်  ဧည့်သည်ကို ပြုံးပြနှုတ်ဆက်လိုက်ပေမယ့် ပါး ရေနားရေ တွန့်နေပြီဖြစ်သော သူ့မျက်နှာပေါ်တွင် အပြုံးတို့က ပီပီပြင်ပြင်မရှိလှ။ မျက်လုံးများကလည်း ကြည်လင်တောက်ပ မနေတော့ဘဲ ရေငွေ့ ရိုက်ခံထားရသည့် မှန်တစ်ချပ်လို […]

အပြည့်အစုံဖတ်ရန်

မွတ်စလင်များရဲ့ မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်ဆေးခန်း

March 1, 2016

ဓာတ်ပုံ – ကျော်ရင်မြင့် မုံရွာနယ်က လမ်းအလုပ်သမလေးတစ်ယောက် နှလုံးအဆို့ရှင်တွေပျက်စီးလို့ ဆေးရုံတက်ရပါ တယ်။ နှလုံးခွဲစိတ်ကုသရမယ်၊ မကုသနိုင်ရင် တော့ အသက်ရှည်ဖို့ ခက်တယ်။ လမ်းခင်းရာမှာ အလုပ်ကြမ်းလုပ်ရတဲ့ မိန်းကလေးတစ်ယောက် အနေနဲ့ ငွေကျပ်သိန်း ၂ဝ-၂၅လောက် အကုန် အကျခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလိုအခြေအနေ မှာနတ်ပြည်က သိကြားမင်းဆင်းကယ်သလို ကူညီမယ့်သူပေါ်လာတယ်။ မြင့်မြတ်ဖြူစင်တဲ့။ မြင့်မြတ်ဖြူစင်ဆိုတာ မွတ်စလင်ကုသိုလ်ဖြစ် အထူးကု ဆေးခန်းပါ။ မန္တလေးမြို့၊ စကြာနွယ်စင် ရပ်မှာ တည်ရှိတယ်။ လူမျိုး၊ ဘာသာမရွေး လူ တန်းစားမခွဲခြားဘဲ ကျန်းမာရေးအတွက် အကူ အညီပေးနေသူတွေ ဖြစ်ပါတယ်။ နှလုံးနဲ့ သွေးကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက် တာ ဦးခင်မောင်ထွေးရဲ့ အလုပ်ခွင်ကို သွားလည်စဉ်က လမ်း အလုပ်သမလေးကို ဆေးရုံခုတင်ထက်မှာ ကျွန်တော် […]

အပြည့်အစုံဖတ်ရန်

ပင်လယ်ကိုတွယ်ဖက် အသက်မွေးတဲ့ မိန်းမသား

January 27, 2016

နံနက်သုံးနာရီဝန်းကျင်။ ပတ်ဝန်းကျင်တစ်ခုလုံး မည်းမည်းမှောင် လို့။ တစ်ချက်တစ်ချက် ခွေးဟောင်သံသဲ့သဲ့ ကြားရတာက လွဲလို့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ တိတ်ဆိတ်နေတယ်။ အများသူငှာ အိပ်လို့ကောင်းနေတဲ့အချိန်မှာ လယ်စောင့် တဲသာသာ မြေစိုက်အိမ်လေးအတွင်းမှာတော့ မခင်မာဟာ သူ့ရဲ့ တစ်နေ့တာကို အစပျိုးဖို့ အိပ်ရာကနေ ကုန်းရုန်းထလိုက်တယ်။ သူနဲ့အတူ အလုပ်လိုက်လုပ်ဖို့ သမီးကြီး မေသဇင်ကိုပါ အိပ်ရာက လှုပ်နှိုးလိုက်တယ်။ လူတွေရဲ့လှုပ်ရှားသံကိုကြားလိုက်တာနဲ့ တစ်ပြိုင်နက် အိမ် ပေါ်တင်မွေးထားတဲ့ ဝက်တစ်ကောင်က တအွန်းအွန်း အသံတွေ ထွက်လို့ အစာတောင်းပါတော့တယ်။ ဒီတော့လည်း မခင်မာဟာ လုပ်ငန်းခွင်အတွက် လိုအပ်မယ့် အသုံးအဆောင်ပစ္စည်းတွေကို ပလတ်စတစ်ရေပုံးအမည်းကြီးတစ်လုံးထဲကို စုပြုံထည့်ရင်း တစ် ဖက်ကလည်း ဝက်စာကျွေးဖို့ကို ပြင်ဆင်ရပါတယ်။ ပင်လယ်ထဲရောက်တဲ့အခါ နေပူဒဏ်ခံနိုင်ဖို့ သားအမိနှစ် ယောက်စလုံး အနွေးထည်တွေကို ကိုယ်စီကိုယ်ငှ ဝတ်လိုက်ကြ တယ်။ […]

အပြည့်အစုံဖတ်ရန်

မေ့ကွက်ကိုရှာသူ၏ အခြားဘဝစာမျက်နှာများ အပိုင်း(၂)

August 24, 2015

  ကျားကျားလျားလျား မိန်းမသား အမေရိကန်ပြည်ထောင်စုတွင် ရှိ စဉ် ကွယ်လွန်သူ ကဗျာဆရာကြီး(ဦး)တင်မိုးက ဒေါ်မာမာအေးနှင့် ပတ်သက် သည့် မှတ်ချက်စကားတစ်ခုပြောသည်။ အမေရိကန်ရောက် မြန်မာလူငယ်များက ဒေါ်မာမာအေးကို ‘အမေ’ဟုခေါ်ကြ သည်။ ထိုလူငယ်များက တစ်ခါတလေ သူ့ ဆီမှ ဦးတင်မိုးဆီသို့လည်း သွားလည် တတ်သည်။ ထိုအခါ ဦးတင်မိုးက လူငယ် များကို ”မင်းတို့ ဘယ်ကပြန်လာကြတာ လဲ”ဟု အမြဲမေးသည်။ လူငယ်တွေက”အမေ့အိမ်က…” ဟုဖြေလျှင် ဒေါ်မာမာအေး အိမ်မှ လာ ကြောင်း သိကြပြီးဖြစ်သည်။ ထိုအခါ        ”ဟေ…တွေ့လား၊ မာမာအေးကို တွေ့ခဲ့ လား” ဦးတင်မိုးက ပြန်မေးသည်။ လူငယ် တွေက ”တွေ့ခဲ့တယ်”ဟုဖြေသည့်အခါ ”ဆဲရော ဆဲလိုက်လား”ဟု နောက်တစ် ခွန်း ဆက်မေး၏။ ဆဲလိုက်သည်ဟုဆိုလျှင် […]

အပြည့်အစုံဖတ်ရန်

မေ့ကွက်ကိုရှာသူ၏ အခြားဘဝစာမျက်နှာများ အပိုင်း(၁)

August 24, 2015

  ဝင်ဒါမီယာရပ်ကွက်ကျယ်ထဲမှ အနည်းငယ်မို့မောက်သော လမ်းသွယ်ကလေး၏ မင်းတုပ်ထိုးထားသော ခပ်နိမ့်နိမ့် ခြံတံခါးကို တွန်းဖွင့်၍ ဝင်လျှင်ဝင်ချင်း ဧည့်ခန်းနံရံ၏ ပုံတူပန်းချီကားကို မြင်ရသည်။ အပြာရောင်ကဲသော ထိုပန်းချီကားထဲတွင် တေးသံရှင်၏ လူလတ်ပိုင်းအရွယ်က ပုံရိပ်ကို အမိအရ ရေးထားသည်။ ထင်ရှားသည်မှာ မလှမပ မျက်နှာပေါ်မှ အားပါးတရ ရယ်မောနေသော အပြုံးဖြစ်သည်။ နှုတ်ခမ်းတို့သည် ဆိုးဆေးကြောင့် နီရဲနေ၏။ သွားတို့သည် မညီမညာ။ ပါးဆုံ့ကြီးများ ပေါ်နေသည်။ ခပ်ဖွာဖွာဖြစ်နေသော ဆံထုံးတွင် ပန်းဝါဝါတစ်ပွင့်ကို ပန်ထားသည်။ ပြုံးနေသော တေးသံရှင်၏ အဇ္စုတ္တကို အမိအရယူကာ ရေးထားခြင်းဖြစ်သည်။ ဧည့်ခန်းကိုကျော်ပြီး တံခါးမကြီး တစ်ခုကို ဖြတ်ဝင်မှ ရောက်သော အခန်းကျယ်ထဲတွင်မူ လေအေးပေးစက်ဖွင့်ထားသဖြင့် တစ်ခန်းလုံး အေးနေ၏။ တစ်ခါက ကက်ဆတ်ခွေဟောင်းများကို စင်တစ်ခုပေါ်တွင် စီရီစွာတင်ထားသည်။ စာအုပ်တချို့၊ […]

အပြည့်အစုံဖတ်ရန်

လမ်းဘေးက အနုပညာသည်

July 15, 2015

ဇူလိုင်တတိယပတ်ရဲ့ အစိုးရရုံးပိတ်ရက်တနင်္ဂနွေနေ့မှာ ရန်ကုန် တိရ္ဆာန်ရုံဝင်းကြီးဟာ လာရောက်အပန်းဖြေတဲ့လူတွေ၊ တိရစ္ဆာန်တွေကိုလာကြည့်တဲ့လူတွေနဲ့ စည်ကားနေပါတယ်။ ကိုဇော်မင်းတစ်ယောက်ကတော့ မနက် အိမ်က ထွက်ကတည်း က ဒီလိုလူများများစားစားလာပြီး အပန်းလာဖြေကြပါစေလို့ ဆုတောင်းနေခဲ့တာပါ။ အခုတော့ သူ့ဆုတောင်းပြည့်သွားတယ် လို့ ဆိုရမှာပါ။             ကိုဇော်မင်းဟာ သူနေရာယူနေကျ ဆင်ရုံရှေ့မှာထိုင်လိုက် တယ်။ ပြီးတော့ လက်စွဲတော် သစ်သားသေတ္တာလေးကို ဖွင့်ပြီး ညက အိမ်မှာ ကြိုတင်ပြင်ဆင်လာတဲ့ သူရဲ့ရောင်းကုန်လေးတွေကို ခင်းကျင်းလိုက်တယ်။ လိုအပ်ရင် အဆင်သင့်ဖြစ်အောင် ကုန် ကြမ်းတွေလည်း သူ့သေတ္တာလေးထဲမှာ အသင့်ရှိနေပါတယ်။ သူ ထိုင်နေရင်းနဲ့ပဲ နောက်ထပ်ဆုတစ်ခုကို ထပ်တောင်းလိုက်ပါတယ်။             ”ဒီနေ့လာတဲ့ လူတွေထဲမှာ ကလေးတွေ များများပါပါစေ” သိပ်မကြာလိုက်ပါဘူး။ သူ့အနားမှာ ကလေးငယ်လေးတွေ ဝိုင်းအုံလာကြတယ်။ ကလေးငယ်တွေမေးတဲ့ မေးခွန်းတွေကို သူ […]

အပြည့်အစုံဖတ်ရန်

တစ်ကမ္ဘာလုံးနှင့် တစ်ယောက် (Profile) အပိုင်း(၂)

June 16, 2015

Photo: Kyaw Zay Yar Tun ၂၀၁၅၊မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၃)မှ ပုံရိပ်လွှာဆောင်းပါးဖြစ်သည်။ ကျော်ဇေယျာထွန်း ရေးသည်။(kzyh@mawkun.com) (ပြီးခဲ့သည် ဧပြီလထုတ်တွင် ဆရာတော်ဦးဝီရသူ၏ ငယ်ဘဝ အကြာင်း၊ သာသနာ့ဘောင်ထဲ ရောက်ရှိလာပုံ၊ ကျောက်ဆည်မှ မန္တလေးမြို့သို့ ပြောင်းရွှေ့လာပြီးသည့်နောက် အမျိုးသားရေး စာပေများကို လေ့လာခွင့်ရခဲ့ပြီး အမျိုးသားရေးစိတ်ဓာတ် နိုးကြားကာ လျှို့ဝှက်စွာတရားဟောကြားခဲ့ပုံ၊ သကျသီဟ ဓမ္မာ စရိယစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပုံများကို ဖော်ပြခဲ့ပြီးဖြစ်သည်။           ယခုလတွင် ‘ဝီရသူ’ဆိုသည့်နာမည်ရရှိလာပုံ၊ ပထမဆုံး အကြိမ် ပလ္လင်အထက်တွင် တရားစတင်ဟောကြားခဲ့ပုံ၊ ကျောက် ဆည် အဓိကရုဏ်းဖြစ်စဉ်၊ ယင်းအဓိကရုဏ်းနှင့် ပတ်သက်၍ ဦးဝီရသူနှင့် သူ၏ ဆရာသမားတို့ အဖမ်းခံရပုံတို့ကို ထပ်မံဖော်ပြ လိုက်ပါသည်။)                                                           အခန်း(၁)           ဆရာတော်ဦးဝီရသူ၏ မူရင်းကလောင်နာမည်မှာ ‘ဝီရ […]

အပြည့်အစုံဖတ်ရန်

ပရဟိတ နှလုံးသား

June 10, 2015

Photo : Than Naing Oo  ၂၀၁၅ ၊ ဖေဖော်ဝါရီလထုတ်၊မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၀)မှပုံရိပ်လွှာဆောင်းပါးဖြစ်ပါသည်။ သန်းနိူင်ဦး ရေးသည်။ ကျွန်တော့်မိတ်ဆွေတွေထဲမှာ ပရဟိတလုပ်နေကြသူတွေ ရှိတယ်။ ဦးလေးဦးပိုက်ရက အဲဒီလိုလူတွေထဲက တစ်ယောက်ပါ။ ပရဟိတလုပ်နေကြသူအချို့ က အချိန်ကာလတစ်ခုအထိသာ လုပ်နိုင်ကြတယ်။ အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်သွား ကြရတဲ့သူတွေလည်း ရှိတယ်။ အဲဒီလိုလူတွေထဲမှာ ဦးပိုက်ရမပါဘူး။ ကျွန်တော် သူနဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်ကတည်းက ရင်းနှီးခဲ့တယ်။ သူလုပ်နေတဲ့ အခမဲ့ စာဖတ်ဝိုင်းအကြောင်း သတင်းရေးဖို့ အင်တာဗျူးရင်း ရင်းနှီးခင်မင်ခွင့်ရခဲ့တာဖြစ် တယ်။ သူလုပ်တဲ့ စာပျိုးခင်းစာဖတ်ဝိုင်းက လွန်ခဲ့တဲ့ ဆယ်နှစ် လောက်က လုပ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က အာဏာပိုင်တွေရဲ့ မျက်လုံးဒေါက်ထောက်ကြည့်ခြင်းကို ခံခဲ့ရတယ်။ အခုအချိန် အထိလည်း ဦးလေးဦးပိုက်ရ ပရဟိတအလုပ်တွေ လုပ်နေတုန်း ဖြစ်ပါတယ်။ သူလုပ်တဲ့ […]

အပြည့်အစုံဖတ်ရန်

တစ်ကမ္ဘာလုံးနှင့် တစ်ယောက် အပိုင်း(၁)

April 4, 2015

  Photo : Thet Oo Mon ၂၀၁၅၊ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၂)မှ ပုံရိပ်လွှာဆောင်းပါးဖြစ်သည်။ ကျော်ဇေယျာထွန်း ရေးသည်။(kzyh@mawkun.com)      (၁)           မန္တလေး၊ အိုးဘိုထောင်၏ ထောင်ဘူးဝရှေ့သို့ ဗင်ကားတစ် စီးထိုးရပ်လိုက်သည်နှင့် ထောင်တံခါးသည် တဂျိမ်းဂျိမ်းမြည်ကာ ပွင့်လာလေသည်။ ကားသည် ထောင်ဝင်းထဲသို့ တဖြည်းဖြည်း ချင်း လှိမ့်ဝင်လာသည်။ ထောင်ဝင်းအတွင်းသို့ ကားတစ်စီးလုံး ရောက်လာသည့်အခါ ထောင်ဘူးဝတံခါးလည်း တဂျိမ်းဂျိမ်းမြည် ကာ ပြန်ပိတ်သွား၏။           ထိုအခိုက်မှာပဲ ကားပေါ်မှလူတစ်ယောက်ဆင်းလာသည်။ ထိုသူ ကားပေါ်မှဆင်းလိုက်သည်နှင့် ဘောင်းဘီအရှည်ဝတ်ထားသော ထောင်ဝန်ထမ်းတချို့ သူ့အနားသို့ ဝိုင်းလာသည်။ လူနှစ်ယောက်က လက်မောင်းတစ်ဖက်စီကို ဆုပ်ကိုင်လိုက်သည်။ နောက်တစ်ယောက်က သူ့ခေါင်းကို အနက်ရောင် အစွပ်တစ်ခုဖြင့် စွပ်ချလိုက်၏။           ခေါင်းကို အစွပ်ခံလိုက်ရခြင်းကြောင့် […]

အပြည့်အစုံဖတ်ရန်
1 2 3 4 5

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."