Photo: Kaung Myat Moe ၂၀၁၄-ဒီဇင်ဘာ-၂၀၁၅-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ ပုံရိပ်လွှာ ဆောင်းပါး ဖြစ်ပါသည်။ သက်ဦးမွန် ရေးသည်။ ၁၉၆၇ ဆောင်းရာသီ၊ ဖေဖော်ဝါရီရဲ့ ပထမဦးဆုံးနေ့။ သင်္ဃန်းကျွန်းမြို့နယ် အထက်တန်းကျောင်းတစ်ခုရဲ့ သိပ္ပံခန်း အတွင်းမှာ ဆယ်တန်းကျောင်းသားမောင်သိန်းလွင်တစ်ယောက် တစ်ကိုယ်တော်စမ်းသပ်မှုတစ်ခုကို ပြုလုပ်နေပါတယ်။ ဒုံးပျံလောင်စာဆိုတာ ဘယ်လိုဟာမျိုးလဲသိချင်စိတ်နဲ့ စမ်းသပ်နေစဉ်မှာပဲ ဝုန်းခနဲပေါက်ကွဲသံကြီးနဲ့အတူ သူလဲပြို ကျသွားတယ်။ လက်ထဲကိုင်ထားတဲ့ ဇွန်းက နှစ်ပိုင်းပြတ်သွားပြီး တစ်ပိုင်းက လက်ဖဝါးထဲဝင်သွားတယ်။ နောက်တစ်ပိုင်းက မီး သတ်ဆေးဘူးကိုထိပြီး မီးသတ်ဆေးရည်တွေ ထွက်လာတယ်။ သူ့ရဲ့မျက်လုံးကတော့ ဘာမှမမြင်ရတော့ဘူး။ “အဲဒီအချိန် သတိတော့ မလစ်ဘူး။ ပစ်လဲကျသွားတာ။ နားထဲမှာ အသံတွေကြားနေရတယ်။ မျက်လုံးကတော့ ဘာမှ မမြင်ရတော့ဘူး”လို့ သူက ပြန်ပြောင်းပြောပြပါတယ်။ အဲဒီပေါက်ကွဲမှုမှာ […]
ဖိုးသော်တာ ရေးသည်။ သင်လောကကြီးထဲလာသောအခါ သင်က ငိုကြွေးပြီး အခြားလူများက ပျော်ရွှင်ကြသည်။ သင်လောကကြီးထဲက ထွက်သွားသောအခါ ကျန်သူများကငိုကြွေးပြီး သင်ကပျော်ရွှင်စွာထွက်သွားနိုင်သူဖြစ်ပါစေဆိုသည့် အင်္ဂလိပ်ဆိုရိုး တစ်ခုရှိသည်။ ကျန်သူများငိုကြွေးပြီး ပျော်ပျော်ကြီးခရီးရှည်ထွက်သွားသူများထဲတွင် ဦးလေးဟု ကျွန်တော် ခေါ်လေ့ရှိသော ဆရာဦးအောင်သင်းလည်း တစ်ယောက်အပါအဝင်ဖြစ်ပါသည်။ ဦးလေးနှင့် ကျွန်တော့်အဖေ (မြသန်းတင့်)တို့ ဆက်ဆံရေးမှာ အံ့ဩစရာကောင်းလှသည်။ တကယ်တမ်းဆိုလျှင် နိုင်ငံရေး ယုံကြည်မှုတူသူတွေ မဟုတ်သောကြောင့်ဖြစ်သည်။ တစ်ခါ ကျွန်တော်က “အဖေနဲ့ဦးလေး နိုင်ငံရေးယုံကြည်ချက်မတူဘဲ ဘာလို့ဒီလောက်ခင်မင်ကြတာလဲ”ဟု မေးဖူးပါသည်။ ဦးလေးက ဆေးပါ့လိပ်ကို ခပ်ပြင်းပြင်းဖွာ အငွေ့ကို မှုတ်ထုတ်လိုက်ပြီး အဝေးတစ်နေရာကို ငေးမောရင်း… “မင်းအဖေယုံကြည်တဲ့ နိုင်ငံရေးကို ငါတစ်ခါမှ ပြက်ရယ် မပြုဘူးကွ။ ငါကြိုက်တာ၊ မကြိုက်တာ တခြားပဲ။ နောက်ပြီး မင်းအဖေက သူ့နိုင်ငံရေးယုံကြည်မှုက စည်းကမ်းကြီးလွန်းတော့ […]
အသက်သုံးဆယ်ကျော် မြန်မာနိုင်ငံသားအားလုံး ဆရာ ဦးအေးမြင့်နဲ့ ပတ်သက်ခဲ့တယ်ဆိုရင် စာဖတ်သူအနေနဲ့ အံ့ဩ ကောင်းအံ့ဩနေလိမ့်မယ်။ မအံ့ဩပါနဲ့။ အမှန်တကယ်ပတ်သက် ခဲ့တာသေချာပါတယ်။ သူ့ကို နာမည်ကြားဖူးချင်မှ ကြားဖူးပါလိမ့် မယ်။ လူကိုယ်တိုင်လည်း မြင်ဖူးချင်မှ မြင်ဖူးပါလိမ့်မယ်။ သေချာ တာက သူနဲ့ တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်ဆက်စပ်မှုရှိ တယ်လို့ ပြောနိုင်လောက်အောင် ဆရာဦးအေးမြင့်ရဲ့ လုပ်ရပ်တွေက ထင်ရှားတယ်။ ဆရာဦးအေးမြင့်က မြန်မာမှုဒီဇိုင်းသုတေသီနယ်ပယ်မှာ ထင်ရှားသူတစ်ယောက်ဖြစ်တယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏက ထုတ်တဲ့ငွေစက္ကူတွေရဲ့ မြန်မာမှုဒီဇိုင်းတွေကို ဖန်တီးခဲ့သူဖြစ်တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် က ထုတ်ခဲ့တဲ့တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်ကျပ်တန် ငွေစက္ကူတွေရဲ့ ဒီဇိုင်းကို ဆရာဦးအေးမြင့် ရေးဆွဲခဲ့တာ ဖြစ်တယ်။ ဆရာဦးအေးမြင့်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရဖို့ ကာလအတန်ကြာကတည်းက ကျွန်တော်ကြိုးစားခဲ့တယ်။ ကျွန်တော့်ဆရာတွေဖြစ်ကြတဲ့ ဆရာကျော်ရင်မြင့်၊ ဆရာဆူးငှက်၊ ဆရာညီပုလေး […]
Photo: Than Naing Oo ၂၀၁၄-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၆)မှ ပုံရိပ်လွှာ ဆောင်းပါး ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။ မြန်မာနိုင်ငံမှာ နာရေးကူညီမှုလုပ်ငန်းကို ပထမဆုံးစတင်ခဲ့တာက မန္တလေးမြို့ တောင်စလင်း တိုက်သစ်ဝါခင်းကုန်းဆရာတော် ဦးတိက္ခဖြစ်ပါ တယ်။ လူတွေရဲ့အယူသည်းမှုတွေကို တိုက်ဖျက် နိုင်ဖို့ တရားဟောပြောရုံမကကိုယ်တိုင်လည်း နာရေးကူညီမှုအသင်း ပထမဆုံးစတည်ထောင် ခဲ့တဲ့ ဆရာတော်ဖြစ်ပါတယ်။ ယခုအခါ ဆရာတော်ထူထောင်ခဲ့တဲ့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကြီးက နာ ရေးကိစ္စတွေသာမက ကျန်းမာရေး၊ ပညာ ရေးစတဲ့ဘက်တွေမှာပါ အားသွန်ခွန်စိုက် ပြုလုပ်လာတာ တွေ့ရတယ်။ ဆရာတော် က ယခုရက်ပိုင်းမှာ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတစ်လျှောက် ကုက္ကိုပင်တွေစိုက်ဖို့ ဒကာ၊ ဒကာမတွေကို ဖိတ်ခေါ်နေပါတယ်။ ဆရာ တော် လက်ရှိလုပ်ကိုင်နေတာတွေက တရားဟော ဓမ္မကထိက၊ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."