သတင်းများ

ဘုတလင် ကတိုးရွာကို စစ်ကောင်စီတပ်ဝင်စီးပြီး မီးရှို့၊ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးနဲ့ ရပ်ကျေး ပ.က.ဖ အဖွဲ့ဝင်နှစ်ဦးကို သတ်သွား

September 24, 2024

ဘုတလင် – ၂၀၂၄ စက်တင်ဘာ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကတိုးကျေးရွာကို စစ်ကောင်စီတပ်က အခုလ ၂၂ ရက်မှာ စီးနင်းပြီး ရွာကိုမီးရှို့ကာ သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် ပ.က.ဖ အဖွဲ့ဝင်နှစ်ဦးကို သတ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဘုတလင်နယ် ကူတော်ရွာ ရဲစခန်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောအင်အား ၁၀၀ လောက်ဟာ အခုလ ၂၂ရက် ညနေပိုင်းနဲ့ ညပိုင်းက တစ်ရက်တည်း ရွာကို နှစ်ကြိမ်စီးနင်းပြီး လူတွေကိုပါ သတ်သွားတာလို့ ဒေသခံကပြောပါတယ်။ “ညနေ ၅း၀၀ နာရီလောက် ၀င်တာ၊ သေနတ်တွေ ရမ်းပစ်ပြီး ၀င်တာ၊ အိမ်တွေလည်း မီးရှို့တယ်၊ ၂၀လောက် ပါသွားတယ်၊ နွားတစ်ကောင် ဆွဲသွားတယ်၊ သူတို့က အဲဒီလိုပဲစစ်ကြောင်းထိုးရင် သူတို့အတွက် ရိက္ခာရအောင် လုပ်နေကျပဲ”လို့ […]

အပြည့်အစုံဖတ်ရန်

ဒိုက်ဦးထောင်ကျပ်နေပြီး နိုင်ကျဉ်းတွေ နေရေးအခက်ကြုံနေ

September 23, 2024

ရန်ကုန်- ၂၀၂၄ စက်တင်ဘာ(၂၃) မော်ကွန်း ဒိုက်ဦးအကျဉ်းထောင်မှာ အကျဉ်းသားတွေများပြားနေတဲ့အတွက် ထောင်ကျပ်တဲ့ဒဏ်ကို ခံနေကြရတယ်လို့ အဲဒီမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား(နိုင်ကျဉ်း)တချို့နဲ့ နီးစပ်တဲ့ ဝန်ထမ်းတချို့က ပြောပါတယ်။ မနေ့တုန်းကလည်း ကျပ်နေတဲ့ထောင်ကို စစ်ကောင်စီက အကျဉ်းသားတွေ ထပ်ပို့ခဲ့တဲ့အတွက် အဆောင်တွေမှာ နေစရာ အခက်အခဲဖြစ်နေတယ်လို့ သူတို့ကဆိုပါတယ်။ ထောင်ကျပ်နေတဲ့အတွက် အကျဉ်းသားတွေရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာနိုင်တယ်လို့လည်း ဝန်ထမ်းတချို့က ပြောပါတယ်။ “ ဒီနေ့ တန်းမဖွင့်ဘူး၊ အင်းစိန်ထောင်က နိုင်ကျဉ်းတွေရော၊ အခြားအမှုတွေရော ၂၀၀ ကျော် ထပ်ရောက်လာတဲ့အတွက် တန်းပိတ်ထားတာ။ နေစရာမရှိတော့ဘူး။ ဗာယာလမ်း(လျှောက်လမ်း) တမံသလင်းမှာဖြစ်သလို အိပ်နေကြရတယ်” လို့ မနေ့တုန်းက နေ့လယ်ပိုင်းမှာ အဲဒီထောင်က ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အိပ်ဆောင်ငါးဆောင်၊ ဆေးရုံဆောင်တစ်ခုနဲ့ အကျဉ်းတိုက်တွေလည်းရှိတဲ့ ဒိုက်ဦးထောင်မှာ အခုဆိုရင် အကျဉ်းသားစုစုပေါင်း […]

အပြည့်အစုံဖတ်ရန်

လွိုင်ကော်မှာ ရေဆက်လက်မြင့်တက်နေ၊ ကူညီကယ်ဆယ်ရေးအထောက်အပံ့တွေလိုအပ်နေ

September 23, 2024

ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၂၃ (မော်ကွန်း) ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ရေဘေးသင့်နေတဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မှာ ဒီနေ့ထိ ရေဆက်လက်မြင့်တက်နေတာကြောင့် ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတချို့က ပြောပါတယ်။ လွိုင်ကော်မြို့ပေါ်မှာ ဘီးလူးချောင်းရေဟာ ဆက်တိုက်မြင့်တက်နေဆဲဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဒေါနိုးကူးရပ်ကွက်၊ ရှမ်းစုရပ်ကွက်၊ နမ့်ကွတ်ရပ်ကွက်တွေထိ ရေကဆက်တိုက်တက်လာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ “အင်းလေးကန်ကရေက အင်းလေးကနေ တစ်ဆင့် စံကားအင်းကိုရောက်တယ်။ အဲဒီကမှ မိုးဗြဲဆည်ရဲ့ ထွက်ပေါက်ကနေ ဘီလူးချောင်းက ပြန်ထွက်တာဆိုတော့ အင်းတစ်ခုလုံး ရေမကျမခြင်း လွိုင်ကော်ထဲ ရေတွေဝင်နေတာပေါ့။ ရေထွက်ပေါက်ကလည်း ဒီတစ်ခုထဲရှိတာဆိုတော့ ရေကျဖို့ လနဲ့ချီပြီးကြာရင်လည်း ကြာနိုင်တယ်” လို့ လွိုင်ကော်မြို့ခံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။ အင်းလေးဒေသက ကျဆင်းလာတဲ့ […]

အပြည့်အစုံဖတ်ရန်

စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေ

September 23, 2024

ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၂၃ (မော်ကွန်း) စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တွေမှာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေတာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာကို ရှောင်ရှားဖို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ညနေပိုင်းကအသိပေးထားပါတယ်။ ရှမ်းတောင်ပိုင်းကနေမြစ်ဖျားခံကာ ပဲခူးတိုင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ စစ်တောင်းမြစ်ဟာ တောင်ငူမြို့မှာဆိုရင် နောက်တစ်ရက်အတွင်း‌ လက်ရှိကနေ လေးလက်မခန့်သာ စတင်ကျဆင်းလာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်ရှိနေမယ်လို့ ဆိုပါတယ်။ ဒါ့ပြင် မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ နောက်တစ်ရက်အတွင်း သုံးလက်မခန့်သာ ဆက်လက်ကျဆင်းနိုင်သေးပြီး စိုးရိမ်ရေမှတ်မှာဆက်ရှိနေမယ်လို့ သတိပေးထားတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ စစ်တောင်းမြစ်ရေမြင့်တက်လာတာကြောင့် ပဲခူးတိုင်းထဲက တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်နဲ့ ထန်းတပင်မြို့နယ်တွေက ဒေသခံသောင်းနဲ့ချီပြီး ရေဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ တောင်ငူမြို့နယ်ထဲမှာဆိုရင် ရေဘေးသင်တဲ့ ကျေးရွာပေါင်း ၅၀ ကျော်ရှိပြီး လူဦးရေရှစ်သောင်းကျော်ထိ […]

အပြည့်အစုံဖတ်ရန်

လွိုင်ကော်မှာ ဘီလူးချောင်းရေဆက်လက်မြင့်တက်လာတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ဆောင်နေရ

September 20, 2024

ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၂၀ (မော်ကွန်း) ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ဘီလူးချောင်းရေ ဆက်လက်မြင့်တက်လာပြီး မြို့ပေါ်ထိ ရေတွေဆက်လက်မြင့်တက်လာတာကြောင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။ လွိုင်ကော်မှာ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အခုလ ၁၆ ရက်ကစပြီး မြို့ပေါ်ရပ်ကွက်တွေထိ ရေစတင်ဝင်ရောက်ခဲ့ပြီး ဒီနေ့ထိ ရေပြန်မကျသေးတဲ့အပြင် ချောင်းရေက ပိုပြီးမြင့်တက်လာနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က လေရောမိုးရော ဆက်တိုက်ထပ်ရွာတယ်။ မြို့ပေါ်မှာဆိုရင် ခါးလောက်၊ ရင်လောက်တက်လာတယ်။ အရင်ရက်က တက်တဲ့နေရာတွေဆိုရင် အိမ်ခေါင်မိုးပါမြုပ်သွားပြီ” လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။ လွိုင်ကော်မြို့က ရွှေတောင်၊ မင်္ဂလာ၊ ဓမ္မာရုံ၊ ဈေးပိုင်း၊ မင်းစု၊ ရှမ်းပိုင်း၊ […]

အပြည့်အစုံဖတ်ရန်

ရှမ်းတောင်ပိုင်းမှာ ရေလွှမ်းမိုးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်

September 20, 2024

ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၂၀ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်းက မိုးနဲနဲ့လင်းခေး မြို့နယ်တွေမှာ ရေကြီးမှုကြောင့် ဒေသတွင်း ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့နဲ့ ဒေသခံတချို့ကပြောပါတယ်။ တောင်ကြီးမြို့ကနေ မိုင်းပန်မြို့ဘက်ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က မိုးနဲ၊ မောက်မယ်၊ လင်းခေး မြို့တွေမှာ ကားလမ်းတွေပျက်စီးနေပြီး ဒေသတွင်းမှာ အဆက်အသွယ်တွေပြတ်တောက်နေတာ သီတင်းပတ်တစ်ပတ်နီးပါး ရှိလာပြီလို့ တောင်ကြီး-လင်းခေး ခရီးသည်တင်ယာဉ်ပြေးဆွဲသူတစ်ဦးက ပြောပါတယ်။ “နမ့်စန်၊ မိုးနဲ၊ မောက်မယ်ဘက်က ဂိတ်တွေ မဖွင့်သေးဘူး။ ရှမ်းတောင်မှာ ဒီဘက် ပင်းတယ၊ အောင်ပန်းဘက်ပဲ တက်လို့ရသေးတယ်။ လင်းခေးတို့၊ မိုင်းတုံတို့သွားတဲ့လမ်းက အဆင်မပြေသေးဘူး။ ဂိတ်တွေပါ ပိတ်ထားတုန်းပဲ။ အခုတော့ လမ်းပြင်နေကြပြီဆိုတော့ နောက်တစ်ပတ်လောက်ဆိုရင် သွားလို့ရနိုင်မယ်ထင်တယ်” လို့ တောင်ကြီး-လင်းခေးကို […]

အပြည့်အစုံဖတ်ရန်

နေပူတောင်မာဘယ်လ်ကျောက်ထုတ်လုပ်ရေးစီမံကိန်းကို စစ်ကောင်စီဗုံးကြဲ၊ အမျိုးသမီးတစ်ဦးသေဆုံး

September 20, 2024

တောင်ကုတ် – ၂၀၂၄ စက်တင်ဘာ ၂၀ (မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်ရှိ ရခိုင်ရိုးမပေါ်က နေပူတောင်မာဘယ်လ်ကျောက်ထုတ်လုပ်ရေးစီမံကိန်းနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ သေဆုံးသွားတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးဟာ နေပူတောင်စီမံကိန်းအနီးရှိ ပိန္နဲစမ်းကျေးရွာကဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ သူဟာ စီမံကိန်းအလုပ်သမားတန်းလျားဆောင်မှာ နေထိုင်သူဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်၊ မနက် ၂ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက လာရောက်ဗုံးကြဲစဉ် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။ ” သူက အဲဒီနေရာမှာအလုပ်လုပ်ပြီး အလုပ်သမားဆောင်မှာနေသူပါ။ မနက် ၂ နာရီလောက်ဆိုတော့ လူအိပ်ချိန်ပေါ့။ အိပ်မောကျချိန်လာပြီး ဗုံးကြဲသွားတာ “ လို့ အထက်ပါ ဒေသခံက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ရေလွှမ်းမိုးမှုကြောင့် မင်းပြားတွင် အိမ်ခြေ ၂၆၀ ပျက်စီးသွားပြီး အရေးပေါ်အကူညီတွေ လိုအပ်နေ

September 19, 2024

မင်းပြား – ၂၀၂၄ စက်တင်ဘာ ၁၉ ( မော်ကွန်း) မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေးမြို့မြစ်ရေတက်မှုတွေကြောင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖုံသာချောင်းအုပ်စုမှ မြေနိမ့်ပိုင်းကျေးရွာ ၁၃ ရွာ ရေနစ်မြှုပ်ကာ အိမ်ခြေ ၂၆၀ ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖုံသာချောင်းအုပ်စုရှိ ကျေးမ၊ ကိုင်းကြီး၊ နတ်ထောက်ရွာ၊ ပြင်းဝ၊ ဇိုင်းချောင်း၊ သရက်အုပ်၊ အထက်ခချီးမြောင်၊ အောက်ခချီးမြောင်၊ ခွဆုံနဲ့ စိတ္တရ စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၃ ရွာမှာ ယခုလ ၁၃ ရက်ကစပြီး ရေကြီးရေလျှံခဲ့တာ ဖြစ်ပါတယ်။ ရေလွှမ်းမိုးမှုနဲ့အတူ အဆိုပါကျေးရွာတွေက နေအိမ် ၂၆၀ မှာ ရေစီးနဲ့အတူ မျောပါပျက်စီးသွားပြီး ဒေသခံတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေကြပါတယ်။ ” အိမ်က ဘာမှမရလိုက်ဘူး၊ ရေစီးနဲ့တစ်ခါတည်းမျောသွားတာ။ နည်းနည်းပါးပါးပျက်စီးသွားရင်တောင် ပြုပြင်ပြီးအဆင်ပြေသလိုနေလို့ရဦးမယ်။ […]

အပြည့်အစုံဖတ်ရန်

တောင်တရုတ်ပင်လယ်ပြင်ထဲက အပူပိုင်းမုန်တိုင်းငယ်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးကြီးနိုင်

September 19, 2024

ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၁၉ (မော်ကွန်း) တောင်တရုတ်ပင်လယ်ထဲမှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ရဲ့ အကြွင်းအကျန်တိမ်တိုက်နဲ့ လေပွေလှိုင်းတွေ အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံထဲကို ဖြတ်သန်းမှာဖြစ်ပြီး နိုင်ငံရဲ့နေရာအနှံ့အပြားမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ တောင်တရုတ်ပင်လယ်ထဲက ဆိုးလစ်ခ် (SOULIK) မုန်တိုင်းဟာ ဒီနေ့ညပိုင်းမှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော်မှာဖြစ်ပြီး မနက်ဖြန်မှာတော့ မုန်တိုင်းရဲ့ အကြွင်းအကျန်တိမ်တိုက်နဲ့ လေပွေလှိုင်းတွေဟာ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်း ဒေသတွေကို ဖြတ်ကျော်ပြီး ဝင်ရောက်လာမယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် ပြန်လည်အစပျိုးအားကောင်းလာနိုင်ကာ မနက်ဖြန်မနက်ပိုင်းကစပြီး နိုင်ငံရဲ့ဒေသတချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတာပါ။ လေပွေလှိုင်းရဲ့ အရှိန်ကြောင့်လည်း မနက်ဖြန်ကနေ ငါးရက်အတွင်း နေပြည်တော်ကောင်စီ၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ […]

အပြည့်အစုံဖတ်ရန်

ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ၊ အရပ်သားတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ

September 18, 2024

ပုဏ္ဏားကျွန်း – ၂၀၂၄ စက်တင်ဘာ ၁၈ ( မော်ကွန်း) အာရက္ခတပ်တော်AA ကသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ထဲကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့တာကြောင့် အရပ်သား တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ ပုဏ္ဏားကျွန်း လူမှုကူညီရေးအသင်းထံက သိရပါတယ်။ ပုဏ္ဏားကျွန်းမြို့နှင့် ရသေ့တောင်မြို့ကိုဆက်သွယ်ထားတဲ့ကားလမ်းဆုံကို မနေ့က ညနေ ၄:၀၀ နာရီ အချိန်လောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့်လာရောက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ” လေယာဉ်သံကြားတော့လူတွေရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းမှာပဲ ဗုံးတစ်လုံးချသွားတာ” လို့ အနီးအနားမှာရှိနေခဲ့တဲ့ လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ခရီးသွားပြည်သူ တစ်ဦးပွဲချင်းပြီး သေဆုံးသွားသလို သုံးဦးမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားတဲ့အတွက် နီးစပ်ရာဆေးခန်းတစ်ခုကို အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ သဩဂုတ် ၂၃ ရက်ကလည်း စစ်တွေမြို့အခြေစိုက်တပ်ရင်းတွေက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးရွာသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ရွာသားတစ်ဦးသေဆုံးပြီး […]

အပြည့်အစုံဖတ်ရန်

ဖားကန့်အနီးမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံအများအပြားစစ်ရှောင်၊ ကားခတွေမြင့်တက်

September 18, 2024

ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၁၈ (မော်ကွန်း) ဖားကန့်ရတနာမြေမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲပိုမိုပြင်းထန်လာပြီး မြို့ပေါ်နဲ့ ရတနာမှော်တွေက ဒေသခံအများအပြား စစ်ဘေးရှောင်လာတာကြောင့် ကားခတွေလည်း အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတချို့ကပြောပါတယ်။ ဖားကန့်-မြစ်ကြီးနား ကားခဟာ အရင်ထက် နှစ်ဆကျော်မြင့်တက်သွားပြီး မြို့ပေါ်က စစ်ဘေးရှောင်စခန်းမှာလည်း လူအများအပြားရောက်ရှိနေတယ်လို့ ဖားကန့်ဒေသခံတချို့က ပြောပါတယ်။ “မှော်တွေလည်း အကုန်ပိတ်ကုန်ပြီ။ မြို့ခံတွေ နည်းနည်းလောက်ပဲ မပြန်မှာ။ အကုန်ပြန်ဖို့လုပ်နေတော့ ကားခတွေကလည်း တက်သွားတယ်။ ကိုယ်ပိုင်ကားတွေနဲ့ ဆွဲပေးနေတာ အရင်(ကျပ်)သုံးသိန်းလောက်ပဲရှိတာ၊ အခုမြစ်ကြီးနားထိကို ခြောက်သိန်းလောက်ထိဖြစ်နေတယ်။ မတတ်နိုင်တဲ့သူတွေလည်း အနီးအနားမှာပဲ စစ်ရှောင်ကြမှာပေါ့။ တတ်နိုင်တဲ့သူတွေတော့ ထွက်နေကြပြီ” လို့ ဖားကန့်ဒေသခံက ပြောပါတယ်။ ဖားကန့် မြို့အဝင်အနီးက ဆိုင်းတောင်ရွာမှာ KIA ပူးပေါင်းတပ်တွေနဲ့ […]

အပြည့်အစုံဖတ်ရန်

ဝင်းရေးမြို့နယ်၊ ဖားပြရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရက်ဆက်ပစ်ခတ်

September 18, 2024

ဝင်းရေး – ၂၀၂၄ စက်တင်ဘာ ၁၈ (မော်ကွန်း) ကေအဲန်ယူ၊ တပ်မဟာ ၆ ၊ ဝင်းရေးမြို့ထဲက လက်ကျန် စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ အနန်းကွင်းဗျူဟာကို ကေအဲန်ယူဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကတော့ အနီးအနားတပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ရက်ဆက်ပစ်ကူပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ အနန်းကွင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ချဉ်းကပ်၊ တိုက်ခိုက်နေတာ တစ်လလောက်ရှိလာပြီး အနန်းကွင်းနဲ့ မလှမ်းမကမ်းက ရွာတစ်ရွာဖြစ်တဲ့ ဖားပြရွာကို သံဖြူဇရပ်အခြေစိုက် ဝဲကလီရွာ၊ အမြောက်တပ်က လက်နက်ကြီးတွေပစ်ခတ်နေတာ သုံးရက်လောက်ရှိလာပြီလို့ ဒေသခံတွေဘက်ကသိရပါတယ်။ ဒီလိုပစ်ခတ်တာဟာ အနန်းကွင်းစစ်ဗျူဟာစခန်းမကျဖို့ စစ်ကောင်စီဟာ သူတို့ လုပ်ရိုးလုပ်စဉ်အတိုင်း မဆိုင်တဲ့ ရွာတွေကို ပစ်ခတ်ပြီး ဖိအားပေးတာဖြစ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ “ဒီနေ့လည်း တိုက်ပွဲဖြစ်တယ်၊ လက်နက်ကြီးလည်း အများကြီး ကျတယ်”လို့ သူကပြောပါတယ်။ ဖားပြကိုကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးဟာ ဟောင်ဝစ်ဇာတာဝေးပစ်လက်နက်ကြီးဖြစ်ပြီး […]

အပြည့်အစုံဖတ်ရန်
1 … 38 39 40 41 42 43 44 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."