သတင်းများ

စစ်တွေမြို့နယ်၊ ရွှေပြည်သာရွာသားတွေကို စစ်ကောင်စီက မောင်းထုတ်ထားတာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေ

September 18, 2024

စစ်တွေ- ၂၀၂၄ စက်တင်ဘာ ၁၈( မော်ကွန်း) ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျတံတားတစ်ဖက်ကမ်းရှိ ရွှေပြည်သာကျေးရွာက ရွာသားတွေကို စစ်ကောင်စီတပ်က ရွာကနေ အတင်းအဓမ္မနှင်ထုတ်လိုက်တာကြောင့် ရွာသားတွေဟာ နေစရာနဲ့စားစရာမရှိဘဲ အခက်အခဲတွေဖြစ်နေကြပါတယ်။ အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ ယခုလ ၁၅ ရက် မနက်ပိုင်းက ရွှေပြည်သာကျေးရွာကို ရောက်ရှိလာကြပြီး ရွာသားတွေကို ကျေးရွာထဲကနေထွက်သွားကြဖို့အတင်း နှင်ထုတ်ခဲ့တယ်လို့ ရွာခံတွေကပြောပါတယ်။ ရွာခံအမျိုးသမီးတစ်ဦးက” ဒီရွာမှာဆက်နေခွင့်မရှိတော့ဘူး၊ ဒီနေ့ကစပြီး အပြီးထွက်သွားကြလို့ပြောတယ်။ ကိုယ့်ရဲ့အရေးကြီးတဲ့ပစ္စည်းတွေကိုလည်း တစ်ခါတည်းယူသွား၊ နောက်နေ့ကစလို့ ရွာထဲကို ဝင်ခွင့်ပေးမယ်မထင်နဲ့၊ ညနေပိုင်းအကုန်ပြောင်းကြဖို့ စီစဉ်ထားကြဆိုပြီး နှင်ထုတ်ပါတယ်။ ကျွန်မတို့လည်း ဗျိုင်းဖြူရွာလိုမျိုးဖြစ်သွားမှာကြောက်ပြီး ပြေးလာရတာပေါ့” လို့ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၂၉ ရက်က စစ်ကောင်စီတပ်သားတွေနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့ဝင်အချို့မှာ ဆတ်ရိုးကျရပ်ကွက်အတွင်းရှိ ဗျိုင်းဖြူရွာထဲကို […]

အပြည့်အစုံဖတ်ရန်

အင်းလေးကန်ရေနစ်မြုပ်နေသေးတာကြောင့် အိမ်ခြေသုံးထောင်ကျော်ပျက်စီးပြီး လူဦးရေသောင်းနဲ့ချီ အရေးပေါ်အကူညီတွေလိုအပ်နေ

September 17, 2024

တောင်ကြီး – ၂၀၂၄ စက်တင်ဘာ ၁၇ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က အင်းလေးဒေသမှာရေကြီးတာကြောင့် အိမ်ခြေပေါင်း သုံးထောင်ကျော်ပျက်စီးသွားပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံပရဟိတအဖွဲ့တချို့က ပြောပါတယ်။ အခုလ ၁၂ ရက်မှာ အင်းလေးကန်ထဲ မကြုံစဖူး ရုတ်တရတ်ရေကြီးခဲ့ကာ အင်းလေးဒေသက ကျေးရွာပေါင်း ၄၀၀ ကျော်ရှိတဲ့အထဲက ကျေးရွာ ၁၀၀ ကျော် ရေနစ်မြုပ်ခဲ့တာပါ။ အဲဒီ ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေက ဒေသခံသောင်းနဲ့ချီပြီး ရေဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရကာ နေအိမ်တွေလည်း အများအပြားပျက်စီးခဲ့တာပါ။ ရေဘေးရှောင်သောင်းနဲ့ချီအတွက် သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ အင်းလေးဒေသမှာကူညီနေတဲ့ ရောင်နီဦး ပရဟိတအဖွဲ့ တာဝန်ခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ အင်းသားတွေနဲ့ ဒေသခံတိုင်းရင်းသား ခုနစ်သောင်းနီးပါးနေထိုင်တဲ့ အင်းလေးကန်တစ်ခုလုံး ဒီနေ့ထိ ရေနစ်မြုပ်နေဆဲဖြစ်ပြီး ဝါးနဲ့ဆောက်ထားတဲ့ နေအိမ်သုံးထောင်ကျော်ဟာ လုံးဝပျက်စီးသွားတယ်လို့ ၎င်း […]

အပြည့်အစုံဖတ်ရန်

နောင်ချိုနဲ့သီပေါမှာ တိုက်ပွဲတွေပြင်းထန်

September 17, 2024

ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၁၇ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့သီပေါမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ နောင်ချိုမြို့နယ်က စစ်ကောင်စီအမြောက်တပ်စခန်းတွေရှိတဲ့ တောင်ခမ်းကျေးရွာအနီးမှာ အခုလ ၁၄ ရက်ကနေ ဒီနေ့ ထိ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့ကနေ နောင်ချိုဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ပြင်ဦးလွင်ဒေသခံတချို့ဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဟာ ရှမ်းတောင်ပိုင်း ရပ်စောက်ကနေ နောင်ချိုကို စစ်အင်အားဖြည့်တင်းနေကာ နောင်ချိုနဲ့ သီပေါမြို့နယ်တွေမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။ နောင်ချိုမြို့နယ်က တောင်ခမ်းကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ အမြှောက်တပ်ရင်း အမတ (၃၅၄) တပ်စခန်း၊ (၉၀၂) တပ်စခန်းနဲ့ မကျီးရေရွာအနီးက တပ်စခန်းတွေကို […]

အပြည့်အစုံဖတ်ရန်

ကလောမှာ မိုးကြီးပြီးမြေပြိုတာကြောင့် အိမ်ခြေနှစ်ရာကျော်ပြိုပြီး လူကိုးရာကျော်အိုးမဲ့အိမ်မဲ့ဖြစ်

September 17, 2024

ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၁၇ (မော်ကွန်း) ရှမ်းတောင်ပိုင်းက ကလောမြို့မှာ မိုးကြီးပြီး မြေပြိုတဲ့ဖြစ်စဉ်မှာ အိမ်ခြေပေါင်း ၂၀၀ ကျော် ပြိုကျသွားပြီး လူဦးရေ ၉၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမြို့တွေမှာ အခုလ ၁၀ ရက်ကစပြီး ရေကြီးရေလျှံမှုဖြစ်ခဲ့ကာ ကလောမြို့မှာတော့ တောင်ကျချောင်းရေစီးဆင်းတာကြောင့် မြေတွေပြိုကျကာ လူနေအိမ်တွေ အများအပြား ပျက်စီးခဲ့တာပါ။ အထူးသဖြင့် တောင်ပေါ်ခရီးသွားမြို့ရဲ့ အနိမ့်ပိုင်းနေရာတွေဖြစ်တဲ့ ရပ်ကွက် (၂)၊ (၃) နဲ့ (၄) တို့ဟာ အဆိုးဝါးဆုံး ရေကြီးတာနဲ့ မြေပြိုကျတဲ့ ဖြစ်စဉ်တွေ ကြုံတွေ့ခဲ့ရပြီး ဒေသခံတချို့ သေဆုံးခဲ့တယ်လို့ ကလောမြို့နယ် ကြက်ခြေနီအသင်း တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ရေကြီးတာနဲ့ မြေပြိုတာတွေကြောင့် […]

အပြည့်အစုံဖတ်ရန်

တောင်ငူမှာ ရေဘေးကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းနှစ်ဦး ရေစီးနဲ့မျောပါသေဆုံး

September 16, 2024

တောင်ငူ – ၂၀၂၄ စက်တင်ဘာ ၁၆ (မော်ကွန်း) ရေလွှမ်းမိုးနေတဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားနှစ်ဦး မနေ့ကညပိုင်းမှာ ရေနဲ့မျောပါသေဆုံးသွားတယ်လို့ ဒီဖြစ်စဉ်ကို သိတဲ့ လူမှုကူညီရေးအသင်းတချို့က ပြောပါတယ်။ သေဆုံးသူနှစ်ဦးအနက် တစ်ဦးက ရှင်ပေါလုခရစ်ယာန်အသင်းတော် လူမှုကယ်ဆယ်ရေးအသင်းက အသင်းဝင် တစ်ဦးနဲ့ နောက်တစ်ဦးကတော့ အမည်မသိ (စုံစမ်းဆဲ) စေတနာ့ဝန်ထမ်းပါ။ “ရေကြီးတဲ့နေရာကို ထွန်စက်နဲ့သွားရင်း လမ်းကြမ်းတော့ ထွန်စက်ပေါ်ကပြုတ်ကျတာ။ ရေစီးနဲ့မျောပြီး အမာတစ်ခုခုနဲ့ ခေါင်းကိုရိုက်မိတယ်ထင်တယ်၊ အဲဒီမှာ ဆုံးသွားတာ။ နောက်တစ်ယောက်ကလည်း ရေစီးနဲ့ပါသွားတာပြောတယ် ဘယ်အဖွဲ့ကလည်းတော့ မသိသေးဘူး” လို့ တောင်ငူမြို့မှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ တောင်ငူမြို့မှာ စစ်တောင်းမြစ်ရေမြင့်တက်တာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ရပ်ကွက်ကျေးရွာအများအပြား ရေနစ်မြုပ်ခဲ့ကာ တောင်ငူဒေသခံကိုးသောင်းကျော် ရေဘေးသင့်နေတယ်လို့ ဒေသတွင်းမှာ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ တောင်ကုတ်ဒေသခံ ၁၀ ဦး တစ်လနီးပါးကြာသည်ထိ သတင်းအစအနပျောက်နေ

September 16, 2024

တောင်ကုတ်- ၂၀၂၄ စက်တင်ဘာ ၁၆( မော်ကွန်း) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က စစ်ကောင်စီကမတရားဖမ်းဆီးသွားတဲ့ ဒေသခံ ၁၀ ဦးမှာ တစ်လနီးပါးကြာသည်အထိ သတင်းအစအနမရရှိသေးကြောင်း ၎င်းတို့နဲ့နီးစပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်က တောင်ကုတ်မြို့ဝင်ရှိ ကြိုးကြာကွင်းစစ်ဆေးရေးဂိတ်အနောက်ဘက် တောလမ်းမှာ ဆန်အိတ်အငှါးထမ်းနေစဉ် ဖမ်းဆီးခံလိုက်ရတဲ့ စေတီကွင်းရွာသား သုံးဦးမှာ ဖမ်းဆီးခံရပြီးကတည်းက သတင်းအစအန မကြားရသေးဘူးလို့ တောင်ကုတ်မြိုခံတစ်ဦးကပြောပါတယ်။ ” ဆန်အိတ်အဖမ်းခံရတဲ့နေ့ကတော့ စစ်ဆေးရေးဂိတ်မှာပဲ ကြိုးတုပ်ပြီးချည်ထားတယ်လို့ အနီးအနားမှာရှိတဲ့ မျက်မြင်တွေကပြောတယ်။ အဲ့ဒီနောက်ပိုင်း ဘယ်ကိုဖမ်းခေါ်သွားသလဲဆိုတာ မသိရဘူး။ မိသားစုတွေက သူတို့ကိုယ်တိုင်လာဖို့အဆင်မပြေတော့ စုံစမ်းပေးဖို့ဖုန်းဆက်ပြီး အကူညီတောင်းလာတယ်။ ကျွန်တော်တို့လည်း ရဲစခန်းနားသွားပြီး ဘာသတင်းတွေကြားရမလဲစုံစမ်းပေမဲ့ ဘာမှမကြားမိသေးဘူး” လို့ ပြောပါတယ်။ အလားတူ ကျေးလက်ဒေသတွေကနေ တောင်ကုတ်မြို့ထဲကို ဈေးလာဝယ်ကြတဲ့ ဒေသခံခုနစ်ဦးမှာလည်း သြဂုတ် […]

အပြည့်အစုံဖတ်ရန်

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသက ပအိုဝ်းရွာတွေ ရေကြီးလို့ အထိများ၊ လူသေဆုံးမှုရှိ

September 15, 2024

ဟိုပုံး – ၂၀၂၄ စက်တင်ဘာ ၁၅ (မော်ကွန်း) ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့နယ် မဲနယ်တောင်တကြောက ကျေးရွာတွေ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေတွေ အရှိန်ပြင်းစွာကျဆင်းလာပြီး ရေကြီး၊ မြေပြိုမှုတွေဖြစ်ပွားကာ လူသေဆုံးမှုတွေပါရှိနေတယ်လို့ ဒေသခံ ခွန်ချစ်ထွေးက မော်ကွန်းကိုပြောပါတယ်။ “မဲနယ်တောင်တကြောကတော့ အကုန်ပျက်စီးသွားတယ်”လို့ ခွန်ချစ်ထွေးကပြောပါတယ်။ မနေ့က ရတဲ့အချက်အလက်တွေအရ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တကြောက နောင်စုံ၊ ဗန်းစောက်၊ စံဖူး၊ လုဲင်းကင်တွေဟာ ဦးစွာရေကြီး၊ မြေပြိုကျတဲ့ရွာတွေဖြစ်ကာ သေဆုံးသူ ၁၄ ဦးရှိနေပါတယ်။ ဒီရွာတွေမှာ အခုလ ပထမသီတင်းပတ်ကတည်းက မိုးတွေသည်းထန်စွာရွာသွန်းနေတာဖြစ် တောင်ကျရေတွေ ကျရောက်လာကာ နေအိမ်တွေနဲ့ လူတွေပါ မျောပါခဲ့တာပါ။ ဒီလေးရွာပေါင်းရင် အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိနိုင်ပြီး ထိခိုက်သွားတဲ့ ရွာစုစုပေါင်း ရွာရှစ်ရွာလောက်ရှိနိုင်ပြီး အိမ်ခြေပျက်စီးမှုများပြားကာ ကူညီကယ်ဆယ်ရေးတွေ လာရောက်တာမရှိသေးဘူးလို့ […]

အပြည့်အစုံဖတ်ရန်

သံတွဲတွင် စစ်ကျန်ဗုံးသီးပေါက်ကွဲ၍ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ

September 14, 2024

သံတွဲ – ၂၀၂၄ စက်တင်ဘာ ၁၄ ( မော်ကွန်း) ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်က အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဟာ တောထဲကိုဟင်းရှာသွားရင်းတွေ့တဲ့ စစ်ကျန်ဗုံးသီးတစ်လုံးကို မတော်တဆထုမိတာကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ သိရပါတယ်။ ” တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ လက်နက်တွေ ထင်ပါတယ်။ မသိမစမ်းနဲ့ ကောက်ထုကြည့်ရာကနေ ဗုံးသီးထကွဲပြီး ဒဏ်ရာရသွားတာ။ ဒီကာလမှာ တွေ့ရာပစ္စည်းတွေကို လျှောက်မကိုင်ဖို့၊ မထိမိဖို့ အတော်လေးကို သတိထားရမယ်” လို့ ဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် ခြေလက်အကုန်လုံး ပြတ်ထွက်သွားသလို ခန္ဓာကိုယ်ပေါ်မှာလည်း အစအနစိုက်ကာ ဒဏ်ရာရရှိသွားပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် အသက်စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။ လက်ရှိမှာ သံတွဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး AA […]

အပြည့်အစုံဖတ်ရန်

ညဘက်လေ့ကျင့်ရေးလုပ်နေစဉ် တောင်ကျရေကျလာလို့ မျောပါပြီး ကရင်နီဆေးတပ်သား ၁၈ ဦးကျဆုံး

September 14, 2024

ကရင်နီ – ၂၀၂၄ စက်တင်ဘာ ၁၃ (မော်ကွန်း) ကရင်နီအမျိုးသားကာကွယ်ရေးတပ်က ဆေးတပ်သားသင်တန်းတစ်ခုမှာ အခု ၁၁ ရက်ညပိုင်း လေ့ကျင့်ရေးလုပ်နေစဉ် တောင်ကျချောင်းရေ ရုတ်တရက်ကျလာလို့ သင်တန်းသားတွေ မျောပါပြီး ၁၈ ဦးကျဆုံးသွားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(​KNDF) က ထုတ်ပြန်ပါတယ်။ ညဘက် ချောင်းမှာလေ့ကျင့်ရေးဆင်းနေချိန် ရေစီးနဲ့အတူ အားလုံးမျောပါသွားပြီး ရုပ်အလောင်းတွေကို ချောင်းအောက်ခြေက ရေကန်မှာ ပြန်လည်တွေ့ခဲ့ရတယ်လို့ KNDF ကရဲဘော်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။ ” ညဘက်ကြီး ခါးလောက်ရှိတဲ့ချောင်းမှာ လေ့ကျင့်ရေးဆင်းရတာ၊ ဆေးတပ်သားတွေ ချောင်းဖြတ်ကူးနေတုံး တောင်ကျရေကျလာပြီးအကုန်ပါသွားတယ်” လို့ သူကပြောပါတယ်။ သေဆုံးသွားသူထဲက ကိုဟန်သော်ဇင်ဆိုရင် လက်နက်မကိုင်ဘဲ ဆေးတပ်သားလုပ်ဖို့ ဆုံးဖြတ်ခဲ့သူဖြစ်တယ်လို့ သူငယ်ချင်းဖြစ်သူကပြောပါတယ်။ ” သူက လက်နက်မကိုင်ချင်တော့ဘူးဆိုပြီး ဆေးတပ်သားလုပ်ဖို့သင်တန်းတက်နေတာ ၊ သူ့အမေဆိုရင်နှလုံးရောဂါသည်၊သူ့သားသတင်းကြားတော့ သူ့အမေက […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်ခရိုင်ရဲတပ်ရင်းအနီးက အဖမ်းခံထားရတဲ့ ပြည်သူ ၁၀ဦး လွတ်မြောက်လာခြင်းမရှိသေး

September 14, 2024

လက်ပံတောင်း – ၂၀၂၄ စက်တင်ဘာ ၁၃ (မော်ကွန်း) စက်တင်ဘာ ၁၁ ရက်က ယင်းမာပင်ခရိုင်ရဲတပ်ရင်းနားမှာ ဖမ်းဆီးခံလိုက်ရတဲ့ ဈေးဆိုင်ရှင်တွေအပါအဝင် အရပ်သား ၁၀ ဟာ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်ရပ်ဖြစ်တဲ့နေ့ ညနေပိုင်းမှာ ယင်းမာပင်ခရိုင်ရဲတပ်ရင်းကနေ စစ်ကောင်စီတပ်သားနဲ့ရဲတွေ စုစုပေါင်း ၃၀ လောက် မြောက်ယမားတံတားထိ လုံခြုံရေးယူနေချိန်ဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ “ဘာအတွက်ကင်းယူတယ်ဆိုတာတော့ မသိရဘူး လက်ပံတောင်းတောင် စီမံကိန်းက စစ်သား(၃၀)ကလည်း ကံကုန်းရွာအထိ ကင်းယူကြတယ်၊ ဝမ်ဘောင်ကုမ္မဏီက ကြေးပြားသယ်ဖို့လား ဒါမှမဟုတ် ရိက္ခာသယ်ဖို့လားအတိကျမပြောနိုင်ဘူး” လို့ ဒေသတွင်း တိုက်နယ် ပကဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ လုံခြုံရေးယူနေချိန်မှာပဲ ရဲတပ်ရင်းနားက ဆိုင်တွေကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဝင်ကာ ကုန်စုံဆိုင်၊ အရက်ဆိုင်၊ ဆီစက်၊ လေထိုးဆိုင်နဲ့ သုံးဘီးလေဖြည့်နေသူ လူငယ်နှစ်ဦး စုစုပေါင်း […]

အပြည့်အစုံဖတ်ရန်

နိုင်ငံတဝန်း ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူရာချီရှိလာ

September 13, 2024

ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၁၃ (မော်ကွန်း) မန္တလေးတိုင်းနဲ့ နေပြည်တော်မှာ ရေကြီးနစ်မြုပ်မှုတွေကြောင့် ရေထဲမျောပါကာ သေဆုံးသွားတဲ့ ဒေသခံအရေအတွက် ရာနဲ့ချီရှိလာပြီလို့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေနဲ့ မီးသတ်ဦးစီးဌာနတို့က ထုတ်ပြန်ထားပါတယ်။ မနေ့က မနက်ပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မန္တလေးတိုင်းထဲက ရမည်းသင်း၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ဝမ်းတွင်း၊ ပျော်ဘွယ်၊ မြစ်သား၊ တောင်ငူမြို့နယ်တွေမှာ ဆည်တွေနဲ့ တာတမံတွေရေပြည့်ကာ မြစ်ရေချောင်းရေတွေထိ ရေကြီးရေလျှံတာကြောင့် ဒီဒေသတွေမှာ ရေလွှမ်းမိုးနစ်မြုပ်နေကာ အရေးပေါ် ကူညီကယ်ဆယ်ရေးတွေလည်း လိုအပ်နေတာပါ။ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ထဲမှာ ရေလွှမ်းမိုးနစ်မြုပ်တာကြောင့် သေဆုံးသူအရေအတွက် အများအပြားရှိခဲ့ပြီး သေဆုံးသူရာနဲ့ချီရှိတယ်လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူတချို့က လူမှုကွန်ရက်မှာ ဖြန့်ဝေထားပါတယ်။ ရမည်းသင်းမြို့နယ်ထဲမှာ မနေ့က ရေစီးနဲ့မျောလာတဲ့ ရုပ်အလောင်း ၁၇ လောင်းထိ တွေ့ရှိခဲ့ပြီး ဒီနေ့မှာလည်း ရုပ်အလောင်းတွေ […]

အပြည့်အစုံဖတ်ရန်

အမ်းမြို့နယ်တွင် ချောင်းရေဝင်ရောက်မှုကြောင့် ကျေးရွာ ၂၃ ရွာ ဘေးလွတ်ရာသို့ပြောင်းရွေ့ထားရ

September 13, 2024

အမ်း- ၂၀၂၄ စက်တင်ဘာ ၁၃ ( မော်ကွန်း) ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမ်းချောင်းရေမြင့်တက်လာပြီး အမ်းချောင်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၃ ရွာကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ထားရပါတယ်။ အမ်းချောင်းတစ်လျှောက်မှာရှိတဲ့ ပြောင်းချောင်း၊ လောင်းစပ်၊ပြုတ်ကျွန်း၊ ညောင်ချောင်း၊ ချင်းကုန်း၊ ငလက်ကျ၊ ကျားခြေရာ၊ လောင်းဒုံးကွင်း၊ ခရမ်းကျွန်း၊ မယ်ဇလီကိုင်း၊ ဗြက်၊ ရေအေး၊ မွန်လှ၊ စခန်းမော်၊ တိုက်မော်၊ မော်ကြီး၊ ဝက်မီးတို၊ ဟင်းရွက်မော်၊ တောင်ဖီလာ၊ အဝပြင်၊ ကံဇလီ၊ မရမ်းတောင်နဲ့ တပ်တောင် စတဲ့ကျေးရွာတွေကို ကုန်းမြင့်ပိုင်းဒေသသို့ပြောင်းရွှေ့ ထားရတာဖြစ်ပါတယ်။ ” မနေ့က နေ့လယ်ပိုင်းကတည်းက ရွာတွေကို ချောင်းရေတွေ စဝင်ပါတယ်။ အရင်တုန်းကလည်း အမ်းချောင်းရေကျော်လို့ ဒီဒေသတွေအကုန်လုံး မြုပ်ဖူးတယ်။ တစ်ချို့မြေနိမ့်ပိုင်းရွာတွေဆို အိမ်ခေါင်ဖျားတောင် မပေါ်တဲ့အထိမြှုပ်ဖူးတော့ […]

အပြည့်အစုံဖတ်ရန်
1 … 39 40 41 42 43 44 45 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."