ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၂ (မော်ကွန်း) ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ အခုရက်ပိုင်းအတွင်းမှာပဲ ကချင်အထူးဒေသ (၁) မှာရှိတဲ့ ချီဖွေနဲ့ ဆော့လော်မြို့တွေကို ဆက်တိုက်ဆိုသလို သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်လာပါတယ်။ ဒီဒေသတွေဟာ ဒေသတွင်းပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ NDA-K တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ပူးပေါင်းထိန်းချုပ်ထားတဲ့ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ လကုန်ပိုင်းကစကာ KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ခဲ့တာပါ။ ချီဖွေမြို့ကို ပြီးခဲ့တဲ့လ ၂၉ ရက်မှာ KIA ပူးပေါင်းတပ်တွေ သိမ်းလိုက်တာဖြစ်ပြီး ဒီနေ့မှာတော့ ဆော့လော်မြို့က စစ်ကောင်စီတပ်စခန်းကို ထပ်မံသိမ်းပိုက်လိုက်တာကြောင့် ဒီနှစ်မြို့လုံးဟာ KIA ထိန်းချုပ်မှုအောက်ကို ရောက်ရှိလာတာပါ။ ဆော့လော်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာတပ်စခန်းကုန်း၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို အခုမနက်အစောပိုင်းမှာ […]
ဘုတလင်- ၂၀၂၄ အောက်တိုဘာ ၂ (မော်ကွန်း) စစ်ကိုင်းတိုင်းထဲမှာ ရွာတွေကိုစီးနင်းကာ လူသတ်မီးရှိုးခဲ့သလို ဘုရားငွေပါခိုးခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ချေမှုန်းတာကို ခံလိုက်ရပြီး စစ်ကြောင်းလိုက်ပြုတ်သွားခဲ့တယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။ ခိုးဆိုးလုနှိုက်ရာမှာ နာမည်ကြီးတဲ့အတွက် ဘီလူးစစ်ကြောင်းလို့ ဒေသခံတွေက အမည်ပြောင်ပေးထားတဲ့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) လက်အောက်ခံ အဲဒီစစ်ကြောင်းကို ဘုတလင်မြို့နယ်ထဲမှာ ဒေသကာကွယ်ရေးအဖွဲ့တွေ ဝိုင်းတိုက်တဲ့အတွက် စစ်ကောင်စီတပ်သား ၃၀ ကျော်အရှင်မိကာ ဆယ်နဲ့ချီတဲ့ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက် ၇၀ ကျော်နဲ့ ခဲယမ်းမီးကျောက် အများအပြားလည်း ဒေသကာကွယ်ရေးတပ်တွေဘက်က ရလိုက်တယ်လို့ဆိုကြပါတယ်။ ” အသေ (သေဆုံးစာရင်း)ကတော့ အတိအကျ မသိရသေးဘူး။ ပိုးလို့ပက်လက်ပဲ။ နှစ်ဆယ်ကျော် […]
မြေပုံ- ၂၀၂၄ အောက်တိုဘာ ၂ ( မော်ကွန်း) ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲမှုကြောင့် ရခိုင်မှာ အရပ်သား ၃၃ ဦးသေပြီး ၄၆ ဦးဒဏ်ရာရခဲ့တာကို မော်ကွန်းကစာရင်းပြုစုထားနိုင်ပါတယ်။ ဒါဟာ ဩဂုတ်လအတွင်း ရခိုင်မှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် သေခဲ့ရတဲ့ အရပ်သား အရေအတွက်ထက် ၁၂ ဦးပိုများပြီး ဒဏ်ရာရသူ ခုနစ်ဦး ပိုတိုးလာတာပါ။ ဩဂုတ်မှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သား ၂၁ ဦး သေပြီး ၃၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီဟာ စက်တင်ဘာလအတွင်း အာရက္ခတပ်တော်(AA) သိမ်းပိုက်လွှမ်းမိုးထားတဲ့ ရခိုင်ပြည်နယ်ထဲက တောင်ကုတ်၊ သံတွဲ၊ ပုဏ္ဏားကျွန်းနဲ့ မြေပုံမြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ အခုလိုပိုမိုမြင့်မားလာနေတာ ဖြစ်ပါတယ်။ ” […]
ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၁ (မော်ကွန်း) ရှမ်းမြောက်က လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာပြီး ဒီရက်ပိုင်း တိုက်ခိုက်မှုတွေမှာ အရပ်သားနေအိမ်တွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီနေသူတချို့က ပြောပါတယ်။ မနေ့က ညပိုင်းက လားရှိုးမြို့ ၁၂ ရပ်ကွက်အနီးကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးလေးလုံး ကြဲချခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ အရပ်သားနေအိမ်အများအပြား ပျက်စီးခဲ့ကာ ဒေသခံကိုးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီဒဏ်ရာသူတွေထဲကသုံးဦးဟာ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။ မနေ့ညအပါအဝင် ပြီးခဲ့တဲ့လတစ်လအတွင်းမှာပဲ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၁၁ ကြိမ်ထိ လုပ်ဆောင်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။ စက်တင်ဘာ […]
တောင်ကုတ်- ၂၀၂၄ စက်တင်ဘာ ၃၀ ( မော်ကွန်း) အာရက္ခတပ်တော်(AA) နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံထားရတဲ့ တောင်ကုတ်ဒေသခံတစ်ဦးကို ရဲစခန်းအချုပ်ကနေ စစ်ကောင်စီက လာရောက် ခေါ်ထုတ်သွားတဲ့အတွက် သူ့ရဲ့ လုံခြုံရေးအပေါ် စိုးရိမ်ပူပန်နေကြတယ်လို့ မိသားစုဝင်တချို့က ပြောပါတယ်။ တောင်ကုတ်မြို့မရဲစခန်းကနေ စစ်ကောင်စီဝင်တွေ လာရောက်ခေါ်ထုတ်သွားသူဟာ တောင်ကုတ်မြို့နယ်၊ သာယာအေးကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မနေ့ကမနက်ပိုင်းမှာ လာရောက်ခေါ်ထုတ်သွားတာလို့ သူနဲ့ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပါတယ်။ ” အရာရှိပိုင်းတစ်ဦးက ကားတစ်စီးနဲ့ လာခေါ်ထုတ်သွားတာလို့ သိရပါတယ်။ ဘယ်ကိုခေါ်သွားသလဲဆိုတာတော့ မသိရသေးပါဘူး။ အရေးပေါ်ဆိုပြီး လာခေါ်သွားတာတဲ့။ ဒီအခြေအနေမျိုးမှာ အချုပ်ကျနေတဲ့ လူတစ်ယောက်ကို စစ်တပ်ကလာခေါ်သွားတော့ အရမ်းစိုးရိမ်တယ်။ အဖမ်းခံရပြီးကတည်းက မိသားစုဝင်တွေနဲ့လည်း တစ်ခါမှတွေ့ရသေးတာမဟုတ်ဘူး” […]
ပေါက်တော – ၂၀၂၄ စက်တင်ဘာ ၃၀ (မော်ကွန်း) ပေါက်တောမြို့နယ်က အနောက်ရဲ မူဆလင်ဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၁၀၀ ခန့် ဝမ်းရောဂါဖြစ်ပွားနေကြပြီး ဆေးဝါးတွေလိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူတချို့က ဒီနေ့မှာ ပြောပါတယ်။ အဲဒီဒုက္ခသည်စခန်းမှာ လူဦးရေ ၅,၈၀၀ ခန့် ရှိပြီး အသက် ၁၀ နှစ်အောက် ကလေးငယ်တွေနဲ့ အသက် ၂၀ ကျော် လူငယ် စုစုပေါင်း ၁၀၀ ခန့် ဝမ်းရောဂါဖြစ်ပွားနေကြတာလို့လည်း စခန်းတာဝန်ရှိသူတချို့က ပြောပြီ စက်တင်ဘာလ အစပိုင်းကတည်းက တဖြေးဖြေးဖြစ်ပွားနေတဲ့ ဝမ်းရောဂါကြောင့် နှစ်ဦးသေဆုံးခဲ့ရသေးတယ်လို့လည်း ဆိုပါတယ်။ ” ပထမတော့ ကလေးတွေလောက်ပဲ စဖြစ်တာပါ။ ဆေးဝါးကုသမှုတွေ လိုအပ်သလောက် မလုပ်နိုင်တာကြောင့်ရယ်၊ ရေမသန့်ရှင်းတာကြောင့်ရယ်နဲ့ ဝမ်းရောဂါဖြစ်ပွားနှုန်းက ပိုများလာတာ။ ရေကလည်း မိုးရာသီဆိုတော့ ကန်တွေကမသန့်ရှင်းဘူး” […]
ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၂၇ (မော်ကွန်း) ငွေကြေးဈေးကွက်ထဲမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ ဆက်တိုက်ကျဆင်းနေပြီး ဒီနေ့မှာဆိုရင် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၅,၀၀၀ အောက်မှာ ဆက်လက်ရှိနေတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည်သူတချို့က ပြောပါတယ်။ ရန်ကုန်မြို့က ဝယ်ရောင်းဈေးကွက်ထဲမှာဆိုရင် အမေရိကန်ဒေါ်လာအရွက်ဈေး တစ်ဒေါ်လာကို ၄,၉၀၀ ကနေ ၄,၈၀၀ ကျပ်ဝန်းကျင်ထိ ဒီနေ့မနက်ပိုင်းထဲက စတင်ရောက်ရှိနေပြီး Online ဝယ်ရောင်းဈေးကွက်ထဲမှာ ဆိုရင်တော့ တစ်ဒေါ်လာကို ၄,၇၅၀ ကျပ်အထိ ကျဆင်းလာပါတယ်။ အခု လဆန်းပိုင်းက တစ်ဒေါ်လာကို ကျပ် ၅,၃၀၀ ဝန်းကျင်မှာ ငြိမ်နေရာကနေ တဖြည်းဖြည်းနဲ့ ငွေဈေးကျဆင်းလာတာဖြစ်ပြီး အကျဘက်ကို ဆက်လက်ဦးတည်နေတယ်လို့ လေ့လာသူတချို့က သုံးသပ်ပါတယ်။ အမေရိကန်ဒေါ်လာဈေး ကျဆင်းလာတဲ့နည်းတူ ထိုင်းဘတ်နဲ့ တရုတ်ယွမ်ဈေးနှုန်းတွေလည်း အခုရက်ပိုင်းမှာ ကျဆင်းခဲ့ပြီး အခုလဆန်းပိုင်းမှာ တစ်ဘတ်ကို […]
ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၂၆ (မော်ကွန်း) ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အထက်ကို ဒီနေ့မနက်ပိုင်းကစပြီး ရောက်ရှိလာတာကြောင့် မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းတွေမှာနေထိုင်သူတွေ ရေဘေးကင်းလွတ်လာနေရာတွေဆီ ရှောင်ရှားနေထိုင်ကြဖို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်အထက် တစ်လက်မကျော်ကိုရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် လေးလက်မထိရောက်ရှိလာနိုင်တယ်လို့ မိုးဇလက အသိပေးထားတာပါ။ ပဲခူးရိုးမကနေ မြစ်ဖျားခံစီးဆင်းပြီး ရန်ကုန်မြစ်ကို စီးဆင်းတဲ့မြစ်တစ်စင်းဖြစ်တဲ့ ပဲခူးမြစ်ရေဟာ လာမယ့်ရက်တွေမှာလည်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အလားတူပဲ ပြီးခဲ့တဲ့ ရက်ပိုင်းထဲက စိုးရိမ်ရေမှတ်အထက်ကိုရောက်နေတဲ့ စစ်တောင်းမြစ်ဟာလည်း တောင်ငူမြို့နဲ့ မဒေါက်မြို့တွေမှာ စိုးရိမ်ရေအမှတ်အထက်မှာ ဆက်ရှိနေဆဲဖြစ်တယ်လို့ သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ နိုင်ငံတစ်ဝန်း မိုးအဆက်မပြတ်ရွာကာ မြစ်၊ ချောင်းတွေနဲ့ ဆည်တွေ၊ ရေကာတာတွေကနေ ရေကြီးရေလျှံခဲ့ပြီး […]
သံတွဲ- ၂၀၂၄ စက်တင်ဘာ၂၆ (မော်ကွန်း) ကမ္ဘာကျော် ငပလီကမ်းခြေတည်ရှိရာ ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးနဲ့ ဒီနေ့မနက် ၈ နာရီဝန်းကျင်က လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင် ၁၄ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ သံတွဲမြို့က စစ်ရှောင်တွေ ခိုလှုံနေတဲ့ သံတွဲမြို့နယ်ခန်းမနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတွေကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုကြပါတယ်။ ” စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လာပစ်သွားတာ။ လူစုလူဝေးနေတဲ့နေရာဆိုတော့ အထိအခိုက်များတယ်။ အစုလိုက်အပြုံလိုက် ထိခိုက်သွားတာ။ အရမ်းရင်နာဖို့ကောင်းပါတယ်။ သေဆုံးဒဏ်ရာရတဲ့အထဲမှာ စစ်ဘေးရှောင်ကလေးတွေရော လူကြီးပိုင်းတွေရော ပါတယ်” လို့ သံတွဲ ဒေသခံတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေဆီပို့ဆောင်ကာ အရေးပေါ်ဆေးကုသမှုတွေ […]
မြေပုံ- ၂၀၂၄ စက်တင်ဘာ ၂၅ ( မော်ကွန်း) ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ထဲက ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက မနေ့ကညနေ ၄ နာရီမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားနှစ်ဦးသေဆုံးကာ ကလေးငယ်တွေအပါအဝင် ငါးဦး ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ” သေဆုံးတာက မိန်းကလေးတစ်ယောက်နဲ့ အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးပါ။ ဒဏ်ရာရတာကတော့ ကလေးတွေအပါအဝင် ငါးယောက်ပါ။ လူနာအခြေနေတွေက ခြေဖြတ်ရမယ့် အခြေနေတွေရှိနေကြတယ်။ ဂျက်ဖိုက်တာနဲ့ ၁၀ လုံးထက် မနည်းပစ်သွားတာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဗုံးကြဲမှုကြောင့် ဆေးရုံဟောင်းခြံဝန်း၊ ဘုန်းကြီးကျောင်း၊ ရွာသာယာရပ်ကွက်နဲ့ ရဲစခန်းတဝိုက်မှာ ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဗုံးကြဲခံရပြီးနောက် မြို့ခံတွေဟာလည်း ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတယ်လို့ သူတို့က […]
ပုဏ္ဏားကျွန်း- ၂၀၂၄ စက်တင်ဘာ၂၅ (မော်ကွန်း) ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်က စစ်ဘေးရှောင်လူငယ်တစ်ဦး ကုလားတန်မြစ်ထဲခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးကျပ်တည်းမှုနဲ့ အလုပ်အကိုင်ရှားပါးမှုကြောင့် အဆုံးစီရင်မှုတွေ ထပ်တိုးဖြစ်လာမှာကို အကူအညီပေးနေသူတွေနဲ့ ဒေသခံတချို့က စိုးရိမ်မိတယ်လို့ ပြောကြပါတယ်။ ရွာဟောင်းရပ်ကွက်မှာ လာရောက်စစ်ဘေးရှောင်နေတဲ့ အသက် ၂၅ နှစ်အရွယ် ကိုမောင်ကြီးဆိုသူဟာ ယခုလ ၂၂ ရက်က ကုလားတန်မြစ်ထဲကို ခုန်ချအဆုံးစီရင်ခဲ့ပြီးနောက် သူ့ရုပ်အလောင်းကို နောက်တစ်ရက်ညပိုင်းမှာ ပြန်တွေ့ခဲ့တာပါ။ ” သူတို့ကသားမိနှစ်ယောက်နေကြတာ။ သူကတော့ ကြုံရာကျပန်း အလုပ်လုပ်ပါတယ်။ စားဝတ်နေရေးကလည်း မဖူလုံ၊ အလုပ်ကလည်း လုပ်စရာမရှိတော့ စိတ်ဓာတ်တွေကျပြီး စိတ်ပေါက်ပြီးလုပ်သွားတာထင်ပါရဲ့” လို့ ကိုမောင်ကြီးနဲ့နီးစပ်တဲ့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ဒေသခံတွေအပါအဝင် စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော စတဲ့ဒေသတွေက […]
ကျောက်ဖြူ – ၂၀၂၄ စက်တင်ဘာ ၂၅ ( မော်ကွန်း) အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မအီမြို့က ကျောက်ဖြူ-မအီ-ရန်ကုန်သွားကားလမ်းမှာရှိတဲ့ တံတားကို စစ်ကောင်စီက ဒီနေ့မနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် တံတားအနီးက AA စစ်ဆေးရေးဂိတ် အဆောက်အအုံတချို့ ဗုံးထိခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူ- ရန်ကုန်ကားလမ်းမပေါ်က မအီလုံးတော်ပေါက်တံတားကို ဒီနေ့ မနက်ပိုင်း ၀၀း၃၀ နာရီလောက်မှာ ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ သူက ပြောပါတယ်။ အဲဒီတံတားရဲ့ လုံခြုံရေးကို AA တပ်က ထိန်းချုပ်ထားတာပါ။ ” ဗုံးက သုံးလုံးပစ်ချ သွားတာပါ။ ကျောက်ဖြူကနေ ရန်ကုန်ကိုကားနဲ့ သွားမယ်ဆိုရင် အဲ့ဒီတံတားကပဲ ဖြတ်ရတာ။ အဓိက အသုံးပြုနေရတဲ့ တံတားပေါ့။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."