သတင်းများ

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ ရန်ကုန်မြို့ ဗိုလ်တထောင်စေတီမှာ ဘုရားဖူးတွေနဲ့ စည်ကားနေတဲ့မြင်ကွင်း။

October 18, 2024

ရန်ကုန်- ၂၀၂၄ အောက်တိုဘာ ၁၇ (မော်ကွန်း) ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ ရန်ကုန်မြို့ ဗိုလ်တထောင်စေတီမှာ ဘုရားဖူးတွေနဲ့ စည်ကားနေတဲ့မြင်ကွင်း။ ဓာတ်ပုံ – မော်ကွန်း 🌐 Website  မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ 🌐 Telegram https://t.me/MawkunMM 🌐 Facebook https://facebook.com/mawkunmagazine 🌐 Youtube https://youtube.com/@mawkunmagazine494/community 🌐 TikTok https://tiktok.com/@mawkun.magazine 🌐 X https://x.com/MawKunMM 🌐 Substack https://mawkunmagazine.substack.com/ 🌐 Linktree https://linktr.ee/MawKunMagazine @mawkunmagazine #Chronicle #dailynews

အပြည့်အစုံဖတ်ရန်

လေးကေ့ကော်၊ စွယ်တော်ကုန်း စစ်ကောင်စီဗျူဟာကုန်းစခန်းကို ကေအဲန်ယူပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

October 18, 2024

ဒူးပလာယာ – ၂၀၂၄ အောက်တိုဘာ ၁၈ (မော်ကွန်း) ကေအဲန်ယူ-တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ လေးကေ့ကော်မြို့သစ်နားက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းဗျူဟာစခန်းကို မနေ့ကမနက်အစောပိုင်းမှာ ကေအဲန်ယူ-ကော်ဘရာစစ်ကြောင်းက ဦးဆောင်ကာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စွယ်တော်ကုန်းစခန်းဟာ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်(DKBA)နဲ့ နယ်ခြားစောင့်တပ်(BGF)တွေ ထိန်းချုပ်ထားတဲ့ ဧရိယာထဲက ဗျူဟာစခန်းဖြစ်ပြီး တောင်ကုန်းပေါ်မှာ တာဝေးပစ်အမြောက်တွေပါ တပ်ဆင်ထားပါတယ်။ စခန်းကုန်းရရှိဖို့ တိုက်ခိုက်နေတဲ့ ရက်ပိုင်းမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့ကာ မနေ့ညကတော့ တိုက်ပွဲပြင်းထန်ပြီး ဂျက်ဖိုက်တာတွေ မိုးလင်းပေါက် ပစ်ကူပေးခဲ့ပေမယ့် နောက်ဆုံးမှာ တော်လှန်ရေးတပ်တွေ လက်အောက်ကို ကျရောက်သွားခဲ့ပါတယ်။ “မနေ့ညရော၊ ဒီနေ့ရော လေယာဉ်တွေလာနေသေးတယ်၊ ဂျက်ဖိုက်တာရော၊ Y-12 ရောပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ လေးကေ့ကော်ဘက်မှာ တိုက်ပွဲတွေဖြစ်နေသလိုပဲ ကော့ကရိတ်မြို့ဘက်ခြမ်းမှာလည်း စစ်ကောင်စီဘက်က စစ်ကြောင်းတွေ ရှေ့ကိုထပ်မံတိုးချဲ့လာနေပြီး […]

အပြည့်အစုံဖတ်ရန်

ပန်ဝါမှာ စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲတွေဖြစ်

October 11, 2024

ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၁၁ (မော်ကွန်း) ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က ကချင်အထူးဒေသ (၁) မှာရှိတဲ့ ချီဖွေနဲ့ ဆော့လော်မြို့တွေကို ဆက်တိုက်ဆိုသလို သိမ်းပိုက်ပြီးနောက်မှာ တရုတ်နယ်စပ်မှာရှိတဲ့ ပန်ဝါမြို့ကို အခုရက်ပိုင်းမှာ ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ ပန်ဝါဒေသခံတချို့က ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့လ ၂၉ ရက်က ချီဖွေမြို့ကို သိမ်းယူခဲ့ပြီး အခုလ ၂ ရက်ကလည်း ဆော့လော်မြို့ကို သိမ်းယူခဲ့ကာ တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ပန်ဝါကို ဖြတ်တောက်ထားနိုင်လိုက်တာပါ။ ဒီရက်ပိုင်းထဲမှာတော့ ချီဖွေ-ပန်ဝါ လမ်းပေါ်က နယ်ခြားစောင့်တပ်စခန်းတွေရှိရာ နေရာတွေမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်ကြရတာရှိတယ်လို့ ပန်ဝါမြို့ခံတချို့က ပြောပါတယ်။ ဒီဒေသတွေဟာ ဒေသတွင်းပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ NDA-K တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ […]

အပြည့်အစုံဖတ်ရန်

သပိတ်ကျင်းအနီးမှာငလျင်လှုပ်ခဲ့တယ်လို့ မိုးဇလထုတ်ပြန်

October 11, 2024

ရန်ကုန်- ၂၀၂၄ အောက်တိုဘာ ၁၁ (မော်ကွန်း) မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့အနီးမှာ ဒီနေ့မနက် ၁၁ နာရီကျော်က အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၃ အဆင့် အားအသင့်အတင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ သပိတ်ကျင်းမြို့အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာ၊ မြေအောက်အနက် ၁၀ ကီလို မီတာ(ခြောက်မိုင်ကျော်) ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ ထုတ်ပြန်ပေမယ့် ပျက်စီးထိခိုက်မှုအခြေအနေ ရှိ၊ မရှိ မဖော်ပြပါဘူး။ သပိတ်ကျင်းမြို့ဟာ ၂၀၁၂၊ နိုဝင်ဘာလမှာ ငလျင်ဒဏ်ကို အပြင်းအထန်ခံခဲ့ရဖူးပြီး လူသေဆုံးတာ၊ ဒဏ်ရာရတာနဲ့ အဆောက်အအုံတွေ ပြိုကျတာအထိ ဖြစ်ခဲ့ဖူးတာပါ။ အခုတော့ အဲဒီမြို့သူမြို့သားအများစုဟာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်းနေကြရပါတယ်။ မြန်မာနိုင်ငံမှာ နောက်ဆုံးအကြိမ် ငလျင်ဒဏ်ကို အကြီးအကျယ်ခံခဲ့ရတာက ပုဂံငလျင်လို့ အများသိကြတဲ့ […]

အပြည့်အစုံဖတ်ရန်

ကျောက်တော်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သားခြောက်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိ

October 11, 2024

ကျောက်တော်- ၂၀၂၄ အောက်တိုဘာ ၁၁ ( မော်ကွန်း) အာရက္ခတပ်တော်(AA) သိမ်းထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော်မြို့ကို စစ်ကောင်စီက မနေ့ကညနေ လေးနာရီခွဲခန့်မှာ လေကြောင်းကနေဗုံးကြဲခဲ့တဲ့အတွက် အရပ်သားခြောက်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီကြဲချတဲ့ဗုံးတွေဟာ ကျောက်တော်မြို့မဈေးအနီးနဲ့ အ.ထ.က(၂)ကျောင်း အနီးတွေကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ” အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ယောက် ဒဏ်ရာရတယ်။ ဗုံးသီးက လမ်းမပေါ်နဲ့ အိမ်တွေကို ကျတာဆိုတော့ လမ်းမှာသွားလာနေတဲ့လူတွေရော၊ အိမ်ထဲမှာရှိနေတဲ့လူတွေရော အစုလိုက်အပြုံလိုက် ကပ်ပါသွားတာ” လို့ ကျောက်တော်မြို့ခံတစ်ဦးက ပြောပါတယ်။ ဒါအပြင် ပုဏ္ဏားကျွန်းမြို့နယ်က ကွမ်းတောင်ရွာနဲ့ မြေပုံမြို့နယ်က ကမ်းထောင်းကြီးမြို့တို့ကိုလည်း မနေ့တုန်းက စစ်ကောင်စီ ဟာ ဗုံးကြဲခဲ့ပေမယ့် ဆက်သွယ်ရေးအခက်အခဲကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေးပါဘူး။ ဒီလ ၇ ရက်ကလည်း တောင်ကုတ်မြို့နယ်နဲ့ မောင်တောမြို့နယ်ကကျေးရွာတွေကို […]

အပြည့်အစုံဖတ်ရန်

သီပေါကလူနေရပ်ကွက်တွေကို စစ်ကောင်စီလေကြောင်းကဗုံးကြဲတိုက်ခိုက်

October 10, 2024

ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၁၀ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့က အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်တွေကို စစ်ကောင်စီက မနေ့ကလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သီပေါဒေသခံတချို့က ပြောပါတယ်။ စစ်ကောင်စီဟာ မနေ့က ညနေပိုင်းနဲ့ ညပိုင်းတွေမှာ Y-12 လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ TNLA သတင်းနဲ့ပြန်ကြားရေးကလည်း မနေ့ကညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှု နှစ်ကြိမ်မှာ ဗုံးအလုံးပေါင်း ၆၀ ကျော် ကြဲချခဲ့ပြီး သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်ကဆိုပါတယ်။ စစ်ကောင်စီနဲ့ TNLA တပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတဲ့ သီပေါမြို့မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို ဖုန်းဆက်သွယ်ရေးလိုင်းတွေကလည်း ခက်ခဲနေတာကြောင့် အခုလို မြို့ပေါ် လူနေရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် ဒေသခံတွေက စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ သီပေါမြို့ […]

အပြည့်အစုံဖတ်ရန်

အင်းလေးကန် ရေပြန်မကျသေးတာကြောင့် ဖောင်တော်ဦးဘုရားပွဲမကျင်းပနိုင်

October 10, 2024

ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၁၀ (မော်ကွန်း) ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေပြန်မကျသေးတာကြောင့် အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်ပူဇော်ပွဲကို ဒီနှစ်မှာ မကျင်းပဖြစ်တော့ဘူးလို့ ဒေသခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့လပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် အင်းလေးကန်ဒေသမှာလည်း ရေလွှမ်းမိုးနစ်မြုပ်ခဲ့ပါတယ်။ လက်ရှိမှာ တစ်လနီးပါးကြာပြီဖြစ်ပေမယ့် အင်းလေးကန်ရေမျက်နှာပြင် သိသိသာသာကျဆင်းဖို့လိုနေသေးပြီး ကျေးရွာအများအပြားလည်း ရေနစ်မြုပ်နေဆဲဖြစ်ပါတယ်။ အင်းလေးကန်ရဲ့ အထင်ကရ အင်းလေးဖောင်တော်ဦးဘုရား ရင်ပြင်တော်နဲ့ ကျောင်းဆောင်တွေ အားလုံးနီးပါးဟာ လက်ရှိအချိန်ထိ ရေနစ်မြုပ်နေဆဲဖြစ်တာကြောင့် ဘုရားပွဲကိုလည်း မကျင်းပဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အင်းလေးဒေသခံတစ်ဦးက ပြောပါတယ်။ ဖောင်တော်ဦးဘုရားရဲ့ ဘုရားရင်ပြင်တော်ထိ လှေတွေနဲ့ သွားလာနေရပြီး ဒေသခံတွေလည်း ရေဘေးသင့်နေတဲ့ အခြေအနေတွေကြောင့် ဘုရားပွဲကျင်းပဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ၎င်းက ပြောပါတယ်။ “ဂေါပကတွေနဲ့ တာဝန်ရှိသူတွေပေါ့၊ သူတို့က ဒီပူဇော်ပွဲမလုပ်ဖြစ်တော့ဘူးဆိုတာ […]

အပြည့်အစုံဖတ်ရန်

ရခိုင်မှာ လူစုလူဝေးမလုပ်ဖို့ AA သတိပေး

October 10, 2024

မြေပုံ – ၂၀၂၄ အောက်တိုဘာ ၁၀ ( မော်ကွန်း) ရခိုင်ပြည်နယ်က သူတို့ထိန်းချုပ်မြို့တွေမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့အခါ အထိအခိုက်နည်းပါးအောင် လူစုလူဝေးမလုပ်ကြဖို့ အာရက္ခတပ်တော်(AA)က ဒီရက်ပိုင်းတွေမှာ ကြေညာသတိပေးတာတွေ လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်လတာအတွင်း ရခိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်ကို အရပ်သား နှစ်ဦးနှုန်းလောက် သေဆုံးခဲ့ပြီးနောက် အခုလို မြို့ရွာတွေမှာ သတိပေးကြေညာတာတွေ AA ဘက်က လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီကြဲတဲ့ဗုံးကြောင့် တောင်ကုတ်မြို့နယ်က တန်းလွှဲရွာမမြို့မှာ လူအစုအပြုံလိုက်သေခဲ့ပါသေးတယ်။ ” လူစုလူဝေးတွေမလုပ်ရဘူး။ ငါးယောက်ထက်ပိုပြီး မနေရဘူးလို့ ပါတယ်။ ပြီးတော့ သီတင်းကျွတ်မှာ ဘုန်းကြီးကျောင်းကို မသွားကြဖို့ကိုလည်း မနေ့ညက လော်စပီကာတွေနဲ့ မြို့ပတ်ပြီး လှည့်အော်ထားပါတယ်။ အဓိကတော့ လေကြောင်းအန္တရာယ်ကနေ ကြိုတင်ကာကွယ်တဲ့သဘောပေါ့” လို့ မြေပုံမြို့ခံတစ်ဦးက […]

အပြည့်အစုံဖတ်ရန်

အင်းလေးကန်ရေပြင် ငါးပေခန့်ကျဆင်းသွားပေမယ့် တောင်ဘက်ပိုင်းမှာနစ်မြုပ်နေဆဲဖြစ်

October 9, 2024

ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၉ (မော်ကွန်း) ပြီးခဲ့တဲ့လပိုင်းက ရေကြီးနစ်မြုပ်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်က အင်းလေးကန်မှာ ပြီးခဲ့တဲ့လကထက် ကန်ရေမျက်နှာပြင်ဟာ ငါးပေခန့်ကျဆင်းသွားပေမယ့် အင်းလေးကန်တောင်ပိုင်းက အနိမ့်ပိုင်းကျေးရွာအများအပြား ရေနစ်မြုပ်နေသေးတယ်လို့ အင်းလေးဒေသခံတချို့က ပြောပါတယ်။ အင်းလေးကန်မှာ နေထိုင်တဲ့ လူဦးရေနှစ်သောင်းကျော်ဟာလည်း ရေဘေးရှောင်စခန်းတွေမှာ တစ်လနီးပါးကြာတဲ့ထိ ဆက်လက်နေထိုင်ရဆဲဖြစ်ပြီး အကူအညီတွေ ဆက်လက်လိုအပ်နေတာပါ။ အင်းသားတွေနဲ့ ဒေသခံလူမျိုးစု ခုနစ်သောင်းနီးပါးနေထိုင်တဲ့ အင်းလေကန်မှာ ပြီးခဲ့တဲ့လ ၁၂ ရက်ကစပြီး အဆက်မပြတ်ရွာခဲ့တဲ့မိုးကြောင့် ကန်ရဲ့ရေဝင်ပေါက်တွေကနေတစ်ဆင့် တောင်ကျရေတွေ ဝင်ရောက်ခဲ့ရာက ကန်ရေပြင်မြင့်တက်ခဲ့ပြီး အင်းထဲက ကျေးရွာ ၁၀၀ ကျော် ရေနစ်မြုပ်ခဲ့ပါတယ်။ “မိုးကလည်း ဒီရက်ပိုင်းထိ မရပ်သေးဘူး။ ရေက တစ်နေ့ကို တစ်လက်မလောက်ကျလိုက်၊ မကျလိုက်နဲ့ အိမ်တွေက အခုထိ ခေါင်မိုးမြုပ်နေသေးပါတယ်” လို့ […]

အပြည့်အစုံဖတ်ရန်

ထောင်တွင်းမှာ ဆေးဝါးကုသမှုမလုံလောက်လို့သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀ ဦးကျော်ရှိလာ

October 8, 2024

ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၈ (မော်ကွန်း) အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း မတရားဖမ်းဆီးထောင်ဒဏ်ချမှတ်ခံရသူ နိုင်ငံရေးအကျဉ်းသားတွေ ဆေးဝါးကုသမှု မလုံလောက်တာကြောင့် သေဆုံးခဲ့ရသူ ၆၀ ဦးကျော် ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ မနေ့ညပိုင်းကထုတ်ပြန်ခဲ့တဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ AAPP ကနေ ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်ကနေ ဒီနှစ် အောက်တိုဘာ ၇ ရက်ထိ စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ခံထားရစဉ် အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသွားသူ စုစုပေါင်း ၁၀၃ ဦးကို အမည်နဲ့တကွ အတည်ပြုထားနိုင်ပြီး အဲဒီထဲက ၆၃ ဦးဟာ လုံလောက်တဲ့ ဆေးဝါးကုသမှုမရရှိတာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ထောင်ဒဏ်နှစ်ရှည်ချခံထားရပြီး စစ်ကောင်စီအကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် […]

အပြည့်အစုံဖတ်ရန်

လူကြီးလမ်းကြောင်းဟုဆိုတာ ရန်ကုန်မြစ်အတွင်းက စက်လှေမောင်းနှင်ခွင့်စစ်ကောင်စီပိတ်ပင်

October 8, 2024

ရန်ကုန်- ၂၀၂၄ အောက်တိုဘာ ၈ (မော်ကွန်း) စစ်ကောင်စီလူကြီးလမ်းကြောင်းရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်-ဒလ ကူးတို့လှေတွေကို မြစ်တွင်းဖြတ်သန်းခွင့် ပိတ်လိုက်တာကြောင့် အဆိုပါလှေမောင်းနှင်သူတွေနဲ့ မြို့တွင်းကူးအလုပ်လုပ်ကြရသူတွေ အခက်ကြုံခဲ့ကြရတယ်လို့ ဒလမြို့ခံ တချို့က ပြောပါတယ်။ “ မနက်ကတည်းက ပိတ်ပစ်လိုက်တာ။ ဘယ်အချိန်ပြန်ဖွင့်ပေးမယ်ဆိုတာ မသိရသေးဘူး။ ကြားတာကတော့ ညနေ ၃ နာရီ နောက်ပိုင်းမှ ပြန်ဖွင့်မယ်လို့ပြောတယ်”လို့ စဉ့်အိုးတန်းဆိပ်ကမ်းမှာ အလုပ်လုပ်နေသူတစ်ဦးက ပြောပါတယ်။ ဒီလို ကူးတို့စက်လှေတွေကို ပိတ်လိုက်တဲ့အတွက် ဒီလှေတွေကို အသုံးပြု ကူးသန်းနေကြရတဲ့ ဒလမြို့ခံတွေဟာ ပန်းဆိုးတန်- ဒလ ကူတို့ဆိပ်အထိလာပြီး ချယ်ရီကူးတို့သင်္ဘောကို အသုံးပြုရတာကြောင့် ငွေကြေးပိုကုန်ကျသွားသလို အလုပ်ချိန် လေးဖင့်မှုတွေ ရင်ဆိုင်ခဲ့ရတယ်လို့ တချို့ကဆိုပါတယ်။ “ သူ့ဘာသာလူကြီးလာတာ လာပေါ့၊ ဘာလို့ လှေတွေပိတ်ပစ်လိုက်သလဲ မသိဘူး။ အခု […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီလေကြောင်းကနေဗုံးကြဲတာကြောင့် တောင်ကုတ်နဲ့မောင်တောမှာ တစ်ရက်ထဲ အရပ်သား ၁၇ ဦးသေဆုံး

October 8, 2024

တောင်ကုတ် – ၂၀၂၄ အောက်တိုဘာ ၈ ( မော်ကွန်း) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ မောင်တောမြို့နယ်တို့ကို မနေ့တုန်းက လေကြောင်းကနေစစ်ကောင်စီ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၇ ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မနေ့ကညနေပိုင်း ၄း၀၀ နာရီဝန်းကျင်မှာ မောင်တောမြို့နယ်၊ ခရေမြိုင်ရွာထဲကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီး လာရောက်ဗုံးကြဲခဲ့တာကြောင့် အသက် ၂၀ အရွယ် လူငယ်နှစ်ဦးသေဆုံးခဲ့သလို အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” စာသင်ကျောင်းခြံဝန်းထဲမှာ ဗုံးလာကျတော့ အနီးအနားမှာ ဆိုင်ကယ်နဲ့သွားနေတဲ့ ကောင်လေးနှစ်ယောက်ကို စိုက်ပြီး အဲဒီနေရာမှာပဲ ဆုံးသွားပါတယ်။ ပြီးတော့ စာသင်ကျောင်းဘေးနားအိမ်က အမျိုးသမီးနှစ်ယောက်လည်း ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာတွေက မျက်နှာနဲ့လည်ပင်းတွေမှာထိသွားကြတော့ အရေးပေါ်ကုသနေရပါတယ်” လို့ ခရေမြိုင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။ အလားတူ တောင်ကုတ်မြို့နယ်၊ […]

အပြည့်အစုံဖတ်ရန်
1 … 35 36 37 38 39 40 41 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."