သတင်းများ

မြိုင်နယ် လက်ယက်မ စာသင်ကျောင်းကို စစ်ကောင်စီလေကြောင်းနဲ့ ဗုံးကြဲလို့ ၁၀နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ခြောက်ဦးသေဆုံး

September 7, 2024

မြိုင် – ၂၀၂၄ စက်တင်ဘာ ၇ (မော်ကွန်း) မကွေးတိုင်း မြိုင်မြို့နယ် လက်ယက်မရွာ စာသင်ကျောင်းကို အာဏာသိမ်းစစ်ကောင်စီက မနေ့က မွန်းလွဲပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့ရာ ဗုံးခိုကျင်းထဲ ရှောင်တိမ်းနေတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူခြောက်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ကျေးရွာစာသင်ကျောင်းဘေး နေအိမ်ဝင်းအတွင်းက ဗုံးခိုကျင်းပေါ် ဗုံးတစ်လုံး‌ ကျရောက်ပြီး ပေါက်ကွဲရာ ဗုံးခိုကျင်းထဲမှာရှိနေတဲ့ ပြည်သူ ငါးဦး နေရာမှာတင်သေဆုံးကာ သေဆုံးသူထဲမှာ ၁၀ နှစ်အရွယ်ကလေးတယောက်ပါတယ်လို့​ ဒေသ ပကဖအဖွဲ့ဝင်တစ်ဦးကမော်ကွန်းကိုပြောပါတယ်။ “ဗုံးခိုကျင်းထဲကို တည့်တည့်ကျတာ‌၊ ခန္ဓာကိုယ်တွေက ကောက်ရတယ်ပြောရုံပဲ ကောက်ရတယ်၊ အကုန်အပိုင်းအပိုင်း အပြတ်ပြတ်တွေ ဖြစ်လို့ ကြုံးယူရတာပါ၊ ၁၀နှစ်အရွယ်ကလေးရောဆို ငါးယောက်ပေါ့၊ ပေါင်ဗုံးတွေ ကြဲချပြီး […]

အပြည့်အစုံဖတ်ရန်

တရုတ်နယ်စပ်အနီးက နမ့်ခမ်းမြို့ကို စစ်ကောင်စီလေကြောင်းကဗုံးကြဲတာကြောင့် လူ ၁၁ ဦးသေဆုံး

September 6, 2024

ရန်ကုန် – စက်တင်ဘာ ၆ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်နယ်စပ်အနီးမှာရှိတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်က ဒီနေ့မနက် အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၁၁ ဦးသေဆုံးသွားတယ်လို့ TNLA နဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတချို့က ပြောပါတယ်။ ဒီနေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်အချိန်မှာ နမ့်ခမ်းမြို့က အရပ်သားနေထိုင်ရာ အဆောက်အအုံတွေကို ဦးတည်ပြီး စစ်ကောင်စီတပ်က ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲခဲ့တာလို့ TNLA သတင်းနဲ့ ပြန်ကြားရေးက ဒီနေ့ ထုတ်ပြန်ထားပါတယ်။ နမ့်ခမ်းမြို့ ညဈေးအနီးက လူနေအိမ်တွေနဲ့ ကျားဖြူခန်းမတို့အပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့ကာ ကလေးငယ် နှစ်ဦး အပါအဝင် အမျိုးသား ငါးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ဒေသခံ ၁၁ ဦး သေဆုံးခဲ့ပြီး […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီဌာနဆိုင်ရာရုံးတွေ ဂွမြို့ကနေစစ်ရှောင်သွားကြတာကြောင့် ဒေသခံတွေခရီးသွားလာရေး အခက်ခဲတွေ့နေ

September 6, 2024

ဂွ – ၂၀၂၄ စက်တင်ဘာ ၆ (မော်ကွန်း) စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေ ဧရာဝတီတိုင်းထဲကမြို့တွေကို စစ်ဘေးရှောင်သွားတဲ့အတွက် မှတ်ပုံတင်၊ သန်းခေါင်စာရင်းနဲ့ စမတ်ကတ်လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်မှတ်တမ်းတင်တဲ့စနစ်တွေလုပ်ကိုင်ရာမှာ အခက်အခဲ ဖြစ်နေတယ်လို့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်က ဒေသခံတချို့ ပြောပါတယ်။ ပြီးခဲ့တဲ့လလယ်ပိုင်းထဲက အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းက ဂွမြို့နဲ့ မိုင် ၄၀ ခန့်ဝေးတဲ့ ကျိန္တလီမြို့ထိ ရောက်လာပြီးနောက်မှာ ဂွမြို့က ဌာနဆိုင်ရာ ရုံးတွေအားလုံးဟာ မြို့ကို စွန့်ခွာသွားပြီး ဧရာဝတီတိုင်းထဲက ရေကြည်မြို့နယ်ဘက်ကို ရွှေ့သွားခဲ့ကြတာပါ။ အခုနောက်ပိုင်း ဒေသတွင်းခရီးသွားရာမှာ၊ နိုင်ငံခြားကို ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် စသဖြင့် ထွက်ခွာရာမှာ စမတ်ကတ်မရှိသူတွေကို စစ်ကောင်စီကတားမြစ်ပိတ်ပင်ထားတဲ့အတွက် ဂွဒေသခံတွေလို တခြားနိုင်ငံအနှံ့က ပြည်သူတွေလိုပဲ အခက်အကြုံနေရတာဖြစ်ပြီး ဒီစာရွက်စာတမ်းတွေလုပ်ကိုင်ဖို့ […]

အပြည့်အစုံဖတ်ရန်

တစ်ပတ်အတွင်း တိုက်ပွဲသတင်း

September 6, 2024

ရန်ကုန်- ၂၀၂၄ စက်တင်ဘာ ၆ (မော်ကွန်း) ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နိုင်ငံအနှံ့မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး အများစုက အရပ်သားမြို့ရွာတွေကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီဗုံးကြဲတာကြောင့် သေကြရတာပါ။ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအနက်က တော်လှန်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်ကိုကိုးကားပြီး တိုက်ပွဲတချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ နေပြည်တော်ကိုလာခဲ့သလို မြန်မာ-တရုတ်နယ်စပ်မှာ စစ်ရေးလေ့ကျင့်မှုတွေ တရုတ်ကလုပ်ခဲ့ပြီးနောက် ဒီသီတင်းပတ်အတွင်း ရှမ်းမြောက်မှာ စစ်ရေးအရှိန် အနည်းငယ်ကျလာပါတယ်။ ဒီလ ၂ ရက်မှာ စစ်ကောင်စီကနေ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ အာရက္ခတပ်တော် (AA) တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ကြေညာသတ်မှတ်ပြီးနောက် ဒီအဖွဲ့တွေထိန်းချုပ်ရာ မြို့ရွာတွေကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေဗုံးကြဲတာတွေ ခပ်စိပ်စိပ်လုပ်လာခဲ့ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

သီပေါမှာ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည်ကျလို့ တစ်ဦးသေ တစ်ဦးဒဏ်ရာရ

September 5, 2024

ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၅ မော်ကွန်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက အရပ်သားနေအိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ ဒီဖြစ်စဉ်ကို သွားရောက်ကူညီသူတချို့က ပြောပါတယ်။ သီပေါမြို့နယ်၊ တုံစင့်ကျေးရွာအုပ်စုမှာရှိတဲ့ ကျောင်းပြိန်းရွာက နေအိမ်တစ်လုံးပေါ်ကို ဒီနေ့မနက်အစောပိုင်းမှာ လက်နက်ကြီး ကျရောက်ခဲ့တာဖြစ်ပြီး နေအိမ်မှာအိပ်နေတဲ့ လင်မယားနှစ်ဦး လက်နက်ကြီးထိမှန်ခဲ့တာပါ။ အမျိုးသားဖြစ်သူဟာ နေရာမှာပဲသေဆုံးခဲ့ပြီး အမျိုးသမီးကတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “လောလောဆယ် ဒဏ်ရာရှိသူကိုတော့ ကျွန်တော်တို့အသင်းကပဲ ဆေးကုသပေးနေပါတယ်။ ထိသွားတဲ့နှစ်ယောက်လုံးက သက်ကြီးရွယ်အိုတွေ အိမ်မှာအိပ်နေတုန်းပဲ လက်နက်ကြီးက တည့်တည့်ကျတာ” လို့ ၎င်းက ပြောပါတယ်။ သီပေါမြို့နယ်မှာ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီက […]

အပြည့်အစုံဖတ်ရန်

ခင်ဦးမှာ စစ်ကောင်စီနဲ့ မဘသဘုန်းကြီး ဦးဝါသဝရဲ့ ပျူတွေက ရွာ ၁၀ ရွာ မီးရှို့ဖျက်ဆီး

September 5, 2024

ခင်ဦး – ၂၀၂၄ စက်တင်ဘာ ၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မဒေါင်းလှရွာ ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီးနောက် ကန့်ဘလူနယ်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့ မဘသဘုန်းကြီး ဦးဝါသဝရဲ့ လက်အောက်ခံပျူစောထီးတွေဟာ ကျေးရွာ ၁၀ ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလ ၁ ရက်ကစလို့ စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ မဒေါင်းလှရွာ ပျူစခန်းအနီးက ငကြိုင်း၊ ဖန်ခါးကုန်း၊ စောကြီး၊ တဲကြီး၊ အင်ကြင်းပင်၊ သနပ်စိန်၊ ပေါက်တော၊ ပိတောက်ကုန်း၊ ဆီဆုံလေးနဲ့ နှဲတွင်းစတဲ့ ရွာတွေကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေရာနဲ့ချီကာပျက်စီးခဲ့ပြီလို့ ဒေသခံဆီကသိရပါတယ်။ ” မဒေါင်းလှပျူစခန်းအနီးကရွာတွေကို နေ့တိုင်းလိုလို မီးပတ်ရှို့နေတာ၊ ဟိုတစ်နေ့ကဆိုရင် အင်ကြင်းပင်ရွာကို မီးရှို့တာ အိမ်ခြေ ၆၀ နီးပါး လောင်သွားတယ် […]

အပြည့်အစုံဖတ်ရန်

မဲဆောက်က မြန်မာတွေထိုင်လေ့ရှိတဲ့ စားသောက်ဆိုင်တချို့ကို ထိုင်းအာဏာပိုင်တချို့ဝင်ဖမ်း

September 4, 2024

မဲဆောက် – ၂၀၂၄ စက်တင်ဘာ ၄ (မော်ကွန်း) ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာတွေထိုင်လေ့ရှိတဲ့ စားသောက်ဆိုင်တချို့ကို ဒီကနေ့ မွန်းလွဲပိုင်းမှာ ထိုင်းအစိုးရတာဝန်ရှိသူတချို့ ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် တော်လှန်ရေးနဲ့နိုင်ငံရေးအရ ခိုလှုံသူ ၂၀ နီးပါး အဖမ်းခံထားရကြောင်း မဲဆောက်မြို့နေ မြန်မာတစ်ဦးက ပြောပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာ မဲဆောက်မြို့၊ ဗီလာဆုံမှတ်နဲ့ ဦးကြီးစိုး စားသောက်ဆိုင်တွေကို ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၇ ဦးခန့် ဖမ်းဆီးခံလိုက်ရတယ်လို့ သူကပြောပါတယ်။ “လောလောဆယ် ဗီလာဆုံမှတ်က ကိုးယောက်၊ ဦးကြီးစိုးမှာက ရှစ်ဦးလို့ သိရတယ်”လို့ မဲဆောက်နေမြန်မာတစ်ဦးကပြောပါတယ်။ ပတ်စ်ပို့၊ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)နဲ့ ၁၀ နှစ်ခံကတ်ကိုင်ဆောင်သူတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်လို့ရပါတယ်။ အခုအဖမ်းခံလိုက်ရသူတွေဟာ လစဉ် ထိုင်းရဲကို တစ်လ ၃၀၀ ဘတ်နဲ့ တရားမဝင်ရဲကတ် (လိုင်းကြေး) […]

အပြည့်အစုံဖတ်ရန်

မြစ်ကြီးနားမှာ လေယာဉ်လက်မှတ်မှောင်ခိုဈေးကွက်ဖြစ်လာပြီး ဝယ်ရခက်ခဲ

September 4, 2024

ရန်ကုန် -၂၀၂၄ စက်တင်ဘာ ၄ (မော်ကွန်း) လေကြောင်းတစ်ခုသာ ချိတ်ဆက်နိုင်တော့တဲ့ ကချင်ပြည်နယ်မြို့တော်၊ မြစ်ကြီးနားမြို့မှာ လေယာဉ်လက်မှတ်မှောင်ခိုဈေးကွက်ကြီးထွားနေပြီ အဝယ်ရခက်ခဲတဲ့ ပြဿနာကြုံနေရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့လပိုင်းကစပြီး ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-ရွှေဘို-မန္တလေးလမ်းပိုင်း၊ မြစ်ကြီးနား-ဗန်းမော်-မန္တလေး ကားလမ်းတွေပိတ်နေတာ လက်ရှိမှာ ရသတ္တသုံးပတ်နီးပါးထိ ရှိလာပါပြီဖြစ်ပါတယ်။ ဒါကြောင့် လေကြောင်းခရီးနဲ့သာ အရေးပေါ်သွားလာနေကြရတာလို့ ဒေသခံတချို့က ပြောပါတယ်။ လေကြောင်းလိုင်းတွေက တရားဝင်ရောင်းချတဲ့ မြစ်ကြီးနားနဲ့ ရန်ကုန် လေယာဉ်လက်မှတ်ခဈေးနှုန်းဟာ တစ်စောင်ကို ကျပ်လေးသိန်းခန့်ရှိပြီး တစ်ဆင့်ပြန်ရောင်းချတဲ့မှောင်ခိုဈေးကွက်မှာ ကျပ်ခြောက်သိန်းကျော်၊ ခုနစ်သိန်းနီးပါးထိ မြင့်တက်နေတယ်လို့ မြစ်ကြီးနားကနေ ရန်ကုန်ကို ပြန်လာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ ပုံမှန်လေကြောင်းလိုင်းကနေပဲ လက်မှတ်မှာမယ်ဆို ပုံမှန်ဈေးက လေးသိန်းကျော်ရှိတယ်။ အဲဒီလက်မှတ်ကလည်း အနည်းဆုံး ၁၅ ရက်လောက် ကြိုဖြတ်တာတောင် လက်မှတ်ရဖို့ မလွယ်ဘူး။ […]

အပြည့်အစုံဖတ်ရန်

တောင်စွန်းစခန်းသိမ်းထားပြီးသော်လည်း မိုင်းမရှင်းနိုင်သေးလို့ ရွာသားတွေအိမ်မပြန်ရဲ

September 4, 2024

ဝင်းရေး – ၂၀၂၄ စက်တင်ဘာ ၄ (မော်ကွန်း) ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၆၊ ဝင်းရေးမြို့နယ်၊ တောင်စွန်းရွာကို KNU က ပြန်ရယူထားတာ လေးလလောက်ကြာပြီဖြစ်ပေမယ့်လည်း မြေမြှုပ်မိုင်းတွေမရှင်းလင်းရသေးတာကြောင့် မနေထိုင်ရဲသေးကြောင်း ဒေသခံတွေက မော်ကွန်းကို ပြောပါတယ်။ အခုနှစ် မေလမှာ KNU ဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့လက်အောက်ခံ စစ်ကြောင်းတွေဟာ တောင်စွန်းရွာက စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ -၂၈၄)ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ “သူတို့(KNU)ပြောတာကတော့ မိုင်းကနေရာအနှံ့ရှိတာတဲ့၊ အိမ်ကိုတော့ ပြန်မနေသေးနဲ့ဦး၊ သူတို့ ရှင်းပေးဖို့လည်း မိုင်းက ဘယ်နေရာရှိလို့ ရှိမှန်းမသိတော့ သူတို့ရှင်းလို့မရဲသေးဘူးလို့တော့ပြောတယ်။ သူတို့ရှင်းပေးမယ်လို့ပဲ ပြောတာ၊ စခန်းသိမ်းပြီးကတည်းက ခုချိန်ထိ ပြန်လှည့်ကြည့်တာလည်း တစ်ခါမှမတွေ့ဘူးလို့” တောင်စွန်းရွာသားတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ လက်ရှိမှာ တောင်းစွန်းကျေးရွာ စစ်ရှောင်ပြည်သူတွေဟာ ကိုယ့်အိမ်ခြံဝင်းထဲကိုတောင် […]

အပြည့်အစုံဖတ်ရန်

မယ်လဒုက္ခသည်စခန်းမှာ မိသားစုအလိုက် အရေပြားအနာကူးစက်မှုဖြစ်နေ

September 4, 2024

မယ်လ – ၂၀၂၄ စက်တင်ဘာ ၄ (မော်ကွန်း) ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်း မယ်လဒုက္ခသည်စခန်းမှာ အရေပြားအနာကူးစက်မှုတွေ မိသားစုအလိုက်ဖြစ်နေတယ်လို့ မယ်လဒုက္ခသည်စခန်းမှာနေထိုင်သူတွေဆီက သတင်းရရှိပါတယ်။ မယ်လဒုက္ခသည်စခန်း၊ Zone – B ဘက်မှာ အခုလို မိသားစုအလိုက်ကူးစက်နေကြတာဖြစ်ပြီး အရေပြားတွေ ယားတာ၊ အနာဖြစ်လာတာနဲ့ အဖုတွေထွက်လာတာတွေ ခံစားနေရတယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတစ်ဦးကဆိုပါတယ်။ ကလေးတွေမှာ အဖြစ်များတာကိုတွေ့ရပြီး တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံးကို လျှင်မြန်စွာကူးစက်တာကြောင့် အိမ်နီးနားချင်းတွေပါ ကူးစက်ခံနေရတယ်လို့ သူကပြောတယ်။ “တော်တော်ကူးစက်မြန်တာ၊ ကလေးကနေစဖြစ်တာ၊ ဖြစ်တာက ၁၀ရက်လောက်ပဲ ရှိသေးတယ်၊ ကျွန်တော်တို့ကလေးတွေ၊ အိမ်နီးနားချင်းက အိမ်တွေဖြစ်ကုန်ပြီ။ ကျွန်တော်တို့ရပ်ကွက်မှာဆို တော်တော်ဖြစ်တယ်။ အခြားရပ်ကွက် မသွားဖြစ်တော့ ဖြစ်လားမဖြစ်လားတော့မသိပါဘူး။ ဆေးခန်းသွားတဲ့သူတွေပြန်လာပြောတာတော့ အခြားရပ်ကွက်တွေလည်း ဖြစ်တယ်လို့ကြားတာပဲ။ စဖြစ်တာကတော့ အလုံးသေးသေးလေးထွက်လာတယ်၊ ပြီးတော့ယားတယ်၊ ယားတော့လက်သည်းနဲ့ကုတ်မိတာပေါ့၊ […]

အပြည့်အစုံဖတ်ရန်

ကရင်ဖလုံဝဲရှာ အရိယဘာသာဝင်တို့ရဲ့ ဝါတွင်းကာလပြီးဆုံး

September 4, 2024

ဝင်းရေး – ၂၀၂၄ စက်တင်ဘာ ၃ (မော်ကွန်း) ကော်သူးလေဒေသထဲမှာ နေထိုင်ကြတဲ့ ကရင်လူမျိုးထဲက လူနည်းစုတစ်စုဖြစ်တဲ့ ကရင်ဖလုံဝဲရှာ အရိယဘာသာဝင်တွေဟာ အခုဆိုရင် ဥပုသ်ဆောက်တည်တဲ့ ဝါတွင်းကာလ ပြီးဆုံးပါပြီ။ အခုမြင်တွေ့ရတာကတော့ ကေအဲန်ယူ၊ တပ်မဟာ ၆ ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ နှစ်အိမ်ကျေးရွာက ကရင်ဖလုံဝဲရှာ အရိယာဘာသာဝင်တွေ ဝါကျွတ်ပွဲကျင်းပနေကြတာဖြစ်ပါတယ်။ ဒီရွာမှာ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး ဗုဒ္ဓဘာသာနဲ့ ကရင်ဖလုံဝဲရှာ အရိယဘာသာကိုးကွယ်သူတွေ နေထိုင်ကြကာ အဲဒီအထဲက အိမ်ခြေ ၄၀ လောက်ကတော့ အရိယဘာသာဝင်တွေဖြစ်ပါတယ်။ ကရင်ဖလုံဝဲရှာ အရိယဘာသာမှာ အလှူအတန်းတွေကို နှစ်စဉ် သုံးလတစ်ကြိမ်ပြုလုပ်ကြပါတယ်။ နတ်တော်လမှာ နှစ်သစ်ကူးကျင်းပတာ၊ တပေါင်းလမှာ ကောက်သစ်စားပွဲကျင်းပတာ၊ နယုန်လမှာ မိုးဦးကျလယ်ထွန်မင်္ဂလာပြုလုပ်တာနဲ့ တော်သလင်းလမှာတော့ ဥပုသ်ဆောက်တည်ပြီး ဝါကျွတ်ချိန်ဖြစ်ပါတယ်။ အရိယဘာသာဝင်တွေဟာ […]

အပြည့်အစုံဖတ်ရန်

မန္တလေးမှာ မြို့ပေါ်တိုက်ပွဲတွေဖြစ်လာမှာ မြို့ခံတွေစိုးရိမ်

September 3, 2024

ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၃ (မော်ကွန်း) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒီနေ့ မနက်အစောပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့တိုက်ခိုက်ပြီးနောက် မြို့ပေါ်တိုက်ပွဲတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်ပူပန်တယ်လို့ မြို့ခံတချို့က ပြောပါတယ်။ ဒီနေ့မနက် ၄ နာရီခန့်က မန္တလေးမြို့ပေါ်မှာ လက်နက်ကြီးပစ်ခတ်သံတွေ ဆူညံခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးရှိရာ အောင်မြေသာဇံမြို့နယ်ထဲက နေအိမ်တချို့ပေါ်ကိုလည်း လက်နက်ကြီးကျည်တချို့ ကျရောက်ခဲ့ပါတယ်။ “ တိုက်ပွဲတွေက မတ္တရာတို့၊ မိုးကုတ်တို့ဆီ ရောက်နေပြီဆိုတော့ တစ်ချိန်ချိန်တော့ မန္တလေးမှာလည်း ဖြစ်လာမှာလို့တော့ တွေးထားပါတယ်။ အခုက နည်းနည်းတော့ ပိုပြီး စိုးရိမ်ရတော့မှာပေါ့။ အခုကတော့ ပုံမှန်အတိုင်းတော့ သွားလာနေကြတုန်းပဲ။ ဘယ်အချိန်ရောက်လာမလဲမသိတော့ ကြိုပြင်သင့်ရင်လည်း ပြင်ထားရမှာပေါ့” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။ မန္တလေးတိုင်းထဲကတိုက်ပွဲတွေကို ကွပ်ကဲနေပြီး မန္တလေးနန်းတော်ထဲမှာ အခြေစိုက်တဲ့ […]

အပြည့်အစုံဖတ်ရန်
1 … 41 42 43 44 45 46 47 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."