ကော့ကရိတ် – ၂၀၂၄ အောက်တိုဘာ ၂၈ (မော်ကွန်း) ကေအဲန်ယူ-တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်မှာ အခုလ ၂၆ ရက်က အချုပ်ထောင်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး ထောင်မှူးသေဆုံးသွားတယ်လို့ ဒေသခံကပြောပါတယ်။ အချုပ်ထောင်မှာ ဒေသအခေါ် မြင်းဆေး/မူးယစ်ဆေးဝါးအမှုနဲ့ဖမ်းထားတဲ့ အကျဉ်းသားတွေဟာ ထောင်အရာရှိကို သေနတ်နဲ့ပြန်လည်ပစ်ခတ်ပြီး သူတို့ဆီက ဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါးတွေ၊ ငွေတွေအပါအဝင် လက်နက်ငယ်တွေပါ ယူဆောင်ပြီး ထွက်ပြေးသွားတာပါ။ “သူတို့က ထောင်ဆိုပေမယ့် ထောင်လိုမထားပါဘူး၊ ဒီလိုပဲ နေကြတာ၊ ထောင်မှူးနဲ့ လေးယောက်တစ်ယောက်ဖြစ်သွားပုံရတယ်၊ ထောင်မှူးကတော့ ဆုံးသွားတယ်”လို့ အချုပ်ထောင်အနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ ပစ်ခတ်သွားသူတွေထဲက အကျဉ်းသားတွေဟာ တချိန်က ကေအဲန်ယူစစ်သားဟောင်းတွေဖြစ်ခဲ့ဖူးပြီး လက်နက်ပစ်ခတ်မှုနဲ့ တိုက်ခိုက်ရေးကို ကျွမ်းကျင်တယ်လို့ ဒေသခံတွေက ကြားသိရကြောင်းပြောပါတယ်။ “ဒီအလုပ်လုပ်မှတော့ ရဲတင်းလို့လုပ်တာ၊ ခုဆို ထောင်နားမှာတင် တခါတည်းရှင်းတယ်ဆိုတာ […]
ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၃၈ (မော်ကွန်း) မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေကို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု မြင့်တက်နေပြီး ဒီရက်ပိုင်းအတွင်းမှာသိန္နီ၊ လောက်ကိုင်၊ လားရှိုးနဲ့ နောင်ချိုမြို့တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ သိန္နီနဲ့ နောင်ချိုမြို့တွေကို မနေ့ညတုန်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မနေ့က ည ၉ နာရီခန့်မှာသိန္နီမြို့ကို ဗုံးခုနစ်လုံးထိ ကြဲချခဲ့ပြီး မြို့တွင်းရပ်ကွက် (၃) သိန္နီဟိုတယ်အနီးနဲ့ နှစ်ခြင်းကချင်ဘုရားကျောင်းတို့ ထိခိုက်ခဲ့တာပါ။ သိန္နီမြို့က ကချင်ဘုရားကျောင်းဟာ ဗုံးတိုက်ရိုက်ထိမှန်ကာ လုံးဝနီးပါးပျက်စီးသွားပြီး မြို့ပေါ်မှာလည်း နေအိမ်အများအပြား ပျက်စီးသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အလားတူပဲ စစ်ကောင်စီဟာ မနေ့ကညပိုင်းက TNLA တပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ သပြေရွာကို လေကြောင်းနဲ့ […]
ပုဏ္ဏားကျွန်း – ၂၀၂၄ အောက်တိုဘာ ၂၈ ( မော်ကွန်း) ရခိုင်မှာ ဆောင်းရာသီဝင်လာပြီဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအတွက် အနွေးထည်နဲ့စောင်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေနဲ့ ဒုက္ခသည်တချို့က ပြောပါတယ်။ ရခိုင်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA) တို့ကြား တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရတဲ့ဦးရေ ခြောက်သိန်းကျော်အထိ ရှိနေပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံအစရှိတဲ့ AA ထိန်းချုပ်နယ်မြေတွေမှာ အများဆုံးခိုလှုံနေကြပါတယ်။ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာလိုအပ်နေသလို ဆောင်းရာသီဝင်လာတာကြောင့် အနွေးထည်နဲ့စောင်တွေပါ မဖြစ်မနေလိုအပ်လာနေတာလို့ သူတို့ကဆိုပါတယ်။ ” ကျွန်မတို့က မြေပေါ်မှာတဲထိုးပြီး တာပေါ်လင်စခင်းနေရတာပါ။ ဆောင်းဝင်စ အချိန်ဆိုတော့ မနက်ဆို မြေပေါ်က အအေးဓာတ်နဲ့စိမ့်ပြီး မအိပ်နိုင်ဘူး။ ဆောင်းတွင်းဆို ပိုဆိုးမှာ။ ပြီးတော့ သက်ကြီးပိုင်းတွေလည်းပါတော့ အအေးဒဏ်မခံနိုင်ရင် ကျန်းမာရေးတွေထိခိုက်မှာကိုလည်း စိုးရိမ်တယ်။ […]
ဝင်းရေး – ၂၀၂၄ အောက်တိုဘာ ၂၆ (မော်ကွန်း) ကေအဲန်ယူအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၆၊ ဝင်းရေးမြို့နယ်မှာ မနေ့က အာဏာသိမ်းစစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာကြောင့် အရပ်သားနေထိုင်ရာကျေးရွာထဲကို ကျရောက်ပြီး အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံဆီကသိရပါတယ်။ မနေ့က မွန်းလွဲ ၁၂း၄၅ မိနစ်အချိန်လောက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ သံပုရာချောင်းဖျားရွာထဲကို ကြဲချခဲ့တာဖြစ်ပြီး ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ဒေသခံအမျိုးသားတစ်ဦးကတော့ ထိမှန်တဲ့နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ကာ နောက်ထပ် အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးတို့လည်း ဒဏ်ရာရခဲ့ပါတယ်။ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေအပြင် နေအိမ်တချို့လည်းပျက်စီးခဲ့ပါတယ်။ ဝင်းရေးမြို့နယ်မှာရှိတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ-မော်လမြိုင်)ရဲ့ ဗျူဟာစခန်းဖြစ်တဲ့ အနန်းကွင်းစစ်ကောင်စီစခန်းကို ကေအဲန်ယူဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ချလာသူတချို့လည်းရှိနေပါတယ်။ စစ်ကောင်စီဘက်ကတော့ အနန်းကွင်းစခန်းမကျရေးကို အဓိကထားလုပ်ဆောင်နေပြီး ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့စစ်ကူတွေကို လေကြောင်းကနေ ပို့ပေးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ […]
စစ်တွေ- ၂၀၂၄ အောက်တိုဘာ ၂၅ ( မော်ကွန်း) စစ်ကောင်စီတပ်သားတွေနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ( ALP) တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ စစ်တွေမြို့က မင်းဂံရပ်ကွက်တွေထဲကို ညဘက်စီးနင်းပြီး ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီမှာနေထိုင်တဲ့ ဒေသခံတချို့က ပြောပါတယ်။ မနေ့က ည ၈း၀၀ နာရီလောက်မှာ စစ်ကောင်စီရဲ့ စစ်သားနဲ့ရဲအပါအဝင် ALP တပ်ဖွဲ့ဝင်တွေဟာ မင်းဂံအကွက်(၅/၆/၇/၈/၉/၁၀) ရပ်ကွက်ခြောက်ခုကို ကားနှစ်စီးနဲ့ ဝင်ရောက်လာပြီး ဧည့်စာရင်းစစ်ကာ ဒေသခံတွေကို ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ မင်းဂံဒေသခံတစ်ဦးက ပြောပါတယ်။ ” ရပ်ကွက်တွေထဲကို ကားနဲ့ဝင်လာပြီး တစ်အိမ်ပြီးတစ်အိမ် ဧည့်စာရင်းစစ်ပါတယ်။ လိုအပ်တဲ့ အိမ်ထောင်စုစာရင်းတွေနဲ့ မှတ်ပုံတင်တွေကိုလည်း ပြလိုက်တယ်။ ဒါပေမဲ့ အကြောင်းမရှိအကြောင်းရှာပြီး ကားနဲ့ဖမ်းခေါ်သွားပါတယ်” လို့ အထက်ပါဒေသခံက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေကို […]
ရန်ကုန်- ၂၀၂၄ အောက်တိုဘာ ၂၅ (မော်ကွန်း) ပဲခူးတိုင်း၊ ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ခံတိုက်နေပေမယ့် ကျည်ဆန်မလုံလောက်လို့ ဆုတ်ပေးနေရတယ်လို့ ရိုးမထဲက တပ်ခွဲတစ်ခုရဲ့တာဝန်ခံက ဒီနေ့မော်ကွန်းကို ပြောပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်း၊ အင်းမမြို့အခြေစိုက် စစ်ကောင်စီတပ်နဲ့ ဘော်ဘင်ရွာက ပျူစောထီးတွေပါဝင်တဲ့စစ်ကြောင်းဟာ မနေ့ကတည်းက ရိုးမပေါ်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး အဲဒီစစ်ကြောင်းကို တားဆီးနေတာလို့ သူကဆိုပါတယ်။ ဘော်ဘင်ဆည်၊ တမံ(၁)နားမှာရှိတဲ့ ပရဟိတကျောင်းအပါအဝင် ရွာငါးရွာလောက်ကို အဲဒီစစ်ကြောင်းက စီးနင်းထားပြီး ဒေသခံတွေလည်း ဘေးလွတ်ရာ တောတွင်းကို တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။ “ ကြို့ပင်ကောက်မြို့နယ်၊ သင်ခရိုင်ပရဟိတကျောင်းကို တိုက်ရိုက်သူတို့စီးနင်းတာ ရှိတယ်။ အောက်ခြေရွာတွေက ရုံးချောင်းအုပ်စု၊ သခွပ်ပင်ရွာကိုလည်း ဝင်စီးတယ်။ ဒီမနက်ကတည်းက တောက်လျှောက်လိုက်ပစ်နေရတာ။ အခုက ပစ်လို့လည်းမနိုင်တော့ဘူး။ မဟာမိတ်တွေလည်း လာကူပေးတယ်။ […]
ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၂၅ (မော်ကွန်း) ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဖျားမြို့ဖြစ်တဲ့ ဂွမြို့နယ်ထဲထိ ထိုးစစ်ဆင်လာတဲ့ အာရက္ခတပ်တော် (AA) ဟာ ဂွမြို့နဲ့ ၁၅ မိုင်အကွာ ကမ်းခြေတွေအထိ ရောက်ရှိလာနေပြီး တိုက်ပွဲတွေလည်း နေ့စဉ်ဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဂွမြို့မရောက်ခင် ၁၅ မိုင်ခန့် ကွာဝေးတဲ့ တိုင်ကျိုး ကမ်းခြေရွာအနီးမှာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဂွဒေသခံတချို့က ပြောပါတယ်။ သံတွဲမြို့ကို ထိန်းချုပ်ပြီးနောက်ပိုင်း ဩဂုတ်လဆန်းပိုင်းကစပြီး AA တပ်တွေဟာ ဂွမြို့နယ်ထဲထိ စတင်ထိုးစစ်ဆင်လာတာပါ။ သံတွဲ-ဂွလမ်းပိုင်းက ကျိန္တလီမြို့၊ ကုလားပြင်(ရတနာမြိုင်)၊ သဗြုချောင်းနဲ့ ကြွေချိုင်ကျေးရွာတွေမှာ ခံစစ်ဆင်ထားတဲ့ စစ်ကောင်စီတပ်တွေဟာ AA ထိုးစစ်ကြောင့် တစ်ဆင့်ပြီးတစ်ဆင့် ဆုတ်ခွာပေးလိုက်ရပြီး အဲဒီက ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်တွေဟာ […]
မြေပုံ- ၂၀၂၄ အောက်တိုဘာ၂၅ ( မော်ကွန်း) ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့က စစ်ဘေးရှောင်တွေဟာ အလှူရှင်နည်းပါးတာကြောင့် စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ အဲဒီက စစ်ဘေးရှောင်စခန်း တာဝန်ခံက ပြောပါတယ်။ ” အရင်တုန်းကတော့ နိုင်ငံခြားမှာရောက်နေတဲ့ ကိုယ့်မြို့က ကလေးတွေဆီက လစဉ်အလှူငွေတွေ ထည့်ပေးတယ်။ မတတ်သာတဲ့အဆုံး မြို့ခံတွေဆီက အလှူထည့်တယ်။ အဲဒါလေးတွေနဲ့ လည်ပတ်နေတာ။ အခု အင်တာနက်တွေလည်း ပြတ်သွားတော့ အဆက်သွယ်တွေပြတ်သွားကြတယ်။ ဆန်တခုတည်းကိုတောင် လောက်လောက်ငှငှ မပေးနိုင်တော့ဘူး” လို့ စခန်းတာဝန်ခံက ပြောပါတယ်။ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၂၅၆ စု၊ လူဦးရေ ၁,၁၀၀ ကျော်ရှိပြီး ကမ်းထောင်းကြီးနဲ့ အမ်းမြို့နယ်က ဒေသခံတွေ ခိုလှုံနေကြတာဖြစ်ပါတယ်။ အရင်က စစ်ဘေးရှောင်တွေအတွက် အိမ်ထောင်စုတစ်စုကို တစ်ရက်ဆန်တစ်ပြည်နှုန်းကျ ထောက်ပံ့ပေးခဲ့ပေမယ့် လက်ရှိမှာ […]
အမ်း – ၂၀၂၄ အောက်တိုဘာ ၂၅ ( မော်ကွန်း) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့က စစ်ကောင်စီဆေးတပ်စခန်းကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အဲဒီဆေးတပ်စခန်းကို AA က ဒီလ ၂၃ ရက်က သိမ်းပိုက်ရရှိထားတာဖြစ်ပြီး ဆေးတပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ အမ်းမြို့ထဲက အ.ထ.က (၂) စာသင်ကျောင်းထဲကို ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ သူကပြောပါတယ်။ ဒါဟာ အမ်းလေဆိပ်ကို ထိန်းထားတဲ့ AA အတွက် နောက်ထပ်အောင်ပွဲလည်းဖြစ်ပါတယ်။ လေဆိပ်ရှိတဲ့ ရခိုင်ပြည်နယ်က မြို့တွေဖြစ်တဲ့ မြောက်ဦး၊ စစ်တွေနဲ့ အမ်းတို့ကို သူတို့ထိန်းချုပ်လာတာလည်း ဖြစ်ပါတယ်။ ” AA က ဆေးတပ်စခန်းကို ဝင်သိမ်းတော့ ထွက်ပြေးသွားကြတာ။ အကုန်လုံး အ.ထ.က ၂ […]
ရန်ကုန်-၂၀၂၄ အောက်တိုဘာ ၂၅ (မော်ကွန်း) ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ‘နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်’ လှုံ့ဆော်တယ်လို့စွပ်စွဲပြီး ဖမ်းဆီးထားတယ်လို့ သူတို့ထိန်းချုပ်ထားတဲ့ သတင်းစာတွေကတဆင့် စစ်ကောင်စီက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ မန္တလေးမြို့မှာအဖမ်းခံရတာဖြစ်ပြီး ပြည်ကြီးတံခွန်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ သူဟာ ယခင်အာဏာရှင်ခေတ်က မောက်မာရိုင်းစိုင်းသူအဖြစ် လူထုကြားနာမည်ကြီးတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အချစ်တော်မြေးဖြစ်သူ နေရွှေသွေးအောင်(ခ)ဖိုးလပြည့်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးလိုက်ပြီလို့ လူမှုကွန်ယက်တွေမှာသတင်းပျံ့နေတာကြာပြီဖြစ်ပေမယ့် ဒီကနေ့မှ စစ်ကောင်စီက သတင်းထုတ်ပြန်တာပါ။ အကြမ်းဖက်ကို အားပေးထောက်ခံနေသူလို့ စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်အကောင့်တွေမှာလှုံ့ဆော်ခံရပြီး သီတင်းတစ်ပတ်လောက်အတွင်းမှာ သူအဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒေါက်တာနေစိုးမောင်ဟာ သူ့ယောက္ခမအာဏာစွန့်ပြီးနောက်ပိုင်း အရပ်သားအစိုးရခေတ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ထောက်ခံသူအဖြစ် ပြောင်းလဲလာခဲ့ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချမှုကြောင့် မကြာခင်က သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် ဝမ်းနည်းသတိရကြောင်းမှတ်ချက်တွေ […]
ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၂၄ (မော်ကွန်း) အခုရက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ အနည်းငယ်မြင့်တက်လာပြီးနောက် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာလည်း ဆက်တိုက်မြင့်တက်လာခဲ့ကာ ဒီနေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို ၆၇ သိန်းကျပ် ဝန်းကျင်ထိ ရောက်ရှိလာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။ အခုလဆန်းပိုင်းတုန်းက ပြည်တွင်းအခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ၆၃ သိန်းကျပ် ဝန်းကျင်မှာရှိနေရာကနေ ဒီလထဲမှာ တဖြည်းဖြည်းနဲ့ ပြန်လည်မြင့်တက်လာတာပါ။ ဒါ့ပြင် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းဟာလည်း ဒီလဆန်းပိုင်းက တစ်ဒေါ်လာကို ၄,၅၀၀ ကျပ် ဝန်းကျင်မှာ ရှိနေရာက လက်ရှိမှာ တစ်ဒေါ်လာကို ၄,၇၀၀ ကျော်ကို ရောက်ရှိလာပါတယ်။ ဒီလဆန်းပိုင်းကစပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ရွှေဈေးနှုန်းဟာ နည်းငယ်တက်လိုက်၊ ပြန်ကျလိုက်နဲ့ မတည်ငြိမ်ဖြစ်နေရာက အခုလ ၂၂ ရက်ကစတင်ကာ ပြန်လည်မြင့်တက်ခဲ့ပြီး ဒီနေ့ထိ အရှိန်ကောင်းကောင်းနဲ့ ဆက်လက်မြင့်တက်နေတယ်လို့ […]
ရန်ကုန်- ၂၀၂၄ အောက်တိုဘာ ၂၂ (မော်ကွန်း) စစ်ကောင်စီကို အထိနာစေခဲ့တဲ့ နာမည်ကျော် ‘၁၀၂၇’ စစ်ဆင်ရေးအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ လက်တွဲတိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး( MDY-PDF) က သူတို့ထိန်းချုပ်ထားတဲ့ မြို့ရွာတွေမှာ လူထုစည်းရုံးရေးလုပ်ဆောင်နေတဲ့ မှတ်တမ်းဓါတ်ပုံတွေကို ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ ဒီစည်းရုံးမှုကို ပြည်သူ့ဆက်ဆံရေးနှင့်စည်းရုံးရေးဌာနက ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ MDY- PDF ဟာ လက်ရှိမှာ မဟာမိတ်တပ်တွေနဲ့အတူ ပတ္တမြားမြို့တော်လို့ခေါ်ကြတဲ့ မိုးကုတ်မြို့ကို ထိန်းချုပ်ထားသလို မန္တလေးမြို့အနီးက မတ္တရာမြို့နယ်ထဲအထိ ထိုးစစ်ဆင်ပြီး စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့ကို ခြိမ်းခြောက်နေတဲ့ နွေဦးအရေးအခင်းက ပေါက်ဖွားလာတဲ့ တော်လှန်ရေးတပ်ရင်းတစ်ခုလည်း ဖြစ်ပါတယ်။ ပုံစာ- လူထုစည်းရုံးရေးဆင်းနေတဲ့ MDY-PDF တပ်ဖွဲ့ဝင်များ ဓါတ်ပုံ- MDY-PDF 🌐 Website မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."