ရန်ကုန်-၂၀၂၅ ဇန်နဝါရီ ၄ (မော်ကွန်း)
ဒီကနေ့ကျရောက်တဲ့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ၆,၀၀၀ နီးပါးကို နိုင်ငံတဝန်းက အကျဉ်းထောင်တွေကနေ လွှတ်ပေး နေရာမှာ ရန်ကုန်မြို့က အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့ နေ့လယ်ပိုင်း မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။
အခု နေ့လယ် ပထမအသုတ် လွှတ်ပေးလိုက်သူတွေထဲ နိုင်ငံရေးအကျဉ်းသားတွေအပြင် အခြားအမှုနဲ့ ထောင်ကျနေသူတွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။

ဓါတ်ပုံ- မော်ကွန်း

