ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း) စစ်ကောင်စီဟာ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေ ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို ဒီနေ့မနက်ပိုင်းက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံသုံးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရသွားတယ်လို့ မိုးကုတ်ဒေသခံတချို့က ပြောပါတယ်။ ဒီနေ့မနက်အစောပိုင်း တစ်နာရီခန့်က မိုးကုတ်မြို့အနောက်ပိုင်းမှာရှိတဲ့ ကျောက်မျက်ရတနာလုပ်ကွက်တစ်ခုကို Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ ကျော် ကြဲချခဲ့တာလို့ဆိုပါတယ်။ “ ဝင်းထရံဆိုတဲ့ ကျောက်မျက်ရတနာလုပ်ကွက်ကို ကြဲသွားတာပါ။ စုစုပေါင်း သုံးဦးသေပြီး ၂၀ ကျော်ဒဏ်ရာရတယ်” လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့လ ၈ ရက်ကလည်း စစ်ကောင်စီဟာ မိုးကုတ်မြို့တွင်းက ဂေါက်ကွင်းနဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုကို လေကြောင်းကတိုက်ခိုက်ခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ TNLA ထိန်းချုပ်နယ်မြေတွေကို […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၇ (မော်ကွန်း) ပြီးခဲ့တဲ့ နှစ်ရက်ကစပြီး စစ်ကောင်စီတပ်က ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ်မှာရှိတဲ့မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေပြီး ဒီနေ့ထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အပါအဝင် တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ မိုးဗြဲမြို့ကို အခုလ ၅ ရက်မှာ စစ်ကောင်စီတပ်ဟာ လေကြောင်း၊ လက်နက်ကြီးပစ်ကူနဲ့ မြေပြင်ထိုးစစ်တွေ အသုံးပြုပြီး စတင်တိုက်ခိုက်လာတာပါ။ ဒီနေ့မှာလည်း မိုးဗြဲမြို့ပေါ်နေရာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဒရုန်းတွေ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေပြီး တော်လှန်ရေးတပ်တွေကလည်း ပြန်လည်တိုက်ခိုက်နေကာ နှစ်ဖက်အကျအဆုံးရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “လေကြောင်းကတော့ တော်တော်ပစ်နေတယ်။ တိုက်ပွဲအခြေအနေတော့ ပြောလို့မရဘူး။ လက်နက်ကြီးတွေရော လေယာဉ်တွေရော တောက်လျှောက်ပစ်နေတယ်။ တော်တော်အင်အားသုံးပြီး တိုက်နေတယ်လို့ ပြောလို့ရပါတယ်” […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၆ (မော်ကွန်း) ၂၀၂၅ အတွင်းမှာ မြန်မာနိုင်ငံအတွင်းက ကလေးသူငယ်ငါးသန်းနီးပါးဟာ ပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကလေးသူငယ်ဆိုင်ရာရန်ပုံငွေအဖွဲ့ (UNICEF) က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၂၅ အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကြုံတွေ့နိုင်ရတဲ့ အခြေအနေတွေကို သုံးသပ်ထားတဲ့ “Six Things to Watch in Myanmar in 2025” ဆိုတဲ့ အစီရင်ခံစာကို UNICEF က ထုတ်ပြန်ခဲ့တာပါ။ ဒီအစီရင်ခံစာမှာ ကလေးသူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနဲ့လုံခြုံရေး အခြေအနေတွေကို ထည့်သွင်းသုံးသပ်ထားတာပါ။ ဒီအစီရင်ခံစာအရ ကလေးသူငယ် ငါးသန်းနီးပါးဟာ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ နေရပ်ရွှေ့ပြောင်းခံရမှုတွေနဲ့ ပညာရေးဝန်ဆောင်မှုပြတ်တောက်မှုတွေကြောင့် ပညာသင်ကြားခွင့်တွေ ဆက်လက်ဆုံးရှုံးနေတယ်လို့ […]
ရန်ကုန် – ဖေဖော်ဝါရီ ၆ (မော်ကွန်း) တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေ နောင်ချိုမြို့ကို ဒီနေ့မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီမနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က နောင်ချိုမြို့နယ်က သပြေတောင်ဘုရားကုန်းပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကြံပင်တွေတင်လာတဲ့ကားလာတဲ့ကားကိုမောင်းနှင်လာတဲ့ အသက် ၃၀ အရွယ် ဒေသခံတစ်ဦးဗုံးစထိမှန်ကာ အပြင်းအထန်ဒဏ်ရရှိခဲ့ပြီး ဘုရားကုန်းပေါ်ကကျောင်းဆောင်တချို့လည်း ပျက်စီးသွားတာကို TNLA က ဓါတ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြန်ထားတာပါ။ ပြီးခဲ့တဲ့လ ၂၂ ရက်ကလည်း စစ်ကောင်စီဟာ နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်တာကြောင့် လူရှစ်ဦးသေဆုံးခဲ့ကာ နေအိမ်နှစ်လုံးနဲ့ […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၅ (မော်ကွန်း) အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ် သာပေါင်းမြို့နယ်အထိထိုးစစ်ဆင်လာပြီး ဒီဒေသတွေမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ သာပေါင်းမြို့နယ်မရောက်ခင် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်အစပ်က မကျီးဇင်၊ ဘောမိကျေးရွာတို့နဲ့ ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေအစပ်မှာရှိတဲ့ သာပေါင်းမြို့နယ်က စစ်ကောင်စီစခန်းတချို့ကို AA နဲ့ တော်လှန်ရေးတပ်တွေက ဒီရက်ပိုင်းမှာတိုက်ခိုက်ခဲ့တာပါ။ လက်ရှိတိုက်ပွဲတွေဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်နားမှာဖြစ်ပွားနေပြီး စစ်ကောင်စီက မနေ့ကစပြီး သာပေါင်းမြို့နယ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒီဒေသကိုရောက်နေတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်က ဘောမိကမ်းခြေအရှေ့ဘက် သာပေါင်းမြို့နယ်ထဲက ကျားခေါင်းရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူလိုက်ပြီး ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကိုကိုးကားပြီး […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၄ (မော်ကွန်း) စစ်ကောင်စီဟာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အစပ်က တော်လှန်ရေးအင်းအားစုတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ဒီနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ “ဖယ်ခုံအရှေ့ခြမ်း ဘီလူးချောင်း အရှေ့ဘက်ကမ်းကို လေယာဉ်တွေ ဒီနေ့တစ်နေကုန်ဝဲပြီး ဗုံးတွေလည်း ကြဲသွားတယ်” လို့ ဖယ်ခုံဒေသခံတစ်ဦးက ပြောပါတယ်။ ဒီဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထိခိုက်အခြေအနေတွေကိုတော့ သေချာမသိရပါဘူး။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်တွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ပြီးခဲ့တဲ့လပိုင်းကစပြီး စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်လာတယ်လို့ ဒီဒေသက စစ်ဘေးရှောင်ဒေသခံတချို့က ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တွေဟာ ညောင်ရွှေမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အစပ်က လွယ်နွဲ့ဘုရားတောင်ရွာနဲ့ ရေပူရွာတွေကို စစ်ကြောင်းထိုးနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်ချိရေး […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၃ (မော်ကွန်း) ကချင်ပြည်နယ် ဗန်းမော်မြို့မှာ မနေ့မနက်ပိုင်းကနေ ဒီနေ့မွန်းလွဲပိုင်းထိ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲနေတယ်လို့ ဗန်းမော်ဒေသခံတချို့က ပြောပါတယ်။ မနေ့မနက်ပိုင်းကပြီး ဗန်းမော်မြို့အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ အမတ ၃၆၆ နဲ့ ခလရ ၂၃၆ ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပြီး ဒီနေ့တစ်ရက်တည်းမှာပဲ ဂျက်ဖိုက်တာတွေက ဗန်းမော်မြို့အနီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း လုပ်ဆောင်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဗန်းမော်အခြေစိုက် အမြှောက်တပ်ရင်းဖြစ်တဲ့ အမတ (၃၆၆) ကိုတော့ KIA ပူးပေါင်းတပ်တွေ မနေ့က ညနေပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ […]
ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၃ (မော်ကွန်း) စစ်မှုထမ်းအပတ်စဉ် (၁၀) အတွက် ရန်ကုန်တိုင်းကမြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း လူငယ်တချို့ ကို စစ်ကောင်စီက အဓမ္မခေါ်ဆောင်သွားတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က ပြောပါတယ်။ ရန်ကုန်တိုင်းက ရွှေပြည်သာ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ ဒဂုံတောင်နဲ့ ဒဂုံအရှေ့မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ် (၁၀) အတွက် စုဆောင်းထားတဲ့ လူငယ်တချို့ကို ညပိုင်းအချိန်တွေမှာပဲ စစ်ကောင်စီကားတွေ အိမ်စီးကားတွေအသုံးပြုကာ ခေါ်ဆောင်သွားတယ်လို့ ဒီမြို့နယ်တွေမှာ နေထိုင်သူတချို့က ပြောပါတယ်။ စစ်မှုထမ်းစာရင်းကောက်ပြီး ရက်ပိုင်းမှာပဲ မဲပေါက်တယ်ဆိုကာ လူငယ်တချို့ကို နေအိမ်တွေထိ ညတွင်းချင်းလာရောက်ခေါ်ဆောင်သွားတာလို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ “ရပ်ကွက်ရုံးအရှေ့မှာ စစ်ကားနှစ်စီးပါတယ်။ ဖယ်ရီကားတွေရော၊ အိမ်စီးကားလေးတွေရောနဲ့ တစ်ခါတည်းခေါ်သွားတယ်။ ပါသွားတဲ့လူတွေနဲ့လည်း ညတွင်းချင်းပဲ ဖုန်းအဆက်အသွယ်တွေပါ ဖြတ်လိုက်တယ်။ တချို့ဆို […]
နေပြည်တော် – ၂၀၂၅ ဖေဖော်ဝါရီ ၁ (မော်ကွန်း) လွန်ခဲ့တဲ့လေးနှစ် ဒီလိုနေ့မှာ စစ်အာဏာသိမ်းခဲ့ပါတယ်။ စစ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစလို့ တစ်ပတ်အတွင်း နေပြည်တော်တခွင်မှာ ဘယ်လိုမြင်ကွင်းတွေရှိခဲ့လဲဆိုတဲ့ ဓါတ်ပုံမှတ်တမ်းတချို့ကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက် မိုးမလင်းခင်မှာပဲ အစိုးရခေါင်းဆောင်တွေကို စစ်တပ်ကဖမ်းဆီးထားသလို ပြည်ထောင်စုလွှတ်တော်တက်ရောက်မယ့် ကိုယ်စားလှယ်လောင်းတွေထားရှိရာ စည်ပင်ဧည့်ရိပ်သာ အမှတ် (၂)ကိုလည်း ထိန်းချုပ်လိုက်ပါတယ်။ ဒီနေ့ မြင်နေရတဲ့ CRPH နဲ့ NUG ထဲက ခေါင်းဆောင်တွေအများစုဟာ စည်ပင်ဧည့်ရိပ်သာထဲမှာ အဲဒီအချိန်က ရှိနေခဲ့တာပါ။ အင်တာနက်လိုင်းတွေဖြတ်တောက်ပြီး နံနက်ခင်းသတင်းမှာ စစ်အာဏာသိမ်းကြောင်း ကြေညာခဲ့ပါတယ်။ အခုတော့ တစ်ကျော့ပြန်စစ်အာဏာသိမ်းမှု လေးနှစ်ပြည့်လာသလို စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေလည်း နိုင်ငံအနှံ့ပေါ်ပေါက်လို့လာခဲ့ပါပြီ။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ […]
ရန်ကုန် -၂၀၂၅ ဇန်နဝါရီ ၃၀ (မော်ကွန်း) ယောဒေသမှာ မြို့သိမ်းတိုက်ပွဲတွေ စတင်မယ့် အချိန်အခါရောက်လာပြီး စစ်ရေးအရှိန်မြှင့်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေ စစ်ဘေးအတွက် ပြင်ဆင်ဖို့ ယောကာကွယ်ရေးတပ် (YDF) က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာ စစ်ဘေးအန္တရာယ်အတွက် ပြည်သူတွေအနေနဲ့ တန်ဖိုးကြီးပစ္စည်းတွေ သေချာသိမ်းဆည်းဖို့နဲ့ စစ်ရေးကာလအတွင်းမှာ အခက်အခဲတွေမဖြစ်အောင် ရိက္ခာနဲ့ဆေးဝါးတွေ ကြိုတင်ပြင်ဆင်ဖို့လည်း YDF က အသိပေးထားတာပါ။ ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) ဟာ ယောဒေသကလူငယ်တွေနဲ့စုပေါင်းပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့တပ်ဖွဲ့ဖြစ်ကာ ယောဒေသနဲ့ကပ်လျက် ချင်းပြည်နယ်က မင်းတပ်မြို့သိမ်းတိုက်ပွဲအပြင် တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ ပူးပေါင်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တစ်ခုပါ။ လက်ရှိ ယောဒေသရဲ့ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားဖြစ်တဲ့ ပသုံးလုံးအုပ်ချုပ်ရေးကိုလည်း ပြန်လည်ဖွဲ့စည်းဖို့ YDF က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပြီး ပြည်သူ့ဆန္ဒနဲ့အညီ […]
ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂၈ (မော်ကွန်း) တိုက်ပွဲသတင်းတွေကြောင့် ရခိုင်တောင်ပိုင်းနဲ့ ဧရာဝတီတိုင်းအစပ်တွေကနေ စစ်ဘေးရှောင်လာတဲ့ ဒေသခံတွေကို လမ်းမှာ ခရီးသွားထောက်ခံစာအတွက် ငွေကြေးသောင်းဂဏန်းပေးနေရပြီး လမ်းခရီးမှာလည်း အစစ်အဆေးတင်းကြပ်နေတယ်လို့ ကိုယ်တိုင်ကြုံလာတဲ့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်ရဲ့ တစ်ဖက်ကမ်း မကျီးဇင်၊ ဘောမိ စတဲ့ကမ်းခြေတစ်လျှောက်ကျေးရွာတွေက ဒေသခံတွေနဲ့ ချောင်းသာကမ်းခြေအနီးကျေးရွာတွေက ဒေသခံတွေဟာ ပုသိမ်နဲ့ ရန်ကုန်မြို့တွေကို ဒီရက်ပိုင်းမှာ အသီးသီးတိမ်းရှောင်လာကြတာပါ။ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ရွှေသောင်ယံကမ်းခြေအစပ်နားထိရောက်ရှိလာပြီးနောက်မှာ ချောင်းသာကမ်းခြေမှာ ခရီးသွားတွေလည်း ဝင်ရောက်တာမရှိတော့ပါဘူး။ ချောင်းသာကမ်းခြေနဲ့ နှစ်နာရီခရီးသာရှိတဲ့ ရွှေသောင်ယံမြို့က ဘောမိကမ်းခြေရွာအနီးမှာ စစ်ကောင်စီတပ်နဲ AA တို့အကြား ဒီရက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ကမ်းခြေကို သွားရောက်လည်ပတ်တဲ့ ခရီးစဉ်တွေ၊ ဟိုတယ်ဘွတ်ကင်တွေ အားလုံးဖျက်သိမ်းခဲ့ကြပြီး ဟိုတယ်တွေလည်းပိတ်ထားရကာ ဟိုတယ်ဝန်ထမ်းတွေ၊ ဒေသခံတွေလည်း […]
စစ်တွေ- ၂၀၂၅ ဇန်နဝါရီ ၂၈ (မော်ကွန်း) အာရက္ခတပ်တော်(AA) ထိုးစစ်ကိုခုခံဖို့ စစ်တွေမြို့ပြင်ကတံတားတွေကို စစ်ကောင်စီကချိုးပစ်နေသလို မြို့ပတ်လည်မှာလည်း မိုင်းထောင်ကာ ပြင်ဆင်ထားတယ်လို့ ရခိုင်စစ်ရေးသတင်းအရင်းက ပြောပါတယ်။ ” စစ်ကောင်စီက AA လာလို့ မရအောင် စစ်တွေမြို့ပြင်က မင်းချောင်းတံတားကြီးကို ဘတ်ဖိုးတွေနဲ့ တံတားအရင်းကနေ ဖြိုချထားတယ်။ ပြီးတော့ မြို့ပတ်ပတ်လည်ကိုလည်း မိုင်းထောင်ထားတယ်။ မောင်တောတိုက်ပွဲမှာ မြေအောက်လှိုဏ်ခေါင်းတူးပြီး ဝင်တိုက်သွားတာကို ကြောက်ပြီး အိမ်တိုင်းကို ဝင်စစ်တာတွေရှိတယ်။ လှိုဏ်ခေါင်းတွေ တူးလို့ရှိ၊မရှိ ဝင်စစ်တာပေါ့”လို့ စစ်ပွဲ အခြေအနေကိုသိတဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ AA ကတော့ စစ်တွေမြို့အနီးမှာ စစ်ကောင်စီနဲ့ သူတို့ စစ်ရေးပြင်းထန်နေတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ ဒါအပြင် ဧရာဝတီ၊ ပဲခူး တိုင်းတွေထဲက စစ်ကောင်စီစခန်းတချို့ကို ဒီရက်ပိုင်းအတွင်း သိမ်းထားတယ်လို့ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."