သတင်းများ

‘မြွေ’နှစ်ကျတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်

January 30, 2025

ရန်ကုန်-၂၀၂၅ ဇန်နဝါရီ ၂၈ (မော်ကွန်း) တရုတ်ရိုးရာ ပြက္ခဒိန်အရ ‘မြွေ’ နှစ် ကျရောက်တဲ့ ဒီ ၂၀၂၅ ဇန်နဝါရီမှာ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကို အစဉ်အလာကြီးတဲ့ ရန်ကုန်မြို့လယ်က တရုတ်တန်း(လသာ၊လမ်းမတော်မြို့နယ်) မှာ မြို့လယ်က အဓိက လမ်းမကြီးဖြစ်တဲ့ မဟာဗန္ဓု လလမ်းကိုပိတ်ပြီး ကျင်းပနေပါတယ်။ ဒီပွဲတော်ကြောင့် ရန်ကုန်မြို့လယ်မှာ ယာဉ်ကျောပိတ်ဆို့မှုတွေ ဖြစ်နေတာကို မြင်ရပါတယ်။ တရုတ်ရိုးရာ အယူအဆအရ ဒီနှစ်မှာမွေးဖွားသူတွေဟာ ထိုးထွင်းသိမြင်နိုင်စွမ်းမြင့်သူတွေလို့ ဆိုကြပါတယ်။ တရုတ်နိုင်ငံတည်ထောင်သူ ကွယ်လွန်သူခေါင်းဆောင် မော်စီတုန်းဟာ ‘မြွေ’နှစ်ဖွားတစ်ဦး ဖြစ်ပါတယ်။ စစ်တပ်ရေးဆွဲတဲ့ အခြေခံဥပဒေထဲမှာ တိုင်းရင်းသားအဖြစ် မပါဝင်ပေမယ့် ခေတ်အဆက်ဆက် အလေးထားခံရတဲ့ မြန်မာနိုင်ငံဖွား တရုတ်လူမျိုးတွေဟာ အထွဋ်အမြတ် နှစ်ကူးပွဲတော်ကို စစ်ဖြစ်နေတဲ့နိုင်ငံမှာ အကြီးအကျယ် ကျင်းပနေပါတယ်။ ဒီလ ၂၉ ရက်မှာကျရောက်မယ့် ရန်ကုန်မြို့လယ်က […]

အပြည့်အစုံဖတ်ရန်

ကျောက်မဲကို စစ်ကောင်စီ လေကြောင်းကထပ်မံဗုံးကြဲ

January 30, 2025

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂၇ (မော်ကွန်း) ပြီးခဲ့တဲ့ ရက်ပိုင်းကမှ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအများအပြားထိခိုက်ဒဏ်ရာသွားတဲ့ ကျောက်မဲမြို့ကို ဒီနေ့လယ်ပိုင်းမှာလည်း လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေး က ထုတ်ပြန်ထားပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်က ကျောက်မဲပြည်သူ့ဆေးရုံကို အခုလ ၂၅ ရက်က စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူနာတွေကို ဆေးကုသပေးနေတဲ့ CDM ဆရာမတစ်ဦးနဲ့ လူနာတစ်ဦး သေဆုံးကာ ကျန်းမာရေးဝန်ထမ်းတွေ၊ CDM ဝန်ထမ်းတွေ အပါအဝင် အရပ်သား ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ ဒီနေ့ မွန်းလွဲ နှစ်နာရီခန့်မှာလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ကျောက်မဲမြို့ ညဈေးတန်း၊ ခရိုင်ရုံးတို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပြီး […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်တိုင်းထဲကမြို့နယ်အချို့မှာ အမျိုးသမီးတွေစစ်မှုထမ်းဖို့ စာရင်းကောက်ယူ

January 30, 2025

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂၇ (မော်ကွန်း) ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ အမျိုးသမီးစစ်မှုထမ်းဆင့်ခေါ်ဖို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ ဒီရက်ပိုင်းစတင်ပြီး စာရင်းကောက်ယူလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က ပြောပါတယ်။ ရပ်ကွက်အတွင်းက စစ်မှုထမ်းဖို့အကျုံးဝင် အသက်အပိုင်းခြားတွေရဲ့စာရင်းကို ဒီရက်ပိုင်းမှာ တစ်အိမ်တက်ဆင်း ကောက်ယူသွားတာဖြစ်ပြီး ဘယ်အချိန်ဆင့်ခေါ်မလဲဆိုတာကို မသိရသေးဘူးလို့ ကိုယ်တိုင်ကြုံတွေ့လာတဲ့ တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “မနေ့က လာကောက်တယ်၊ တစ်ရပ်ကွက်လုံးမှာ ၁၀ ယောက်ဝန်းကျင်လောက် ခေါ်မယ်လို့တော့ အုပ်ချုပ်ရေးမှူးက ပြောသွားတယ်။ စာရင်းကောက်ပြီး ခရီးသွားတာတို့ဆိုရင်လည်း အကြောင်းကြားဖို့ ပြောသွားတယ်” လို့ ၎င်းက ပြောပါတယ်။ အခုလို အမျိုးသမီးစစ်မှုထမ်းအတွက် စာရင်းကောက်ယူမှုတွေကြောင့် တချို့လည်း နေရပ်ကနေ တိမ်းရှောင်နေကြတာမျိုးလည်း ရှိလာပါတယ်။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးကတော့ သူတို့ရပ်ကွက်ထဲမှာ စာရင်းကောက်မယ့်သတင်းကြောင့် အမျိုးသမီးတချို့ တိမ်းရှောင်တာရှိပေမယ့် […]

အပြည့်အစုံဖတ်ရန်

မတ္တရာမှာ တိုက်ပွဲတွေပြင်းထန်

January 24, 2025

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂၄ (မော်ကွန်း) မတ္တရာမြို့နယ်အတွင်း တော်လှန်တပ်တွေစိုးမိုးထားတဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ စစ်ကောင်စီတပ်ဟာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒီဒေသအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်နေတယ်လို့ မတ္တရာ ဒေသခံတချို့က‌ ပြောပါတယ်။ မတ္တရာမြို့နယ်အရှေ့ခြမ်းက တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ ဖယောင်းတောင်ဒေသတစ်ဝိုက်နဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ အယ်လ်ဖာဘိလပ်မြေစက်ရုံအပါအဝင် ကျေးရွာတချို့ကို စစ်ကောင်စီတပ်က အင်အားအများအပြားပို့ဆောင်ကာ စစ်ကြောင်းထိုးလာတာပါ။ မနေ့ကစပြီး မတ္တရာမြို့အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်တွေ အလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့ပြီး မတ္တရာမြို့ပေါ်အပါအဝင် စစ်ကောင်စီလက်နက်ကြီးစခန်းဆင်ထားတဲ့ကျေးရွာတွေကနေ လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်နေတယ်လို့ မတ္တရာဒေသခံတချို့က ပြောပါတယ်။ “လက်နက်ကြီးတွေကတော့ ဒီနှစ်ရက်သုံးရက်ရှိပြီ နေ့တိုင်းပစ်နေတယ်။ စစ်ကြောင်းတွေလည်း အင်အားတော်တော်များတယ်” လို့ ၎င်း ဒေသခံက ပြောပါတယ်။ မတ္တရာနဲ့ သပိတ်ကျဉ်းလမ်းပိုင်းတလျှောက်ကို စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး […]

အပြည့်အစုံဖတ်ရန်

AA ရခိုင်မှာ စစ်ရာဇဝတ်မှု ကျူးလွန်းနေတယ်လို့ Fortify Rights အဖွဲ့ ထုတ်ပြန်

January 23, 2025

ရန်ကုန်- ၂၀၂၅ ဇန်နဝါရီ ၂၃ (မော်ကွန်း) ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(AA) ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အထောက်အထားတွေရရှိထားသလို AA ကို အရေးယူဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)ကို တောင်းဆိုထားတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ Fortify Rights အဖွဲ့က ဒီကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီနိုင်ငံတကာအဖွဲ့က ၂၀၁၃ လောက်ကစပြီး မြန်မာနိုင်ငံထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်စုံစမ်းဖော်ထုတ်နေတဲ့ အဖွဲ့ပါ။ စစ်သုံ့ပန်းလို့ယူဆရတဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတစ်ဦးကို AA တပ်သားနဲ့ အရပ်ဝတ်ထားသူတချို့က လည်လှီးသတ်နေတဲ့ ဗီဒီယိုဖိုင်တွေကို အခြေခံပြီး အခုလိုပြောတာပါ။ “အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားတဲ့ရန်သူ့တပ်သားတွေကို ညှင်းပန်းနှိပ်စက်ပြီး တရားလက်လွတ်ကွပ်မျက်တာ စစ်ရာဇဝတ်မှု မြောက်ပါတယ်” လို့ Fortify Rights က လူ့အခွင့်အရေးဆိုင်ရာ […]

အပြည့်အစုံဖတ်ရန်

တိုက်ပွဲတွေကြောင့် ချောင်းသာကမ်းခြေ ဧည့်သည်မရှိတော့

January 23, 2025

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂၃ (မော်ကွန်း) ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေမှာ ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် ချောင်းသာကမ်းခြေကို ခရီးသွားတွေ လာရောက်တာမရှိတော့ဘဲ ဒေသခံတချို့လည်း ဘေးလွတ်ရာကိုကြိုတင်တိမ်းရှောင်နေကြပြီလို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတချို့ကပြောပါတယ်။ အခုရက်ပိုင်းကစပြီး ချောင်းသာကမ်းခြေကို ဝင်ရောက်တဲ့ ခရီးသွားကားတွေ မရှိတော့တဲ့အပြင် ရောက်ပြီးသားခရီးသွားတွေလည်း စစ်ပွဲသတင်းကြောင့် တဖွဲဖွဲပြန်ထွက်လာနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာတဲ့ ခရီးသွားတစ်ဦးက ပြောပါတယ်။ “ဧည့်သည်တွေအကုန်ပြန်ထွက်သွားပြီ။ ဧည့်သည်တွေအပြင် အဲဒီက ဈေးသည်တွေလည်းမရှိတော့ဘူး။ ဒီကမ်းခြေဘေးမှာ ဈေးရောင်းတာ၊ တခြားလုပ်ကိုင်စားသောက်တဲ့ ရွာလေးတွေရှိတယ်။ သူတို့တွေလည်း ကြိုပြီးရှောင်နေပြီ” လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ချောင်းသာ-ပုသိမ်လမ်းတစ်လျှောက်မှာလည်း ပုသိမ်ဘက်ကို စစ်ဘေး‌ရှောင်လာတဲ့ ဒေသခံတွေအများအပြားရှိနေတာပါ။ ဒါ့အပြင် ခရီးသွားလုပ်ငန်း အေဂျင်စီတွေကလည်း ချောင်းသာကမ်းခြေခရီးသွားအစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ပြီး ချောင်းသာရဲ့ တောင်ဘက်မှာရှိတဲ့ ငွေဆောင်ကမ်းခြေကိုတော့ ခရီးသွားတချို့ ရှိသေးတယ်လို့ […]

အပြည့်အစုံဖတ်ရန်

ကေအဲန်ယူ အုပ်ချုပ်နေတဲ့ ကျိုက်ဒုံမြို့ကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲလို့ အမျိုးသမီးတစ်ဦးသေဆုံး

January 22, 2025

ကျိုက်ဒုံ – ၂၀၂၅ ဇန်နဝါရီ ၂၂ (မော်ကွန်း) ကေအဲန်ယူ-တပ်မဟာ ၆ ၊ ကျိုက်ဒုံမြို့ကို ဒီနေ့နံနက် ၇း၃၀ မိနစ်မှာ ပေါင် ၅၀၀ ဗုံးနှစ်လုံး စစ်ကောင်စီက လာရောက်ကြဲချခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူကတော့ အသက် ၅၃ နှစ်အရွယ်၊ ကျိုက်ဒုံမြို့ ရပ်ကွက်အမှတ် (၅)မှာနေထိုင်တဲ့ ဒေါ်ထားဝယ်ဖြစ်ပြီး ရာဘာစေးခြစ်အပြန်မှာ စစ်ကောင်စီကြဲချတဲ့ ဗုံးမှန်ကာ သေဆုံးခဲ့တာပါ။ ပေါင် ၅၀၀ ဗုံးထိမှန်တာကြောင့် မီးသတ်ဌာနအဆောက်အဦးနဲ့ လူနေအိမ် လေးလုံးလည်း ပျက်စီးသွားရတယ်လို့ နယ်မြေသတင်းရင်းမြစ်ဆီကသိရပါတယ်။ ကျိုက်ဒုံမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်ထားတဲ့ ထိုင်းနိုင်ငံဘက်က နို့ဖိုးဒုက္ခသည်စခန်းရှိရာ ပိုင်ခလိုင်နယ်စပ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ မြို့ဖြစ်ပါတယ်။ မြို့ကိုသိမ်းပိုက်ပြီးတဲ့နောက် ကေအဲန်ယူဘက်က မြို့အုပ်ချုပ်ရေးအဖွဲ့ကို […]

အပြည့်အစုံဖတ်ရန်

ဧရာဝတီတိုင်းအစပ်ထိတိုက်ပွဲတွေပြင်းထန်လာ

January 20, 2025

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂၀ (မော်ကွန်း) ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ထားတဲ့ ငသိုင်းချောင်း-ဂွ လမ်းပိုင်းတစ်လျှောက်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်အကြား တိုက်ပွဲတွေ ဒီရက်ပိုင်းမှာဆက်လက်ပြင်းထန်နေပြီး ဧရာဝတီတိုင်းအစပ်ထဲကို တိုက်ပွဲတွေရောက်လာပြီလို့ အဲဒီဒေသခံတချို့က ပြောပါတယ်။ ငသိုင်းချောင်းမြို့မရောက်ခင် ပုသိမ်-မုံရွာ လမ်းခွဲ၊ ရေနံသာလမ်းဆုံအနီးက စစ်ကောင်စီရဲ့ အမြှောက်တပ်ရင်း အမတ (၃၄၄) တပ်ရင်းကနေ ဒီနေ့မနက်ပိုင်းကစပြီး ရခိုင်ရိုးမထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ငသိုင်းချောင်းဒေသခံတချို့က ပြောပါတယ်။ ဒီနေ့ မနက် ၇ နာရီခန့်ကနေ နေ့လယ် ၁၁ နာရီခန့်ထိ လက်နက်ကြီးအချက်ရေ ၅၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေရှိတယ်လို့ ငသိုင်းချောင်းက စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဂွ-ငသိုင်းချောင်းလမ်းပိုင်း ရခိုင်ရိုးမအစပ်ထဲကို စစ်ကောင်စီရဲ့ စစ်ကူကားတန်းတွေလည်း […]

အပြည့်အစုံဖတ်ရန်

စစ်ကိုင်းတိုင်းထဲက မြို့နှစ်မြို့ကို လေကြောင်းကနေဗုံးကြဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိ

January 17, 2025

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၁၇ (မော်ကွန်း) တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းက မြို့နှစ်မြို့ကို စစ်ကောင်စီဟာ မနေ့ကတစ်ရက်ထဲမှာပဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။ မနေ့ကညပိုင်းမှာ စစ်ကိုင်းတိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ PDF တပ်တွေထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ကို လေကြောင်းကနေ သုံးကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး၊ ရဟန်းတစ်ပါး အပါအဝင် ကလေးနှစ်ဦး၊ အရပ်သားဒေသခံတစ်ဦး စုစုပေါင်းငါးဦး ထိခိုက်သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီတိုက်ခိုက်မှုကြောင့် ဘုရားစေတီတချို့နဲ့ ဘုန်းကြီးကျောင်းတွေအပါအဝင် နေအိမ် ၃၀ ခန့်လည်း ပျက်စီးသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ အလားတူ မနေ့ကညပိုင်းမှာပဲ စစ်ကိုင်းတိုင်း အရှေ့ပိုင်းက KIA နဲ့ PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်၊ […]

အပြည့်အစုံဖတ်ရန်

ရှမ်းတောင်ပိုင်းမှာ စစ်ဘေးရှောင်ခြောက်သောင်းခွဲကျော် အရေးပေါ်အကူညီလိုအပ်နေ

January 16, 2025

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၁၆ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် လက်ရှိအချိန်ထိ နေရပ်စွန့်ခွာရတဲ့ စစ်ဘေးရှောင် ခြောက်သောင်းခွဲကျော်အတွက် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဒီဒေသမှာ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ရဲ့ ဒီရက်ပိုင်း ထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ PYO အနေနဲ့ ၂၀၂၄ အတွင်း ရှမ်းပြည်တောင်ပိုင်း စစ်ပဋိပက္ခအတွင်း လူထုတွေ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းကို မနေ့ကရက်စွဲနဲ့ထုတ်ပြန်ထားတာပါ။ ပြီးခဲ့တဲ့နှစ်အတွင်းက ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်နဲ့ မောက်မယ် မြို့နယ်တွေမှာ ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ၊ ဒီတိုက်ပွဲတွေကြောင့် ရှမ်းတောင်ပိုင်းက ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေ မြို့နယ်တွေမှာ နေရပ်စွန့်ခွာနေရဆဲ စစ်ဘေးရှောင် ၆၅,၀၀၀ ကျော်ရှိနေဆဲဖြစ်ပြီး ဒီစစ်ဘေးရှောင်တွေအတွက် အရေးပေါ် […]

အပြည့်အစုံဖတ်ရန်

သွေးနဲ့ဆေး အခက်အခဲကြောင့် ရခိုင်မှာ အရပ်သားသေဆုံးမှုတွေ ပိုဖြစ်နေရ

January 15, 2025

ကျောက်တော်- ၂၀၂၄ ဇန်နဝါရီ ၁၅ (မော်ကွန်း) စစ်ဖြစ်ပြီး ကုန်သွယ်ရေးပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်မှာ ဆေးဝါးပြတ်လပ်မှုနဲ့ အရေးပေါ်သွေးရှာဖွေရ ခက်ခဲမှုတွေကြောင့် ဒဏ်ရာရ လူနာတွေ သေဆုံးသွားနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတချို့က ပြောပါတယ်။ ဒီလ ၁၁ ရက်တုန်းက ဗုံးကြဲခံရတဲ့ ကျောက်တော်မြို့မှာဆိုရင် အရပ်သားခြောက်ဦး နေရာမှာတင်သေခဲ့ပြီး ဒဏ်ရာရသူ ၃၃ ဦး ရှိခဲ့ရာမှာ ဒဏ်ရာရသူတွေထဲက သုံးဦးဟာ ဆေးဝါးမလုံလောက်မှုကြောင့် ထပ်မံသေဆုံးခဲ့ရတယ်လို့ ကူညီဆောင်ရွက်ပေး နေသူတစ်ဦးက ပြောပါတယ်။ ” ဒဏ်ရာအရမ်းပြင်းတော့ သွေးသွင်းဖို့ သွေးရှာမရတာကတစ်ကြောင်း၊ ဆေးဝါးပစ္စည်းတွေ လုံလုံလောက်လောက်မရှိတာက တစ်ကြောင်းနဲ့ လူနာတွေက ဆေးကုသမှုခံယူနေရင်း သေဆုံးသွားရတာတွေ ရှိပါတယ်။ အရင်ကဆို သွေးအလှူရှင်အဖွဲ့ တွေရှိတော့ အရေးအကြောင်းဆို ဖုန်းဆက်လိုက်ရင်ရပြီ။ အခုဟာက ဘယ်ကိုသွားရှာရမှန်းလည်းမသိတော့ အချိန်ကြန့်ကြာတယ်။ ပြီးတော့ ဆေးရုံမှာလည်း […]

အပြည့်အစုံဖတ်ရန်

ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်လာ

January 15, 2025

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၁၅ (မော်ကွန်း) ဒီသီတင်းပတ်အတွင်းမှာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂၀၀ နီးပါးနဲ့ ရွှေတစ်ကျပ်သားကို ကျပ်ငါးသိန်းဝန်းကျင် မြင့်တက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီဗဟိုဘဏ်ဟာ နိုင်ငံခြားငွေလဲလှယ်တဲ့ ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူအများအပြားကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းက တစ်လလုံးနီးပါး တည်ငြိမ်နေတဲ့ နိုင်ငံခြားငွေဈေးနဲ့ရွှေဈေးနှုန်းဟာ ဒီလ ပထမအပတ်ခန့်ကစပြီး ဆက်တိုက်မြင့်တက်လာခဲ့တယ်လို့ ရွှေငွေဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။ ဒီဇင်ဘာလပိုင်းမှာ ကန်ဒေါ်လာ လဲလှယ်နှုန်းဟာ တစ်ဒေါ်လာကို ၄,၃၀၀ ကျပ်ဝန်းကျင်မှာ ရှိနေရာ ဒီလပိုင်းမှာတော့ တစ်ဒေါ်လာကို ၄,၆၀၀ ကျပ် ဝန်းကျင်ကို ရောက်ရှိလာပါတယ်။ အလားတူ တစ်ကျပ်သားကို ကျပ်သိန်း ၆၀ ဝန်းကျင်မှာ တည်ငြိမ်နေတဲ့ ပြည်တွင်းအခေါက်ရွှေဈေးဟာလည်း ဒီလပိုင်းမှာ တစ်ကျပ်သားကို ကျပ် ၆၅ သိန်းဝန်းကျင်ထိ မြင့်တက်ခဲ့ပြီး တစ်ကျပ်သား […]

အပြည့်အစုံဖတ်ရန်
1 … 24 25 26 27 28 29 30 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."