ပုသိမ် – ၂၀၂၁ နိုဝင်ဘာ ၁၆ (မော်ကွန်း) ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရေကြောင်းရဲတပ်ဖွဲ့စခန်းကို ဒီကနေ့ညပိုင်း ပစ်ခတ်ခံရတယ်လို့ ဒေသ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။ ပုသိမ် ကမ်းနားလမ်းဘေးမှာရှိတဲ့ ရေကြောင်းရဲ တပ်ဖွဲ့စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေရှိတယ်လို့ သိရပါတယ်။ ”ဒီည ၇:၄၀ လောက်မှာ သေနတ်သံတွေစကြားရတယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်တဲ့ပုံစံမျိုးကြားရတယ်။ သေနတ်သံ ၁၀ ချက်နီးပါး ကြားရတယ်။ သေနတ်သံတွေကြောင့် ထွက်မကြည့်ရဲဘူး” လို့ ပုသိမ်မြို့ ဒေသခံတဦးက ပြောပါတယ်။ ဒီပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက် ထိ ခိုက်မှုကို မသိရသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေအများအပြား ထပ်မံရောက်ရှိလာပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။ မနေ့ကလည်း ပုသိမ်-ချောင်းသာသွားကားလမ်း ပိုင်းမှာ စစ်ကောင်စီခန့် ဟိုတယ်/ခရီး […]
မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၁၄ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ပိတ်စွယ်နယ်မြေ (၁) စွန်းလွန်းဘုန်းကြီးကျောင်းအဆင်းနားက စစ်ကောင်စီသတင်းပေးလို့ နာမည်ကျော်သူတစ်ဦး ဒီကနေ့ မနက်အစောပိုင်းက နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံတွေကဆိုပါတယ်။ “သူတို့ကြောင့်ဖမ်းခံထားရသူတွေအများကြီးပဲလေ။အိမ်ချိတ်ပိတ်လိုက်ရသူတွေရှိတယ်။ အဖမ်းခံရပြီး ပြန်လွှတ်လာရင်တောင်နေစရာမရှိကြတော့ဘူး။ပတ်ဝန်းကျင်ကလူတွေကိုလည်း ဖမ်းခိုင်းမယ် ခြိမ်းခြောက်သေးတယ်”လို့ အနီးအနားက ဒေသခံတစ်ဥဦးက ပြောပါတယ်။ သေဆုံးသူဦးသန်းလှိုင်က စစ်ကောင်စီတပ်ကို သတင်းပေးလုပ်ငန်းတွေလုပ်ဆောင်ပြီး လူငယ်တွေလဲ PDF လို့စွပ်စွဲကာ ဖမ်းဆီးခိုင်းမှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဦးသန်းလှိုင်ကို သတင်းပေးမလုပ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် ဆက်လုပ်တာကြောင့် ရှင်းလင်းပစ်ခဲ့တာဖြစ်တယ်လို့ ပတ္တမြားမြေ PDF က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၄ရက်နေ့ မနက် ၁၀:၀၀ နာရီလောက်မှာလည်း အောင်နီလာ (၁)ရပ်ကွက်ထဲက စစ်ကောင်စီသတင်းပေး နေလင်းအောင်ရဲ့နေအိမ်က ကားကို […]
ခင်ဦး – ၂၀၂၁ နိုဝင်ဘာ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်က အောင်သာကျေးရွာမှာ စစ်ကောင်စီတပ်တွေက လူမှုကူညီရေးအသင်းရဲ့ အလှုခံပုံး ဖောက်ပြီး အလှုငွေတွေသိမ်းသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက် ၁၁:၀၀ နာရီဝန်းကျင်က ခင်ဦးမြို့နယ် အောင်သာကျေးရွာက နေအိမ် သုံးလုံးနဲ့ စျေးဆိုင်တစ်ဆိုင်ကို ဝင်ရောက်ရှာဖွေမွှေနှောက်ပြီး စျေးဆိုင်က ငွေသား နှစ်သိန်းကျော်ကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ယူသွားတယ်လို့ ဒေသခံကပြောပါတယ်။ အဲဒီရွာကပဲ နောက်အိမ်တစ်အိမ်မှာ ရွာက ပုညသဟာယလူမှုကူညီရေးအသင်းအတွက် လစဥ်အလှုငွေထည့်ဝင်ကြတဲ့ အလှူခံပုံးကိုပါ စစ်ကောင်စီတပ်တွေက ဖောက်ပြီး အလှူငွေတွေကို ယူသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။ “အလှူခံပုံးထားတဲ့အိမ်က လူမှုကူညီရေးအသင်းတာဝန်ရှိသူရဲ့အိမ်ပါ။ ဖမ်းဆီးခံရတာတော့မရှိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အလှူခံပုံးထဲက ငွေသားဘယ်လောက်ပါသွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က […]
မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၁၅ (မော်ကွန်း) မန္တလေးမြို့က ရဟန်းသံဃာတွေနဲ့ သပိတ်စစ်ကြောင်းတွေ စုပေါင်းပြီး စစ်အာဏာရှင်ကို ဘယ်တော့မှလက်ခံမှာမဟုတ်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းမှာ ရက်ပေါင်းရာချီတိုင် ကြံ့ကြံ့ခိုင်ဆန္ဒပြနေဆဲဖြစ်တဲ့ မန္တလေးမြို့က သံဃသမဂ္ဂသပိတ်စစ်ကြောင်း၊ မြတောင်သပိတ်စစ်ကြောင်း၊ ဘုရားကြီးသပိတ်စစ်ကြောင်းတို့ဟာ စစ်အာဏာရှင်ကို ဘယ်တော့မှ လက်မခံကြောင်း ပူးပေါင်းချီတက်ကာ ဆန္ဒပြခဲ့ကြပါတယ်။ “လှေခွက်ချည်းကျန် အလံမလဲ သာသနာ့အလံ လေမှာဝဲ” “အရေးကြုံလာရင် နီးစပ်ရာ ဝိုင်းကူစို့” “ကြောက်ခေတ်ကိုမှောက်ပစ်” “တော်လှန်ရေးမှသင့်ကိုအလိုရှိသည်” စတဲ့ ကြွေးကြော်သံတွေ စာသားတွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ ဓါတ်ပုံ-Posion #Dailynews
ချောင်းသာ – ၂၀၂၁ နိုဝင်ဘာ ၁၅ (မော်ကွန်း) ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေကနေပြန် လာတဲ့ စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ယာဉ်တန်းဟာ ဒီကနေ့ နေ့လယ်ပိုင်းက လမ်းမှာ ပစ်ခတ်တိုက် ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပုသိမ်-ချောင်းသာလမ်းပိုင်း ခြောက်ကောင်ကျေး ရွာနဲ့ တောင်သာယာကြားမှာ နေလယ် ၃:၃၀ ဝန်းကျင်က ကား ရှစ်စီးပါ စစ်ကောင်စီခန့် ဝန်ကြီးချုပ်ယာဥ်တန်းကို သေနတ်နဲ့ ဝိုင်းပစ်ခတ်ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့ယာဥ်တန်းမှာ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အ ပြင် ဟိိုတယ်ခရီးပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်လည်းပါဝင်တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်ကဆိုပါတယ်။ ” ချောင်းသာကဟိုတယ်တစ်ခုမှာ ဖွင့်ပွဲလုပ်ပြီးပြန်လာတာ။ ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ ဟိုတယ်ခရီးဝန်ကြီးပါတယ်လို့သိရတယ်။ ခြောက်ကောင်ရွာနားရောက်တော့ ပစ်ခတ်ခံရတာလို့သိရတယ်။ ၁၀ မိနစ် လောက်ပစ်ခတ်မှုခဲ့တာ”လို့ ချောင်းသာဒေသခံတဦးက ပြောပါတယ်။ […]
ပန်းတနော် – ၂၀၂၁ နိုဝင်ဘာ ၁၅ (မော်ကွန်း) ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့မနက်ပိုင်းက နှစ်ကြိမ် ဆက်တိုက် ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနက် ၉:၀၀ နာရီကျော်လောက်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး တစ်လုံးနဲ့တစ်လုံး ဆယ်မိနစ်လောက် ခြားပြီးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြော ပါတယ်။ ”ဒီအနောက်ပိုင်းရပ်ကွက်အုပ်ကြီးရုံးမှာ ဗုံး နှစ်လုံးဆက်တိုက်ကွဲတာ။ သိပ်မကွာဘူး တစ်လုံးနဲ့ တစ်လုံး ၁၀ မိနစ်လောက်ပဲကွာမယ်။ မနက်ပိုင်းဆို တော့ရုံးကတော့မဖွင့်သေးတော့ ထိခိုက်တာမျိုးတော့သိပ်မရှိဘူး” ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီဖောက်ခွဲမှုကို အညတြတော်လှန်ရေးအဖွဲ့-ပန်းတနော်က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင် စီတပ်သားတွေက ပိတ်ဆို့စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပြီး ပန်းတနော်မြို့မှာတော့ ဗုံးပေါက်ကွဲခဲ့တာဟာ ငါးကြိမ်ထက်မနည်း ရှိပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ #Dailynews
မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၁၅ (မော်ကွန်း) မန္တလေးတိုင်းမိုးကုတ်မြို့မှာ ဒီကနေ့ ညနေ ၄:၀၀ နာရီဝန်းကျင်က စစ်ကောင်စီ တပ်တွေ တောနင်းဝင်ရောက်လာတာကြောင့် ပတ္တမြားမြေ PDF အဖွဲ့နဲ့ ထိတွေ့မှုဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ညနေပိုင်းပစ်ခတ်သံတွေကြားတယ်။ မြို့ထဲကနေ ကြားရတယ်။ စစ်ကားတွေလဲ တပ်ကူတက်သွားတာမြင်တယ် “လို့ဒေသခံတစ်ဦးကဆိုပါတယ်။ ထိတွေ့ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က သေဆုံးမှုရှိနိုင်ပြီး PDF ဘက်ကတော့ အကျဆုံးမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပတ္တမြားမြေ PDF ကထုတ်ပြန်ထားပါတယ်။ ဒီကနေ့မှာပဲ မိုးကုတ်မြို့ အထက ၁ ကျောင်းအနီးနဲ့ မြို့မရဲစခန်းအနီး ပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့ပါတယ်။ မိုးကုတ်မြို့မှာ မနေ့ညကလည်း စစ်ကောင်စီ တပ်ရဲ့ငါးရံ့အင်းတပ်စခန်းနဲ့ တောင်ကချင်အချုပ်ထောင်တို့ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။ #Dailynews
ရန်ကုန် – ၂၀၂၁ နိုဝင်ဘာ ၁၅ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသူအဖြစ် နာမည်ကျော်တဲ့ သရုပ်ဆောင် ယဉ်လက်ရဲ့ နေအိမ်ဟာ ဒီကနေ့ နံနက် ၈:၀၀ နာရီဝန်းကျင်က ဗုံးနဲ့ အပစ်ခံလိုက်ရတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်က အတည်ပြုပါတယ်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်ထဲက သရုပ်ဆောင် ယဉ်လက်နေအိမ်မှာ အပစ်ခံရတာဖြစ်ပြီး လူတွေတော့ ထိခိုက်မှုမရှိဘူးလို့ သတင်းရင်းမြစ်ကပြောပါတယ်။ “အုံးခနဲပဲ ရေစည်တော့ထိသွားတယ်”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ သရုပ်ဆောင်ယဉ်လက်ဟာ နယ်ဒေသတွေမှာ အများဆုံး ကြည့်ရှုကြတဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အက်ရှင်သရုပ်ဆောင်ရာကနေ နာမည်ကြီးလာသူဖြစ်ပါတယ်။ နိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာလည်း ပြည်သူတွေပြုလုပ်တဲ့ လူမှုရေးပြစ်ဒဏ် (Social Punishment) စာရင်းတွေမှာ ယဉ်လက်ဟာ ထည့်သွင်း မှတ်သားခံရသူဖြစ်ပါတယ်။ မကြာသေးမီကလည်း အာဏာသိမ်းစစ်တပ်သိမ်းယူထားတဲ့ ပြည်သူပိုင်မီဒီယာတွေက […]
ဖားကန့် – ၂၀၂၁ နိုဝင်ဘာ ၁၃ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီဟာ ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ကာ သတင်းအချက်အလက်တွေ အမှောင်ချထားပေမယ့် ဖားကန့်ပြည်သူတွေကတော့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး သပိတ်စစ်ကြောင်းတွေ နေ့စဉ်မပြတ် လမ်းမပေါ်တက်နေတာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဖားကန့်မြို့တွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်စစ်ကြောင်းတွေ အင်အားကောင်းကောင်းနဲ့ ဆန္ဒပြထုတ်ဖော်နေတဲ့ မြင်ကွင်းကို တွေ့မြင်ရမှာပါ။ ဩဂုတ်လ ၂၀ ရက်ကတည်းက ဒီကနေ့အထိ ဖားကန့်မြို့ကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာ သုံးလနီးပါးရှိလာပြီဖြစ်ပါတယ်။ YouTube – https://youtu.be/5hR6Unv3LtY #Dailynews
မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၁၃ (မော်ကွန်း) မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ထဲက မိတ္ထီလာ၊ သာစည် ၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်တွေမှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူ မစီးဖို့ စစ်ကောင်စီက ကန့်သတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ကစလို့ အဲဒီမြို့နယ်တွေမှာ ဆိုင်ကယ်တစ်စီးမှာ အမျိုးသားနှစ်ဦးအတူ စီးနင်းခွင့်မပြုတော့ကြောင်း၊ ဆိုင်ကယ်တစ်စီးကို ကျားတစ်ဦးမတစ်ဦး သို့မဟုတ် မနှစ်ဦးသာ စီးနင်းရမယ်လို့ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေ လိုက်လံကြေညာနေကြောင်း နယ်ခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေကို ဆိုင်ကယ်တွေနဲ့ လာရောက်ပစ်ခတ်တာမျိုးမဖြစ်အောင် သတ်မှတ်လိုက်တာဖြစ်နိုင်ကြောင်း ဒေသခံတွေက ထင်မြင်ချက်ပေးပါတယ်။ ယခင်ရက်ပိုင်းကလည်း ရန်ကုန်တိုင်း မြို့နယ်တချို့မှာ ဆိုင်ကယ်တစ်စီး လူတစ်ဦးသာစီးနင်းရန် စစ်ကောင်စီက လိုက်လံကန့်သတ်ခဲ့ပါသေးတယ်။ မိတ္ထီလာနဲ့ ဝမ်းတွင်းမြို့နယ်တွေမှာ စစ်ကောင်စီကိုပြန်လည်ခုခံတိုက်ခိုက်တဲ့ ဖြစ်စဥ်တွေလည်း ဖြစ်ပွားနေပြီး စစ်ကောင်စီသတင်းပေးတချို့လည်း သတ်ဖြတ်ခံရမှုတွေ […]
မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၁၃ (မော်ကွန်း) မန္တလေးမြို့မှာ ဒီကနေ့ညဦးပိုင်းက ရဟန်းသံဃာတော်တွေနဲ့ ပြည်သူတွေဟာ ယနေ့အချိန်ထိ တောင့်ခံနေဆဲ CDM တွေကို ဂုဏ်ပြုရင်း စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးမြို့က ရဟန်းသံဃာတော်တွေနဲ့ ကျောင်းသားပြည်သူတွေဟာ “တော်လှန်ပုန်ကန် CDM စစ်အုပ်ချုပ်မှု ဒို့လက်မခံ”ဆိုတဲ့ကြွေးကြော်သံနဲ့အတူ မြို့တွင်း လမ်းမထက်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ယနေ့အချိန်ထိ တောင့်ခံပေးထားသော CDMများကို လေးစားဂုဏ်ပြုကြောင်း၊ စစ်အုပ်ချုပ်မှုအောက်မှာ ရုံးမတက်တဲ့ CDMများအား လေးစားဂုဏ်ပြုသောကြောင့် ချိီတက်လာခဲ့ခြင်းဖြစ်ကြောင်း မန္တလေး အင်အားစု သပိတ်စစ်ကြောင်းက အသိပေးပါတယ်။ ဓါတ်ပုံ-Poison #Dailynews
မိုးကုတ် – ၂၀၂၁ နိုဝင်ဘာ ၁၂ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့ ကျောက်ဖားရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်း စစ်ကောင်စီသတင်းပေးတစ်ဦးသေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” နေအိမ်ထဲကိုသေနတ်နဲ့ဝင်ပစ်သွားတာ။ မနက်၆နာရီလောက်က ဝင်ပစ်သွားတယ်။ အစစ်ဆေးများနေတော့ သွားမကြည့်ရဲ ကြဘူး။ အလောင်းကို ဆေးရုံမှာပို့ထားတယ်ကြားတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ သေဆုံးသူ ဦးကြီးဖြူဟာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရင်းရင်းနှီးနှီးနေသူဖြစ်ပြီး သတင်းပေးတာမျိုးတွေလုပ်ဆောင်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်း ရေဥဦးကြီးကျောင်းမှာလည်း မနေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၃ယောက်သေဆုံးခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မှာ ရပ်ကွက်အလိုက် ကင်းပုန်းတွေချထားပြိီးလက်နက်အပြည့်အစုံ ကင်းစောင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."